4.3.14

နွားအလှလှည်းယဉ်ကြော့ ပြိုင်ပွဲ ချောင်းဦးမြို့နယ် ခင်မွန်စံပြရွာ၌ ကျင်းပ


04-02-2014

မတ် ၂ ရက် (တောင်သူလယ်သမားနေ့)ကို ဂုဏ်ပြုသောအားဖြင့်မတ် ၂ ရက်မှ ၇ ရက်အထိမြောင်မြို့နယ် မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင်တို့မှ တောင်သူလယ်သမားများစုပေါင်းပါဝင်သော နွားအလှ လှည်းယဉ်ကြော့ပြိုင်ပွဲကို ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာ အတွင်း၌ ကျင်းပသည်။ နွားအလှ လှည်း ယဉ်ကြော့ပြိုင်ပွဲကို ခင်မွန်စံပြကျေး ရွာတောင်သူ လယ်သမားအဖွဲ့က ကမကထပြု ဦးစီးဆောင် ရွက်ခြင်းဖြစ်ပြီးပြိုင်ပွဲတွင် အငယ်တန်းကြိုး အကျော့မောင်းပြိုင်ပွဲ၊ အငယ်တန်း လှည်းမောင်းပြိုင်ပွဲ၊ အလတ်တန်းလှည်းမောင်းပြိုင်ပွဲနှင့် အကြီးတန်း လှည်းမောင်း ပြိုင်ပွဲ ဟူ၍ ကဏ္ဍလေးရပ်ခွဲ၍ကျင်းပသည်။
မတ် ၂ ရက် နံနက်ပိုင်းကနွားအလှလှည်းယဉ်ကြော့ ပြိုင်ပွဲကိုဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲ များကို စတင်ကျင်းပရာ အငယ်တန်း ကြိုးအကျော့မောင်းတွင် နွား ၂၂ ကောင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ မတ် ၃ ရက်၊ ၄ ရက်နှင့်၅ ရက်တို့တွင် ယှဉ်ပြိုင်မည့် အငယ်တန်း လှည်းမောင်းပြိုင်ပွဲ တွင် နွားအကောင် ၂၀ ခန့်၊ အလတ်တန်းတွင်နွား အကောင် ၂၀ ခန့်နှင့် အကြီးတန်းတွင် နွားအကောင် ၃၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ပြိုင်ပွဲကျင်းပချိန်အထိ ပြိုင်ပွဲဝင် နွားစာ ရင်းကို လက်ခံဆောင်ရွက်နေရာ ပြိုင်ပွဲဝင်နွားများတိုးလာဖွယ်ရှိကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မတ် ၂ ရက် နံနက် ၉ နာရီတွင်နွားအလှလှည်းယဉ်ကြော့ ပြိုင်ပွဲဖွင့်ပွဲကို ကျင်းပရာ ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှသိန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ပြိုင်ပွဲ ကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းမွှေးက ရှင်းလင်းပြောပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း (ဥပဒေအကြံပြု အတွင်းရေးမှူး)ကပြိုင်ပွဲအတွက် အလှူငွေ ကျပ်၂၅၀၀၀၀ ကို ပေးအပ်လှူဒါန်းသည်။ထို့နောက် ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှသိန်းနှင့်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌဦးလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အလှပြ နွားလှည်းများ၊ နွားများဖြင့် အလှပြဧည့်ခံခဲ့သည်။ ယခုပြိုင်ပွဲ ကျင်းပရခြင်း သည်တောင်သူ လယ်သမား တွေ့ဆုံနှီးနှောဖလှယ်ပွဲကြီးဖြစ်သလို တွေ့ဆုံရသည့် တောင်သူ အချင်းချင်း မိမိတို့၏ လယ်အကြောင်း၊ နွားအကြောင်း၊ စီးပွားရေး၊ လူမှုရေး များကို နှီးနှော၍ ခင်မင်ရင်းနှီးမှု ပိုမိုစေရန်ရည်ရွယ်၍ ကျင်းပ ရခြင်းဖြစ်ကြောင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းမွှေး ကပြောပြသည်။

MOI Webportal Myanmar

0 comments:

Post a Comment