4.3.14

BIMSTEC ညီလာခံမှာ အရေးကြီးအချက်တွေ လက်မှတ်ရေးထိုးနိုင်


အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ BIMSTEC ဘင်းစတက် ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံတွေရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ၊ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဘင်းစတက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသတွင်း စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဖလှယ်ကြဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရာမှာ အရေးကြီးတဲ့ သဘောတူညီချက် ၃ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအကြား နည်းပညာ၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း စတဲ့ နယ်ပယ် ၁၄ ခုမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘင်းစတက် အဖွဲ့အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီးနား ၊ နီပေါဝန်ကြီးချုပ် Mr. Sushil Koirala နဲ့ သီရိလင်္ကာသမ္မတ Mr. Mahinda Rajapaksa တို့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ဘင်းစတက်နိုင်ငံများအဖွဲ့ကို ၁၉၉၇ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

@စွယ်စုံကျမ်း@ &Credit To : RFA Burmese & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။#

0 comments:

Post a Comment