4.3.14

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဟောပြောပွဲ အမေရိကန် စင်တာတွင် ကျင်းပမည်

၎.၃.၂၀၁၄၊ အင်္ဂါနေ့

မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဟောပြောပွဲကို ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ အမျိုးသမီး အကျော်အမော်များက ဦးဆောင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အခမ်းအနားကို မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် အမေရိကန် စင်တာ၌ ကျင်းပမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်မမမျိုး၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလမ်းတို့ ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဟောပြောပွဲကို အမျိုးသား၊ အမျိုးသမီးမရွေး တက်ရောက်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးသမီး အကျော်အမော်များသည် ၎င်းတို့ နေ့စဉ် ဖြတ်သန်းနေရသည့် နိုင်ငံရေးနှင့် လူမှု အသိုင်းအဝိုင်း ဆိုင်ရာ ကဏ္ဍများနှင့် ယင်းကဏ္ဍများနှင့် သက်ဆိုင်သည့် အတွေ့အကြုံများကို မျှဝေ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

The Voice Weekly

0 comments:

Post a Comment