6.1.17

ဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေသော်လည်း အာဆီယံနဲ့စင်ကာပူတို့မှ စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းဆက် ရှိနေမယ်လို့ဆို

Image may contain: sky, bridge, outdoor and water
ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်မှ နှုတ်ထွက်ဖို့နဲ့ အခြားသော သီးခြားရပ်တည်ရေး မူဝါဒတွေကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားခဲ့ပြီး ယင်းအခြေအနေတွေကြောင့် အမေရိကန်နဲ့ အာရှအကြား စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်လာနိုင်လိမ့်မယ်ဆိုတဲ့ယူဆချက်တွေ ရှိထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နဲ့ စင်ကာပူ၊အာဆီယံတို့အကြားစီးပွားရေးဆက်ဆံမှုတွေကတော့ ယခင်အတိုင်း ပုံမှန်အတိုင်းသာ ရှိနေပါမယ်လို့ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မယ့်စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Kirk Wagarက ပြောသွားပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရေးသဘောသဘာဝ၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေက `ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထရန့်လက်ထက် စိုးရိမ်ပူပန်မှုတွေကြောင့် လက်ရှိသဘောတူညီချက်တွေအပေါ် ပိတ်ဆို့သွားဖို့အထိတော့ ဖြစ်မလာနိုင်ကြောင်း ၎င်းက ကိုးကားပြောကြားသွားတာဖြစ်ပါတယ်။

" တစ်ခြား နိုင်ငံအများစုနဲ့ မတူတာက ကျွန်တော်တို့ရဲ့ ဗဟိုအစိုးရဟာ ကျွန်တော်တို့ နိုင်ငံကို အဓိက မောင်းနှင်နေတာမဟုတ်ပါဘူး၊ သေချာပါတယ်၊ တင်ကွတ်ပဲဖြစ်ဖြစ် ဘီလ်ဂိတ်ပဲဖြစ်ဖြစ် ဘယ်တုန်းကမှ သူတို့ ဘယ်နေရာမှာ သွားပြီး ရင်းနှီးမြှုပ်နှံတော့မယ်၊ဘယ်နေရာမှာ သွားပြီး လုပ်ငန်းချဲ့ထွင်မယ်ဆိုတာတွေကို အိုဘားမားပဲဖြစ်ဖြစ် ဒေါ်နယ်ထရန့်ပဲဖြစ်ဖြစ် ခွင့်ပြုချက်တောင်းခံသွားကြမှာမဟုတ်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ သံအမတ်ကြီး Kirk Wagar က အထက်ပါအတိုင်း ပြောကြားသွားတာပဲဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment