6.1.17

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်မှာနည်းပညာ ပစ္စည်းတွေအပေါ် ငွေကြေးသုံးစွဲမှုလျော့ကျလာနိုင်

Image may contain: one or more people, people sitting and indoor
လူသုံးကုန်နည်းပညာပစ္စည်းတွေနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းငွေကြေးသုံးစွဲမှုပိုင်းမှာ ယခုနှစ်အတွင်း ကျဆင်းသွားဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာဈေးအားကောင်းနေသလိုBrexit နဲ့ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်တို့နဲ့အတူ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်မှုတွေကြောင့် ယခုလိုလူသုံးကုန်နည်းပညာပစ္စည်းတွေအပေါ် လူတွေရဲ့ ငွေကြေးသုံးစွဲမှုပိုင်းမှာ ကျဆင်းဖို့ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတွေနဲ့ အခြားသော နည်းပညာပစ္စည်းတွေအပေါ်မှာ အသုံးပြုသူတွေရဲ့ ငွေကြေးသုံးစွဲမှုဟာ ယမန်နှစ် ၂၀၁၆ က ဒေါ်လာ ၉၅၀ ဘီလီယံထက် စာလျင် ယခုနှစ်အတွင်း ဒေါ်လာ ၉၂၉ ဘီလီယံထိ ကျဆင်းသွားမယ်လို့ လူသုံးကုန်နည်းပညာအဖွဲ့အစည်းရဲ့ ဈေးကွက်သုတေသနဒါရိုက်တာ Steve Koenig က ပြောပါတယ်။

" နိုင်ငံရေးရာ မတည်မငြိမ်ဖြစ်မှု အခြေအနေတွေကြောင့် လူတွေရဲ့ သုံးစွဲမှုပိုင်းအပေါ်မှာရော၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်း၊အစိုးရတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ ထိခိုက်စေနိုင်ဖို့ရှိနေပါတယ်" လို့ Koenig က ပြောပါတယ်။

အလားတူကမ္ဘာတစ်ဝန်း လူသုံးကုန်နည်းပညာပစ္စည်းတွေအပေါ်မှာသုံးစွဲမယ့် ငွေကြေးတစ်ဝက်လောက်ဟာ စမတ်ဖုန်းတွေမှာ သုံးစွဲသွားဖို့ရှိနေတယ်လို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment