6.1.17

ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေး လုပ်ငန်းတွင် အသုံးမပြုရန် ဂေါပက တားမြစ်ချက် ထုတ်ပြန်

ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေးအရ ထုတ်လုပ်မည့် လူ့ အသုံးအဆောင်၊ အဝတ်အထည်၊ အဆောက်အအုံနှင့် အစားအ သောက်များတွင် ထည့်သွင်းအ သုံးပြုခြင်း၊ ကြော်ငြာခြင်းမပြုရန် တားမြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့က ဇန်နဝါရီ ၅ ရက် ၌ ထုတ်ပြန်ကြေညာသည်။

ရွှေတိဂုံ စေတီတော်သည် ဗုဒ္ဓဘာသာ၏ သမိုင်းဝင်စေတီနှင့် နိုင်ငံ့ပုံရိပ်ဖြစ်၍ စီးပွားရေးအရ အ သုံးပြုနေခြင်းသည် အဂါရ၀ဖြစ် သောကြောင့် တားမြစ်ခြင်းဖြစ် သည်ဟု ဂေါပကအဖွဲ့က ဆို သည်။

‘‘ရွှေတိဂုံစေတီဆိုတာလည်း ကိုယ့်မြန်မာနိုင်ငံရော ကမ္ဘာမှာပါ ထင်ရှားတာမို့ စီးပွားရေးသမား တွေကလည်း ထင်ပေါ်ချင်ကြ တယ်။ ဒါကြောင့်မို့ အခုကြေညာ ချက်က စီးပွားရေးသမားတွေကို အဓိကထားရည်ရွယ်တယ်။ အ ရင်ကလည်း ဘုရားနဲ့ပတ်သက် ရင် သိသင့်သိထိုက်တာတွေကို ကြေညာထားပါတယ်။ အခုက တော့ တရားဝင်ကြေညာလိုက် ခြင်းဖြစ်ပါတယ်’’ဟု ရွှေတိဂုံစေ တီတော် ဂေါပအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တားမြစ်ချက်ကို မလိုက်နာပါက တည်ဆဲဥပဒေ များအရ အရေးယူမည်ဖြစ် ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေ ညာသည်။

တားမြစ်ချက်တွင် ရွှေတိဂုံ စေတီတော်ပုံကို တိုက်ရိုက်အသုံး ပြုခြင်းသာမက သွယ်ဝိုက်၍ဖြစ် စေ၊ ထင်ယောင်ထင်မှားဖြစ်စေ သည့် ဆင်တူယိုးမှား ပြုလုပ်ခြင်း ဖြစ်စေ တားမြစ်ထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြ ထားသည်။

ရွှေတိဂုံစေတီတော်ပုံကို အ မြင်မတင့်တယ်သည့် နေရာများ တွင် အသုံးပြုမှုများရှိနေပြီး ဥပမာအားဖြင့် ရွှေတိဂုံစေတီတော်ပုံကို လက်ဖက်ခြောက် ထုပ်ထဲ၌ ထည့်ကာ လက်ဆောင်ပေးခြင်း ပြုလုပ်လာကြောင်း ဘုရားဖူးလာ သူများက တိုင်တန်းမှုများရှိခဲ့ သည်ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ယခု သတိပေးမှုကို တရား ဝင်ထုတ်ပြန်ပြီးနောက် ဆက် လက်လုပ်ကိုင်သည်ဟု ကြားသိရ ပါက ဘုရားဂေါပကအဖွဲ့က ခေါ် ယူတွေ့ဆုံမည်ဖြစ်ပြီး လိုအပ်လာ ပါက တည်ဆဲဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment