ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

23.6.13

မာယာများတဲ့ အလင်္ကာနဲ့ ပတ်သက်လို့ နေမင်းက ဒီလိုဆိုတယ်

မာယာများတဲ့အလင်္ကာ ဇာတ်ကားဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး လူပြောများနေတဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ နေမင်းကို ဧရာဝတီက မေးမြန်းကြည့်တော့ သူက အရင်က ကောင်းခဲ့တဲ့ ကားတွေ၊သေသေချာချာ လုပ်ပြခဲ့တဲ့ ကားတွေကို ဘာသံမှမကြားရဘဲ ဒီကားကျမှ ဝေဖန်တဲ့အသံတွေ ထွက်တဲ့အတွက် သူ့ပရိသတ်အစစ်တွေဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ပြော လာပါတယ်။ “ဟိုးအရင်တုန်းကလည်း အနာဂတ် = ကလေးငယ် ဆိုတဲ့ ကားမျိုးဆိုရင်ကျနော်တို့ လေးရက်ထဲနဲ့ နေ့ မအိပ်ညမအိပ် လုပ်ခဲ့ပြီး...

မရမ်းကုန်း ကမ္ဘာအေးဗီလာဝင်းတွင် မီးလောင်

မရမ်းကုန်းမြို့နယ်၊(၅)ရပ်ကွက်၊ ကမ္ဘာအေးဗီလာဝင်း တိုက်အမှတ် D ၊ (၃)လွှာ ရှိ ထိုင်းနိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားတို့နေထိုင်သည့် အခန်းတွင်ယနေ့နေလည်က AIRCON SAFEGUARD အပူချိန် လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးခိုးများအူထွက်လာသည်။့် မီးသတ်ယာဉ် (၁၅) စီး၊အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူပြုယာဉ်(၃)စီးတို့ဖြင့်ငြိမ်းသတ်ခဲ့ရာ မီးငြိမ်း သွားခဲ့ပြီးမီးလောင်မှုကြောင့် တန်ဘိုး(၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ သဖြင့်တိုက်ခန်းငှားရမ်းနေထိုင်သူ တိုက်ခန်းတာဝန်ခံ...

Time Magazine ရဲ့ July မျက်နှာဖုံးမှာ သုံးနှုန်းထားတဲ့ Buddhist နဲ့ Terror ဆိုတဲ့ အသုံးအနှုန်းအား နိုင်ငံတော်အစိုးရ ကန့်ကွက်ပြီ

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါး အား ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသည့် နိုင်ငံဖြစ် သည်။  မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ် ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည်...

Time မဂ္ဂဇင်း ဖော်ပြချက်အပေါ် မြန်မာလူထုအမြင်

မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံတွင် အရှင်ဝီရသူ လျှောက်ထားနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၃) ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သွေးထိုးလှုံ့ဆော်ပေး သ လိုဖြစ်စေမှာ ကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်းမီဒီယာမှာ မြန်မာနိုင်ငံတွင်းက...

Snowden ကိုသူလျှိုမှုတွေနဲ့ တရားစွဲ

အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူ Edward Snowden ကို သူလျှိုလုပ်မှုတွေနဲ့ ဗဟိုအစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီလို့ တာဝန်ရှိ သူတွေက ပြောပါ တယ်။ ဟောင်ကောင်မှာရှိနေတဲ့ Snowden ကို ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA မှာ ကွန်ထရက်တာ အဖြစ်အလုပ်လုပ်ခဲ့တဲ့ Snowden က လျှို့ဝှက်အချက်အလက်တွေကို...

နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1) အီရန်သမ္မတ သစ်ရိုဟန်နီနှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်း

ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1)က အီရန်နိုင်ငံ၏ နျူကလီးယား ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက် ၍ အီရန် သမ္မတအဖြစ် ရွေးချယ် ခံရသော ရိုဟန်နီနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှု တစ်ရပ်အား ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောကြား ခဲ့သည်။ ရိုဟန်နီအနေဖြင့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် မကြာမီတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဆွေးနွေး ပွဲ ပြုလုပ်ရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က...

ကျေးဇူးပြုပြီး sign လုပ်ပေးကြပါ

Time မဂ္ဂဇင်း၏ ဇူလိုင်လထုတ် မျက်နှာဖုံးတွင် သုံးနှုန်းထားသော Buddhist နှင့် Terror ဆိုသည့် အသုံး အနှုန်းကို ကန့်ကွက်ရန် အွန်လိုင်းသုံးစွဲသူများ လက်မှတ်ထိုးခြင်း share လုပ်ခြင်းများ ပြုလုပ်လျက်ရှိ Time မဂ္ဂဇင်း၏ ဇူလိုင်လထုတ် မျက်နှာဖုံးတွင် သုံးနှုန်းထားသော Buddhist နှင့် Terror ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ရန် အွန်လိုင်းသုံးစွဲသူများက ၄၈ နာရီအတွင်း လက်မှတ်ပေါင်း ၅၀၀၀၀ ရရှိရန် လို အပ်ကြောင်းနှိုးဆော် လျက်ရှိပြီး လက်မှတ်ထိုးခြင်း share လုပ်ခြင်းများ...

စစ်ရေး လေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန် နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့် ထားရှိခဲ့ဟု အိုဘားမား ပြောကြား

ဆီးရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော ဂျော်ဒန်နိုင်ငံ အတွင်းရှိ သဲကန္တာရ ဒေသတွင် ဇွန် ၉ ရက်က စတင် ပြုလုပ်ခဲ့သော နိုင်ငံပေါင်းစုံ စစ်ရေး လေ့ကျင့်မှုသည် ဇွန် ၂ဝ ရက်တွင် ပြီးဆုံးခဲ့ပြီးနောက် တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့်ကို ဂျော်ဒန်နိုင်ငံတွင် ထားရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထုတ်ဖော် ပြောကြား ခဲ့သည်။ ဂျော်ဒန်နိုင်ငံတွင် လုံခြုံရေးဆိုင်ရာအခြေအနေများ စိတ်ချရသည့်အနေအထားသို့ ရောက်ရှိလာသည်...

ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်သိမ်းခံ တောင်သူတွေ လျော်ကြေးစတင်ရရှိ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျည်စုအရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးအဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။ မက်စ်မြန်မာ ကုမ္ပဏီကနေ ဒေသခံတောင်သူတွေကို ခုလိုလျော်ကြေးငွေ ပေးအပ်ခဲ့တာနဲ့ ပတ်သက် လို့ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးက RFA ကို အခုလို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ လယ်သမားတွေကို လျော်ကြေးပေးပါတယ်ခင်ဗျ၊ တစ်ဦးကို...

ဂျပန်၊ တောင်ကိုရီးယား အကူအညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားကောင်းလာစေမည်

မြန်မာနိုင်ငံမှာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒေါ်လာငွေ ဘီလျံပေါင်းစွာ ရင်းနှီးမြှုပ်နှံလာတဲ့ အတွက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ လိုအပ်တဲ့အခြေခံအဆောက်အဦးတွေ ကောင်းမွန်လာပြီး မြန်မာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်တိုးတက်မှု ရရှိလာလိမ့်မယ်လို့ အမေရိကန်အခြေစိုက် Int’l Business Times အွန်လိုင်းစာစောင်က ဒီကနေ့ ဖော်ပြပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ စီးပွားရေး နိုးထလာနိုင် ပြီး၊ ဒေါ်လာ...

ထိုင်းနိုင်ငံမှာ ရောင်းစားခံ မြန်မာ ၁ဝ ဦး ကယ်တင်လိုက်နိုင်

ထိုင်းနိုင်ငံတောင်ပိုင်း တလန်ခရိုင် ကတန်မြို့နယ်က ဖက်ကျော်စင်လှေဆိပ်မှာ လှေပေါ်ကို ရောင်းစားခံ ရတော့မယ့် မြန်မာနိုင်ငံသား ၁ဝ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း(MAT)အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လူကုန်ကူးသူတွေက ငါးဖမ်းလှေတွေဆီကို ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် မောင်သက်လင်းထွန်းဆိုသူက စတင်ဆက်သွယ် အကူအညီတောင်းခံခဲ့ရာကနေ ဒီကနေ့မှာ...

ငြိမ်းချမ်းရေးဆိုင်ရာ အတတ်ပညာရှင်အဖွဲ့ ဖွဲ့စည်းဖို့ မြစ်ကြီးနားမြို့မှာ ရှင်းလင်းပွဲကျင်းပ

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့အစိုးရတို့ နောက်ဆုံးတွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ အချက်တွေထဲက အတတ်ပညာရှင်အဖွဲ့ (Technical Team) ဖွဲ့စည်းရေးအတွက် (PCG) ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့က စိန့်ပတ်ထရစ် ဘုရားကျောင်းမှာ ဒီကနေ့တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။ ကေအိုင်အိုအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပြည်သူလူထုပါဝင်တဲ့ ပညာရှင်...

၁၁ နှစ်သမီး အရွယ် မိခင်

ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ သမီး တစ်ယောက် မွေးဖွား ခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွား ခဲ့ရခြင်း ဖြစ်ပါတယ် ။ အသက် ၁၁ နှစ်အရွယ် ဒီဘယ်လ်ဂျီယမ် သူဟာ ကစားကွင်းမှာ တခြားသူတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျတာ ခံနေရတုန်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒီအမျိုးသားကတော့ ဒီကောင် မလေးကို စစတွေ့ခြင်း အသက် ၁၅ နှစ်လောက်ရှိပြီလို့ ထင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ်...

အမေရိကန် နိုင်ငံ စစ်ဘက်သုံး ရဟတ်ယာဉ်များ ထိုင်းနိုင်ငံသို့ ရောင်းချရန် ပြင်ဆင်လျက်ရှိ

အမေရိကန် ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ Lakota စစ်ဘက်သုံး ရဟတ်ယာဉ် ခြောက်စင်းအား ထိုင်းနိုင်ငံ သို့ရောင်းချရန် အမေရိကန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရှိ အရာရှိအသိုင်းအဝိုင်း က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်လွှတ်တော်အနေဖြင့် ထိုင်းနိုင်ငံကဝယ်ယူရန်ကမ်းလှမ်းလာသော အဆိုပါရဟတ်ယာဉ် ခြောက် စင်းအား ရောင်းချပေးနိုင်ရန်အတွက် စဉ်းစားလျက် ရှိကြောင်း ကာကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက် မှု အေဂျင်စီက ဇွန် ၂၁ ရက်က ပြောကြားခဲ့ သည်။...

လက်ဘနွန် ဒေသတွင်း လုံခြုံရေးကို လက်ဘနွန် စစ်တပ်က ဆက်လက် တာဝန်ယူမည်

လက်ဘနွန် နိုင်ငံအတွင်း အချို့နေရာ များတွင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် အတွက် လက်ဘနွန် တပ်မတော် အနေဖြင့် နိုင်ငံတွင်း လုံခြုံရေးအား ဆက်လက် တာဝန်ယူ ထိန်းသိမ်းရန် ဆုံးဖြတ် ထားကြောင်းနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အဆိုပါ စစ်တပ် ဆန့်ကျင် ဆန္ဒပြမှု များသည် တပ်မတော် သားများ အနေဖြင့် စိတ်ဓာတ် ပျက်ပြားပြီး နိုင်ငံတွင်း ဆူပူ အုံကြွမှုများ ဖြစ်ပွားရာတွင် ပါဝင် လာစေရန် ရည်ရွယ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း လက်ဘနွန် ကာကွယ်ရေး ဝန်ကြီး ဖေးယက်ဇ်ဂိုစ်က...

မြန်မာ-တရုတ် ဘသာဝဓာတ်ငွေ့ပိုက်လိုင်းအတွင်း ဓာတ်ငွေ့ ထည့်သွင်း

မြန်မာ-တရုတ်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း အတွင်း မြန်မာပြည်အပိုင်းဖြစ်သည့် ကျောက်ဖြူမြို့မှနမ့်ခမ်း Metering Station အထိထည့်သွင်းခြင်းကို ဇူလိုင်လ (၁) ရက်နေ့မှ ၂၀ရက်နေ့ထိ ဓာတ်ငွေ့ဖိအား (၃၀) Bar (435Psi) ရသည်အထိထည့်သွင်းပြီး ဇူလိုင်လ (၂၁)၇က်နေ့ မှ၃၀ရက်နေ့ထိ ဓာတ်ငွေ့ထည့်သွင်းထားသည့် ပိုက်လိုင်းအား (Commissioning) ပြုလုပ်ခြင်း ဆောင်ရွက်ရာ တွင်ပိုက်လိုင်းတစ်လျှောက်တည်ဆောက်ထားသည့် ValueHouseStation များ...

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ လာမှုကြောင့် လူနေအိမ်များ စတင်ပြောင်းရွှေ့

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် ရွှေလောင်းမြစ်ရေ တိုက်စားမှုများကြောင့် ကမ်းပြိုမှု ကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း ကမ်းပါးပြိုကျမှုများ စတင်ဖြစ်ပွားလာမှုကြောင့် လူနေအိမ် များ ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့ နေရကြောင်း သတင်းရရှိသည်။ အထက်ပေကုန်း ကျေးရွာသည် ရွှေလောင်းမြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရွှေလောင်းမြစ်ရေ တိုက်စားမှုကို ၂၀၀၈ ခုနှစ်မှ စတင်ကာနှစ်စဉ်ကြုံတွေ့ နေရကြောင်း ၂၀၁၂ ခုနှစ်ထိ ကမ်းပါးပြိုကျမှု များကြောင့် လူနေအိမ်ခြေပေါင်း...

အမေရိကန် ထောက်လှမ်းရေး ဟောင်းကို တရားစွဲပြီ

သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ် အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ စနိုဒန်ဟာ အမေရိကန် အစိုးရရဲ့ အင်တာနက် ထောက်လှမ်းရေး အစီအစဉ် တွေကိုဖွင့်ချ ဖေါ်ထုတ် လိုက်တာ ဖြစ်တဲ့ အတွက် သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။ အခုတော့...

ဖိလစ်ပိုင်နှင့်အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍Panatag သောင်စွယ်အနီး ရေ တပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

ဖိလစ်ပိုင်နှင့် အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း၍ တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံ တို့ အကြား ပိုင်နက်နယ်မြေ ဆိုင်ရာ အငြင်းပွားနေသည့် Panatag သောင်စွယ်၏ အရှေ့ဘက် ၁ဝ၈ ကီလိုမီတာ (၆၇ မိုင်) အကွာ တွင် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ရေတပ်မှ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်မှူး ဂရီဂိုရီဖာဘစ်က ဇွန် ၂ဝ ရက် တွင် ပြောကြားခဲ့သည်။ ထိုသို့စစ်ရေး...

သတ္တ သတ္တာဟ မဟာ ဗောဓိ စေတီ တော်မြတ် ကြီးသို့ ဘုရား ဖူးများ အဆင်ပြေ စေရေး မော်တော်ယာဉ် လိုင်းများ ပြေးဆွဲ ပေးလျက်ရှိ

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဥဒယရံသီ ကုန်းတော်တွင် တည်ထား ကိုးကွယ်လျက် ရှိသော သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်လို သည့် ပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော် မတီ (မြို့တွင်း)မှ အားမာန်သစ် အမှတ် (၈) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊ မြို့မဈေး၊ ပုဗ္ဗသီရိ၊ သတ္တ သတ္တာဟစေတီ ခရီးစဉ်အား လည်း ကောင်း၊ ရွှေမြို့တော် အမှတ်(၂) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊...

အီတာလျှံ-ထိုင်း ကုမ္ပဏီအား ဒေသခံ ခြံပိုင်ရှင် တစ်ဦးမှ ပထမဆုံးအကြိမ် တရားစွဲဆိုရန် စီစဉ်

ထားဝယ်-ပူနမ်ရွန် လမ်းမပေါ်တွင် ဒေသခံများမှ ခြံစည်းရိုး ကာရံထားသည်ကို တွေ့ ရစဉ် ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ တည်ဆောက်လျက်ရှိသော ထားဝယ် အထူးစီးပွားရေး ဇုန်နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ပူနမ်ရွန်သို့ ဆက်သွယ်ထားသော အရှည်ကီလိုမီတာ ၁၇၀။ ၁၀၆ မိုင်ရှိ လမ်းမဖောက်လုပ်ခြင်း စီမံကိန်း အကောင်အထည် ဖော်လျက်ရှိသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development Co;Ltd) အား ဒေသခံ ခြံပိုင်ရှင် တစ်ဦးက ကုမ္ပဏီမှဖောက်လုပ်ထားသော လမ်းပေါ်တွင်...

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်ဆိုခြင်းမှာ ယခင်သဘောတူလက်မှတ်ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ဟု သမ္မတရုံးဝန်ကြီးပြောကြား

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်ဆိုခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြော ကြားသည်။ ဇွန် ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသော World Refugee Day အခမ်းအနား အပြီးတွင် သတင်းထောက်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်အဆင့်...

မြန်မာ မိုဘိုင်းဖုန်းလိုင်းတိုးချဲ့ရေး တင်ဒါ ဟွာဝေး (huawei )ကုမ္ပဏီ ရရှိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။ အခုလို ပူပေါင်းဆောင်ရွက်ခွင့် ရရေး အတွက် MPT ရဲ့ တင်ဒါ ကို လျှောက်ထား ခဲ့တဲ့ နိုင်ငံခြားတယ်လီဖုန်း ကုမ္ပတွေထဲမှာ Errison Nokia နဲ့ ZTE တို့လည်း ပါဝင်တဲ့ အထဲကမှ ဟွာဝေးကို ရွေးချယ်လိုက် တာ ဖြစ်ပါ တယ်။ MPT ဟာ ရှေ့မဝေးတော့တဲ့ အနာဂတ်မှာတော့ အစိုးရ ကနေ ဘတ်ဂျက် ချပေးမှုနဲ့ ဝန်ကြီး ဌာနအောက်မှာ...

မိုဘိုင်းဖုန်း လိုင်စင် ချပေးတော့မယ်

မြန်မာနိုင်ငံမှာ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ဆိုရင် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့် လိုင်စင် အတွက် တင်ဒါ လျှောက် ထား ကြတဲ့ ကုမ္ပဏီ ၁၁ ခု ထဲကနေ ၂ ခုကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်တွေ ချပေးတော့ မှာ ဖြစ်ပါတယ်။  တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ တွေထဲက တခု ဖြစ်တဲ့ Digicel ကုမ္ပဏီရဲ့ အော်ပရေးရှင်း ဒါရိုက်တာ လော်နာ မက်ဖာဆင်ကို ဆက်သွယ် ပြီး အခု လောလောဆယ် လုပ်ငန်း လုပ်ကိုင်ခွင့် ရွေး ချယ်ပေးမယ့် စနစ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ပိုင်းမှာ ဘယ်လို ရှိပါသလဲ...

ဖူဂျီ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်

ဂျပန်နိုင်ငံရဲ့အထင်ကရအဖြစ်ဆုံး ဖူဂျီ (Fuji)တောင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်း သိမ်း စောင့်ရှောက် ရမယ့်နေရာအဖြစ် သတ်မှတ်လိုက်လို့ ဂျပန်နိုင်ငံအထူးဂုဏ်ယူနေပါတယ်။ ပေ တစ်သောင်းနှစ်ထောင် ကျော်မြင့် တဲ့ Fuji တောင်ဟာ ဂျပန်လူမျိုးတွေအတွက် ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ တန်ဖိုးထားရတဲ့နေရာပါ။ UNESCO ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က အဲဒီလို သတ်မှတ်ဖို့ မဲပေးရွေးချယ်နေတာကို Fuji တောင်တဝိုက် မြို့တွေမှာ ဒေသခံတွေ အများနဲ့သက်ဆိုင်တဲ့ခမ်းမတွေကနေ...

ဇေယျာရွှေမြေအသင်း ကွင်းလုံခြံရေး စီစဉ်မှုအားနည်းသဖြင့် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ်ချမှတ်

၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုအား ၏ ဇေယျာရွှေမြေအသင်း နောက်ခံလူ ဇော်လင်းထွန်းက ကမ္ဘောဇ - ဇေယျာရွှေမြေ ပွဲစဉ်မတိုင်မီ လက်ခံရ ယူနေစဉ်။ Myanmar National Leagueတွင်ဇေယျာရွှေမြေ အသင်းကွင်းလုံခြံရေး စီစဉ်မှုအားနည်းသဖြင့် ဒဏ်ငွေ ၅ သိန်းပြစ်ဒဏ်ချမှတ်လိုက်ကြောင်း စည်းကမ်းထိမ်းသိန်းရေးမှ ပြစ်ဒဏ်များကိုသတင်းထုတ်ပြန်သည်။ ထိုပြင်MNL -တွင် ပွဲပယ်ခံ ကစားသမားများအဖြစ် ဇေယျာရွှေမြေ မှ ရဲလင်းအောင် (၃ ၀ါ- ၁ ပွဲပယ်။...

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။ ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြ ပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစု ကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး...

လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား

မင်းသားနှင့်မင်းသမီးတို့၏ ပွင့်လင်းလွတ်လပ်သော ချစ်ရည်လူးသည့်ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါ်ထင်ထင် ကြည့်ရှုကြရလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည် မဟုတ် ပါ။  မြန်မာဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို နိုင်ငံခြားဇာတ်ကားများကဲ့သို့ အမြင်မသင့်တော်သော ဇာတ်ဝင်ခန်းများအား ကြည့်ရလိမ့်မည်ဟုလည်း တွေးဆထားကြမည်လည်း မဟုတ်ပါ။ မြန်မာဒါရိုက်တာ ရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာသရုပ်ဆောင်များ၏...

ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထား တဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ဗဟိုအလုပ် အမှုဆောင် ကော်မတီအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော် မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ဇွန်လ ၂၂ ရက်နေ့စပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ...

VLC Player ကိုသုံးပြီး အင်တာနက်ဖြင့် TV Channel များကို ဖမ်းယူကြည့် ရှုနည်း

အင်တာနက်ဖွင့်ထားပြီး VLC Player ဖြင့် TV လိုင်းများကို ဖမ်းယူကြည့်ရှု လို့ရပါတယ်လုပ်နည်းကတော့  VLC Player ကိုဖွင့်ပါ Media ကိုနှိပ်ပြီး Open Network Stream ကိုနှိပ်ပါ အဲဒီမှာ URL လင့်ထည့်မယ့် Box တစ်ခုကျလာပါမယ် အဲဒီ box မှာ ကိုယ်ကြည့်မယ့် လိပ်စာကိုထည့်ပြီး Play လုပ်လိုက်ရုံပါပဲ ကြည့်လို့ရမယ် TV Channel လိပ်စာများကိုအောက်မှာဖော်ပြလိုက်ပါတယ် ------------------- -1-SONY TV rtsp:// 208.77.20.52:193 5/dmm1/ sonytv?by-.r.j ZEE TV rtsp:// 208.77.20.52:193...

ဦးသိန်းစိန် နားရမယ့်အချိန်ကို တရုတ် CPI မျှော်လင့်နေ

 သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို သူ သမ္မတသက်တမ်း ကုန်ချိန်အထိ ရပ်ဖို့ ပြောထား ပါတယ်။ ဒါကြောင့် တရုတ် နိုင်ငံ CPI ကုမ္မဏီကလည်း သမ္မတသက်တမ်း ကုန်အောင် စောင့်နေပါတယ် တဲ့။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ရောက်လာတဲ့ ပေးစာတစောင်မှာ ဖတ်ပါ - CPI အရာရှိကြီးများသည် (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့က မြစ်ဆုံရေကာတာတည်ဆောက်ရာနေရာ သို့ သွားရောက် လေ့လာကြသည်။ အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် အတူ သွားရောက်ကြည့်ရှုခြင်း...