ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
8.10.13
ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော
Heartbreaker သီချင်းသစ်အကြောင်း ပြောပြခဲ့သည့် ဂျက်စတင်ဘီဘာ
မာမာလာ လက်ဖက်ရည်နှင့် AIDS
ယနေ့လွတ်ပေးသောနိင်ငံရေးအကျဉ်းသားစာရင်း
မိုင်းဆတ်၂လွတ်မြောက်လာကြောင်းထ
ကလေးထောင်မှ၎ဦး၊မိထ္ထီလာ ထောင်မှ၎၊သီပေါထောင်မှ၁၁၊
လားရှိုးထောငိမှ၁၅၊မြစ်ကြီးနား
၊မြောင်းမြထောင်မှ၁၊အင်းစိန်ထော
နိင်ငံရေးအကျဉ်းသား၅၆ဦးကိုယနေ့
ကချင်နှင့် ရှမ်းတိုင်းရင်းသား၉၀%ကျော်ပါဝင
သိရသည်။
Popular Myanmar News Journal
နောက်(၂၄)နာရီအတွင်း မုန်တိုင်းတစ်ခုဖြစ်လာပါတော့မယ်။
IMD, JTWC များရဲ့ ခန့်မျန်းချက်အရ
လည်းကောင်း MCCWရဲ့ Analyses များအရလည်းကောင်း ကပ္ပလီပင်လယ်ပြင်
ထဲမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး မုန်တိုင်းတစ်ခုအဖြစ် မကြာမီရာက်ရှိလာပြီး၊ (၈-၁၀-၂၀၁၃) နံနက်(၆)နာရီခွဲမှ နောက်(၂၄)နာရီအတွင်း အပူပိုင်းမုန်တိုင်း တစ်ခုဖြစ်လာနှိုင်ပါတယ်။
အားကစားသမား ၄၇ ဦးပါဝင်သော ထိုင်း စက်ဘီးစီးအဖွဲ့ ထားဝယ်လာမည်
တစ်ဖွဲ့သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ
စတင်ထွက်ခွာကာအောက်တိုဘာလ ၁၃ ရက်နေ့တွင် ထားဝယ် ထိုင်းနယ်စပ်ရှိဖူနန်လွန် ထီးခီးဒေသ နယ်စပ်စခန်းသို့ ရောက်ရှိ ညအိပ်ရပ်နားမည်ဖြစ်သည်။
Porsche 911 Singer ဗားရှင်းမိတ်ဆက်
တိုယိုတာ ကားပြုပြင်ရေး နည်းပညာသင်တန်းဖွင့်
မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်းကို တိုယိုတာ၏ ဝန်ဆောင်မှုဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု TTAS ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်း
ဒါရိုက်တာ ဦးအေးဇော်က ပြောကြားသည်။
ရင်သားကင်ဆာပြန်ဖြစ်တဲ့အခါ
ပျောက်ကင်းနိုင်ပေမယ့် ကုသမှုနောက်ကျတဲ့အခါ၊ ကင်ဆာကျိတ်မကင်းစင်တဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ပြန်ဖြစ်တယ်ဆိုတာ နှင့် မူလကထက် ပိုမိုပျံ့နှံ့လေ့ရှိပါ တယ်။
ကိုယ်ခံအားစနစ် ဖောက်ပြန်မှုကြောင့် ဖြစ်သောရောဂါများ
အန္တရာယ်မရှိတဲ့ ပြင်ပပစ္စည်းတစ်ခုကို ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန်တိုက်ခိုက်တဲ့အခါ ဓါတ်မတည့်ရောဂါခံစားရပါတယ်။
ကျောင်းကုန်း အဓိကရုဏ်း သံသယရှိသူ ၁ ဦး လွတ်မြောက်နေဆဲ
နှစ်တန်းကျောင်းသူလေးကို အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦး အမှုဖွင့်ခံရ
ယင်းနေ့ နံနက် ၁၀ နာရီအချိန်က မ---(၃၄)နှစ်၊ ခြံစိုက်၊ -----ကျေးရွာ၊ ကော့မှူးမြို့နယ် နေသူသည် နေအိမ်တွင် ရှိနေစဉ် သမီးငယ်ဖြစ်သူ အဓမ္မပြုကျင့်ရန် ကြံစည်ခံရမှုကို ယောင်းမဖြစ်သူက လာရောက် ပြောပြသဖြင့် စတင် သိရှိခဲ့ရသည်ဟု ရဲကို ထွက်ဆိုထားသည်။
သမီးဖြစ်သူ မ----(၈)နှစ်၊ ဒုတိယတန်းသူအား တစ်ရွာတည်းနေ ကို----(၃၄)နှစ်က သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည် သိရှိရသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ဆက်လက် ပြောပြထားသည်။
ထို့ကြောင့် ကျောင်းတက်နေသူ သမီးငယ်ကို နေအိမ်သို့ ခေါ်ဆောင်ပြီး မေးမြန်းရာတွင် အောက်တိုဘာ လ ၅ရက် ည ၈နာရီ အချိန်က ရွာလယ်ကားလမ်းတွင် ကို---နှင့် တွေ့ဆုံရာ အရက်မူးနေပြီး မုန့်ဖိုး(၂၅၀) ကျပ်ပေး၍ အိမ်သို့ လိုက်ပို့ခိုင်းသဖြင့် လိုက်ပို့ခဲ့သည်။ နေအိမ်ခြေရင်းအရောက်တွင် ကို---က တွန်းလှဲ၍ မဖွယ်မရာပြုလုပ်စဉ် ထွက်ပြေးခဲ့ရသည်ဟုလည်း မိခင်ဖြစ်သူပြောပြကြောင်း အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦသောင်းအေးထံသို့ အကြောင်းကြားပြီး ကို---အပေါ် အရေးယူပေးရန် ကလေးငယ်၏ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်ထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းတိုင်တန်းမှုကို ကော့မှူးရဲစခန်းက (ပ)၁၆၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီး စစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနကလည်း ဆိုထားသည်။
ထို့ပြင် အသက် (၁၉)နှစ်အရွယ် ပိုလီယို ဝေဒနာရှင် မိန်းကလေးငယ်တစ်ဦးအား အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် အကြိမ်ကြိမ် ကြံစည်သည်ဟုဆိုပြီး တိုင်ကြားမှု တစ်ခုကိုလည်း အင်းစိန် ရဲစခန်းက အောက်တိုဘာ (၇)ရက်တွင် (ပ) ၁၀၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆/ ၅၁၁ဖြင့် အရေးယူရန် ကျူးလွန်သူအား လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက
ပရဟိတလုပ်ငန်းတွေမှာ ပါဝင်အားဖြည့်မယ့် Miss ရွှေပိုးနန်းတော်
မိုဟာမက်မော်စီ ထောက်ခံသူများနှင့် လုံခြုံရေးတို့ အီဂျစ်တွင် ထိပ်တိုက် အဓိကရုဏ်းဖြစ်၊ အနည်းဆုံးလူ ၅၀ သေဆုံး
ဒေါ့မွန် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ပြင်ဆင်လာသည့် မန်ယူနိုက်တက်
ခေါ်ယူဖို့ ပြင်ဆင်လာမည် ဖြစ်ကြောင်း
ဒေလီစတား သတင်းစာမှ ဖော်ပြခဲ့သည်။
နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်းကို တောင်ကိုရီးယား ရှင်းလင်း
စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့
တစ်ခုသည် တောင်ကိုရီး ယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ
ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။
ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ
အာဂျင်တီးနား သမ္မတ၏ ဦးခေါင်းခွဲစိတ်မှု ယနေ့ပြုလုပ်ရန် စီစဉ်ထား
စက်တင်ဘာလ ဘာကလေအကောင်ဆုံးဆုများကို အာဆင်နယ် သိမ်းပိုက်
သိန်း ၄၀ ကျော်တန် HTC One ရွှေအစစ်ဖုန်း ရပြီ
မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကို ယနေ့ဖွင့်လှစ်လိုက်ပြီ
စာမျက်နှာတွင် ကြေငြာလိုက်သည်။
ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့်
ကိုယ့်အားကိုယ်ကိုးစိတ် မွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို လေ့လာရေးခရီးရောက်ရှိနေတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့တာပါ။
" ကိုယ်က ဒီမိုကရေစီလိုချင်တယ်ဆိုရင် ပြည်သူတွေရဲ့ အင်အားကို တောင့်အောင်လုပ်ရမယ်၊ ကိုယ့်အင်အားကို တောင့်အောင်လုပ်တယ်ဆိုတာ အဓိကက ဘာလည်းဆိုတော့ တာဝန်ယူနိုင်တဲ့ သတိရှိရမယ်၊ ကိုယ့်ဘာသာကိုယ် လုပ်မယ်ဆိုမှ ကိုယ်က အားပြည့်မှာ ပြည်သူတွေက ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်များလာမှ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ ဆောက်တည်နိုမှာ ပြည်သူတွေက ကိုယ့်ကိုယ်ကို အားကိုးတဲ့ စိတ်မရှိရင် အစိုးရတွေကပဲ ဦးဆောင်နေမယ်၊ အစိုးရတွေကပဲ လွှမ်းမိုးနေမယ်၊ အဲ့တော့ ကိုယ့်ကိုယ်ကို အားကိုကြ၊ အားကိုးတာက ဘာအားကိုးရမလဲဆိုတော့ ကိုယ့်ရဲ့ ညီညွတ်မှု အင်အားကို အားကိုးရမယ်၊ ဒီတော့ အချင်းချင်းကြားမှာ ညီညွတ်ဖို့ လိုတယ်၊ လူနှစ်ယောက်ဆိုတာ ခေါင်းတစ်ခေါင်းတည်မဟုတ်ဘူး၊ အဲ့တော့ အတွေးအခေါ်က တူမှာမဟုတ်ဘူး၊ အတူတဲ့ အတွေးအခေါ်တွေကို ညှိယူရမယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ အဲ့ဒါပဲ"
ဒါ့အပြင် အောက်ခြေပြည်သူတွေရဲ့ ဘဝတွေပြောင်းရေးအတွက် အတူတူလက်တွဲပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
" အမေတို့ နိုင်ငံက ဆင်းရဲတယ်၊ တကယ်တော့ တိုးတက်မှုဆိုတာလည်း သိပ်နည်းတယ်၊ သူတို့ပြောနေတာက ပြုပြင်ပြောင်းလဲရေး ပြုပြင်ပြောင်းလဲရေးဆိုပေမယ့် တကယ်တော့ အောက်ခြေပြည်သူတွေရဲ့ ဘဝတွေက သိပ်ပြောင်းလဲတာမရှိဘူး၊ ဒါက အားလုံး ဝိုင်းပြီးတော့ လုပ်ရလိမ့်မယ်၊ အမေတို့ ကိုယ်စားလှယ်တွေဆိုတာ အစိုးရမဟုတ်ဘူး၊ အစိုးရမဟုတ်တဲ့ အခါကျတော့ အစိုးရတစ်ခုလို လုပ်ပိုင်ခွင့်မရှိဘူး၊ ပြည်သူတွေနဲ့ လက်တွဲပြီးလုပ်မှပဲ ဒီဟာက တိုးတက်မှုရှိနိုင်မယ်၊ အဲ့တော့ အားလုံး တက်နိုင်သမျှ လက်တွဲပြီးလုပ်ကြပါ"
ဒီကနေ့ လွှတ်တော်ကို လေ့လာရေးခရီးလာရောက်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအပြင်၊ ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းသူတွေ ကိုလည်း ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအားပေးစကား ပြောခဲ့ပါတယ်။
RFA
နိုင်ငံရေး အကျဉ်းသား (၅၆) ဦး လွှတ်ပေး
မြန်မာဟန်းဆန်း အထည်ချုပ်စက်ရုံမှာ လူ ၄၀၀ လောက် ဆန္ဒပြ
စက်ရုံကို အချိန်ပြည့်လည်ပတ်တဲ့အတွက် တချို့အလုပ်သမားတွေက ၂၄ နာရီတောက်လျှောက် အလုပ်ဆင်းပေးရပြီး၊ နေထိုင်မကောင်းတဲ့အခါ ကျန်းမာရေးခံစားခွင့်မရကြသလို တခြားလူမှုရေးအရ နှိပ်စက်ခံရတာတွေလည်းရှိတဲ့အတွက
" မနက် ၇ နာရီမှာ အလုပ်ဝင်တယ် နောက်နေ့ မနက် ၈ နာရီထိုးမှ ပြန်ရပါတယ်၊ ၂၄ နာရီလောက် လိုင်းထဲကလူတွေကို ခေါ်တယ်၊ မဆင်းနိုင်တဲ့ ကလေးလည်းရှိတယ်၊ ဆင်းနိုင်တဲ့ ကလေးလည်းရှိတယ်၊ ဒါပေမယ့် သူတို့ဘက်က မဆင်းနိုင်တဲ့ ကလေးကို ဆူပူကြိမ်းမောင်းတယ် လက်မှတ်ထိုးခိုင်းတယ်၊ ဒူးထောက်ခိုင်းတယ်၊ တဖြည်းဖြည်းနဲ့ အဲ့ဒါတွေပါလာတာပေါ့၊ အိမ်မှာ သာရေး နာရေးဖြစ်တာကအစ ဘယ်သူမှ ခွင့်မရပါဘူး၊ ခွင့်ပေးရင်တောင်မှ ပိုက်ဆံဖြတ်တယ်၊ ကျွန်တော်တို့ ဘာလိုချင်တာလည်းဆိုတော့ မနက် ၇ နာရီ ခွဲကနေ ညနေ ၆ နာရီ ၁၅ ကို အလုပ်သမားတွေအကုန်လုံးက တောင်းဆိုပါတယ်"
အဲဒီစက်ရုံကို တရုတ်အမျိုးသားတွေ ထူထောင်ထားတာဖြစ်ပြီး၊ အလုပ်သမားတွေရဲ့ လုပ်ခလစာက အလုပ်ချိန် (၈) နာရီအတွက် ကျပ်ငွေ (၁၁၀၀) ဝန်းကျင်နဲ့ အချိန်ပိုလုပ်ခအတွက် ကျပ်ငွေ ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရကြတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်က ရွှေစကား အထည်ချုပ်စက်ရုံမှာလည်း လုပ်ခလစာ အပြည့် မရလို့ ပြီးခဲ့တဲ့ ၅ ရက်နေ့ကစပြီး အလုပ်သမားတွေဆန္ဒပြခဲ့တဲ့အတွက် ဒီနေ့တော့ လုပ်ခလစာ တရားဝင် သတ်မှတ်မယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်သဘော တူကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားရေးဆောင်ရွက်သူ ကိုမျိုးကိုကိုက အခုလိုပြောပါတယ်။
" ပြီးခဲ့တဲ့ လခကိုပဲ သူတို့က အပြည့်အဝ လိုချင်တာခင်ဗျ၊ လခကို အဆင့် သုံးဆင့် သတ်မှတ်ထားတယ်၊ အေအဆင့်က ကိုးသောင်းခွဲ၊ ဘီအဆင့်က ကိုးသောင်း တစ်ထောင်၊ စီအဆင့်က ရှစ်သောင်းခွဲ အဲ့လိုမျိုး ပေးမယ်ဆိုပြီးတော့ အောစူပါကနေ နှုတ်ကတိပေးထားတယ်ပြောတယ်၊ လစာထုတ်ပေးရော အဲ့လိုမျိုးမပေးလို့ ပြဿနာက အဲ့မှာ စဖြစ်တာပဲ၊ ဖြန်ဖြေရေးအဖွဲ့နဲ့ သွားရှင်းကြတယ် စုံကော်မတီအဖွဲ့ရုံးမှာပဲ နှစ်ချက်ထိုးလောက်မှာ ပြေလည်မှု ရရှိသွားတယ် ခင်ဗျ၊ ဖြန်ဖြေရေးမှာတော့ စက်တင်ဘာလ လစာကို အဲ့လိုမျိုးပေးရမယ်လို့ သဘောတူခဲ့တယ်၊ နောက်တစ်ချက်က အောက်တိုဘာလ လစာကို စက်ရုံကနေ အသစ်ပြန်ပြီးတော့ ရေးဆွဲမယ်ပေါ့ဗျာ၊ အဲ့ဒီ အောက်တိုဘာလ လစာကို အလုပ်သမားတွေက လက်ခံပေးရမယ်၊ လက်မခံနိုင်တဲ့ အလုပ်သမားက မိမိဆန္ဒအရ နှုတ်ထွက်ပေါ့ အဲ့လိုမျိုးတွေပါတယ် စာချုပ်ထဲမှာ"
အဲဒီ ရွှေစကား အထည်ချုပ်စက်ရုံကိုလည်း မြန်မာလူမျိုးအမည်ခံပြီး တရုတ်အမျိုးသားတွေ တည်ထောင်ထားတာဖြစ်ပြီး အလုပ်ရှင်က အလုပ်သမားခန့်တဲ့အခါ အလုပ်သမားရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို တိတိကျကျသတ်မှတ်ထားတာမျိုးမရှိဘ
RFA
အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်