ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေနှင့်တွေ့ဆုံခြင်း
===========================
အေးချမ်းမိုး၊ ဝိုင်းဝိုင်း
===========================
မေး- ၂ဝ၁၄ ခုနှစ်မှာ ခရီး သွားလုပ်ငန်းအတွက် မျှော်မှန်း ထားမှုအခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ - နိုင်ငံရေးပြုပြင်ပြောင်း လဲလာပြီးနောက်ပိုင်း ဖွံ့ဖြိုးလာတာ ကတော့
ခရီးသွားလုပ်ငန်းပေါ့။ စီး ပွားရေးစနစ်တွေ ပြုပြင်ပြောင်းလဲ တယ်။
လူမှုရေးစနစ်တွေပြုပြင် ပြောင်းလဲတယ်။ အားလုံးကလို အပ်မယ့်အရာတွေ
ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ့နော်။ ပြည်သူတွေ ထဲမှာ NGO အဖွဲ့တွေလဲရှိတယ်။
ကမ္ဘာကလည်း စောင့်ကြည့်နေ တယ်။ကူညီနိုင်သလောက် ကူညီမှု တွေလဲပေးနေတယ်။
နိုင်ငံတကာ ကပညာရှင်တွေ ခရီးသွားလုပ်ငန်း မှာအတွေ့အကြုံရှိတဲ့ လူတွေလဲလာ
ပြီးဆွေးနွေးပွဲတွေပြုလုပ်ကြတယ်။