ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.9.14

လူတိုင်း အလွယ်တကူ လုပ်နိုင်သော နာကျင်ကိုက်ခဲ ကာကွယ်နည်းလေးများ

သန်မာတိုင်း ကိုယ်လက်နာကျင် သက်သာရာရသည် မဟုတ်။ နေတတ်မှ ကိုယ်လက် နာကျင်သက်သာရာ ရသည်။ နာတာကျင်တာ သက်သာ ရာရစေမည့် လက်တွေ့ ကျပြီး ထိရောက်သော နည်းလေးများကို အကြံပြု တင်ပြ ပါမည်။ ထူးထူး ထွေထွေ ထိခိုက်မိခြင်း မရှိပါဘဲ အလိုလိုနေရင်း မကြာ မကြာ ကိုယ်လက်နာတတ်သူများ အတွက်များစွာ အသုံးတည့်မည် ဖြစ်သည်။ များများလေး ရယ်။ ရယ်မောခြင်းသည် ကိုယ်လက် ကိုက်ခဲနာကျင်မှု အတွက် တိုက်ရိုက် သောက်ဆေးတော့ မဟုတ်။ သို့သော်ဆေးနှင့် အလားတူ အကျိုးကား ရှိသည်။ စိတ်ဖိစီးမှုကို ကျစေသည်။...

အကြောင်းပြချက်မရှိဘဲ နိုင်ငံမှထွက်ခွာသောအရာရှိများကို လိုက်ဘေးရီးယားအစိုးရက ရာထူးမှထုတ်ပယ် ရဲမင်းကြီးနှစ်ဦးနှင့်ဒုဝန်ကြီးရှစ်ဦးထုတ်ပယ်ခံရ

လိုက်ဘေးရီးယားနိုင်ငံမှအဆင့် မြင့် အရာရှိ ၁ဝ ဦးကိုအကြောင်း ပြချက်မပေးဘဲ ပြည်ပခရီးထွက် ခွာခြင်းကြောင့် လိုက်ဘေးရီးယား သမ္မတ အယ်လင်ဂျွန်ဆင်က ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြ ထားသည်။ လိုက်ဘေးရီးယား၌ အီဘိုလာရောဂါပြင်းထန်စွာ တိုက် ခိုက်ခံနေရပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုပင် ထိခိုက်လာနိုင်ကြောင်း လိုက်ဘေးရီးယား ကာကွယ်ရေး ဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ် အတွင်း ကြေညာခဲ့ပြီး အဆိုပါ အဆင့်မြင့်အရာရှိ ၁ဝ ဦး ပြည်ပ ခရီးထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ခရီးထွက်ခွာသွားသည့်အရာရှိ...

ဗြိတိသျှ လူမှုကူညီရေး လုပ်သားကို ခေါင်းဖြတ်သည့် လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

ဗြိတိသျှ လူမှုကူညီရေး ဝန်ထမ်းတစ်ဦး ဖြစ်သည့် ဒေးဗစ်ဟိန်းစ်ကို ခေါင်းဖြတ်သတ်ခဲ့သည့် အစ္စလာမ္မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ IS ၏ လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ် ဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ဒေးဗစ်ဟိန်းစ်ကို IS အဖွဲ့သားတစ်ဦးက ခေါင်းဖြတ်ကွပ်မျက်နေသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးသည့် နောက်တွင် ဒေးဗစ်ကင်မရွန်းက ယခုကဲ့သို့ ပြစ်တင်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။ စနေနေ့...

“ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ”

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ  မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် တင်သွင်းလာတဲ့ မော်တော်ဆိုင် ကယ် အပါအဝင် တခြား ကုန်ပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး အစီး သုံးဆယ်ကို မြဝတီအခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး တိုက်ဂါးဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က  ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဗိုလ်မှူးကြီး တိုက်ဂါး ကတော့ တရားဝင်လက်မှတ်တွေ ကိုင်ဆောင်ပြီး၊ ထိုင်းနိုင်ငံဘက်အခြမ်းမှာ သွား ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေကို...

တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းများပြုပြင်ပြောင်းလဲမှု

တရုတ်နိုင်ငံတွင် ကျင်ကျင်ဟု ခေါ်သည့် ကမ္ဘာ့အကြီးဆုံးဟိုတယ် အုပ်စုရှိရာ တရုတ်နိုင်ငံတစ်ဝန်း တွင် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ် များ၊ ချွေတာရေးမိုတယ်လ်များနှင့် ခရီးသွားလုပ်ငန်းတစ်ခုတို့ကို ပိုင် ဆိုင်သည်။ ၄င်းသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး ရှန်ဟိုင်း အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ဖြစ် သည်။ကုမ္ပဏီအောက်ရှိ အကောင်း ဆုံးဟိုတယ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာအတွင်း ကမ္ဘာ့ ခေါင်းဆောင်ပေါင်းရာချီ၍ လက်ခံ ခဲ့ရသည်။ ၄င်းတို့ထဲတွင် အမေရိ ကန်နှင့် တရုတ်တို့၎င်းတို့၏သမိုင်း...

စစ်သွေးကြွအဖွဲ့ ဆက်နွှယ်မှု သံသယရှိ ၇ ဦးကို အင်ဒိုနီးရှားရဲ ဖမ်းဆီး

အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ သံသယရှိ အမျိုးသား ၇ ယောက်ကို ဖမ်းမိတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ INDONESIAN-POLICEနိုင်ငံအနောက်ပိုင်း ဆူလာဝေစီ ပြည်နယ် ထဲမှာ ဖမ်းမိတဲ့အကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။ သံသယဖြစ်ဖွယ် ကားတစီးဟာ ရဲစစ်ဆေးရေးဂိတ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ရုတ်တရတ် ရပ်ပြီး နောက်ပြန်လှည့်သွားလို့ ရဲက နောက်ကနေ လိုက်ပြီး ဖမ်းဆီးခဲ့တာလို့...

ပျောက်ဆုံး ခါကာဘိုရာဇီရေခဲတောင်တက်သမားနှစ်ဦးအား ရှာဖွေနိုင်ရန် အာဆီယံတောင်တက်အဖွဲ့များကိုလည်း ကမ်းလှမ်းထား

ပျောက် ဆုံးနေသောခါကာဘိုရာဇီရေခဲတောင် တက်သမားနှစ်ဦးအား ရှာဖွေနိုင်ရန် အာဆီယံနိုင်ငံများမှ တောင်တက် အဖွဲ့များကိုလည်း ကမ်းလှမ်းထား ကြောင်း ထူးဖောင်ဒေးရှင်းမှတာဝန် ရှိသူကိုဖြိုးကိုကိုသက်က ပြောသည်။ အဆိုပါတောင်တက်သမားဖြစ် သည့် ကိုအောင်မြင့်မြတ်နှင့်ကိုဝေယံ မင်းသူတို့နှစ်ဦး တောင်ပေါ်တွင် ပျောက်ဆုံးနေသည်မှာရက်သတ္တနှစ် ပတ်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးကိုရှာဖွေကယ်ဆယ် နိုင်ရန် တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ မှပူးပေါင်းကူညီပေးလျက်ရှိနေသော်...

မဆလခေတ်တွင် သိမ်းဆည်းခံခဲ့ရသောချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်း မြေများပြန်လည်ရရှိရေး တောင်သူလယ်သမား ၂ဝဝ ကျော် ဆန္ဒပြတောင်းဆို

မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သိမ်းဆည်းခြင်းခံခဲ့ရသော စစ်ကိုင်း တိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ ပေါက်အင်းစိုက်ကွင်းမှ မြေဧက ၃၅၅ဝ ကို ပြန်လည်ရရှိရေး တောင် သူလယ်သမား ၂ဝဝကျော်က စက် တင်ဘာ ၁၄ရက် နံနက်ပိုင်းတွင် ချောင်းဦးမြို့ပေါ်သို့ ချီတက်ဆန္ဒထုတ် ဖော်ခဲ့ကြောင်းသိရသည်။ ''၁၉၇၅ခုနှစ် ဆိုရှယ်လစ်ခေတ် က ကျွန်တော်တို့လုပ်ကိုင်ခဲ့တဲ့ ကွင်း ပေါင်း ၁၁ကွင်းကို လယ်ယာစိုက်ပျိုး ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းခဲ့တာပါ၊ ဘာလျော်ကြေးမှ မ ရခဲ့ပါဘူး၊ ၁၉၉၃ခုနှစ်မှာ...

ဖိလစ်ပိုင်မြောက်ပိုင်းသို့ တိုင်ဖွန်းကယ်မီဂီ ၀င်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ စက်တင်ဘာ ၁၄ ရက်က အင်အားပြင်း တိုင်ဖွန်းကယ်မီဂီ ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု များ ဖြစ်ပွားခဲ့ရာ မြေပြိုမှုများ ဖြစ်ပွား နိုင်သည့် အခြေအနေများ ရှိနေကြောင်း သိရသည်။ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၆၀ ရှိသော အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုင်ငံအရှေ့မြောက် ဘက်ကမ်းရိုးတန်းရှိ ဒီဗီလာကန်မြို့သို့ နေ၀င်ခါနီးအချိန်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူဇန်ကျွန်းမှ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကြောင်း...

Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်

ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း...

အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ

လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့်အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက်ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေ နဲ့ ဆံနွယ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။ ၁။ ပိုးသား၊ ဖဲသားလို ခေါင်းအုံးစွပ်မျိုးတွေရှာပြီး အိပ်ပါ။ ဖိုင်ဘာသားလို...

ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သော လယ်ဧကနှစ်ဆယ်အတွက်တစ်ဧကလျှင် စပါးတင်းခြောက်ဆယ်ပေးမည်ဟုဆို

ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် စီးကျလာသော ချော်ရည်များ  ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာအနီးလွန် ခဲ့သည့်  ဆယ့်ငါးရက်ကျော်က  ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သော လယ်ဧကနှစ်ဆယ်အတွက် တစ်ဧကလျှင် စပါးတင်းခြောက်ဆယ်ပေးမည်ဟု အာဏာပိုင်များက ကျေးရွာသားများအားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။   ရွှံ့မီးတောင်ပေါက်ကွဲခဲ့ သောနေရာသို့ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာ ၀န်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် ရောက်ရှိခဲ့ပြီး...

ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ကာ မွေးနေ့ အောက်မေ့ဖွယ်အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ကာက မွေးနေ့ဆုတောင်း ပြုလုပ်ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာ “Fast and Furious”  ဇာတ်ကား၏ သရုပ်ဆောင်...

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်

အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့်...

အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဇီယာ၏ အယူခံများ ပယ်ချခံရ

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ၏ အယူခံများကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္ဂနွေနေ့က ပယ်ချခဲ့ ရာ ၎င်းသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်သည့် အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းကို ဆက်လက် ရင်ဆိုင် ရတော့မည် ဖြစ်သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆင့်ပိုနိမ့်သည့် အထူးတရားရုံး တစ်ခုတွင် ၎င်း၏ အမှုအား စစ်ဆေးစီရင်လျက်ရှိသော တရားသူကြီးမှာ ဥပဒေနှင့် ဆန့်ကျင်စွာ ခန့်အပ်တာဝန်ပေးခံထားရသူဖြစ်ကြောင်း၊ ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသော...