ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.6.13

လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်မှ စာလွှာပေးပို့

ဒေါ်အောင်ဆန်းစုကြည် ပေးပို့သောစာလွှာမှာ " ရုပ်ရှင်ဆိုပေါ်တာမကြာသေးပေမဲ့ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ဆုံး လူထုအမြောက် အများကို အလွှမ်းမိုးနိုင်ဆုံး အချိန်တိုအတွင်းမှာ အောင်မြင်တဲ့အနုပညာတစ်ရပ် ဖြစ်လာတာ မဆန်းပါဘူး။ ရုပ်ရှင် နည်းပညာ ဟာ လူထုဖျော်ဖြေရေးအနုပညာတစ်ရပ်ဖြစ်လို့ ယဉ်ကျေးမှုသဘောအရသာမက လူဘောင်လောကအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရပါ သက်ရောက်မှုတွေ ရှိလာတာလည်း သိသာထင်ရှား ပါတယ်။ အဲဒါကြောင့် ရုပ်ရှင် အနုပညာသည်တွေ ဟာ လူဘောင်လောကရဲ့ ခေတ်ပြောင်းစနစ်ပြောင်း၊အရေးကြီးတဲ့...

မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော

ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်း မရှိသကဲ့သို့ ထောက်ခံမှုလည်းမရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲ တာဝန်ခံဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မပိယက မိန့်သည်...

UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်းသို့ WFP မှ Deputy Country Director ၄ ရက်ကြာ ခရီးစဉ် လာရောက်မည်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရုံးချုပ်မှ Deputy Country Director Mr.Guillaume Foliot ပြင်သစ်နိုင်ငံသားသည် ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၈ ရက်အထိ UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ ၄ ရက်ကြာခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည...

ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံ

ရန်ကုန် ဇွန် ၁၅ ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ မူလ သတင်းထုတ်ပြန် ထားချက်အရ မွန်းလွဲ ၂ နာရီ ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့်စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှုမရှိခဲ့ကြောင်း...

ဆီးရီးယားအတိုက်အခံအဖွဲ့များထံ လက်နက်များပေးပို့ရန် အိုဘားမားခွင့်ပြု

ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရ တပ်ဖွဲ့များသည် ဓာတုလက်နက်များကို အသုံးပြုခဲ့ကြောင်းကို အိမ်ဖြူတော်မှ အတည်ပြု ပြောကြားခဲ့ပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင်းရှိ အတိုက်အခ တပ်ဖွဲ့များကို စစ်လက်နက်ပစ္စည်းများ ပေးပို့ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဇွန် ၁၃ ရက်တွင် တရား ဝင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော် အမတ်ဖြစ်သူ ဂျွန်မက်ကိန်း၏ ပြောကြားချက်အရသိသည်။...

ပန်းသီးဖောင်ဒေးရှင်း

ရန်ကုန်က ABC ကုန်စုံဆိုင်တခုမှာ ဈေးဝယ်ရင်း ပန်းသီးပုံကပ်ထားတဲ့ အလှူခံပုံးလေးတစ်ခုကို သတိပြုမိကြမှာပါ။ ဈေးဝယ်သူ တချို့ လှူကြတာကိုလည်း တွေ့ရမှာပ...

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေး အားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲ ပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ...

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။ - ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။ - ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီး ကာကွယ်ပေး နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို...

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်

မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများ သည် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည...

လစာငွေ အဓမ္မအလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာအုပ်စု စည်းရုံးရေးမှူးများသို့ ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ်ပါတီရုံးမှ အလှူခံ လိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည...

ကမ္ဘာ့ကလေးသူငယ်များအခြေအနေအစီရင်ခံစာနိုင်ငံတော်အဆင့် ဖွင့်ပွဲကျင်းပ

ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ( ယူနီဆက်ဖ် ) မှ ထုတ်ပြန်သော “၂၀၁၃ ကမ္ဘာ့ ကလေးသူငယ်များ အခြေအနေ” အစီရင်ခံစာ နိုင်ငံတော်အဆင့် ဖွင့်လှစ်ပွဲကို ဇွန် ၁၄ က အောင်ဆန်းအားကစားပြိုင်ဝင်း တွင် ကျင်းပမဲ့သည...

Htoo Group of Companies ဥက္ကဌ ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီး ပေးအပ်လှူဒါန်း

မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတုမြန်မာ့ ကျောက်မျက်ပြပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းဝင် အားလုံးကို ဂုဏ်ပြုသော အားဖြင့် အလွန်အရည်အသွေး ကောင်းမွန်သည့် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီးအား နေပြည်တော်ကျောက်မျက်ရတနာပြခန်း တွင် ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲ နှစ် (၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနား ၌ နိုင်ငံတော်သို့ လှူဒါန်းခဲ့...

DKBA ကြီးမှူးသော တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း

ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော် (DKBA ) သည် လူထုလူတန်းစားပေါင်းစုံပါဝင်သော တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင်များ နှီးနှောဖလှယ်ပွဲတရပ်ကို ယနေ့မနက်ပိုင်း၌ ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံစည်းမြိုင် (ကော်သူးမွဲခီး) ကျေးရွာတွင် ကျင်းပခဲ့သည်ဟု DKBA ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။ “ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတယ် ဆိုပေမဲ့ တိုးတက်မှုတော့ မတွေ့ရသေးပါဘူး။ တဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေး...

မလေးရှားမှ လာတဲ့ M.A.I လေယာဉ်က ယခု ဆိုက်ရောက်ပြီ

မလေးရှားမှ လာတဲ့ M.A.I လေယာဉ်က ယခု ဆိုက်ရောက်ပြီဖြစ်ပြီး လေဆိပ်မှ M.A.I ၀န်ထမ်း များမှ Welcome Our Home ဆိုတဲ့ ဗီနိုင်းစာတမ်းနဲ့ M.A.I တံဆိပ်ပါ လက်ဆောင်ထုပ်များနဲ့ ကြိုဆိုဖို့ စောင့်ဆိုင်းနေကြတယ်။ ယခုပြန်ရောက်တဲ့သူတွေက ပဋိပက္ခအရေးကို စိုးရိမ်လို့ ပြန်လာ သူရှိသလို အလုပ် အဆင်မပြေလို့ ပြန်လာသူလည်း ပါဝင်တယ်လို့ သိရတယ်။ The Modern News Journ...

အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း

ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တင်ပြစာပေးရန် ကြိုးစားခဲ့ တဲ့အတွက် ရိုက်နှက်ခံရပြီးဆေးရုံတက်၊ ကုသရတယ်ဆိုတဲ့ အမျိုးသမီး က ပြင်ဦးလွင် NLD တွေကို ရဲစခန်းမှာ အမှုဖွင့်လိုက်တယ် ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။...

ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကုလသမဂ္ဂ သွားရောက်ကူညီခွင့် စတင်ရရှိ

 ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ လူသားချင်း ဆိုင်ရာ ထောက်ပံ့ကူညီပေးရေးကို မြန်မာအစိုးရက ဒီကနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေဆီ ကုလသမဂ္ဂအဖွဲ့တွေ ဝင်ရောက်အကူအညီပေးရေးကို မြန်မာအစိုးရက ပိတ်ပင် ထားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထရပ်ကား ၁၀ စီးနဲ့ အကူအညီပေးရေး ပစ္စည်းတွေတင်ဆောင် သွားတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ ဒီကနေ့ လိုင်ဇာမြို့က ဒုက္ခသည်တွေဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး တာဝန်ခံ ဦးအေးဝင်းက...

အာဆီယံ လူထုညီလာခံတွင် လူထု၏ အသံများကို လွတ်လပ်စွာ ဖော်ပြနိုင်ရန် အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်

မြန်မာလူထုညီလာခံလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အေးမြတ်မွန်)   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ လူထုညီလာခံတွင် အိမ်ရှင်အစိုးရဘက်မှ ဆွေးနွေးခွင့် မပြုသည့် ကန့်သတ်ချက်များ ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် လူထုအသံ များ ကို လွတ်လပ်စွာ ဖော်ပြနိုင်ရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာလူထုညီလာခံ...

မြန်မာနိုင်ငံတွင် EIA ဆိုင်ရာ ခိုင်မာသည့် မူဝါဒ ပြဋ္ဌာန်းချက်များ မရှိ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်နေမှုများကို ထိန်းချုပ်ရန် ခက်ခဲနေ

ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာအား ၂၀၁၃ ခုနှစ် မတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းမင်းထက်)   မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အများအပြား ၀င်ရောက်လာပြီ ဖြစ်သော်လည်း EIA (Environmental Impact Assessment) ဆိုင်ရာ ခိုင်မာသည့် မူဝါဒများ မရှိသဖြင့် လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နေမှုများကို စစ်ဆေး အရေးယူရန်နှင့် ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များ...

လာမည့်ဇူလိုင်လတွင် ဗဟိုဘဏ် ဥပဒေသစ် ထွက်ပေါ်လာတော့မည်

 မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့မြင်ရစဉ် လာမည့်ဇူလိုင်လတွင် လွှတ်တော်အတွင်း၌ ဗဟိုဘဏ်ဥပဒေသစ်အား အတည်ပြုသွားမည် ဖြစ်ကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်တော့မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်...

မြန်မာ-ထိုင်း တက္ကသိုလ် ၃၀ ကျော်ပါဝင်သည့် ပညာရေးပြပွဲ ပထမဆုံးအကြိမ်ကျင်းပ

ပညာရေးပြပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ) မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ ပူးပေါင်း၍ ပြသသည့် နှစ်နိုင်ငံရှိ တက္ကသိုလ်များ အကြောင်း ပညာရေးပြပွဲကို ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ဇွန် ၁၃ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါ ပညာရေးပြပွဲသို့ ထိုင်းနိုင်ငံမှ Office of the Higher Education Commission၊ Assumption University၊ Bankok University၊ Chulabhorn Graduate Institute၊ Dusit Thani College၊...

အင်းလေးကန် (အင်းလေးအင်း)နှင့် စကားအင်းတွင် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည့်ရက် ရွှေ့ဆိုင်း

အင်းလေးကန်အတွင်း ငါးဖမ်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်) ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန်(အင်းလေးအင်း) အပါအ၀င် အင်းနှင့်တင်ဒါပိုက်ချက် များအား လေလံတင်ရောင်းချရန် မူလစီစဉ်ထားသည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန်အင်း/တင်ဒါ ပိုက်ချက်များ အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီ အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ် သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃...

မန္တလေး မြနန်းစံကျော် ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ထားသော်လည်း အမျိုးသားဥယျာဉ် စီမံကိန်းလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေး

မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယဉ်ကျေးမှုဝန်ကြီးဌာန မှ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သော်လည်း Historical Park (အမျိုးသားဥယျာဉ်စီမံကိန်း) ပြုလုပ် ရန် အတွက် လုပ်ငန်းစတင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံးတို့အားယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးတိုင်း   ဒေသကြီး အစိုးရအဖွဲ့သို့ ဇွန် ၇ ရက်က နေပြည်တော်တွင် လွှဲပြောင်းပေးအပ် လိုက်ခြင်း ဖြစ်သည်။ ''မြနန်းစံကျော် ရွှေ နန်းတော်ကို...

မလေးရှားနိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရသူ မြန်မာအလုပ်သမား အများစု ဆေးရုံမှပြန်ဆင်း

ဆွန်ဂိုင်းဘလိုဆေးရုံတွင် တက်ရောက်ကုသနေရသော စောအယ်လ်ရှီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ မြို့နယ်အချို့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဆေးရုံ သို့ ရောက်ရှိကာ ဆေးကုသမှု ခံယူနေရသော မြန်မာလုပ်သား အများစု ဆေးရုံမှ ပြန်ဆင်း သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းစာ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့သည်။ မေ ၃၀ ရက်မှ ဇွန်ပထမပတ်အတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများ တွင် မြန်မာအလုပ်သမား...

ထန်းကိုင်းရေနံမှော်မှ ရေနံတူးသူများအား ဇွန် ၁၃ ရက် အပြီးထွက်ခွာရန် ကြေညာမှုကြောင့် ဒုတိယအကြိမ် စုဝေးကန့်ကွက်

ရေနံတူးသူများ ဇွန် ၁၃ ရက်က ဒုတိယအကြိမ် စုဝေးကန့်ကွက်ကြစဉ် မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတူးသူများအား သက်ဆိုင်ရာ ရဲစခန်းမှ ဇွန် ၁၃ ရက် နံနက် ၈ နာရီ နောက်ဆုံးထားထွက်ခွာရန် ကြေညာခဲ့မှုကြောင့် ရေနံတူးသူများက ဒုတိယ အကြိမ် စုဝေးကန့်ကွက် ခဲ့ကြကြောင်း သိရသည်။ ယင်းမှော်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ရေနံတူးသူ နှစ်သောင်းခန့် လာရောက်လုပ်ကိုင် လျက် ရှိကြောင်း ပထမအကြိမ် ဇွန် ၉ ရက် နောက်ဆုံးထား ထွက်ခွာရန် ကြေညာခဲ့စဉ်...

မလေးရှားရောက် ဒုဝန်ကြီး ဦးဇင်ယော်၏ ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းပြောကြားချက်များ

မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှား နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်များ နေပြည်တော် ဇွန် ၁၃ မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှား နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ် သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်းခေါင်းဆောင်...