ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.10.14

သမ္မတ ဂျိုကိုဝီကို မွေးဖွားခြင်း

ဂျာကာတာမြို့တော်ဝန်ဟောင်း ဂျိုကိုဝီ ဒိုဒို အင်ဒိုနီးရှားသမ္မတ အဖြစ် ရာထူးလက်ခံလိုက်ပါပြီ။ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြောင့် နှစ်ပေါင်း ၃၀ ကြာ ဆူဟာတိုခေတ် အဆုံးသတ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်နေတဲ့ အင်ဒိုနီးရှားအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခုပါပဲ။ ဒါပေမယ့် ပရိဘောဂ လုပ်ငန်းရှင်ဟောင်း အသက် ၅၃ နှစ်အရွယ် သမ္မတသစ် ဂျိုကိုဝီကို အသင့်စောင့်နေတဲ့ ပြဿနာတွေကလည်း မနည်းပါဘူး။ သမ္မတသစ် ဂျိုကိုဝီဟာ စစ်တပ်နောက်ခံလည်းမရှိ၊...

အစ္စလာမ္မစ်တိုက်ပွဲ နိုင်ငံခြားမြေပြင်တပ်အကူ မလိုဟု အီရတ်ပြော

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) သူပုန်တွေနဲ့ တိုက်ပွဲအတွက် နိုင်ငံခြားမြေပြင်တပ်ကူတွေ မလိုဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။ အီရတ်ခေါင်းဆောင် အယာတိုလာ အလီ အယ်လ် စစ်စတာနီနဲ့ ဆွေးနွေးအပြီး နာဂျက်မြို့မှာ သတင်းထောက်တွေကို ခုလို ပြောပါတယ်။ “အထောက်အပံ့နဲ့ အကူအညီတွေက အသုံးဝင်မှာ ဖြစ်ပမယ့် အကြီးဆုံး အားထုတ်မှုတွေ ကိုတော့ ကိုယ့်နိုင်ငံထဲက ကိုယ့်တပ်ဆီကပဲ လာဖို့ လိုတယ်အပြင်...

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ

ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့်...

ဂျပန်ဝန်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့်နုတ်ထွက် အမျိုးသမီးဝန်ကြီးများနုတ်ထွက်ခြင်းက ရှင်ဇိုအာဘေးကိုအကျပ်ရိုက်စေမည်ဟုဆို

ဂျပန်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ယိုကိုအိုဘူဂျီ ရာထူးမှနုတ်ထွက်သွားပြီး နောက် နာရီပိုင်းအတွင်း ဂျပန်တရားရေး ဝန်ကြီးမီတိုရီမက်ဆုရှီမ ရာထူးမှနုတ်ထွက် သွားကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ အတည်ပြုသည်။ တရားရေးဝန်ကြီး မက်ဆုရှီမသည် ရွေး ကောက်ပွဲဥပဒေများကို ချိုးဖောက်သည်ဟု အတိုက်ခံနိုင်ငံရေးသမားများ၏ စွပ်စွဲခြင်းကို ခံခဲ့ရပြီး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အိုပူဂျီသည်၎င်းထောက်ခံထားသောနိုင်ငံရေး အင်အားစုများက နိုင်ငံတော်ရန်ပုံငွေကို အလွှဲသုံးစားလုပ်သည်ဟု...

ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး

ထိုင်းနိုင်ငံရောက်  မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ...

နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။ ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့...

နီပေါရေခဲတောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့တပတ်က နီပေါနိုင်ငံ ဟိမ၀န္တာတောင်ပေါ်တနေရာမှာ ဆီးနှင်းမုန်တိုင်းမိပြီး ရေခဲတောင်ပြိုကျမှုနဲ့ သေဆုံးသူ နောက်ထပ် ၁၂ ဦး မနေ့က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သေဆုံးသူအားလုံး အနည်းဆုံး ၄၀ ရှိပြီး ကနေဒါ၊ အိန္ဒိယ၊ အစ္စရေး၊ နီပေါ၊ ပိုလန်နဲ့ စလိုဗက်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ တောင်ပြိုကျမှုငယ်လေးတွေ ဆက်ဖြစ်နေခဲ့တာကြောင့် တောင်ပြိုကျပြီး ၆ ရက်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အားလုံးကို ကယ်တင်ခဲ့ပြီးလည်းဖြစ်လို့...

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံသပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။ အစပိုင်းတော့ ဥရောပခရီးစဉ် အတိုတွေကိုပဲ သပိတ်မှောက်တာဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံတကာခရီးဝေးတွေကိုပါ တိုးချဲ့သပိတ်မှောက်တာကြောင့် ခရီးသည် ၂ သိန်းကျော်ရဲ့ ခရီးစဉ်တွေကို ထိခိုက်မှာလည်း ဖြစ်ပါတယ်။ လေယာဉ်မှူးတွေက...

လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး

ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။ မော်စကိုရှိ လေဆိပ်တာဝန်ရှိ အမျိုးသမီး အီလီနာ ခရိုင်လိုဗာက “အောက်တိုဘာ (၂၀)ရက် ညပိုင်းက လေယာဉ်တစ်စီးဟာ ဆီးနှင်းရှင်းလင်းတဲ့ ကိရိယာ တစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။ လေယာဉ်အမှုထမ်း (၃)ဦးနဲ့ ခရီးသည်(၁)ဦး သေဆုံးပါတယ်။ သေဆုံးတဲ့ ခရီးသည်ဟု Totalရဲ့ အကြီးအကဲ ဒီမာဂျရီဖြစ်ကြောင်း ကျွန်မ အတည်ပြုပါတယ်”ဟု...

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေး လူ့အခွင့်အရေးကိစ္စထည့်သွင်းဖို့ HRW တိုက်တွန်း

လာမယ့် တနင်္လာနေ့ကစပြီး တရုတ်နိုင်ငံရဲ့မြို့တော် Beijing မှာ ၄ ရက်ကြာ ကျင်းပမယ့် ဆွေးနွေးပွဲကြီးအတွင်း လူ့အခွင့်အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကို လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ HRW အဖွဲ့ကြီးရဲ့ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sophie Richardson က တရုတ်သမ္မတ Xi Jinping ကို ရေးသားပေးပို့လိုက်တဲ့ စာထဲမှာ တရုတ်နိုင်ငံမှာ အရေးကြီးတဲ့ ဥပဒေပိုင်းဆိုင်ရာ...

နိုင်ငံရေး ရန်ပုံငွေများ အလွဲသုံးစားလုပ်မှုဖြင့် ဂျပန် အမျိုးသမီး ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံအတွင်း ကျားမတန်းတူညီတူ အခွင့်အရေး စံမူနာအဖြစ် အမျိုးသမီးများကို အစိုးရအဖွဲ့ ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် စက်မှုဝန်ကြီး ယူကိုအိုဘူချီ နုတ်ထွက်ပြီးနောက် တရားရေးဝန်ကြီး မီဒိုရီမာဆူရှီမာသည်လည်း အောက်တိုဘာ ၂၀ ရက်တွင် နုတ်ထွက်သွားရာ အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီး ငါးဦးအနက် နှစ်ဦး နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ယူကိုအိုဘူချီ နိုင်ငံရေးရန်ပုံငွေများဖြင့် မဲဝယ်ခြင်း၊ မိတ်ကပ်ဝယ်ခြင်းများကို...

ထိုင်းတောင်ပိုင်း အပန်းဖြေကမ်းခြေအနီး စပိဘုတ်နစ်မြုပ်ပြီး ကမ္ဘာလှည့်ခရီးသည် နှစ်ဦး ပျောက်ဆုံး

ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေ နှစ်ခုအကြားတွင် အောက်တိုဘာ ၁၉ ရက်နှောင်းပိုင်းက ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသည့် စပိဘုတ်တစ်စင်းနှင့် ငါးဖမ်းလှေတစ်စင်းတို့ ကပ္ပလီပင်လယ်အတွင်း တိုက်မိပြီး တောင်ကိုရီးယား ဧည့်သည်ခရီးသွား နှစ်ဦးပျောက်ဆုံးလျက်ရှိကာ ဒဏ်ရာ ရသူများရှိခဲ့ခြင်းကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားသည့်အချိန်က ညနေဆည်းဆာချိန်ဖြစ်ပြီး  စပိဘုတ်သည် ခရီးသည် ၄၀ ဦးခန့် တင်ဆောင်လာကာ ဖီဖီကျွန်မှတောင်ပိုင်းဖူးခတ်ကျွန်းသို့ သွားနေခြင်းဖြစ်ပြီး လိုက်ပါလာသူများမှာ...

Kobani တိုက်ပွဲအတွက် ကဒ်သူပုန်တွေကို တူရကီကူညီမည်

နယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့တွင်းရှိနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ သွားရောက်မယ့် အီရတ်နိုင်ငံက Kurdish တွေ ဆီးရီးယားနိုင်ငံဆီ ဖြတ်သွားနိုင်ရေးအတွက် အကူအညီပေးနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ Kurd အာဏာပိုင်တွေထံက လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ ဆေးဝါးအထောက်ပံ့တွေကို တူရကီနယ်စပ်ရဲ့တောင်ဖက် ကပ်လျှက်မှာရှိတဲ့ Kobani မြို့ကို ခုခံတိုက်ခိုက်နေကြတဲ့ Kurdish တပ်ဖွဲ့တွေထံကို လေကြောင်းကနေ ချပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက...

ဖိလစ်ပိုင်နိုင်ငံရဲ့ နံရံပျောက်အကျဉ်းစခန်း

ဖိလစ်ပိုင်နိုင်ငံမှာ လူသတ်သမား ဒါမှမဟုတ် မုဒိမ်းသမားတွေကို သေဒဏ်ပေးမယ့်အစား အချို့ကို နံရံတွေ မရှိတဲ့ အကျဉ်းစခန်းကို ပို့ပါတယ်။ အာရှရဲ့တခုတည်းသော ဒီအကျဉ်းစခန်းမှာ အကျဉ်းသား ၃ ထောင်ဟာ ဟတ်တာ ၃ သောင်း ကျယ်ဝန်းတဲ့ ဒီနိုင်ငံရဲ့ အလှဆုံးဒေသတခုမှာ အလုပ်လုပ်ကြရပါတယ်။ ကာလိုမာစီးဒီးဇ်ဟာ တခြားလူများစွာလိုပဲ ဒီရုံးလေးရဲ့ ကွန်ပျူတာနောက်မှာ တနင်္လာနေ့ကနေ သောကြာနေ့ထိ တနေ့ကို ၈ နာရီ အလုပ်လုပ်ရပါတယ်။ ပြီးရင်တော့ သီတင်းပတ်ကုန် အားလပ်ရက်အဖြစ် မိသားစုနဲ့ နေခွင့်ရပါတယ်။ ကာလိုဟာ...

တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိသွားပြီးနောက်ပိုင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံတွင်း တိုးပွားလာနေသော...