ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.4.13

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။ ဒီခန့်အပ်မှု ဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကနေဒါ သံရုံးဖွင့်လှစ်ဖို့ကို လည်း ဆောင်ရွက်နေပြီး ဘယ်တော့ သံရုံးဖွင့်မယ်ဆိုတာကို လာမဲ့လတွေ အတွင်းမှာ ကြေညာ သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ...

အဆင့်မြင့်အရာရှိများအား ဌာနလွှဲပြောင်းခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်

အစိုးရ ၀န်ကြီးဌာန အချို့မှ ညွှန်ကြားရေး မှူးချုပ်များ အပါအ၀င် အဆင့်မြင့် အရာရှိ များအား အပြောင်းအလဲ ပြုလုပ်ခြင်း၊ အငြိမ်းစား ပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်း များအား ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။ "မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ် အထိ အရာရှိ များကို ၀န်ကြီးဌာန များအတွင်းမှာ အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ကဲ့သို့သော အဆင့်မြင့် အရာရှိကြီး တချို့ကိုလည်း အငြိမ်းစား ယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ...

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထား

မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ ထုတ်ပြန် ခဲ့သည်။ လက်ရှိ အချိန်တွင် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ် များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွား ခဲ့ကာ ...

အဘိဓမ္မာစာမေးပွဲဖြေရက်များ နောက်ဆုတ်လိုက်ရ

မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်များတွင် ပုဒ်မ၁၄၄ ထုတ်လိုက်ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက်တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသော ရွှေတိဂုံ ဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။ ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့ တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်းထုတ်ပြန်...

မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ် ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါ တယ်။ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ရထားတဲ့ထဲက The Voice Daily၊ စံတော် ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင် ထုတ်ဝေတာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ၂၀၁၂ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပြီးနောက် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့ ထဲမှာ လောလောဆယ်...

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ် ပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က...

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေ အနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း...

ပုပ်ရဟန်းမင်းကြီးသစ်ရဲ့ ပထမဆုံး အီစတာပွဲတော်

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အထိမ်းအမှတ် နဲ့ ဆင်နွှဲတဲ့ အီစတာ (Easter) ပွဲတော်ကို ကမ္ဘာအ၀ှမ်းက ခရစ်ယာန်ဘာသာဝင်တွေ တနင်္ဂနွေနေ့က ဆင်နွှဲနေကြပါတယ်။ ဒီပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။ အသစ်ရွေးချယ်တင်မြှောက်ခံရတဲ့ ရိုမန်ကက်သလစ်ဘာသာ ၀င်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဗာတီကန် ဘုရားကျောင်းက စိန့်ပီတာရင်ပြင်မှာ အီစတာပွဲတော်ကို ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် သူ စပြီး တာဝန်ယူချိန်အတွင်း...

ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းဆုမွန်တောင်း

ကမ္ဘာကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတဲ့ပြဿနာကို သံတမန်ရေး နည်း နဲ့ အဖြေရှာဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါ တယ်။ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အထိမ်းအမှတ် အီစတာ (Easter) တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတဝန်း ကို သတင်းစကားပါးခဲ့တာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့၊ ဆီးရီးယားမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ အာဖရိကနိုင်ငံတချို့မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ...

နျူကလီယားလက်နက် မြောက်ကိုရီးယားစွန့်မည်မဟုတ်

မြောက်ကိုရီးယားနိုင်ငံကို ဒေါ်လာဘီလျံနဲ့ချီ စီးပွားရေးအထောက် အပံ့တွေပေးမယ် ဆိုရင်တောင် နျူကလီးယား လက်နက်ကို စွန့်မှာမဟုတ်ဘူးလို့ ပြောပြီး၊ ခေတ်မီဂြိုလ်တုတွေကို တီထွင် လွှတ်တင်သွားမယ်လို့ ပြောလိုက်ပါ တယ်။ ခေါင်းဆာင် ကင်မ်ဂျုံအွန်း (Kim Jong Un) ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီစည်းဝေးပွဲမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နျူကလီးယား လက်နက်တွေကို ပိုပြီး ခိုင်မာအောင်လုပ်သွားဖို့ ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းကပြောပါတယ်။...

ပခုံးအရွယ်အစားလောက် ကြီးမားသည့် လည်ပင်းရှိသူ

တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅ ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ် လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့...

အိုဘားမားကားကို ဒီဇယ်နှင့်ဓာတ်ဆီ မှားထည့်မှုကြောင့် အခက်ကြုံ

အမေရိကန် သမ္မတ အိုဘားမားသည် သမိုင်းဝင် အလည်အပတ် ခရီးစဉ်အဖြစ် အစ္စရေး နိုင်ငံသို့ ရောက်ရှိခဲ့ရာ သမ္မတ စီးနင်း လိုက်ပါမည့် ကားကို ဒီဇယ်နှင့် ဓာတ်ဆီ မှားထည့် ခဲ့မှုကြောင့် အခက်ကြုံ ခဲ့ရကြောင်း အစ္စရေး သတင်း တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။သမ္မတ အိုဘားမားကို တင်ဆောင်မောင်း နှင်လာသော ဂျင်နရယ် မော်တာ ကုမ္ပဏီလုပ် ၂၀ဝ၉ မော်ဒယ် Cadilac DTS ဇိမ်ခံ မှန်လုံ ကျည်ကာကား သည် လမ်းတစ်ဝက်၌ ရပ်တန့် ခဲ့မှုကြောင့် စစ်ဆေးခဲ့ ရာ ဒီဇယ် လောင်စာ ထည့်ရမည့် အစား အစ္စရေး လောင်...

ပုစွန်အသေကောင် များစွာရှိသောကမ်းခြေ

ချီလီနိုင်ငံ မြို့တော် Santiago မြို့ နှင့် မိုင် ၃၃၀ အကွာကိုရာ နယ်မြို့ကမ်း ခြေ တစ်ဝိုက်တွင် ထောင်ပေါင်း များစွာ သော ပုစွန် သေကောင်များ သောင်တင် လျက် ရှိကြောင်း မတ် ၂၀ ရက် ချီလီ သတင်း တစ်ရပ်တွင် ဖော်ပြ သွားခဲ့သည်။ ပုစွန် အသေများကြောင့် ကိုရာနယ် ကမ်းခြေ တစ်ဝိုက်တွင် ကြက်သွေးရောင် တောက်ပ နေကြောင်း ချီလီ ငါးဖမ်းသမား တစ်ဦးဖြစ်သူ ဂရီဂိုရီယို အော်တီကာ က မီဒီယာများကို ပြောကြား သွားခဲ့သည်။ ပုစွန် အသေများ ကမ်းခြေသို့ မျောပါလာ ခဲ့ရခြင်းသည် သဘာဝ...

မိန်းမလျာများကို လက်ထပ်ခွင့်ပြုသည့် ဥပဒေကို ပြင်သစ်တွင် ဆန္ဒပြ

ပြင်သစ် နိုင်ငံ ပါရီမြို့တွင် မိန်းမလျာ များအား လက်ထပ်ခွင့် ပြုသည့် ဥပဒေကို လူပေါင်း သုံးသိန်း ကျော်က မတ်လ ၂၄ ရက်နေ့က ဆန္ဒပြ ခဲ့ကြောင်း သိရသည်။ ပါရီမြို့၏ အဓိက လမ်းမကြီး ဖြစ်သော Champs-Emysees လမ်းမကြီးပေါ်သို့ လူပေါင်း သုံးသိန်း ကျော်ခန့် ချီတက်ဆန္ဒ ပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသော လူအုပ်ကြီး ကို ပြင်သစ်ရဲများ က မျက်ရည် ယိုဓာတ် ငွေ့ဖြင့်ဖြိုခွဲ၍ တားဆီးခဲ့ ကြောင်း သိရသည်။ ပြင်သစ် လွှတ်တော်သည် လာမည့် ဧပြီလတွင် မိန်းမလျာချင်း...

အသံထက်မြန်သော ရေအောက်ပစ်ဒုံးကျည် အိန္ဒိယအောင်မြင်

အိန္ဒိယ နိုင်ငံ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် မတ်လ ၂၀ ရက်နေ့က ဘရာမိုးဟု အမည် ပေးထား သော အသံထက် မြန်သည့် ရေအောက် ပစ်ဒုံး လက်နက်ကို အောင်မြင်စွာ စမ်းသပ် ပြစ်လွှတ် နိုင်ခဲ့ကြောင်း သိရသည်။ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၏ တောင်ပိုင်းရှိ ဝိသာခ ပတ္တနမ်မြို့၏ ကမ်းလွန် ပင်လယ်ပြင် အတွင်း အဆိုပါနေ့က အသံထက် မြန်သော ဒုံးလက်နက်ကို ရေငုပ် သင်္ဘောမှ စမ်းသပ် ပစ်လွှတ် ကြည့်ရာတွင် ကီလိုမီနာ ၂၉၀ ကျော်ထိ ရောက်အောင် ပစ်ခတ် နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ အသံထက် မြန်သော...

နိုင်ငံတကာကိုမီဖို့ တစ်ယောက်တည်းလုပ်လို့ မရဘူးဆိုတဲ့နေတိုး

စည်းကမ်း ရှိပြီး သားပါ။ အခုမှ ထုတ် လိုက်တဲ့ စည်းကမ်း မဟုတ် ပါဘူး။ ကျွန်တော် တို့က မလိုက်နာ ခဲ့တာ။ ရှင်းရှင်း ပြောရရင် အခု အချိန်မှာ ခေတ် အနေအထား အရ ဥပဒေကို အလေးထား ရမယ့်ခေတ်။ လူတန်း စားကို ညီမျှအောင်၊ တန်းတူ ဖြစ် အောင်၊ အောက်ခြေ အလယ်ကို မျှ နေတဲ့ အချိန်မှာ စည်းကမ်း လေးက ပေါ် လာတော့ အခုမှ ချမှတ်လိုက် သလို ဖြစ်နေ တာပါ။ အမှန်က မ ဟုတ် ပါဘူး။ မလိုက်နာ ခဲ့ကြတာပါ။ အခု အချိန်မှာ ရုပ်ရှင် တစ်ကား၊ ဗီဒီ ယို တစ်ကား ဖြစ်ဖို့ ဆယ်ရက်နဲ့ မရ ဘူး။ ရုပ်ရှင်...

ဒီနှစ်သင်္ကြန်မှာ လုံလုံခြုံခြုံဝတ်မယ်လို့ စဉ်းစားထားတဲ့ သင်ဇာဝင့်ကျော်

မနှစ်က သင်္ကြန်မှာ နာမည် ကြီးချင်လို့ ဝတ်လိုက်တာ မဟုတ်ပါဘူး။ စိတ်ကူးထဲမှာ ပေါ်တာကို ဝတ်လိုက်တာ။ ဒီနှစ်လည်း အဲဒီပုံစံ မဖြစ်အောင် နည်းနည်းတော့ ဆင်ခြင် ရမှာပေါ့။ မနှစ်က အင်္ကျီက အပြဲပေါ့နော်။ ရေမစိုခင် ကြည့်လို့ ကောင်းတယ်။ ရေလည်း စိုရော ကြည့်မကောင်း တော့ဘူး ဖြစ်သွားတယ်။ ဒီနှစ်လည်း အင်္ကျီကို ရေစို ရင်ရွဲနိုင်လား မရွဲနိုင်လား ဆိုတာ ကြည့်ပြီး ဝတ်ရမှာပါ။ သင်ဇာ အမေ ကလည်း အပြင်သွားရင် လုံလုံခြုံခြုံ ဝတ်ဖို့ မှာထားတယ်။ သင်ဇာ ကတော့ ဘာမှ ဂရုမစိုက် တတ်တဲ့သူ။ ဘယ်သူ ...

ကမ္ဘာကျော်တေးဂီတ မိုက်ကယ်လန်းနှင့်အဖွဲ့ ပြည်သူ့ရင်ပြင်မှာတင်ဆက်

မတ်လ ၃၁ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူ့ရင်ပြင် ဖျော်ဖြေရေး စင်မြင့်မှာ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ကမ္ဘာကျာ်အဆိုတော် မိုက်ကယ်လ်လန်းနှင့် အတူ ရော့ခ်ဂီတ အဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ တေးချစ်သူ ပရိတ်သတ်များကို ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံက နာမည်ကြီး ရော့ခ်ဂီတအဆိုကျော် ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်းတို့ ပါဝင်ဖျော်ဖြေကြပြီး အခမ်းအနားမှူးအဖြစ် စတားမော်ဒယ်လ် အေဂျင်စီမှ ဒေါ်တင်မိုးလွင်နဲ့...

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ

ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။...

မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

Michael Learns to Rock (MLTR) ဂီတ အဖွဲ့သည် မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာ လေကြောင်း လိုင်းဖြင့် ရောက်ရှိ လာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိက ဦးဆောင် သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ ၏ ဖျော်ဖြေရေး ခရီးစဉ်ကို လိုက်ပါ လာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်း အဖွဲ့သုံးဦး နှင့်အတူ စက်အဖွဲ့သားများ...

အမှုရင်ဆိုင်နေရတဲ့ ရိန်း

အဆိုတော် လည်းဖြစ် နာမည်ကျော် သရုပ်ဆောင် မင်းသား ဖြစ်တဲ့ ရိန်းဟာ ဆိုးလ်မြို့ ခရိုင် တရားရုံးမှာ ရှယ်ယာ ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆို ထားပါတယ်။ ရိန်းဟာ ဖက်ရှင်လုပ်ငန်း အတွက် ရှယ်ယာများ ဝယ်ယူထားခဲ့ရာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈သန်းတန်ဖိုး ဆုံးရှုံးခဲ့ ရသည့်အတွက် J-Tune ဖက်ရှင် လုပ်ငန်းကို တရားစွဲဆို ထားပါတယ...

ပည်ပအဆိုတော်တွေဆီက လေ့လာစရာတွေရှိတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဂျေဆင် မရတ် ပွဲမှာ သီဆို ခဲ့ရ တဲ့ အချိန်တုန်း ကနဲ့ အခု မိုက်ကယ် လန်း ပွဲမှာ သီဆို ရတော့မယ် အချိန် မှာ ကိုယ့်ကိုယ်ကိုယ် ဆယ်ကျော် သက် ကလေး တစ်ယောက် လိုပဲ ခံ စား ရတယ်။ ဖြူဖြူ ဂီတ လောကထဲ ကို ပထမဆုံး စပြီး ဝင်ရောက်လာ တုန်းက အသစ် တစ်ယောက်လို စိတ်လှုပ်ရှား ပါတယ်။ အများကြီး လည်း ဂုဏ်ယူ မိတယ်။ မိုက်ကယ် လန်း မြန်မာ နိုင်ငံ လာရောက် သီဆို တဲ့ ပွဲမှာ မြန်မာ့ ဂီတ သမိုင်းမှာ ကမ္ဘာကျော် အဆိုတော် တစ်ယောက် လာရောက် ဖျော်ဖြေတဲ့ လက်မှတ် ရောင်း ပွဲပါ။ ဂျေဆင်...

ရတနာပုံနှင့် ဧရာဝတီတို့ တစ်မှတ်စီခွဲယူ၊ ကမ္ဘောဇအသင်းအား ရှုံးနိမ့်ပြီး ရန်ကုန်အသင်း ရှုံးပွဲဆက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၂၉ ရက်(ယနေ့) ညနေ ၄း၀၀ က အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းများတွင် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့သည် တစ်မှတ်စီခွဲယူ ခဲ့ကြသော်လည်း ရန်ကုန်အသင်းက ကမ္ဘောဇ အသင်းအား ရှုံးနိမ့်ပြီး နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ အောင်ဆန်းကွင်း ၌ ကစားခဲ့သည့် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေ ဖြင့် ပြီးဆုံးခဲ့သည်။ ရတနာပုံအသင်းအတွက်...

ရန်ကုန်အသင်းအား ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေချမှတ်

ပြီးခဲ့သည့် မတ် ၂၃ ရက် အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ဧရာဝတီ အသင်းနှင့် ရန်ကုန် အသင်းတို့ ပွဲစဉ် တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်း သိမ်းရေးကော်မတီမှ ပြစ်ဒဏ်နှင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့သည်။ စည်းကမ်း ထိန်း သိမ်းရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ ရန်ကုန် ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်ဗ် သည် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ဒိုင်လူကြီးအား ဝေဖန်ခြင်းမှာ...

၂၀၁၄ ချန်ပီယံလိဂ် ဖိုင်နယ် ဘင်ဖီကာ အသင်း အိမ်ကွင်းတွင် ကျင်းပမည်

လာမည့် ၂၀၁၃-၂၀၁၄ ရာသီ ချန်ပီယံ ဖိုင်နယ်ကို ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အသင်း၏ အိမ်ကွင်း၌ လက်ခံ ကျင်းပမည်ဟု သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယခုလ ၂၀ ရက်နေ့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သော UEFA အမှုဆောင် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ကာ သဘောတူ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဘင်ဖီကာ အသင်း အိမ်ကွင်းသည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ယူရို ၂၀၁၄ ပွဲစဉ်များကို လက်ခံကျင်းပရန်အတွက် အသစ်ပြုလုပ်မှုများ ပြုလုပ်ခဲ့ပြီး မူလက တည်ဆောက်ထားသော...

လာလီဂါမှာ မက်ဆီ ဂိုးမသွင်းဖူးတဲ့အသင်းမရှိ

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ လိဂ်ပြိုင်ပွဲ ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ကမ္ဘာ့စံချိန်သစ် ထပ်တင်နိုင်ခဲ့သလို ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်လည်း  မှတ်တမ်းတင်သွားနိုင်ခဲ့ ပါတယ်။ မက်ဆီမှာ ပြီးခဲ့သောနှစ်အတွင်း မာယော့ကာနှင့် ကစားခဲ့သောပွဲစဉ်မှစ၍ ယခုအချိန်ထိ ပွဲစဉ် ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ပြီးခဲ့သောရာသီက ဥရောပရွှေဖိနပ်ဆု ရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ဘာစီလိုနာအတွက်...

လန်ဒန် အိုလံပစ် ပန်းခြံ ဖွင့်လှစ်ပေး

လွန်ခဲ့သော နွေရာသီက အိုလံပစ် ပြိုင်ပွဲများ ကျင်းပခဲ့သော လန်ဒန် အိုလံပစ်ကွင်းနှင့် ပန်းခြံကြီးများကို ယမန်နေ့မှ စ၍ လေ့လာကြည့်ရှု သူများ အတွက် ဖွင့်လှစ်ပေးခဲ့သည်။ အီစတာ ပွဲတော် ပိတ်ရက်နှင့် တိုက်ဆိုင်နေသော ယမန်နေ့မှ စ၍ ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုခွင့် လက်မှတ်ပေါင်း ၂ သောင်းခန့် ရောင်းချခဲ့ရသည်ဟု သိရပြီး ကမ္ဘာလှည့် ခရီးသွားများနှင့် ဒေသခံများအနေနှင့် ရက်သတ္တပတ် ကုန်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး...

ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဗိုလ်လုလိုသော ခီဒီယာ

ရီးရဲလ် ကွင်းလယ်လူ ခီဒီယာက လာမည့် မေလတွင် ၀င်ဘလေကွင်း၌ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် အဓိက ပြိုင်ဘက် ဖြစ်သော ဘာစီလိုနာ အသင်းနှင့် ရင်ဆိုင်ရန် မျှော်လင့်နေသည်။ ယခုရာသီတွင် ရီးရဲလ်နှင့် ဘာစီလိုနာ အသင်းတို့သည် လာလီဂါတွင် ၂ ကြိမ်၊ စပိန်စူပါဖလားတွင် ၂ ကြိမ် နှင့် စပိန်ဘုရင့်ဖလားတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ် တွေ့ဆုံခဲ့ပြီး ရီးရဲလ် အသင်းမှာ ယင်းတွေ့ဆုံမှုတွင် ၃ ကြိမ် အနိုင် တစ်ကြိမ် သရေကျထားသည်။ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ်...

ရီးရဲလ်နှင့် ပွဲအတွက် ဂါလာတာစာရေး အသင်း ယုံကြည်မှုရှိ

ဂါလာတာ စာရေး အသင်း ဥက္ကဌ အိုင်ဆယ်က မိမိတို့ အနေနှင့် ရီးရဲလ်နှင့် တွေ့ဆုံရမည့် အပေါ် ထိတ်လန့်စိုးရိမ်နေမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ ဂါလာတာစာရေးမှာ ရီးရဲလ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်း ပွဲအဖြစ် လာမည့် အပတ်တွင် တွေ့ဆုံရမည် ဖြစ်သည်။ ၇၁ နှစ် ရှိပြီ ဖြစ်သည့် အိုင်ဆယ်က မိမိတို့သည် မည်သည့် အသင်းနှင့် မဆို အကောင်းဆုံးဖြစ်ရန် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ အဆင့်တွင် မည်သူကိုမျှ အထင်မကြီး သကဲ့သို့ အထင်သေးရန်...

အက်သလက်တီကို အသင်းမှာ ဆက်ရှိမည့် ဖယ်ကာအို

စပိန်ကလပ် အက်သလက်တီကို အသင်း တိုက်စစ်မှုး ဖယ်ကာအို သည် လာမည့် အပြောင်းအရွှေ့ ကာလမှာ အသင်းပြောင်းမည် မဟုတ်ပဲ လက်ရှိ အသင်းမှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း သိရသည်။ သူသည် အင်္ဂလန် အသင်းများ ဖြစ်သည့် ချဲလ်ဆီး ၊ မန်တီးတီး အသင်းများ အပါအ၀င် ဥရောပ အသင်းများ၏ စိတ်ဝင်စားမှုအား ခံနေရသည့် ကစားသမား ဖြစ်ပြီး သူ၏ ဖခင် ဖြစ်သူက ဖယ်ကာအို သည် မည်သည့် အသင်းကိုမှ မပြောင်းရွှေ့လိုပဲ လက်ရှိ အသင်းမှာသာ ဆက်လက် ကစားရန် ဆန္ဒ ရှိနေသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ...

အသင်းလူငယ်တိုက်စစ်မှူးနေလင်းထွန်းအား ဧရာဝတီ နည်းပြ ချီးကျူး

ဧရာဝတီယူနိုက်တက် အသင်းနည်းပြ မာဂျန်က ရတနာပုံနှင့်ပွဲတွင် ပါဝင်ကစားခဲ့သည့် အသင်းလူငယ် တိုက်စစ်မှူး နေလင်းထွန်း၏ ကစားပုံအား ချီးကျူးပြောကြားသွားခဲ့သည်။ နည်းပြ မာဂျန်က “  လူငယ်ကစား သမားတွေကို နေရာပေးဖို့ဆိုတာ ချက်ချင်း ပွဲထွက်စာရင်းမှာ ၀င်ကစားခိုင်းလို့ မရ ပါဘူး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အရင်ဆုံး စမ်းစမ်းပြီး ထည့်ကစားရတာပါ။ အဲဒီလိုထည့်ကစားရင်း ကစားရင်းနဲ့ ကစားသမားရဲ့ ယုံကြည်မှုကို တိုးတက်အောင် လုပ်ယူရတာပါ။ နေလင်းထွန်းက ဟိုးအရင်ကတည်းက...

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။ စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာ မျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က...

မိတ်ထွက်ခြင်းကို ကုသနည်းများ

မိတ်ထွက် လာရင် ပထမဆုံး လုပ်ရမယ့် အလုပ်က သင့်ခန္ဓာကိုယ်ကို အအေးခံဖို့ ပဲဖြစ်တယ်။ တတ်နိုင် သမျှ လေအေးပေးစက် တပ်ထား တဲ့ အခန်းထဲမှာ နေပါ။ ရေအေးနှင့် ရေချိုးပါ။ ယင်းနောက် မိတ်ထွက် လို့ ယားယံခြင်းမှ သက်သာစေဖို့ အောက်ပါ အလွယ်နည်း များကို အသုံးပြု နိုင်ပါတယ်။ ရေခဲကြပ်ထုတ် ကပ်ပေးပါ အအေး ဓာတ်က ယားယံ ခြင်းနှင့် အရောင်ကို လျော့ပါးကျဆင်း စေပါ တယ်။ ၄ နာရီ ဒါမှမဟုတ် ၆ နာရီခြားပြီး ရေခဲကြပ် ထုပ်ကို မိတ် တွေ အပေါ်မှာ ကပ်ပေးပါ။ တစ်ကြိမ်ကို ၁၀ မိနစ်ကြာ...

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့

ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေပါ သလား။ ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာ ကိုယ် တစ်ခုလုံး ပေါ်က သေးငယ် တဲ့ သွေးကြော လေး အပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens)...

နှလုံးနှင့်ဆံပင်အတွက် ဆာဒင်းငါး

ဆာဒင်း ငါးဟာ ထမင်းပွဲပေါ် မှာရှိတဲ့ ဟင်းလျာများထဲက ကျန်း မာရေးနှင့် အညီညွတ်ဆုံး ဟင်းလျာ တစ်ခု ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီး အက်စစ် ကြွယ်ဝစွာ ပါနေတဲ့ ထိုပင် လယ်ငါးကို သွေးလွှတ်ကြော ကျန်းမာ ရေးအတွက် စားကိုစားသုံး ရမယ်လို့ နှလုံး အထူးကု ဆရာဝန်များက ညွှန် ကြား ထားပါတယ်။ ဆာဒင်းဟာ ဆံပင် ကျွတ်ခြင်းကို လျှော့ချ ပေးရာတွင် ကူညီနိုင်တဲ့ အပြင် ဆံချည်မျှင် အိတ်များကို ပုံမှန် ကြီးထွားအောင် ကူညီပေးတဲ့ အတွက် ဆံပင်ပါးခြင်း အတွက်လည်း ကောင်း မွန်စေပါတယ်။ ဦးရေပြား ...

ကင်ဆာလူနာများအတွက် ငါးကြီးဆီအာဆေး

ကင်ဆာ ဆေးသွင်း ကုသမှု ခံယူကြတဲ့ လူနာများတွင် ကြွက်သားနှင့် ကိုယ်အလေးချိန် ကျခြင်းစတဲ့ ပြဿ နာများနှင့် ရင်ဆိုင်ရလေ့ ရှိတတ်ပါ တယ်။ လူကပိန်ပြီး အင်အား ချည့်နဲ့ ကျလာ နိုင်ပါတယ်။ ကင်ဆာ ဂျာနယ် မှာ သုတေသီ များရဲ့ ပုံနှိပ် ဖော်ပြချက် အရ အိုမီဂါ-၃ ဖက်တီး အက်စစ်ပါဝင် တဲ့ ငါးကြီးဆီ အားဆေးက ဤကင်ဆာ ကို ပြုလုပ်ခဲ့တဲ့ ဆေးသိပ္ပံ စာရေးဆရာ များ၏ ပြောကြား ချက်အရ ဤငါးကြီး ဆီသည် ကင်ဆာပျံ့လာတဲ့ အဆင့်များ မှာ ပြောင်းလဲ သွားတဲ့ နည်းလမ်းတချို့ ကို တားဆီးပေးနိုင်တဲ့...