ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.3.13

ရွှေပြည့်စုံဈေးမှ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ဝယ်ယူသူများအား ဟန်းဆက် ကံစမ်းမဲပေးမည့် အစီအစဉ် ယခုလအတွင်း စတင်မည်

ရွှေပြည့်စုံဈေးမှ ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် ဝယ်ယူခြင်းဖြင့် ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂၀ ရက်မှ စတင်တော့ မည်ဖြစ်ကြောင်း ရွှေပြည့်စုံ ဈေး သာယာရေးကော်မတီက ပြောသည်။ "တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ပါဘူး။ ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ" ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာညီညီအောင်က ပြောသည်။ ငွေဖြည့်ကတ် ဝယ်ယူရုံဖြင့် ဟန်းဆက်ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်အား ရွှေပြည့်စုံဈေးရှိ မိုဘိုင်းဖုန်းနှင့်...

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူ ၁၇၂ ခုရှိ

ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူများမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များ အပါအဝင် ၁၇၂ ခုရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် လျှောက်ထားလိုသူများသည် မန်းစည်ပင် အခွန်ဌာနသို့ ယခုလ ၈ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားစေခဲ့ပြီး လျှောက်ထားလိုသူများမှာ အာမခံကြေး ငါးသိန်း ပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ် ၁၀ ခုသာ လက်ခံမည် ဖြစ်သောကြောင့် ကျုံးဘေး လျှောက်ထားလိုသူများအား မဲနှိုက် နေရာချထားပေးမည်ဖြစ်ပြီး...

ပြည်ပဆရာဝန်များ မြန်မာသို့ လာဆေးကုသလျှင် လိုင်စင်တင်ရမည်

ပြည်ပဆရာဝန်များ မြန်မာနိုင်ငံ၌လာရောက် ဆေးကုသခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေး ပညာပေး ခြင်းတို့ ပြုလုပ်ရာတွင် ကန့်သတ်ဆေး ကုသခွင့်လိုင် စင်လျှောက်ထား ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေး ကောင်စီမှ သိရသည်။ ကန့်သတ်ဆေး ကုသခွင့်လိုင် စင်ဆိုသည်မှာ နိုင်ငံခြားသား ဆရာဝန်အား ကုသခွင့် ရှိသော ဆေးပညာဘာသာရပ် အမျိုးအစား၊ကုသခွင့် ရှိသော နေရာဒေသနှင့် အချိန်ကာလတို့ကို ကန့်သတ် ၍ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသောဆေး ကုသခွင့်လိုင် စင်ဖြစ်သည်။ မြန်မာနိုင်ငံ၏...

ကံသာယာကျေးရွာ လူသတ်မှု၏ သတင်းစာရှင်းလင်းပွဲ

မျက်နှာဖုံးခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၃ သုံးဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေးသည့် သာယာဝတီခရိုင်၊ ကံသာယာ ကျေးရွာ အမှုကို ကာယကံရှင်မိသားစုက ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်နေသည်။ အသတ် ခံရသူ ဦးဖိုးကြား၏ သားကြီးဖြစ်သူ ဦးညွန့်ဝင်းဦးက “တရားဥပဒေ စိုးမိုးရေး မရှိဘူးဖြစ်နေတယ်၊ လူသတ် မှုမပေါ်တဲ့အတွက် အခုလို အဖေ့လိုမျိုးပဲ...

မန္တလေး မဟာမုနိဘုရားကြီးဝန်းအတွင်း ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား

ကလေးချီထားသော အမျိုးသမီးတစ်ဦးအား မန်းမဟာ မုနိ ဘုရားကြီးဝန်းအတွင်း အမျိုးသမီး ၆ယောက် ၇ ယောက်ခန့်က မတ်၁၅ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၅ ရက်နေ့ မနက် ၉နာရီခန့် ကိုအောင်နိုင်စိုးနှင့် မအေး မြဝေတို့မှာ ဘုရားကြီး အရှေ့ဘက်စောင်းတန်းရှိ မိမိ ဆိုင်းခန်းတွင် ဆိုင်ဖွင်ရန် လာရောက်ရာတွင် မိမိဆိုင် ၀န်းကျင်ရှိ အမျိုးသမီးတစ်ချို့မှ ရိုက်နှက်ခဲ့ရာ ကို အောင်နိုင်စိုးမှာ ထွက်ပြေးခဲ့ကြောင်း မအေးမြဝေတစ် ဦးတည်းသာ...

မုံရွာခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ပြောကြားချက်

(လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်ရက်အကြာ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များသည် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ ကျေးရွာရှစ်ရွာနှင့် ကြေးနီစီမံကိန်းစက်ရုံသို့ သွားရောက်လေ့လာခဲ့ရာ တွင်ကန့်ကွက်ဆန္ဒပြမှု အချို့နှင့်တွေ့ကြုံ ခဲ့ရခြင်းအ ပေါ်မုံရွာမြို့မှ မထွက်ခွာမီ မိနစ်ပိုင်းအလိုတွင် မီဒီယာ များက မေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြပါ သည်။) "ကော်မရှင်ရဲ့ ...

မန္တလေးတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခု လ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေကြောင်း သိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့ သွားရောက်စစ်ဆေးရာ မိမိကိုယ် ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း...

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင် ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချမည်ဟု တရားဝင်ထုတ် ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ် တိုးတိုးဝယ်ယူကြ မည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။ ဂျီအက်စ်အမ်ဖုန်းကတ်တကတ် လျှင် ငွေကျပ် ၂၀၀၀ နှင့် WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်းများက အပတ်စဉ် ထုတ်ပုဂ္ဂလိကသတင်းဂျာနယ်များတွင်...

အေးခဲ အမဲသား ၉၈၈၅ ပိဿာ ဖမ်းဆီး ရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလော မြို့နယ် ဝက်ဖြူရေ ကျေးရွာ အုပ်စု နမ့်ပန်တက် ကျေးရွာ ကလော- သာစည် နယ်ခြား တံတား၌ မတ် ၁၄ ရက် နံနက် ၆ နာရီခွဲခန့်က နစ်ဆန်း အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်မှ အေးခဲ အမဲသား ၉၈၈၅ ပိဿာအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့မှ မန္တလေး မြို့သို့ ဦးတည်၍ ယာဉ်မောင်း ဦးကံမြင့် ၅၄ နှစ်(ဘ) ဦးလှမင်း နှင်းပန်းလမ်း ရပ်ကွက်(၁) ပင်လုံမြို့ နေသူနှင့် ယာဉ်နောက်လိုက် ကျော်ဌေး ၃၅ နှစ် (ဘ)ဦးလောပွေ...

တရုတ်နိုင်ငံက မြန်မာကို လက်နက်တင်ပို့မှုအများဆုံးဖြစ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို လက်နက်တင်ပို့တဲ့အထဲမှာ ထိပ်ဆုံးမှာ ရှိနေတဲ့ကြောင်း ဆွီဒင်နိုင်ငံ အခြေ စိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့လက်နက် တင်ပို့ရောင်းချတဲ့ ဈေးကွက်မှာ အဆင့် ၅ နေရာ ကို ရောက်ရှိလာပါတယ်။ အဲဒီအရင်ကတော့ ကမ္ဘာ့လက်နက် တင်ပို့မှုအများဆုံး အဆင့် ၈ နိုင်ငံ ဖြစ်ခဲ့ တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို လက်နက်...

အင်တာနက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြသည့် စင်္ကာပူ တပ်မတော်သားများ

အရှေ့တောင်အာရှ နိုင်ငံများရှိ စစ်တပ်များထဲတွင် အင်တာနက် အသုံးပြုမှု အတွင်ကျယ်ဆုံး နိုင်ငံမှာ စင်္ကာပူ ဖြစ်သည်။ စင်္ကာပူနိုင်ငံမှ စစ်မှုထမ်း တစ်ဦးနှင့် ပတ်သက်သည့် မည်သည့် အချက်ကို သိလိုသည် ဖြစ်စေ၊ အင်တာနက်ရှိ စင်္ကာပူ စစ်တပ် ၀က်ဆိုဒ်များမှ တစ်ဆင့် အလွယ်တကူ ရှာဖွေနိုင်လေသည်။ ကျန် သည့် နိုင်ငံ များတွင်တော့ အသေးစိတ် ဖော်ပြထားသည်များ မရှိသဖြင့် စင်္ကာပူ နိုင်ငံမှ တပ်မတော် သား များ ၏ အင်တာ နက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြပုံအား လေ့လာမိတော့သည်။ ...

နှစ် ၄၀၀ ကျော် မျိုးဆက် ၁၅ ဆက် အသုံးပြုခဲ့သော အိပ်ခန်း

နှစ်၄၀၀ကျော် မျိုးဆက် ၁၅ဆက်အသုံးပြုခဲ့သော ဗြိတိန်သက်တမ်း အရင့်ဆုံးအိပ်ခန်းအင်္ဂလန် အနောက်တောင်ပိုင်း ဂလော်စတာရှိုင်း ယားဒေသရှိ ဘန်ကလေ ရဲတိုက် အတွင်းရှိ မျိုးရိုးစဉ်ဆက် ရဲတိုက် ပိုင်ရှင်များ အသုံးပြုခဲ့သော အိပ်ခန်းသည် နှစ် ၄၀၀ကျော် သက်တမ်းရှိကာ မျိုးဆက် ၁၅ ဆက် အသုံးပြုခဲ့ပြီး ဗြိတိန်၏ သက်တမ်း အရင့်ဆုံး အိပ်ခန်း တစ်ခန်းဖြစ်သည်။ အဆိုပါ ဘန်ကလေရဲ တိုက်ကို ဗြိတိန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များနှင့် ဗြိတိန် နိုင်ငံသားများသည်...

ပြင်သစ်ထွင်တို့ထွင်သော စတန့် Parkour

ပြင်သစ်နိုင်ငံသား ဗီယက်နန် စစ်ပြန် Raymond Belle စထွင်တဲ့ အားကစား ဖြစ်ပါတယ်။ သူတစ်ယောက်တည်းရယ်လို့ မဟုတ်ပဲ သူ့သားနဲ့ အဖွဲ့ဝင်များ ပူးပေါင်းလို့ ဖန်တီးပြီး ၁၉၉၀ နောက်ပိုင်းမှာ Parkour ဟာ ကမ္ဘာကျော် စတန့်အားကစား တစ်ခု ဖြစ်လာပါတယ်။ ယခုဆိုရင် ယင်း အားကစားနည်းကို ပြင်သစ်စစ်တပ်၊ အမေရိကန် စစ်တပ်၊ ဗြိတိန် စစ်တပ်အပြင် အခြား ဥရောပနိုင်ငံများရှိ မရိန်း-စစ် သင်တန်း လေ့ကျင့်ရေးမှာ Course တစ်ခုအနေနဲ့ သင်ကြားနေပြီ ဖြစ် ပါတယ်။ ...

မြောက်ကိုရီးယား အန္တရာယ် အမေရိကန် ကာကွယ်မည်

နျူကလီးယားလက်နက် အထောက်အကူနဲ့ မြောက်ကိုရီးယားက စစ်ရေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေချိန်မှာ အမေရိကန်ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်တာ မှန်သမျှ ကို တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဆက်ပြီး အသုံးပြုခွင့်ပေးထား မှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် ကာကွယ်ရေးဝန်ကြီး အက်ရှ်တွန် ကာတာ (Ashton Carter) က ကတိပြု ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးပျံနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သလို မကြာခင်က နျူကလီးယား...

Tiger Myanmar Amature Open Golf Championship 2013 သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Tiger Myanmar Amature Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မတ် ၁၈ ရက်(ယနေ့) မွန်းလွဲ ၂း၀၀ နာရီက ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပခဲ့သည်။ အခမ်းအနားကို မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်၊ အမှုဆောင်ဦးချမ်းဟန်၊ Tiger ဘီယာမှ တာဝန် ရှိသူများနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက် ခဲ့ကြသည်။ ၂၀၁၃ တိုက်ဂါးမြန်မာအပျော်တမ်းဂေါက်သီးရိုက်ပြိုင်ပွဲ...

ရွန်းနေ အမှားမဖြစ်စေရန် အင်္ဂလန် နည်းပြ မျှော်လင့်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်သည် လာမည့် ဆန်မာရီနို၊ မွန်တီနီဂရိုး အသင်းများနှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွင် အသင်းတိုက်စစ်မှူး ရွန်းနေအား စိတ်ဒေါသ ထိန်းချုပ် ကစားရန် သတိပေးမည် ဖြစ်သည်။ ရွန်းနေသည် လွန်ခဲ့သော မွန်တီနီဂရိုး အသင်းနှင့် အဝေးကွင်း ယူရို ၂၀၁၂ ခြေစစ်ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား တစ်ဦးကို ကန်ကျော်ခဲ့၍ အနီကဒ်ပြခံရပြီး အသင်း၏ အုပ်စု ပွဲစဉ်အချို့ကို လွဲချော်ခဲ့သည်။ ဟော့ဆန်က ရွန်းနေမှာ မွန်တီနီဂရိုးနှင့် ယူရို ခြေစစ်ပွဲတုန်းက...

ရီဘာရီ အသင်းတွင် ပါဝင်မည်ဟု ပြင်သစ် နည်းပြ ပြောကြား

ပြင်သစ် နည်းပြ ဒက်ချမ့်သည် ဘိုင်ယန် ကစားသမား ရီဘာရီ၏ ဒဏ်ရာအပေါ် စိုးရိမ်ခြင်း မရှိဘဲ ပြင်သစ် အသင်းမှာ ပါဝင် ကစားနိုင်ရန် မျှော်လင့်ထားသည်။ သူက ရီဘာရီ၏ ခြေကျင်း ၀တ် ဒဏ်ရာမှာ စိုးရိမ်စရာမရှိဘဲ ပြင်သစ် အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲများဖြစ်သည့် ဂျော်ဂျီယာ အသင်းနှင့် စပိန် အသင်းတို့၏ ပွဲစဉ်များမှာ ထည့်သွင်း အသုံးပြုမည်ဟု ပြောခဲ့သည်။ ရီဘာရီသည် အဆိုပါ ဒဏ်ရာကြောင့် အာဆင်နယ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်နှင့် လေဗာကူဆင် အသင်းတို့၏...

ဝက်စ်ဟမ်း ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည့် ဂျွန်တယ်ရီ

ဝက်စ်ဟမ်း အသင်းကို ၂းဝ ဖြင့် အနိုင်ရခဲ့သော အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွင် ချဲလ်ဆီး နောက်ခံလူ ဂျွန်တယ်ရီမှာ ပွဲကြည့် ပရိသတ်များ ဘက်ထဲကနေ အရာဝတ္ထုဖြင့် ပစ်ပေါက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ၀က်စ်ဟမ်း ပရိသတ်များသည် ကွင်းလယ်လူ လမ်းပတ်၏ ဂိုး ၂၀၀ ပြည့် သွင်းဂိုး အတွက် အောင်ပွဲခံနေကြသော ချဲလ်ဆီး ကစားသမားများကို အကြွေစေ့များအပြင် ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယင်းနှင့် ပတ်သက်၍ မက်ထရိုပိုလစ် ရဲတပ်ဖွဲ့များက ၎င်းတို့ အနေဖြင့် စတင်၍ စုံစမ်းစစ်ဆေးနေပြီ...

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ယုံကြည်မှု ရှိနေသော အာဆင်နယ်

ဆွမ်ဆီး အသင်းကို ၂းဝ ဖြင့် အဝေးကွင်းတွင် နိုင်ခဲ့သည့် ပွဲစဉ် အပြီးတွင် အာဆင်နယ် နည်းပြ ၀င်းဂါးမှာ ၎င်းတို့ အသင်း အနေဖြင့် ရာသီကုန် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ထိပ်သီး ၄ သင်းစာရင်းဝင်ရန် ယုံကြည်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဆင်နယ် အသင်းအတွက် ဂိုးများကို ဒုတိယပိုင်းတွင် နာချိုမွန်ရီးရဲလ် အပြင် ဂါဗင်ဟိုက သွင်းယူခဲ့ပြီး အာဆင်နယ် အသင်းမှာ အပိုင် အခွင့်အရေးများလည်း ရရှိခဲ့သည်။ ၀င်းဂါးက ပွဲအပြီးတွင် မိမိတို့ အနေဖြင့်...

အသင်း ချန်ပီယံဖြစ်ရန် ဗီဒစ် မျှော်လင့်

မန်ယူ နောက်ခံလူ ဗီဒစ်သည် ရီးဒင်း အသင်းကို ၁းဝ ဖြင့် အနိုင်ရသော ပွဲစဉ် အပြီးတွင် ၎င်းတို့ အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် စိတ်ကြိုက် ရင်ခုန်ခွင့် ရှိနေကြောင်း ယုံကြည်နေသည်။ အဲဗာတန် အသင်းကို ၂းဝ ဖြင့် ရှုံးနိမ့်သွားသည့် မန်စီးတီးကို ၁၅ မှတ် အထိ ဖြတ်ထားနိုင်ခြင်းကြောင့် မန်ယူ အသင်းမှာ ယခုရာသီ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ပိုမို အားကောင်းလာခဲ့သည်။ ဗီဒစ်က မိမိတို့ အနေဖြင့် အကောင်းဆုံး အခြေအနေမှာ ရှိနေပြီး စိတ်အေးချမ်းသာစွာ...

အသင်းကို ပြန်လည်ကိုင်တွယ်နိုင်တော့မည့် ဘာစီလိုနာ နည်းပြ

အမေရိကန်တွင် ဆေးကုသမှု ခံယူနေသော ဘာစီလိုနာ နည်းပြ ဗီလာနိုဗာမှာ မကြာမီ ပြန်လာတော့မည် ဖြစ်ကြောင်း အားကစား ဒါရိုက်တာ ဇူဘီဇာရီတာ က ပြောဆိုလိုက်သည်။ အသက် ၄၄ နှစ် ရှိပြီဖြစ်သော ဗီလာနိုဗာမှာ ကင်ဆာ ဝေဒနာ တစ်ခုအတွက် နယူးယောက်သို့ သွားရောက်စစ်ဆေး ကုသမှုခံယူနေခြင်း ဖြစ်သည်။ သူသည် ဒီဇင်ဘာလမှ စ၍ အဖျား ရောဂါ ခံစားနေခဲ့ရပြီး ၂၀၁၃ ခုနှစ် ထဲတွင် အသင်းကို အပြည့်အ၀ တာဝန် ယူနိုင်ခဲ့ခြင်း မရှိသေးပေ။ အားကစား ဒါရိုက်တာ ဖြစ်သူက နည်းပြဟာ ပြန်တော့လာမှာပါ ၊...

အသင်းအတွက် အကောင်းဆုံး ကစားနိုင်မည်ဟု ဆာဟင် ယုံကြည်

ဖရိုင်းဘာ့ဂ်နှင့် ကစားခဲ့သည့် ပွဲတွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ဒေါ့မွန် ကွင်းလယ် ကစားသမား ဆာဟင်က မိမိသည် တဖြည်းဖြည်းနှင့် ကောင်းလာနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ဖရိုင်းဘာ့ဂ်ကို ၅း၁ နှင့် နိုင် ခဲ့သော အိမ်ကွင်း ပွဲစဉ်တွင် ဆာဟင်သည် ၄၄ မိနစ်နှင့် ၇၂ မိနစ်တို့တွင် ၂ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။  ဆာဟင်မှာ ရီးရဲလ်၊ လီဗာပူးတို့တွင် အခြေတကျ မဖြစ်ခဲ့ပဲ ဒေါ့မွန်သို့ ပြန်ရောက် လာပြီးမှသာခြေစွမ်း အနည်းငယ် တက်လာကာ အသင်းနှင့် အံဝင်လာပြီး...

အနားယူရမည့် ဘာစီလိုနာ ခံစစ်မှူး

ဘာစီလိုနာ နောက်ခံလူ အက်ဒရီယာနိုမှာ ဗယ်လီကာနိုနှင့် ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် တစ်လ ခွဲခန့် နားရမည်ဟု သိရသည်။ ဘရာဇီး လက်ရွေးစင်ဖြစ်သူ အက်ဒရီယာနိုမှာ ပွဲချိန် ၂၃ မိနစ်တွင် ဒဏ်ရာ ရရှိခဲ့ပြီး အဲလ်ဗက်စ်နှင် လူစားလဲခဲ့ရသည်။ ဘာစီလိုနာ မှာ ယင်းပွဲစဉ်တွင် ဗီလာ၊ မက်ဆီ တို့၏ ဂိုးများဖြင့် ဗယ်လီကာနိုကို အနိုင်ရရှိခဲ့ပြီး ဇယားထိပ်တွင် ဦးဆောင်နေဆဲ ဖြစ်သည်။ ၂၈ နှစ်သား အက်ဒရယာနိုမှာ ဘာစီလိုနာ၏ PSG၊ ဆဲလ်တာဗီဂို၊ မာလော့ကာ၊ ဇာရာဂိုဇာတို့နှင့်...

အသင်းဖော်များအား သတိပေးခဲ့သည့် ရော်ဘင်

ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ရော်ဘင်သည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ လေဗာကူဆင် အသင်းအား အနိုင်ရခဲ့ပေမယ့် နောက်ပွဲစဉ်များ အတွက် ဆက်လက် အာရုံစိုက် ထားရန် ကစားဖော်များအား သတိပေးခဲ့သည်။ ဘိုင်ယန် အသင်းသည် လေဗာကူဆင် အသင်းအား အနိုင် ရခဲ့သည့်အတွက် ဒုတိယ နေရာမှ ဒေါ့မွန် အသင်းအား အမှတ် ၂၀ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ရော်ဘင်က အခုလို အမှတ်ဖြတ်ထားနိုင်သည့် အတွက်ပျော်ရွှင်မိပေမယ့် မိမိတို့သည် လာမည့် ပွဲစဉ်များ အပေါ် အာရုံစိုက်...

MNL-2 ပွဲစဉ် ၅ တွင် မြ၀တီအသင်းနှင့် GFA အသင်းတို့ နိုင်ပွဲပြန်လည်တွေ့ရှိ

မြန်မာနေရှင်နယ်လိဂ် ၂ MNL-2 ပွဲစဉ် ၅ ပွဲစဉ်များကို ပြီးခဲ့သည့် မတ် ၁၅၊ ၁၆၊ ၁၇ ရက်များက ပဒုမ္မာ၊ အောင်ဆန်းကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မောရ၀တီ၊ ယူ-၁၉၊ အသင်းတို့မှာ သရေရလဒ်သာရရှိခဲ့သော် လည်း မြ၀တီအသင်းနှင့် GFA အသင်းတို့မှာ နိုင်ပွဲလည်ပြန်ရရှိခဲ့သည်။   မတ် ၁၅ ရက်က ပဒုမ္မာကွင်း၌ ကစားခဲ့သည့် Best Unitde အသင်းနှင့် မြ၀တီအသင်းတို့ပွဲစဉ်တွင် မြ၀တီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မတ် ၁၆ ရက်တွင် ကစားခဲ့သည့် Michelia အသင်းနှင့်...

ဘက်ခမ်းကြောင့် အောင်မြင်မှုများ ရရှိနိုင်မည်ဟု ပီအက်စ်ဂျီနည်းပြဆို

PSG အသင်း၏အသင်နည်းပြ ဘလာစီမာတူဒီသည် အင်္ဂလန် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းမှာ အရည်အချင်းရှိသော ကစားသမား တစ်ယောက်ဖြစ် ပြီး PSG အသင်းအတွက် အောင်မြင်မှုများ ယူဆောင် လာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။၎င်းရောက်ရှိ လာခြင်းကြောင့် မိမိတို့အသင်း သည် အင်္ဂလန်ကလပ် အသင်းများကဲ့သို့ အရည်အ ချင်းရှိသည့် ကလပ်အသင်းတစ်သင်း ဖြစ်လာနိုင် သည်ဟုမိမိအနေဖြစ် မျှော်လင့်ကြောင်း လည်း ထုတ် ဖော်ပြောကြားခဲ့သည်။ ဝါရင့်ကွင်းလယ် ကစားသမား ဒေးဗစ်ဘက်ခမ်းသည်...

ခါးသက်သော အစားအစာများက ရင်ကျပ်ပန်းနာဝေဒနာကို ကုသနိုင်

ကြက်ဟင်းခါးသီး၊ ကင်ပုံးသီးလိုမျိုး ခါးသက်တဲ့ အစား အစာတွေကို စားတာကြောင့် ရင်ကျပ်ပန်းနာ ဝေဒနာ ကို သက်သာနိုင်တယ်လို့ မစ်ဆာချူးဆက် ဆေးတက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ အစားအစာတွေ ကို ခါးသက်တဲ့ အရသာဖြစ်စေတဲ့ ပစ္စည်းဟာ လေပြွန်တွေကို ကျယ်စေတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုကြောင့် ရင်ကျပ်ပန်းနာနဲ့ နာတာရှည် လြွေပန်ပိတ်ဆို့မှုရော ဂါတွေကိုကုသရာမှာ တိုး တက်ကောင်း မွန်လာတော့မယ်လို့...

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ အကိုက်အခဲပျောက်စေပါတယ်ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့...

သကြားဖြင့် အနာကို ပျောက်စေ

သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင် ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။ စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့် ပျောက်ကင်းစေ ပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ ဘက်တီးရီးယားတွေ အသက်ရှင်ဖို့လိုအပ်တဲ့ ရေမှန်သမျှကို ဆုပ်ယူပါတယ်။ဒါကြောင့် အနာကို ဆက်ရှင်သန်စေမယ့် ဘက်တီးရီးယား ပိုမွားများကို တိုက်ရိုက် သေစေပါတယ်...

လည်ချောင်းရှင်းခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်

လည်ချောင်းရှင်းတာဟာ လည်ချောင်းနဲ့ အသံအိုးကို ထိခိုက်စေနိုင် ပါတယ်။ လည်ချောင်းဟန့်တာကို သုံးလကျော်တိုင် မကြာခဏ ပြုလုပ်တတ်သူတွေဟာ အကျင့်လို ဖြစ်သွားတတ်ပြီး ကုသမှု မခံယူရင် အသံအိုးနာပြီး အသံပြောင်းသွား တတ်ပါတယ်လို့ ချီကာဂို ဓာတ်မတည့်မှု ဌာနမှ သုတေသီတွေက ဆိုပါတယ်။ အအေးမိဝေဒနာ ခံစားရရင် ဒါမှမဟုတ် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ရောဂါပိုး ဝင် ရောက်တာမှ အစပြုပြီး လည်ချောင်းဟန့် တတ်ကြပါ တယ်။တချို့တွေမှာ လည်းဘယ်အချိန်က စတင်ပြီး လည်ချောင်းဟန့်တဲ့ အကျင့်...