ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.10.14

တရုတ်နိုင်ငံ ဝမ်နင်းမြို့တွင် ရေလွှမ်း၊ လူဦးရေ ၅ သောင်းခန့် ရေဘေးဒုက္ခကြုံ

တရုတ်နိုင်ငံတောင်ပိုင်း ဝမ်နင်းမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်ခဲ့တဲ့အတွက် လယ်မြေတွေ နဲ့ လမ်းတွေ ရေလွှမ်းမိုးခဲ့ပြီး ဒေသခံ အယောက် ၅ သောင်းလောက် ရေကြီးမှု ဒဏ်ခံခဲ့ရပါတယ်။ ဟိုင်နန်ပြည်နယ် ဝမ်နင်းမြို့မှာ ရွာတွေ၊ မြို့နယ်တွေ အတော်များများ ရေကြီးခဲ့လို့ ဒေသခံ လယ်သမားတွေ အကြီးအကျယ် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။ လမ်းပေါ်မှာ ရေက ၁ မီတာလောက် မြင့်နေလို့ ရွာသားအများအပြား သောင်တင် နေပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ အောက်တိုဘာ ၂၆ ရက်နေ့က...

ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော အွန်လိုင်းလှုပ်ရှားမှုအောင်မြင်

အစိုးရ၏ခြိမ်းခြောက်မှုများရှိ သော်လည်း အမျိုးသမီးများကား မောင်းခွင့်တားမြစ်ပိတ်ပင်မှု ဖယ်ရှား ရေးအွန်လိုင်းလှုပ်ရှားမှုတစ်ခုပြုလုပ် ခြင်းသည် အောင်မြင်ကြောင်း ဆော်ဒီ အာရေဗီးယားရှိ တက်ကြွလှုပ်ရှားသူ များက ပြောသည်။ ယမန်နှစ်ကစတင်ခဲ့သော ထို လှုပ်ရှားမှုသည် အမျိုးသမီးများကား မောင်းနေသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယို များ အွန်လိုင်းတွင်တင်ရန် အမျိုးသမီး များအား တွန်းအားပေးခဲ့သည်။ အမျိုး သမီးများကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော ပထမဆုံး အကြိမ်နှစ်ပတ်လည်နေ့...

အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီအစိုးရအဖွဲ့ဖွဲ့ပြီ

အင်ဒိုနီးရှားသမ္မတသစ်ဂျိုကို ဝီဒိုဒိုသည် သူ၏အစိုးရအဖွဲ့ကို အောက် တိုဘာ၂၆ရက်၌ ထုတ်ပြန်ကြေညာ လိုက်သည်။ သူ၏အစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးပါဝင်လာသည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျတ်ရေးအာဏာပိုင် များက ကိုယ်စားလှယ်အတော်များ များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေ သောကြောင့် ဂျိုကိုဝီသည် အစိုးရ ဖွဲ့စည်းရေးတွင် အနည်းငယ်နှောင့် နှေးကြန့်ကြာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအမျိုးသမီး မှာ ရက်နိုမာဆူဒီဖြစ်သည်။ ဘမ်ဘန်း ဘရော့ဂျိုနီဂိုရိုက ဘဏ္ဍရေးဝန်ကြီး၊...

EU ဘက်သို့ ယိမ်းသော နိုင်ငံရေးပါတီများ ယူကရိန်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရ

ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းများအပြီး ပထမဆုံးအကြိမ်အဖြစ် ပါလီမန်ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ အနောက်အုပ်စုက လိုလားသော နိုင်ငံရေးပါတီ အုပ်စုများက အနိုင်ရရှိသွားသဖြင့် ဥပဒေပြုပါလီမန်တွင် အဆိုပါ အင်အားစုများက လွှမ်းမိုးနိုင်တော့မည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မဲများကို ရေတွက်မှုဖြစ်စဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် သမ္မတ ပီတရိုပိုရိုရှန်ကို၏ အင်အားစုက မဲအများဆုံး...

ပင်လယ်ရေပိုင်နက်ကိစ္စ ပူးပေါင်းဖြေရှင်းရန် ဗီယက်နမ်နှင့်တရုတ် သဘောတူ

ဗီယက်နမ်နဲ့ တရုတ်ခေါင်းဆောင်တွေ မနေ့က ဟနွိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက်ပြဿ နာကို ပူးပေါင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့မေလက ဗီယက်နမ်က ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်မှာ တရုတ်ရေနံတူးစင်တခု လာဆောက်ရာကနေ နှစ်နိုင်ငံသင်္ဘောတွေ ရန်စောင်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဟနွိုင်မြို့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီကြီးရဲ့ အထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်သမ္မတ၊ ဒုဝန်ကြီးချုပ်နဲ့...

ဟန်ဂေရီကောင်စစ်ဝန်ရုံးတွင် အမျိုးအမည်မသိ အမှုန့်အိတ်များ လက်ခံရရှိ

တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူက ဟန်ဂေရီကောင်စစ်ဝန်ရုံးဟာ အမျိုးအမည်မသိ အမှုန့်တွေပါတဲ့ အိတ်တွေကို  အောက်တိုဘာ ၂၇ ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးရုံးက ပြောပါတယ်။ အလားတူ အိတ် ၅ အိတ်ကို အရင်အပတ်က အနောက်တိုင်းကောင်စစ်ဝန်ရုံး ၅ ရုံးဆီ ပေးပို့ခံခဲ့ရလို့ တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့မှာ အရင်အပတ်ကတည်းက လုံခြုံရေး တပ်လှန့်ထားပါတယ်။ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ ကောင်စစ်ဝန်ရုံးတွေကလည်း သံသယဖြစ်ဖွယ်...

အင်ဒိုနီးရှား အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့မှ ဝန်ကြီး ၃၄ ဦးသည် ဂျကာတာမြို့ သမ္မတနန်းတော်တွင် အောက်တိုဘာ၂၇ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ ဝီဒိုဒိုသည် ဇူလိုင်လ ရွေးကောက်ပွဲတွင် ၎င်းအားထောက်ခံသည့် ပါတီများကို အကျိုးခံစားခွင့်ရရှိစေရန် သက်ဆိုင်ရာ နယ်ပယ်ရပ်များတွင် လုပ်ကိုင်နေသော အကောင်းဆုံးသူများကို ရွေးချယ်ရာတွင် ဟန်ချက်ညီမျှမှုရှိစေရန်  ဆောင်ရွက်ရသောကြောင့် ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း...

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဒီအစီရင်ခံစာကို နိုင်ဂျီးရီးယားနိုင်ငံတလွှားက အဓမ္မခေါ်ဆောင်ခံရတဲ့ သက်သေတွေနဲ့ ဓားစာခံ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းချက်တွေအပေါ်...