ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.7.13

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

 မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများထံသို့ မြန်မာနယ်စပ်လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်တွန်းဆွေးနွေးမှုအား ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများ ဆွေးနွေးပွဲတွင် မြန်မာဘက်မှတောင်း ဆိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အဓိက...

တနိုင်းဒေသ၊ ညောင်ပင်ကုန်း ပယင်းမှော်တွင် KIA မှ စစ်သားစုဆောင်းရေးအတွက် နေ့စဉ်ရက်ဆက် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေ

 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တနိုင်းမြို့နှင့် မိုင် ၂၀ ခန့်အကွာ ညောင်ပင်ကုန်း ပယင်းမှော်တွင် ဇူလိုင် ၁ ရက်မှစ၍ KIA မှ စစ်သားစုဆောင်းရေးများ ရက်ဆက်ဖမ်းဆီး ခေါ်ဆောင်နေကြောင်း၊ ၎င်းမှော်မှ ထွက်ပြေးလာသူများမှတစ်ဆင့် စုံစမ်းသိရှိရသည်။ ၎င်းဒေသမှ ထွက်ပြေးလာသူများထဲမှ လူငယ်တစ်ဦးက "၁ ရက်ညနေစောင်းမှာ လာဖမ်းတယ်။ လူ ၁၀၀ ကျော် ပါသွားတယ်လို့ သိရတယ်။ လူတွေကများတော့ ဖမ်းသွားပြီး ခဏဆိုတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။ ၂ ရက်ကတော့ တောထဲမှာ အိပ်ရတယ်။...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေ

ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)  ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။  ၀ရဇိန် စီမံချက် ကာလအတွင်း မှုခင်းကျဆင်းရေး ဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အသံချဲ့စက် ဖြင့် လှည့်လည်ဆော်သြခြင်း၊ ယာဉ်စစ်ပိတ်ဆို့ ရှာဖွေဆောင်ရွက်ခြင်း၊ ဧည့်စစ်၊ ယာဉ်စစ်ဆောင်ရွက်ခြင်း၊...

လစာအပြည့်အ၀ မရသော်လည်း ထိုင်းသို့သွားရောက် အလုပ်လုပ်သည့်နှုန်း နှစ်ဆနီးပါး မြင့်တက်

ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရန် အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဆိုပွဲတွင် ထိုင်းသို့သွားရောက် မည့် မြန်မာလုပ်သား လက်မှတ်ထိုးနေစဉ်  လုပ်ခလစာ အပြည့်အ၀ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ သွားရောက်အလုပ် လုပ် ကိုင်မှုနှုန်းမှာ ယခင်ကထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရသည်။  ထိုင်းနိုင်ငံတွင် ယခင်က တစ်လလျှင် မြန်မာအလုပ်သမား ၃၀၀၀ ကျော်သာ ခေါ်ယူသော်လည်း ယခုအခါ တွင်...

မြန်မာနိုင်ငံမှ သစ်နှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ နယ်စပ်လမ်းကြောင်းမှ ရောင်းချမှု ဆက်လက်တွင်ကျယ်

တရားမ၀င် သစ်လုံးများ တင်ဆောင်ထားသည့် ကားတစ်စီးအား တရုတ်နိုင်ငံသို့အ၀င် နယ်စပ်တစ်နေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ-အငယ်ထွေး)  မြန်မာနိုင်ငံရှိ သစ်နှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား နယ်စပ်ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သို့တင်ပို့ရောင်းချမှုများ ဆက်လက်တွင်ကျယ်နေဆဲပင် ဖြစ်သည့်အတွက် သစ်တော သယံဇာတ များ လျော့နည်းမှုကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင်က ဇီဝမျိုးစုံ မျိုးကွဲများစွာတည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ်မှ...

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများဖြစ်၊ ၅ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ၉ ခု ထက် မနည်းဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦးဒဏ်ရာရပြီး တဦးမှာဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။မဟာဗောဓိ စေတီဘုရားကျောင်း ပရ၀ုဏ်အတွင်း ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ Zeenews.com အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ သတင်းတွေအဆိုအရ မဟာဗောဓိ စေတီကို ထိခိုက် ပျက်ဆီးမှု မရှိဘူးလို့ သိရပြီး အခင်းဖြစ်ရာကို ဗုံး ကျွမ်းကျင်အဖွဲ့၊ မှုခင်း အဖွဲ့တွေလည်း ချက်ချင်း ရောက်သွားတယ်လို့...

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိစေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံးပေါက်ကွဲ မှု ဆက်တိုက်ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခဖောင်ဒေးရှင်းကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။ အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ် လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာ တော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။...

ပစ်ကပ်ကားများအား ထရပ်ကားနောက်တွဲ ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှ တင်သွင်းမှုများကို အရေးယူမည်

မြ၀တီနယ်စပ်မှတစ်ဆင့် တင်သွင်းလာသော ပစ်ကပ်ကားအား လိုက်ထရပ်အဖြစ် ပုံပြောင်းထားသည့် ကား အချို့ကို တွေ့ရစဉ်  ပစ်ကပ်ကားများအား လိုက်ထရပ်နောက်တွဲယာဉ် ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှတစ်ဆင့် တင်သွင်းနေမှုများကို နောက်ပိုင်းတွင် ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။  မြ၀တီနယ်စပ်မှတစ်ဆင့် ပစ်ကပ်ကားများ၏ နောက်တွဲကိုဖြုတ်ကာ လိုက်ထရပ် နောက်တွဲဖြင့် ပြောင်းတပ်...

တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်

နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားအား ဇူလိုင် ၆ ရက်က တွေ့ရစဉ်  တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၆ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။  "ကျွန်တော်တို့ အနေနဲ့ ၂၀၁၅ ခု အကုန်မှာ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်က...

အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူရန် လေ့လာမှုများ စတင်

သီလ၀ါဆိပ်ကမ်း ဧရိယာ အတွင်းရှိ မြေကွက်များကို ဇွန်လဆန်းပိုင်း အတွင်းက တွေ့ရစဉ်  အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူ ရန်လေ့လာမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။  မြန်မာနိုင်ငံတွင် တည်ထောင်လုပ်ကိုင်မည့် အထူးစီးပွားရေး ဇုန်များဖြစ်သော သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေး ဇုန်များတွင်...

အများပြည်သူအကြား အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် အသုံးပြုသူ ၁၆၀၀၀၀ ကျော်သာရှိ

အေတီအမ်စက် တပ်ဆင်ထားသော ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်  အများပြည်သူမှ ဘဏ်များမှ ထုတ်ဝေပေးထားသည့် အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် ထုတ်ဝေပေးထားမှုမှာ ၁၆၁၆၀၁ ဦးသာရှိပြီး တစ်နိုင်ငံလုံး တပ်ဆင်ပေးထား သည့် အေတီအမ်စက် အလုံးရေမှာ ၂၇၅ စက်သာ ရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။  အဆိုပါအေတီအမ်ကတ်ထုတ်ဝေထားမှုနှင့် စက်တပ်ဆင်မှုပမာဏမှာ ဇူလိုင် ၄ ရက်အထိဖြစ်ပြီးအေတီအမ် ကတ်ကို...

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်၏ ဘဏ်ခွဲ ၁၄၀ နီးပါး ရှိလာ

ကမ္ဘောဇ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်  မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်မှ ဘဏ်ခွဲ ၁၃၇ ဘဏ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။  မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၀ ရှိပြီး ဘဏ် ၁၈ ဘဏ်ကသာ ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ သည် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ ဘဏ်ခွဲ ၅၁၅ ဘဏ် ဖွင့်လှစ်ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင်...

ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲလိုသော ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံများအား ကုန်ကျစရိတ်၏ သုံးပုံတစ်ပုံကို ချေးငွေထုတ်ပေးမည်

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်  ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရိုက်ကူးလိုသော ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံများအား ရိုက်ကူးထုတ်လုပ် မှုနှင့် ရုံပြင်ဆင်မှုများ၏ သုံးပုံတစ်ပုံကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ် မှ ငွေထုတ်ချေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။  ယင်းသို့ ငွေချေးယူနိုင်ရန်အတွက် ဇာတ်ကားထုတ်လုပ်မှုနှင့် ရုပ်ရှင်ရုံ ပြင်ဆင်မှုများအတွက် ကုန်ကျစရိတ် များကို အသေးစိတ်...

တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်တွင် ဇူလိုင် ၆ ရက်က စတင်ပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-စိုးမင်းထိုက်)  တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်သားပါတီများဖက်ဒရေးရှင်း...

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအား မေလက မြစ်ကြီးနားမြို့ တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)  ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ၏ နေရာကို ပြင်ဆင်ခြင်း များဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်...

ကသည်းသူပုန်များက ကုန်သည်များအား ဆက်ကြေးတောင်းခံလာပြီးနောက် နန်းဖာလုံဈေးတွင် ဆိုင်ခန်းများ ပိတ်ထားရ

နန်းဖာလုံဈေးအတွင်း ဆိုင်ခန်းများ ပိတ်ထားသည်ကို ဇွန် ၅ ရက်က တွေ့ရစဉ်  အိန္ဒိယနိုင်ငံကို အဓိကအားထား ဈေးရောင်းချရသည့် နန်းဖာလုံဈေးတွင် မိမိတို့၏ ဖောက်သည်ကုန်သည် များအား ကသည်းသူပုန်များက ဆက်ကြေးတောင်းခံရမှုများ ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအ၀ယ် နည်းပါးလာမှုကြောင့် ဈေးရှိဆိုင်များ ပိတ်ထားကြရသည်ဟု အဆိုပါဈေးမှ ကုန်သည်များ၏ ပြောကြားချက် အရ သိရသည်။  "နယ်စပ်မှာ ဒီလိုကိစ္စတွေ မကြာခဏ ဖြစ်ပေါ်နေတော့ မကောင်းဘူး။ အခုတော့ သူတို့က တစ်ဖက်နိုင်ငံ...

မြောက်ဥက္ကလာပ မြို့နယ်ရှိ ကန်သာယာ ပန်းခြံအား ပင်လယ်တု အပန်းဖြေစခန်း ပါဝင်သော Theme Park အဖြစ် ပြုလုပ်သွားရန် လျာထား

မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကန်သာယာ ပန်းခြံအား ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)  ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိကန်သာယာပန်းခြံအား ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာ ကစားနည်းများ၊ ရေပန်းများပါဝင်သော အကြောင်းအရာတစ်ခုအပေါ်တွင်အခြေခံသည့် ဖျော်ဖြေရေး ဥယျာဉ် (Theme Park) အဖြစ် ပြုလုပ်သွားရန် လျာထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။  ယင်းသို့ ကန်သာယာပန်းခြံအတွင်း ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာကစားနည်းများကို...

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)  အုပ်စုဖွဲ့ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင်တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။  ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သော ကျော်လင်းသည် အရှည် ၁၈လက်မ ခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင်...

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်  ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူက ပြောကြားခဲ့သည်။  "ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်း တွေ လုပ်သွားဖို့...

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ

မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ်သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ UWSA တို့ "၀" မြောက်ပိုင်းဒေသဌာနချုပ် ပန်ဆန်းတွင်ဆွေးနွေးရန်ညှိနှိုင်းကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း...

ရန်ကုန်တွင် မီးရထား မတော်တဆမှု တစ်လ လေးကြိမ်ခန့် ဖြစ်

လမ်းပိုင်းအားနည်းချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှအားဖြင့် တစ်လလျှင် မီးရထားမတော်တဆမှု လေးကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်ဟု မြန်မာ့မီးရထားမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။ ''လမ်းပိုင်းဆိုင်ရာစံချိန်စံညွှန်း မမီတာ ကအဓိကပေါ့၊ ကျောက်ဆိုလည်း ကျောက်ထုဘယ်လောက်ထည့်ရမယ် စသဖြင့်မပြည့်မီ တာပေါ့''ဟု ၄င်းက ပြောသည်။ ကျွမ်းကျင်လုပ်သားအားနည်းခြင်းနှင့် ခေတ်မီစက်ကိရိယာ မသုံးစွဲနိုင်ခြင်းတို့မှာ လမ်းပိုင်းဆိုင် ရာအားနည်းမှုကို...