ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

10.8.15

စက်တင်ဘာမှာ မြန်မာပြည်ကိုလာမယ့် ရှောင်ကင်စတန်


ဂျမေကာနှင့် အမေရိ ကန်အဆိုတော်ရှောင်ကင်စတန် သည် လာမည့်စက်တင်ဘာ ၆ ရက်တွင် ည ၇ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC စင်တာ၌ ကျင်းပ ပြုလုပ်မည့် ဖက်ရှင်နှင့် တေးဂီတ ပွဲတော်တစ်ခုဖြစ်သော Yangon Runway Girls Collection ပွဲတွင်ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

1.6.15

ကြည့်ရတော့မယ့် အငဲရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော် အငဲ၏ ပထမဆုံး တစ်ကိုယ်တော်ဖြစ်သည့် Live 90 ဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက်တွင် စမ်းချောင်း ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည် ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

25.11.14

မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ အဆင်တန်ဆာတွေကို နိုင်ငံတကာစင်မြင့်မှာ တွေ့ရတော့မည်

လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ဒီဇင်ဘာ ၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ မှာကျင်းပသွားမယ့် နိုင်ငံတကာ အလှမယ် စင်မြင့်တခုမှာ မြန်မာအလှမယ်တဦးကတော့ ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ (Nationla Costume) ပြိုင်ပွဲမှာ မြန်မာ့တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအလှအပတွေ၊ ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အတူ မြန်မာပြည် ကိုယ်စားပြုသွားဦးမှာပါတဲ့။

 မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်နေတဲ့ တိုင်းရင်းသားပေါင်းစုံတွေရဲ့ ထူးခြားတဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကို ၀တ်စုံတခုတည်းမှာ ထည့်သွင်းဖန်တီးသွားမယ်လို့သိရပါတယ်။

ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကတော့ Miss Intercontinental 2014 ပြိုင်ပွဲဖြစ်ပြီး မြန်မာပြည်ကိုယ်စားပြု အလှမယ်က Angel Lamung ပါ။
သူမ ၀တ်ဆင်ယှဉ်ပြိုင်သွားမယ့် အမျိုးသားဝတ်စုံကို ပြန်ဆက်ရမယ်ဆိုရင် လီဆူ၊ အခါ၊ ချင်း၊ ကချင်၊ ပဒေါင် စတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဆင်ယင်ထုံးဖွဲ့မှုတွေကို ၀တ်စုံတခုတည်းမှာပေါင်းစပ်ဖန်တီးထားပါတယ်။

ခါတိုင်း အလှမယ်တွေရဲ့ အမျိုးသားဝတ်စုံတွေကိုကြည့်ရင် များသောအားဖြင့် တိုင်းရင်းသားတခုတည်းကိုပဲ ကိုယ်စားပြုပြီး ဖန်တီးထားတာကိုသတိထားမိပါတယ်။ အခုလို တိုင်းရင်းသားပေါင်းစုံရဲ့အဆင်တန်ဆာတွေ စုပေါင်းပြီး ၀တ်စုံတခုတည်း ဖန်တီးထားတာ ဒါပထမဆုံးလို့ပြောလို့ရပါတယ်။  

ဒီဝတ်စုံကို ဖန်တီးပေးထားတဲ့ ဒီဇိုင်နာကတော့ မပုံ(My favourite) ပါ။ ပြီးခဲ့တဲ့ ထိုင်ဝမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Face of Beauty 2014 ပြိုင်ပွဲမှာ သူမဖန်တီးပေးလိုက်တဲ့ ၀တ်စုံဟာ National Costume ဆုကို ရခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမဖန်တီးပေးလိုက်တာ ဒေါင်းပျိုမလေးအသွင်လိုဖန်တီးထားတဲ့ အမျိုးသားဝတ်စုံပါ။

“ ခေါင်းဆောင်းကတော့ အခါလူမျိုးတွေရဲ့ ခေါင်းဆောင်းကို နဂိုမူရင်းထက် လိုအပ်တဲ့ accessories တွေ ထပ်ဖြည့်ထားတယ်။ လည်ပင်းမှာ ပဒေါင် လူမျိုးတွေရဲ့ ကြေးကွင်းတွေ ထည့်လိုက်တာက အဓိကက ပဒေါင်ကို ထည့်လိုက်တာက သူ့ရဲ့လည်တံ လှပဖို့ရယ် လူအများစုက ပဒေါင်လူမျိုးဟာ မြန်မာပြည်ကဆိုတာ မသိကြဘူး။ ယိုးဒယားကလို့ ထင်နေကြတော့ နိုင်ငံတကာကို ပြတဲ့အချိန်မှာ ကိုယ့်ရဲ့ လူမျိုးဆိုတာလည်း သိစေချင်တာ လည်း ပါတယ်။ ရင်ဘတ်မှာကျတော့ ချင်းလူမျိုးတွေထဲမှာ မီဇိုချင်းတွေရဲ့ ထမိန်အကွက်ဆင်လေးကို အကျီအဖြစ် အသုံးပြုလိုက်ပြီးတော့ ခရစ်စတယ်တွေကို သူ့ရဲ့မူလပုံစံ မပျက်အောင်လို့ အပြည့်ထိုးလိုက်တာပါ။ အောက်က စကတ်ကတော့ လီဆူတိုင်းရင်းသားတွေရဲ့ စကတ်ပါ။ နောက်ခါးမှာလည်း တိုင်းရင်းသားတွေ အသုံးပြုလေ့ရှိတဲ့ ပလောင်းလေးကို ထည့်ပေးထားတယ်။ ပခုံးမှာလည်း တိုင်းရင်းသားတွေ ခါးပတ်အနေနဲ့ အသုံးပြုထားတဲ့ အဆင်တန်ဆာတွေကို ခြုံပ၀ါလေးလို ထည့်ထားတယ်။ နောက် လည်ပင်းမှာဆွဲထားတာတွေ လက်ကောက်တွေကတော့ ကချင်လူမျိုးတွေရဲ့ အဆင်တန်ဆာတွေပါ။ တကိုယ်လုံးမှာ တကယ့်တိုင်းရင်းသား တွေရဲ့ တန်ဖိုးရှိတဲ့ အရာတွေ အကုန်လုံးထည့်သွင်းပေးထားပါတယ်” လို့ ဒီဝတ်စုံကို ဖန်တီးထားတဲ့ ဒီဇိုင်နာ မပုံ့ က ရှင်းပြပါတယ်။

မြန်မာတပြည်လုံးက တိုင်းရင်းသားတွေရဲ့ တန်ဖိုးထားမြတ်နိုးတဲ့ အရာတွေကို စုစည်းပြီး နိုင်ငံတကာ စင်မြင့်မှာ ကိုယ်စားပြု အလှပြသွားမယ့် ဒီ အမျိုးသားဝတ်စုံရော Best of National Costume (အကောင်းဆုံး အမျိုးသားဝတ်စုံ) ဆု ရဦးမလားဆိုတာ စောင့်ကြည့်ကြအောင်ပါ။

Miss Intercontinental 2014 အလှမယ်ပြိုင်ပွဲရဲ့ final ပွဲစဉ်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပသွားမှာပါ။

ဧရာဝတီ Blog

18.9.14

လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားသရုပ်ဆောင် လီဂျင်ဝတ်နဲ့ ကောင်ဟိုဂျင်း


ကိုရီးယားသရုပ်ဆောင် မင်းသားနှင့် မင်းသမီးများဖြစ်ကြ သော လီဂျင်ဝတ်နှင့် ကောင်ဟို ဂျင်းတို့ လမ်းခွဲလိုက်ပြီဟု တရား ၀င် အတည်ပြုသတင်းထုတ်ပြန် လိုက်သည်။

လီဂျင်ဝတ်ကို ဆက်သွယ် ပြီးနောက် ၎င်းနှင့် ကောင်ဟိုဂျင်း တို့မှာ မကြာမီက စုံတွဲအဖြစ်မှ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ဦး၏အ နာဂတ်ကို တစ်ဦးက အားပေးခဲ့ ကြသည်ဟု လီဂျင်ဝတ်၏ အေ ဂျင်စီ Will Entertainment က ပြောသည်။

ကောင်ဟိုဂျင်း၏ အေဂျင်စီ ကလည်း မင်းသားနှင့် မင်းသမီး လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနှင့် ယင်းမှာ ပုဂ္ဂိုလ်ရေး အကြောင်းပြ ချက်များကြောင့်ဖြစ်၍ နားလည် စေလိုကြောင်း ထုတ်ပြန်သည်။

လီဂျင်ဝတ်နှင့် ကောင်ဟို ဂျင်းတို့ တွဲသွားတွဲလာရှိနေသည် ကို မေလ ၂၉ ရက်က အတည်ပြုခဲ့ ပြီးနောက် လူအများ ပိတ်ပင်ထား ခဲ့ကြပြီး သုံးလအကြာတွင် လမ်း ခွဲခဲ့ကြခြင်းဖြစ်သည်။

kPop News

16.9.14

M.I.B အဖွဲ့ရဲ့ M.I.B Yangon Live ‘’AQUA BOMB”နှင့် မန္တလေးမှာ ပထမဆုံး ပြုလုပ်ကျင်းပမယ့် K-Pop ရှိုး စာနယ်ဇင်းမိတ်ဆက်ပွဲ


ကိုရီးယားနိုင်ငံရဲ့ကျော်ကြားသောK-Pop အဖွဲ့တွေထဲမှ တစ်ခုအပါအဝင်ဖြစ်သော M.I.B K-Pop နှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ၊ ၁၅ရက်နေ့က Central ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ K-Pop ပွဲအား ပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး HANBAEK Organizer ရဲ့တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံကြက်ခြေနီများအသင်းရဲ့ ဆင်းရဲသူများ လျော့ကျစေဖို့ အတွက် ရန်ပုံငွေပွဲအဖြစ် ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။ ဒီပွဲကနေ ရလာတဲ့ အမြတ်စွန်းထဲက တစ်စိတ်တစ်ဒေသကိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကိုရီးယား Education Center နှင့် မြန်မာနိုင်ငံမှာရှိတဲ့ မိဘမဲ့ကလေးကျောင်းတွေကို လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။ M.I.B K-Pop အဖွဲ့ဟာ ဘရာဇီးWorld Cup ပွဲနှင့် အမေရိကားကို သွားရောက်ဖျော်ဖြေခဲ့စဉ်တုန်းကလည်း ပရိသတ် အားပေးမှုရရှိခဲ့လို့ အောင်မြင်မှုရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံမှာလည်း သွားရောက် ဖျော်ဖြေခဲ့ရာမှာလည်း အောင်မြင်မှု ထပ်ရရှိခဲ့ပါသေးတယ်။ ဂျပန်မှာဆိုရင်တော့ သူတို့ရဲ့အခိုင်အမာပရိသတ်က ၆၀၀၀ကျော်လောက် ရှိခဲ့ပါတယ်။ အခုလုပ်မယ့် ပွဲကမန္တလေးမှာ ပထမဦးဆုံး ပြုလုပ်ကျင်းပခြင်းပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်  မန္တလေးမှာ K-Pop ကို ထိုးဖောက်ချင်တာကြောင့်ပါ။ ရန်ကုန်မှာက K-Pop ပရိသတ် အမာခံ၁၄၀၀လောက်ရှိပါတယ်။ မန္တလေးရှိ ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်မှာ စက်တင်ဘာ၂၆ရက်နေ့၊ ညနေ၆နာရီကနေ ၉နာရီထိ ကျင်းပသွားမယ်။ ရန်ကုန်မှာဆိုရင် MEP(myanmar event park)မှာ စက်တင်ဘာ ၂၈ရက်နေ့၊ ညနေ၆နာရီကနေ ၉နာရီထိ ကျင်းပသွားပါ့မယ်။ လက်မှတ်ဝယ်ယူရရှိနိုင် မယ့်နေရာတွေကတော့ Tony TunTun၊ မန်းသီရိတေးသံသွင်း၊ Nobody၊ Citymartဆိုင်ခွဲများနှင့် 1876 တို့မှာရရှိနိုင်ပြီး ဈေးနှုန်းတွေကတော့ရန်ကုန်မှာ ၃၀၀၀၀ နှင့် ၇၀၀၀၀ ဖြစ်ပြီး မန္တလေးမှာတော့ ၃၀၀၀၀၊ ၅၀၀၀၀နှင့် ၇၀၀၀၀ဆိုပြီးသတ်မှတ်ထားပါတယ်”လို့ ပြောသွားပါတယ်။

Trend Myanmar

5.3.14

"ဗီယမ်နမ်နိုင်ငံမှာ အနုပညာ လှုပ်ရှားမှုနဲ့ နိုင်ငံ့ ဂုဏ်မြှင့်တင်နေ တဲ့ ခင်ရွှန်းလဲ့ဝေ (Lilly Luta)"



Wednesday, March 5, 2014

အနုပညာလောကကို ၂ဝဝ၉ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပြီး အနုပညာ သက်တမ်း ၅နှစ် အတွင်းမှာ ရည်မှန်းချက် အတိုင်း ခြေလှမ်းမှန် မှန် လျှောက်လာခဲ့ သူ ကတော့ မြန်မာ လှပျိုဖြူလေး ခင်ရွှန်းလဲ့ဝေ (Lilly Luta) ပဲဖြစ်ပါတယ်။ အခု လက်ရှိမှာ သူမဟာ ဗီယမ်နမ်နိုင်ငံရှိ ဟိုချီမင်း မြို့မှာ နေထိုင်လျက် ရှိပြီး အနုပညာ အ လုပ်တွေ လုပ်ဖြစ် နေသလို၊ College ကျောင်းဖြစ်တဲ့ TC Hochi Minh CityrSm Department of Banking and Finance ပညာရပ်သင်တန်းကို တက်ရောက် သင်ကြားနေ သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး အနုပညာလှုပ်ရှားမှု အကြောင်းတွေ အပြင် လူငယ် တစ်ယောက်ရဲ့ လူမှုဘဝ ပုံရိပ်တွေ အကြောင်း ကို သူ နဲ့မေးမြန်း ဖြစ်ခဲ့ပါတယ်။

22.2.14

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ နန်းခင်ဇေယျာ



မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက် ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စီစဉ်နေပါပြီ။

19.2.14

အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်



ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေးကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။

15.2.14

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီ



15-2-2014

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့
အခု အချိန်မှာ ပန့်(ခ်) ပုံစံ အဝတ်အစား ဒီဇိုင်းတွေကို ကြိုက်နေပါတယ် ဆိုတဲ့ မော်ဒယ်ဟန်သီက လတ်တလော မှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာကြော်ငြာတွေ ရိုက်နေ ပါတယ်။

ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ သီဆိုကြမယ့် အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကို မေးမြန်းပေးထားပါတယ်။ (သန့်ဇင်ဦး)



ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

L လွန်းဝါ

ကျွန်တော်က ဒီပွဲအပါအဝင် ကိုရီးယားကို သွားဖျော်ဖြေဖြစ်တာ လေးပွဲလောက် ရှိပါပြီ။ ဒီပွဲမတိုင်ခင် ကြားထဲမှာ ကိုရီးယားကို သွားဖျော်ဖြေဖို့ စီစဉ်လိုက်သေးတယ်။ အစီအစဉ် ပျက်သွားလို့ မသွားဖြစ်တာ။ ကျွန်တော်နဲ့ ကိုဟဲလေးက ဒီပွဲလေးမှာ ကူညီပြီး ဆိုပေးတဲ့ သဘောပါ။ အဓိက ကတော့ မိန်းကလေး အဆိုတော် ခုနစ်ယောက်ရဲ့ ပွဲပေါ့။ သူတို့ထဲမှာက ကျွန်တော်နဲ့ စုံတွဲဆိုလို့ ရတဲ့ သူက အိမ့်ချစ်၊ ဝိုင်းစုနဲ့ N ကိုင်ရာ တို့လောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေက အငယ်တွေ ဆိုတော့ သူတို့နဲ့ စုံတွဲ သိပ်မဆိုဖူးဘူး။ ကိုရီးယားက မြန်မာပရိသတ်တွေက ကျွန်တော်တို့တွေ သွားဆိုကြရင် တော်တော်လေး အားပေးတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတာပါ။ ကိုရီးယားတို့၊ ဂျပန်တို့က ကုန်ကျစရိတ်လည်း အရမ်းများတဲ့အခါကျတော့

8.2.14

မြန်မာဖက်ရှင်သီတင်းပတ် စတင်၊ မြန်မာမော်ဒယ်လောက ဝါးမြိုခံရနိုင်ဟု ဂျွန်လွင် သတိပေး

နိုင်ငံရေး စီးပွားရေး ပွင့်လင်းလာချိန်မှာ အနောက်နိုင်ငံတွေက မြန်မာပြည်ရဲ့ ဖက်ရှင်နဲ့ မော်ဒယ်လောအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေပေ မယ့် ပြည်တွင်းက ဖက်ရှင်မော်ဒယ်လောကရဲ့ အားထုတ်မှုကတော့ ကျဆင်းနေတာကြောင့် ဝါးမြိုခြင်းခံရမယ်လို့ ဂျွန်လွင်က ဖေဖော်ဝါရီ ၇ရက်နေ့မှာ သတိပေးလိုက်ပါပြီ။

26.11.13

ပရိသတ် အထင်လွဲစရာဖြစ်မယ့် ကာရိုက်တာမျိုး ရှောင်ရိုက်မှာပါလို့ ဆိုလာတဲ့ စိုးနန္ဒာကျော်

The Sign Of Love ဇာတ်ကားမှ စတင်ကာ ပရိသတ်တွေ သတိထားမိခဲ့ကြသလို သူမရဲ့ ခင်မင်ဖော်ရွေလှတဲ့ စိတ်ထားဖြူဖြူကြောင့် လက်ရှိ ဇာတ်ကားတွေတော်တော်များများမှာလည်း သရုပ်ဆောင်လာရတာကို တွေ့ရပါတယ်။ သူမကတော့

23.11.13

"ရွှေ FM က ချီးမြှင့်တဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ် တေးပြုစာဆိုဆု ရရှိခဲ့တဲ့ နိုင်းဝမ်း"

ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကို “နင်သာ ရှိရင်” သီချင်းနဲ့ ရရှိခဲ့တဲ့ ဟစ်ဟော့ပ် အဆို တော်နိုင်ဝမ်း က ဂီတလောက ကို လျှောက်လှမ်း ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလ အတွင်းမှာ ဒီဆုလေးက သူ့ဘဝရဲ့ မှတ်တိုင်တစ်ခု ဖြစ် ခဲ့ကြောင်း ပြောပါတယ်။

21.11.13

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလကုန်တွင် ပြုလုပ်မည်

ရုပ်ရှင် အနုပညာရှင် အတတ်ပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော အမြင့်ဆုံး ဆုဖြစ်သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလကုန်တွင် ရန်ကုန်မြို့တော်၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက The Voice သို့

14.11.13

Layer Cake နောက်ဆက်တွဲဇာတ်ကားတွင် ပါဝင်မည့် ဂျေဆန်

ပထမဆုံး Layer Cake ဇာတ်ကားကို (၂၀၀၄)ခုနှစ်က ရုံတင်ခဲ့ပြီး အဓိကဇာတ်ကောင် XXXXအဖြစ် James Bondမင်းသား ဒန်နီရယ်လ် ကရိတ်ဂ်ျက သရုပ်ဆောင်ခဲ့

12.11.13

အင်းဝခေတ် ဝတ်စုံနဲ့ Top 10 ဝင်ခဲ့တဲ့ ထားထက်ထက်နဲ့ တွေ့ဆုံခြင်း

ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ အသက် ၂၄ နှစ် အရွယ်ရှိတဲ့ ထားထက်ထက် ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။

8.10.13

Heartbreaker သီချင်းသစ်အကြောင်း ပြောပြခဲ့သည့် ဂျက်စတင်ဘီဘာ

Heartbreaker ဟု အမည်ပေးထားသော ယင်းသီချင်းသည် အသက်(၁၉)နှစ်အရွယ် ကနေဒါ Popဂီတ ကြယ်ပွင့် အဆိုတော် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။

4.9.13

ခိုင်နှင်းဝေနှင့်တွေ့ ဆုံခြင်း

ရတနာတွေ့ဆုံမေးမြန်သည်။

အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာမျက်စိနဲ့ပဲ ကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန် သွားပြန်တော့လည်း ကြည့်ရတာအဆင်မပြေဘူး
တစ်ခေတ်တစ်ခါက ဆံပင်ရှည်ရှည်မြန်မာဆန်ဆန်အကျီကို အမြဲတမ်းဝတ်ဆင်ပြီး အနုပညာ လောကတွင်ခေတ်စားခဲ့သူ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခုအခါတွင်လည်း မိမိနှင့်လိုက်ဖက်မည့် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်လာ၍ ဇာတ်ကားရိုက်ရက်များစိပ်လာလျက် စီးပွားရေးအ နေဖြင့်မဟုတ်ဘဲ အနုပညာလောကထဲမှာပဲ ကျင်လည်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် ပရိုဂျူဆာလုပ်မည်ဆိုသည်နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်

မေး - အစ်မရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေး။
ဖြေ - အစ်မ ဗီဒီယိုကားလေးတွေတော့ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ အခုက ဟိန်းဝေယံ နဲ့ရိုက်နေတယ်။ ပြီးရင်တော့ မင်းရာဇာနဲ့ တစ်ကားရိုက်ဖို့ရှိတယ်။ နောက်ထပ်မင်းသားသစ်နဲ့ လည်း တစ်ကားရိုက်ဖို့ရှိပါတယ်။ အဲဒါပြီးရင် မြင့်မြတ်နဲ့ရိုက်မယ်။

မေး - အနုပညာအလုပ်အပြင် တခြားစီးပွားရေးရော လုပ်ဖို့ရှိလား။
ဖြေ - တခြားစီးပွားရေးမလုပ်ဖြစ်ပါဘူး။ အနုပညာအလုပ်ပဲ ဝါသနာပါတယ်။ အဲဒီအလုပ်ပဲ လုပ်တတ်တယ်။ အခု အစ်မပရိုဂျူဆာဘက်ကိုလုပ်ဖို့ စဉ်းစားနေတယ်ပေါ့နော်။ တခြား စီးပွားရေးလုပ်မယ်ဆိုလည်း မလုပ်တတ်ဘူးလေ။ အစ်မ အခုရိုက်တော့ ရိုက်ထားပြီးပြီ။ သုံးကားရှိပြီ။ မြင့်မြတ်နဲ့ရိုက်ဖို့ရှိတယ်။ အစ်မ တိုက်တော့မဖွင့်သေးဘူး။ လက်ထဲမှာ ကားများ များရှိမှ တိုက်ဖွင့်မယ်လို့ စဉ်းစားထားတယ်။

မေး - ထုတ်လုပ်ရေးနာမည်ရော ပေးဖြစ်ပြီလား။
ဖြေ - လောလောဆယ်တော့ အစ်မအဒေါ်ကုမ္ပဏီနာမည်ပဲ ပေးထားသေးတယ်။ စိမ်းဝါနီပဲ ပေးထားတယ်။

မေး - ရုပ်ရှင်နဲ့ သရုပ်ဆောင်ကနေ ပရိုဂျူဆာဘက်ကို ပြောင်းဖြစ်သွားတာကရော။
ဖြေ - ပြောင်းလဲသွားတာက ဒီအလုပ်ပဲ ဝါသနာပါတော့လေ။ ဒီအထဲမှာပဲ ကျင်လည်နေတာ ဆိုတော့ သိပ်ပြောင်းလဲတာမရှိပါဘူး။ ဒါပေမဲ့ အခက်အခဲတစ်ခုက ဘာလဲဆိုရင် ကိုယ်က လည်း ကာရိုက်တာပိုင်းက လာတဲ့သူဆိုတော့ ပရိုဂျူဆာလုပ်တာ စီးပွားရေးနည်းနည်းဆန်ရ တာပေါ့နော်။ ကိုယ်က ကာရိုက်တာပိုင်းကလာတာဆိုတော့ ဈေးမဆစ်ချင်ဘူး။ ပြဿနာက တော့ အဲဒါပဲ။ ဈေးဆစ်ရတာ အားနာတယ်။ ဈေးဆစ်တော့လည်း ပရိုဂျူဆာပိုင်းအနေနဲ့ ကိုယ်က လုပ်ရတာဆိုတော့လေ။ သိပ်လည်း မဆစ်ချင်ဘူး။ သရုပ်ဆောင်အချင်းချင်းလည်း ကိုယ်ချင်းစာတယ်။ အဲဒီ အခက်အခဲလေးတွေတော့ အစ်မမှာရှိတယ်။

မေး - အစ်မ ဇာတ်ကား ဘယ်နှကားလောက်ဖြန့်ပြီးပြီလဲ။
ဖြေ - အိမ်ပေါ်ဆိုတဲ့ ကားလေးက သူထူးစံနဲ့ပေါ့။ အဲဒီကားက ထုတ်လိုက်ပြီ။ လပ်ကီးဘော့စ် ကနေ ဖြန့်ပြီးတော့ထုတ်တယ်။ နောက် ကိုဝေနဲ့ နှစ်ကားဖြန့်ဖို့ရှိတယ်။ အဲဒါက အစ်မ မဖြန့်သေး ဘူးပေါ့။ ဒါပေမဲ့ ဆင်ဆာတော့ကျပြီ၊ အဲဒီဇာတ်ကားနှစ်ကားကိုဖြန့်ဖို့ လုပ်နေတယ်။

မေး - ခေတ်ပြောင်းလဲလာတဲ့အပေါ်မှာ သရုပ်ဆောင်လုပ်ရတဲ့ အမြင်လေးပြောပြပေးပါဦး။
ဖြေ - ခေတ်ကတော့ တိုးတက်လာတာပေါ့နော်။ အခုခေတ်ကျမှ မင်းသမီး စလုပ်ချင်တယ် လို့။ အခုခေတ် မင်းသမီးလုပ်တဲ့ကလေးတွေက ကံကောင်းတယ်။ စက်ပညာတွေကလည်း အင်မတန်တိုးတက်လာတဲ့အခါကျတော့ ပိုပြီး ကံကောင်းတယ်လို့ထင်ပါတယ်။ အစ်မတို့တုန်းက ဆိုရင် မင်းသမီးခေါင်တွေက ပိတ်နေတာပေါ့နော်။ အစ်မတို့ တော်တော်ကြိုးစားရတယ်။ အခု ဒီဘက်ခေတ်မှာကျတော့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ မော်ဒယ်သင်တန်းတွေ ရှိတယ်။ ဂျာနယ်တိုက်တွေ အများကြီးရှိတယ်။ Channel တွေလည်း အများကြီးရှိတယ်။ အခု ခေတ်က ပွင့်လင်းလာပြီဆိုတော့ မင်းသမီးသစ်တွေ၊ မော်ဒယ်ပေါက်စတွေက အများကြီး။ အဲဒီအထဲကမှ ကိုယ်က အရည်အချင်းရှိအောင်လုပ်ဖို့ပဲ လိုတာပေါ့နော်။

မေး - ဆင်ဆာလျှော့လိုက် ပြန်တင်းကျပ်လိုက်အပေါ်မှာရော အစ်မအမြင်။
ဖြေ - ဒါရိုက်တာတွေဆိုလည်း တီထွင်ကြံဆတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာတယ်။ အရင် တုန်းကဆိုရင် ချစ်ကြိုက်ကွဲညား မိသားစုဇာတ် ဒီအထဲကကို မထွက်နိုင်ဘူး။ ဒါပေမဲ့ ဆင်ဆာတအားလွတ်ပြန်ရင်လည်း စည်းမရှိကမ်းမရှိတွေမဖြစ်စေချင်ဘူး။ ဇာတ်ကားတွေ ဆိုရင် တချို့ပေါက်တတ်ကရတွေ။ ဇာတ်ကားထဲမှာပါတဲ့ နာမည်တွေကလည်း ခပ်ကြမ်း ကြမ်းကြီးတွေကျတော့ တစ်မျိုးပဲ။ အဆင့်အတန်းမီစေချင်တာပေါ့နော်။ မင်းသမီး၊ မော်ဒယ် တွေဝတ်တယ်ဆိုရင်လည်း ခေတ်မီအောင် ဝတ်စေချင်တယ်။ ခေတ်လွန်တာမျိုး မဖြစ်စေချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာလူမျိုးက ဗမာလိုပဲကြည့်တာလေ။ ဘယ်လိုပဲ ဆင်ဆာလွတ် လွတ်၊ ဘယ်လောက်ပဲ လွတ်လပ်တဲ့နိုင်ငံဖြစ်ပါစေ။ အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာ မျက်စိနဲ့ပဲကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန်သွားပြန်တော့လည်း ကြည့်ရတာ အဆင် မပြေဘူး။ အဲဒီတော့ ကိုယ့်ရဲ့ဗမာယဉ်ကျေးမှုလည်း ဖြစ်တယ်။ ခေတ်လည်း မီရမယ်ဆိုတဲ့ပုံစံမျိုး တွေနဲ့ ကားလည်းကောင်းမယ်၊ မင်းသမီးလေးတွေလည်းပိုလှမယ်လို့ အစ်မမြင်ပါတယ်။

မေး - အခုခေတ်ရတဲ့အနုပညာကြေးနဲ့ အရင်တုန်းကရတဲ့ အနုပညာကြေး ဘယ်လို ကွာခြားလဲ။
ဖြေ - ဒါကတော့ ညီမရယ်။ သူ့ခေတ်နဲ့သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ တန်းတစ်ခု တော့ရှိတယ်။ အစ်မတို့ကလည်း အစ်မတို့တန်းမှာ အစ်မတို့ခေတ်က မင်းသမီးတွေရှိကြတယ် လေ။ ဒီတန်းနဲ့ ဒီဈေးပဲ။ အရင်ခေတ်ကလည်း ဒီတန်းနဲ့ ဒီဈေးပဲ။ ငွေကြေးဖောင်းပွလာတာနဲ့ အမျှတော့ ပိုက်ဆံက တိုးပွားသွားတာတော့ရှိတာပေါ့။ ဒါပေမဲ့ သူ့မင်းသမီး၊ သူ့အတန်းအ လိုက် သူ့ဟာနဲ့ သူဈေးကတော့ သင့်တင့်မျှတမှုရှိပါတယ်။

မေး - ဇာတ်ကားတစ်ကားရိုက်ဖို့လာငှားတဲ့အခါ ဘယ်လိုဇာတ်ကောင်မျိုးတွေကို လာငှားလဲ။
ဖြေ - အစ်မတို့က သရုပ်ဆောင်တဲ့အခါကျတော့ အရင်တုန်းကလည်း အစ်မတို့ မင်းသမီးနေ ရာကနေ ကားတွေအများကြီးရိုက်ခဲ့ပြီးသွားပြီ။ ကိုယ့်ခေတ်ကိုယ့်အခါနဲ့ ဖြစ်ပြီးသွားပြီဆိုတော့ ဒီခေတ်မှာက အစ်မတို့လာငှားတဲ့အခါ ဒီကားတစ်ကားရဲ့ ကာရိုက်တာဝင်ဖို့၊ ဒီကားမှာဆိုရင် ဘယ်လိုလိုက်တယ်။ ဘယ်လိုနေရာမျိုး အဓိကဇာတ်ကောင်ဖြစ်မယ့်နေရာမျိုးကို ငှားကြတယ်။ အစ်မတို့ကလည်း ကာရိုက်တာပိုင်းပေါ်ကြည့်ပြီးတော့ လက်ခံကြတာပါ။

မေး - ထင်သလောက်အောင်မြင်မှုမရတဲ့ အနုပညာအလုပ်အပေါ် အစ်မရဲ့ထင်မြင်ချက်က။
ဖြေ - ဒါကတော့ ညီမတရားသဘောနဲ့ကြည့်မယ်ဆိုရင် အဓိကက စိတ်ထားတတ်ဖို့ပဲအရေး ကြီးတယ်။ ကြိုးစားရမှာက ကိုယ့်အပိုင်း၊ ဖြစ်တာ မဖြစ်တာက ကံ။ မဖြစ်လာတာကိုတော့ စိတ် ဓာတ်ကျနေဖို့မလိုဘူး။

မေး - ဆံပင်အရှည်ကနေ ညှပ်လိုက်တာကရော။
ဖြေ - ဆံပင်က မကောင်းတော့တာလည်းပါပါတယ်။ အစ်မတို့ မင်းသမီးတွေက ဆံပင်သိပ်မ ကောင်းကြတော့ဘူး။ ဆံပင်အရှည်ကနေ ညှပ်ပစ်လိုက်တာ။ ဆံပင်အတိုကနေ ဆံပင်အရှည်ထား ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ။

Yangon Media Group

4.7.13

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

မိုင်တိုင် ၂၆ ဆိုတဲ့ သရဲကား ရုံတင်ပြသဖို့အတွက် စာနယ်ဇင်းအကြို မိတ်ဆက်ပြသတဲ့ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က Junction Mawtin အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ခဲ့ပါတယ်။

 
ဒီဇာတ်ကားဟာ ပြင်ဦးလွင်အတက် မိုင်တိုင် ၂၆ မှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ သိရပြီး သရုပ်ဆောင် ခွန်းဆင့်နေခြည်က ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ ဖြစ်ပါတယ်။
 
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးထားပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၅ ရက်နေ့ကျရင် တော်ဝင်စင်တာမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
မိုင်တိုင် ၂၆ စာနယ်ဇင်းပွဲနေ့က ခွန်းဆင့်နေခြည် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
 
ထုတ်လုပ်သူ သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူတို့ ပထမ ရိုက်ခဲ့လို့ ပရိသတ် သိသွားတဲ့ ဇာတ်ကားက မိုင်တိုင် ၇၆ ဖြစ်တဲ့ အကြောင်း၊ အဲဒီကားကို သရ၀ဏ် ထုတ်လုပ်ရေးက မင်းအုပ်စိုး ထုတ်တာဖြစ်ပြီး ဒါရိုတာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ပဲ ရိုက်တာ ဖြစ်ကြောင်း၊ အဲဒီကားက ပရိသတ်ရဲ့ ရင်ထဲကို အထိုက်အလျောက် ရောက်သွားခဲ့ပြီး ပရိသတ် အားပေးမှုလည်း ရခဲ့တဲ့အတွက် အခု ဖြစ်ရပ်မှန်ဇာတ်ကား မိုင်တိုင် ၂၆ ကို ရိုက်ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“ဦးမျိုးမင်းက အခုဇာတ်လမ်းက တကယ့် ဖြစ်ရပ်မှန်တဲ့၊ ပြင်ဦးလွင် အတက် ခြောက်ထပ်ကွေ့ ဆိုတဲ့နားမှာ ကားခဏခဏ မှောက်ပြီး လူတွေ ခဏခဏ သေတယ်တဲ့၊ အဲဒီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တခုကို ရိုက်ဖို့အတွက်ဟြေတော့ ခွန်းဆင့်ကလည်း ရိုက်ဖို့ အဆင်ပြေတယ်၊ စိတ်ဝင်စားတယ်ဆိုပြီး ဒီဇာတ်ကို ရိုက်ခဲ့တာ” လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

ဒီဇာတ်လမ်းကို ဖတ်ကြည့်တဲ့ အချိန်မှာ ကြက်သီးတွေတောင် ထတယ်လို့ သိရပါတယ်။

“လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်၊ အဲဒါကြောင့် ရိုက်ဖြစ်တာ။ ဒီဇာတ်ကား ရိုက်တုန်းက စိတ် အနှောင့် အယှက်တွေ အရမ်း ဖြစ်တယ်၊ စိတ်တွေလည်း ကယောက် ကယက် တွေ ဖြစ်ခဲ့တယ်၊ ကြောက်စိတ်တွေ ဖြစ်ခဲ့တယ်၊ မိုင်တိုင် ၇၆ တုန်းက ကြောက်ပေမယ့်၊ ဒီကားမှာ စိတ်ခံစားမှု ပိုပြင်းတယ်လို့ ခံစားရတယ်။ တယောက်ယောက်က ၀င်နွှယ် နေသလိုမျိုး ခံစားရတယ်၊ တယောက်ယောက်က အနှောင့်အယှက် ပေးနေသလိုလည်း ခံစားရတယ်၊ စိတ်သောကတွေလည်း အများကြီး ဖြစ်ခဲ့ရတယ်၊ ခွန်းဆင့်က ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ၀င်ပူးပြီး ဖြစ်သွားသလိုပဲ၊ တကယ် ဖြစ်နေသလို မြင်ရတယ်” လို့ ခွန်းဆင့်နေခြည်က ဇာတ်ကားအကြောင်း ရှင်းပြပါတယ်။

မိုင်တိုင် ၂၆ က ဖြစ်ရပ်မှန် သရဲကားလို့ ဆိုပါတယ်။ ဒီကားမှာ ခွန်းဆင့်နေခြည် အနေနဲ့ သရုပ်ဆောင်ချက်တွေ လိုအပ်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး ဆိုတဲ့အကြောင်း၊ ပြည့်စုံတယ်လို့ ယုံကြည်နေကြောင်း၊ ပီပြင် နေတယ်လို့လည်း ခံစားရကြောင်း ပြောပါတယ်။

“တမင် လုပ်ယူထားတာ မဟုတ်ဘဲ စိတ်ကိုလွှတ်ထားပြီး လုပ်တဲ့အတွက် ပီပြင်သွားတာလို့ ထင်တယ်၊ ဒီကားကို ကိုယ်တိုင်လည်း ခဏခဏ ကြည့်ဖြစ်တယ်။ ကြည့်တဲ့ အခါတိုင်းလည်း ငိုချင်တယ်၊ ကြက်သီးတွေလည်း ထတယ်” လို့ သူက ဆက်ဟြေပါတယ်။

ခွန်းဆင့်နေခြည်က ကာရိုက်တာ စုံအောင် ရိုက်ဖူးပြီး သူရတဲ့ အနုပညာကြေး ထဲကနေ ပရလောကသား တွေအတွက် အမြဲတမ်း အလှူအတန်း လုပ်ပေးတယ်၊ ပရလောက သားတွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်တဲ့အခါ ပရိသတ် စိတ်ဝင်စားမှု ရတဲ့အတွက်ကြောင့် လှူဖြစ်တာလို့ ဆိုပါတယ်။

ဒီကားကို နိုင်ငံခြားမှာ သွားပြဖို့လည်း စီစဉ်ထားကြောင်း၊ အခုလောလောဆယ် စင်ကာပူမှာ ဆင်ဆာ တင်ထားကြောင်းနဲ့ မြန်မာကားတွေ ပြလို့ရတဲ့ နိုင်ငံတိုင်းမှာ ပြဖို့ ရည်မှန်းထားကြောင်း၊ ပရိသတ်တွေ အတွက် စဉ်းစားပြီး ပရိသတ် အားပေးမှုများရင် နှစ်ပတ်အထိ ရုံတင်ဖို့ စီစဉ်ထားကြောင်း ထုတ်လုပ်သူ ခွန်းဆင့်နေခြည်ရဲ့ အဆိုအရ သိရပါတယ်။

ဒီဇာတ်ကားက ဘယ်လောက်အထိ ကြောက်စရာ ကောင်းမလဲ၊ ကြည့်ရှုသူတွေအတွက် ဘာတွေ ရမလဲ ဆိုတာတော့ ရုံတင်တဲ့ အချိန်မှာ ထွက်ပေါ်လာမယ့် အသံတွေကို စောင့်နားထောင်ရဦးမှာပါ။
  
Ref: http://mmforward.blogspot.com

3.7.13

သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး


လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦးဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြား ပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြ တာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ ဂစ်တာ သင်တန်းတော့ တက်ဖူးတယ်။ ပြီးတော့ သီအိုရီပိုင်း ကိုတော့ ကိုဇာလျန်း သင်တဲ့ သီအိုရီ ပိုင်း သင်တန်း ရှိတယ်။ အခုတော့ တစ်နေရာ တည်းမှာ အစုံသင်လို့ရ တဲ့ ကျောင်းတွေ ရှိတယ်။ ကျွန်တော် တို့ ငယ်ငယ်ကတော့ သင်တန်း တစ်ခုစီက သတ်သတ်ပေါ့။ ခုတော့ တစ် နေရာတည်းမှာ အကုန် သင်နိုင် တယ်” လို့ မျိုးကြီး ကပြောပါတယ်။ 

လက်ရှိအချိန်မှာ သားနှစ်ဦးလည်း ရရှိနေပြီ ဖြစ်တဲ့ မျိုးကြီးကို သားသမီး တွေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “သားနှစ်ယောက် ရှိတယ်။ အကြီးက ၁၂နှစ်၊ အငယ်က ၃နှစ်။ အငယ်လေး ကတော့ မြူးဇစ်ဘက်ကို စိတ်ဝင်စား တယ်။ အကြီးကတော့ ကွန်ပျူတာ ဘက်ကို ပိုအားသန်တယ်။ အငယ် လေးကြီးလာလို့ စိတ် ဝင်စားရင်တော့ ကိုကိုလွင် ဖွင့်တဲ့ Legacy သင်တန်း ကျောင်းမှာထားမယ်။ တအားတော့ ထိန်းချုပ်တာမျိုး မလုပ်ပါဘူး။ သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမှာပါ”လို့ သားတွေနဲ့ ပတ်သက် တာ ကို ပြောပြပါတယ်။

မျိုးကြီးအနေနဲ့ သူ့ရဲ့ နောက်ထပ် အခွေ အတွက် လုံးပန်းနေပြီး IC show တွေကို တော့ ဇူလိုင်လ ကုန်မှာ ပြန်စဖို့ ရှိတယ်လို့ လည်း သိရပြီး IC အနေနဲ့ အခွေ တစ်ခွေထွက်လာဖို့ လည်း ရှိတယ်လို့ သိရပါတယ်။ “LMN တို့၊ ရာစုသစ်တို့လို အတွဲခွေမျိုးတော့ ထွက်ဖို့မရှိသေးဘူး။ IC Live show နှစ် ၂ဝပြည့် အခွေတော့ ရှိတယ်။ အဲဒါက ရိုက်ထားတာ ကြာပြီ။ အဲဒီထဲမှာ Live Show ဆိုတော့ သီချင်း အဟောင်းတွေပဲ ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက် နေ့မှာ ဦးကိုကိုလွင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာ အဆင့်မီ Legacy ဂီတ သင်တန်းကျောင်း နဲ့ ပတ်သက်ပြီးလည်း မျိုးကြီးက “ကိုကို့ (ကိုကိုလွင်) အတွက်လည်း ဝမ်းသာတယ်။ လာသင်မယ့် သင် တန်းသားတွေ အတွက်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်တဲ့အတွက် ဝမ်းသာစရာကြီးပေါ့။ သင်တဲ့ ဆရာတွေလည်းကောင်းတယ်။သင်တဲ့ပုံစံတွေလည်းကျွန် တော်တို့ မြင်မိသလောက်တော့ ကောင်းပါတယ်။ အဲဒီ အတွက် ဝမ်းသာပါ တယ်”လို့ ပြောပြ ခဲ့ပါတယ်။

Ref: ရိုးရာလေး