ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.9.14

ဗြိတိန်မှ စကော့တလန် ခွဲထွက်မည့်အဆို ရှုံးနိမ့်ကြောင်း အတည်ပြု

မဲရလဒ်များ အပြီးသတ် ထွက်ပေါ်လာပြီးနောက် စကော့တလန် နိုင်ငံသည် ဗြိတိန်မှ သီးခြားခွဲထွက်မည် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ စက်တင်ဘာ (၁၈)ရက်နေ့ မဲပေးမှု အပြီးတွင် စကော့တလန်ရှိ မဲဆန္ဒဇုန် (၃၂)ခုအနက် (၃၁)ခုမှ မဲများကို ရေတွက်ပြီးနောက် အဆိုပါ ရလဒ်ကို ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် မဲအရေအတွက် (၁.၈၅)သန်းကျော် ရရှိမှ အဆိုအောင်မြင်မည်ဟု ကြိုတင် ခန့်မှန်းထားရာ မဲဆန္ဒနယ် (၃၁)ခု၏ ရလဒ်များကို ထုတ်ပြန်ပြီးချိန်တွင် ခွဲထွက်ရေးကို ဆန့်ကျင်သူ (၁.၉၁)သန်းနှင့်...

စစ်သွေးကြွချေမှုန်းရေး အီရတ်ကို လက်နက်တင်ပို့ရန် ဂျာမနီပြင်ဆင်

ဂျာမန်အစိုးရဟာ အီရတ်နိုင်ငံ အစ္စလာမ်မစ်ပြည်ထောင်စုအဖွဲ့(အိုင်အက်စ်)ကို တိုက်နေတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေအတွက် ပထမအသုတ် လက်နက်တင်ပို့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပြင်ဆင်နေပါတယ်။ 2ဂျာမနီအရှေ့မြောက်ပိုင်း ဝါရမ်မြို့ စစ်တပ်အခြေစိုက်စခန်းမှာ စစ်အရာရှိတွေက သင်္ဘောတင် ပေးပို့မယ့် စစ်လက်နက် နမူနာတွေကို ခင်းကျင်းပြသထားပါတယ်။ တင့်ကားဖျက် လက်နက်တွေကိုလည်း တခြား လက်နက်တွေနဲ့အတူ အီရတ်မြောက်ပိုင်း ပဲ့ရှ်မာဂါဒေသကို ပေးပို့မှာ ဖြစ်ပါတယ်။ ဂျာမန်ဒုဗိုလ်မှူးကြီး...

“ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ကူညီရှာဖွေရန် အမေရိကန်နှင့် နီပေါနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိ”

ထူးဖောင်ဒေးရှင်း၏ ဆက်သွယ်ခေါ်ယူမှုဖြင့် ပျောက်ဆုံး တောင်တက်သမား (၂)ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် မြန်မာ့ရေမြေသဘာဝကို သိရှိပြီး ဂမ်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့ ခေါင်းဆောင် အန်ဒီတိုင်ဆန်သည် အဖွဲ့ဝင်တစ်ဦးနှင့်အတူ ယနေ့ စက်တင်ဘာလ (၁၉)ရက် နံနက် (၉း၀၀)နာရီ အချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ ထို့ပြင် အချိန်နှင့်အမျှ အရေးကြီးလာသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အရှိန်မြှင့်...

သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ

သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။လက်နက်များ အပြည့်အစုံ ကိုင်ဆောင်ထားကြသော ရဲအရာရှိများ အနည်းဆုံး ၈၀၀ ခန့်သည် ယင်းမြို့ကြီးနှစ်မြို့ရှိ...

ကြားဖြတ်မဲစာရင်းများအရ စကော့တလန်အနေဖြင့် ဗြိတိန်မှခွဲမထွက်ရေး ထောက်ခံသူများ မဲအသာစီးရနေ

စကော့တလန်နိုင်ငံအနေဖြင့် ဗြိတိန်မှ ခွဲထွက်ရေး သို့မဟုတ် မထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ တစ်ရပ်ကို စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး စက်တင်ဘာ ၁၉ ရက်အစောပိုင်းတွင် ထွက်ပေါ် လာသည့် ကြားဖြတ်မဲစာရင်းများအရ ခွဲမထွက်ရေး သမားများဘက်မှ အသာစီးရလျက်ရှိသည်။ မဲအရေအတွက်၏ ၁၃ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် ခွဲမထွက်ရေးဘက်မှ ၅၀ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် ခွဲထွက်ရေး သမား များဘက်မှ ၄၉ ဒသမ ၀၅ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။ တရားဝင်အတည်မပြုနိုင်သေးသည့် ကြေညာချက်များအရလည်း...

စကော့တလန်ကို ယူကေ(ဗြိတိန်) နိုင်ငံ တွင် ဆက်လက် တည်ရှိတော့မည်

ယနေ့ နောက်ဆုံး စကော့တလန်တွင် ယူကေ(ဗြိတိန်) ကနေ ခွဲထွက်လိုသူများ နှင့် မခွဲထွက်ရေး လိုလားသူများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒကောက်ခံမှုများ ပြုလုပ်ပြီးနောက် ခွဲထွက်ရေးသမားများမှာ ၄၅ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားသည့်အတွင် ယူကေ(ဗြိတိန်) မှ ခွဲထွက်ခွင့်ရရှိ တော့မည် မဟုတ်တော့ပေ။ အဆိုပါ မဲဆန္ဒကောက်ခံမှုတွင် ခွဲထွက်လို သူများဘက်မှ ထောက်ခံသူ ၁၅၃၉၉၂၀ ယောက်ထောက်ခံမဲ ပေးခဲကြပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံလူဦးရေး၏ ၄၅ ရာခိုင်နှုန်းရှိပြီး ခွဲမထွက်လိုသူများ...

ဗိုလ်မှူးကြီး တိုက်ဂါးကြေညာချက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မသက်ဆိုင်

 မြန်မာ့တပ်မတော်တပ် ရင်းတပ်ဖွဲ့အသီးသီးမှ တပ်မ တော်သားများ ကရင်ပြည်နယ်အ တွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန် တားမြစ်ကြောင်း KNU/KNLA-PC က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် နှင့်ပတ်သက်၍ အဆိုပါကြေညာ ချက်မှာ ဗိုလ်မှူးကြီး တိုက်ဂါး၏ တစ်ဦးတည်းဆန္ဒသာဖြစ်ပြီး ဗဟို ဌာနချုပ်နှင့် လုံးဝ မပတ်သက် ကြောင်း စက်တင်ဘာ ၁၈ ရက်၌ KNU/KNLA-PC က ကရင်ပြည်နယ်အစိုးရအ ဖွဲ့သို့ အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့သည်။ ‘‘အစိုးရတပ်မတော်ကနေ...

မြန်မာအစိုးရရဲ့  အာဆီယံအိပ်မက်

လွန်ခဲ့တဲ့ သြဂုတ်လ အစောပိုင်းက အာဆီယံအသင်း တည်ထောင်တဲ့ (၄၇) နှစ်ပြည့် အခမ်းအနားနဲ့ (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး နေပြည်တော်မှာ ကျင်းပပါတယ်။ ငြိမ်းချမ်းသာယာတဲ့ အာဆီယံအသိုက်အဝိုင်းဆီကို မမှိတ်မသုန် ချီတက်နေတာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ လာမယ့်တနှစ်အတွင်း အားလုံးပြီးနိုင်လိမ့်မယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း အာဆီယံအသိုက်အဝန်းကိုရောက်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့...

ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော

ယူကရိန်းသမ္မတ Petro Poroshenko ဟာ အမေရိကန်လွှတ်တော်မှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားခဲ့ပြီး၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံး က သူ့ကို အချိန်အတော်ကြာ မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆက်ပြီးတော့ ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ ယူကရိန်းနိုင်ငံကို စစ်ရေး၊ နိုင်ငံရေး နဲ့ စီးပွားရေး အထောက်အကူတွေပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။...

ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးကိစ္စ ဖြစ်မြောက်မလာရန် အလားအလာများနေ

ဗြိတိန်နိုင်ငံအတွင်းမှ စကော့တလန် ခွဲထွက်ရေးအတွက် မဲခွဲဆုံးဖြတ်မှု ရလဒ်မှာ အောင်မြင်နိုင်ခြေ မရှိကြောင်း ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ခန့်မှန်း ဖော်ပြခဲ့သည်။ စက်တင်ဘာ (၁၈)ရက်က အဆိုပါ ကိစ္စအတွက် စကော့တလန်နိုင်ငံသားများ မဲပေးခဲ့ကြပြီး မဲဆန္ဒနယ် (၃၂)ခုအနက် (၂၆)ခု၏ ရလဒ်များကို ကြေညာခဲ့ပြီး ဖြစ်သည်။ အဆိုပါ ရလဒ်များအရ ခွဲထွက်ရေးကို မထောက်ခံသူ (၅၄)ရာခိုင်နှုန်းနှင့် ထောက်ခံသူ (၄၆)ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ ဂရင်းနစ် စံတော်ချိန် နံနက်(၆:၁၅) နာရီအထိ...

အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာလိုက်တဲ့အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ Guinea နိုင်ငံ အရှေ့တောင်ပိုင်းက Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့က ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ဟာ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးသွားပြီးနောက်...

စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး

xဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။ ကြာသာပတေးနေ့ နှောင်းပိုင်းမဲရုံတွေ မပိတ်ခင်အထိ၊ မဲပေးတဲ့သူအရေအတွက်ဟာ အလွန်ကို များခဲ့ပါတယ်။ တရားဝင် မဲရလာဒ်တွေကတော့ သောကြာနေ့ မနက်မှာ ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။ လူထုဆန္ဒခံယူပွဲမတိုင်ခင်...

ဆီးရီယားတွင်း Kurds ကျေးရွာတွေကို IS သိမ်းယူ

Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့တွေဟာ တင့်ကားတွေရဲ့ အကူအညီနဲ့ တူရကီနိုင်ငံနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်းက Kurd လူမျိုးစုတွေရဲ့ ကျေးရွာပေါင်း ၂၁ ရွာကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်လာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေက လက်စားချေ သတ်ဖြတ်မှုတွေ ပြုလုပ်လာမှာ စိုးတဲ့အတွက် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကဒ်လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသမှာ...

စကော့တလန် ခွဲရေး၊ တွဲရေးမှာ တွဲရေးဆန္ဒမဲ အသာစီးရနေ

စကော့တလန်နိုင်ငံကို ဗြိတိန်နိုင်ငံကနေ ခွဲထွက်မလား၊ တွဲနေမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးလို့ မဲရေတွက်နေတာမှာ အခုနောက်ဆုံး ရလာဒ်တွေအရ တွဲရေးမဲတွေက အသာစီးရပြီး ဦးဆောင် နေပါတယ်။ မဲဆန္ဒနယ် ၃၂ နယ်မှာ ၂၃ နယ်က မဲစာရင်းတွေကို ရေတွက်ပြီးချိန်မှာတော့ တွဲရေးဖြစ်တဲ့ NO ဆိုတဲ့ ဆန္ဒမဲ အရေအတွက် က ၁၂၅၆၃၇၂ မဲ ရနေကာ ခွဲရေး ဖြစ်တဲ့ YES ဆိုတဲ့ ဆန္ဒမဲအရေအတွက်က ၁၀၅၅၇၁၆ ရှိ တာကို ဘီဘီစီက ထုတ်လွှင့်ပေးနေတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စကော့တလန်နိုင်ငံအနေနဲ့...

ဆီးရီယားသူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ ကန်လွှတ်တော်ဆုံးဖြတ်

ဆီးရီးယားရဲ့ အလယ်အလတ် ၀ါဒီသူပုန်တွေကို လက်နက် တပ်ဆင်ပြီး လေ့ကျင့်ပေးဖို့ သူ့ရဲ့ အစီအစဉ်ကို အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တာဟာ IS အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်သွားဖို့ကိစ္စမှာ အမေရိကန်တွေဟာ တစုတစည်းတည်း ရှိနေတယ် ဆိုတာကို ကမ္ဘာကြီးကို ပြလိုက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။ အမေရိကန်တွေဟာ ကြောက်ပြီးတော့ အရှုံးပေးသွားမှာမဟုတ်ဘဲ ၊ အားလုံး တပေါင်းတစည်းတည်းနဲ့ ရပ်တည်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ...

ကန်အကဲခတ်အဖွဲ့ မြန်မာပြု ပြင်ရေးကိုထောက်ခံ

သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံကို စစ်လက်နက် အရောင်းအ၀ယ် ပိတ်ဆို့ထားဆဲဖြစ်ပေမယ့် ထိတွေ့ဆက်ဆံရင်း အပြောင်းအလဲတွေဖြစ်ထွန်းအောင် တိုက်တွန်းအားပေးနေကြောင်း၊ Republican တွေကြီးစိုးတဲ့ အောက်လွှတ်တော် ဥပဒေပြုအမတ်တွေက မြန်မာနိုင်ငံကို လုံခြုံရေး အထောက်အပံ့မပေးဖို့ ကျိုးစားတာဟာ ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာ့အရေး အနီးကပ်လေ့လာသူ တဦးက ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတအိုဘားမား ရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံ...

အီဘိုလာကူးစက်မှု နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ဟု ကုလ ပြော

အီဘိုလာရောဂါကူးစက်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီ လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြည်သူ့ကျန်းမာရေးပြဿ နာနဲ့ ပတ်သက်လို့ ပထမဆုံး အကြိမ် အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပအပြီး ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။ Ebola-pix-620x330ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက သန်းနဲ့ချီတဲ့ လူသားတွေရဲ့ ဘ၀တွေကို ပြိုကွဲ ပျက်စီးစေတဲ့ အကြောက်ရဆုံးရောဂါတွေထဲက တခုဖြစ်တဲ့...