ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

25.11.15

တရုတ်သာမက ဥရောပအထိ ကျောက်စိမ်းတင်ပို့နိုင်ရေး ဆောင်ရွက်ပေးသင့်ဟုဆို


  မြန်မာ့ ကျောက်စိမ်းဈေးကွက်ကို တရုတ် နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရ သည့် အခြေအနေမှ ဥရောပ ဈေးကွက်အထိ တင်ပို့ရောင်းချနိုင် ရေးကို အစိုးသစ်လက်ထက်၌ လုပ် ဆောင်ပေးသင့်ကြောင်း မန္တလေး မြို့ ကျောက်စိမ်းဈေးကွက်အတွင်းမှ သိရသည်။

19.11.15

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်း နိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု ဖြစ်ဟုဆို


မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု
ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် အိမ်ခြံမြေအွန်လိုင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။

19.9.14

ကန်အကဲခတ်အဖွဲ့ မြန်မာပြု ပြင်ရေးကိုထောက်ခံ


သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံကို စစ်လက်နက် အရောင်းအ၀ယ် ပိတ်ဆို့ထားဆဲဖြစ်ပေမယ့် ထိတွေ့ဆက်ဆံရင်း အပြောင်းအလဲတွေဖြစ်ထွန်းအောင် တိုက်တွန်းအားပေးနေကြောင်း၊ Republican တွေကြီးစိုးတဲ့ အောက်လွှတ်တော် ဥပဒေပြုအမတ်တွေက မြန်မာနိုင်ငံကို လုံခြုံရေး အထောက်အပံ့မပေးဖို့ ကျိုးစားတာဟာ ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာ့အရေး အနီးကပ်လေ့လာသူ တဦးက ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတအိုဘားမား ရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မှီ ထောက်ခံ အကြံပြုချက်စာတမ်းတင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ်အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတ အိုဘားမားရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံခရီးစဉ်မတိုင်မှီ မြန်မာ့အရေး ထောက်ခံ အကြံပြုချက် စာတမ်း တင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ် ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ် အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မင်္ဂလာပါရှင်၊ အခုလိုတွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။

Priscilla Clapp။   ။ ကျမကလည်း အခုလို ပြန်လည်တွေ့ဆုံကြရလို့ ၀မ်းသာပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အခု ဒီခရီးစဉ်က အခြေအနေကို လေ့လာအကဲခတ်ဖို့ပါလား၊ ဘယ်လို ရည်ရွယ်ချက်နဲ့များ လာခဲ့တာပါလဲ သိပါရစေ။

Priscilla Clapp။   ။ New American Foundation လို့ခေါ်တဲ့ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆန်းစစ် သုတေသနလုပ်တဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Suzanne DiMaggio နဲ့ အတူ ဒီခရီးစဉ်ကိုလာခဲ့တာပါ။ မြန်မာ့ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ် ဘယ်အထိခရီးရောက်နေပြီလဲဆိုတာကို လေ့လာအကဲခတ်ဖို့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တိုးတက်မှုမရှိဘူး၊ နောက်ကြောင်းပြန်လှည့်နေပြီ စသဖြင့် အမြင်မကြည်လင်တာတွေရှိနေတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ မှန်သလား၊ မှားသလားဆိုတာကိုဆန်းစစ်ဖို့ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီခရီးစဉ် အတွင်းမှာ ခေါင်းဆောင်ပိုင်းက အစ အောက်ခြေလူထု အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သမ္မတအိုဘာမားရဲ့ နိုဝင်ဘာလခရီးစဉ်မတိုင်မှီ ထောက်ခံအကြံပြုချက်တွေ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကအပြန် မှာအမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ထောက်ခံအကြံပြုချက်တွေကို အိမ်ဖြူတော်ကို တင်ပြဖို့ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မကြာသေးခင်တုံးက အမေရိကန်အောက် လွှတ်တော်မှာ မြန်မာနိုင်ငံကို လုံခြုံရေး အတွက် ဘဏ္ဍာငွေကြေး မထောက်ပံ့ဖို့ အဆိုကြမ်းတရပ် တင်သွင်းတာရှိပါတယ်။ အဲဒါ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထိတွေ့ဆက်ဆံရေးမူအရ ဘယ်လိုများ အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။

Priscilla Clapp။   ။ သိပ်အကျိုးသက်ရောက်မှု မရှိလှပါဘူး။ ပထမအချက်အနေနဲ့ ဒါဟာ ဥပဒေတရပ် မဟုတ်သေးပါဘူး။ အောက်လွှတ်တော်မှာလုပ်တဲ့ မူကြမ်းပါဘဲ။ အထက်လွှတ်တော်မှာလည်း အလားတူမူကြမ်းတရပ်ရှိရပါမယ်။ အဲဒီမူကြမ်း ၂ ရပ်အတူညှိနှိုင်း မဲခွဲပြီး အတည်ဖြစ်တဲ့အခါကျမှ ဥပဒေရယ်လို့ဖြစ်လာမှာပါ။ ဥပဒေကို အိမ်ဖြူတော်ကို ပို့ပြီး သမ္မတလက်မှတ်ထိုးမှ အတည်ပြုလို့ရပေမဲ့ အမေရိကန်စံနစ်မှာ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချခွင့်ရှိပါတယ်။

ဒီကိစ္စမှာတော့ ဒီအထိဖြစ်လာလိမ့်လို့ မထင်ပါဘူး။ ဥပဒေတရပ် ပြဌာန်းဖို့အတွက် လုပ်ငန်းစဉ်တွေက အဆင့်ဆင့် ရှုတ်ထွေးပါတယ်။ ဒုတိယအချက်ကတော့ ဒီမူကြမ်းကိုသေသေချာချာ ဖတ်ကြည့်ရင် ဘာကို မလုပ်ရဘူးလို့ တားမြစ်တာလဲ ဆိုတာကို သိဖို့ အတော်လေးကို ရှာယူရမှာပါ။ ကျမတို့ဆီမှာ Leahy Law လို့ခေါ်တဲ့ မြန်မာအပေါ် ပိတ်ပင်ထားတဲ့ နှစ်ရှည်လများ ပြဌာန်းထားတဲ့ ဥပဒေကရှိပြီးသားဖြစ်ပါတယ်။ အဲဒီဥပဒေအရ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်ခဲ့တဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်၊ စစ်သင်တန်းစတဲ့ ဘယ်လို စစ်ရေးအကူအညီကိုမှပေးခွင့်မရှိပါဘူး။

ဒါ့ကြောင့် အခုအောက်လွှတ်တော်ရဲ့ အဆိုမူကြမ်း အတည်ဖြစ်ဖြစ် မဖြစ်ဖြစ် မြန်မာ့တပ်မတော်အနေနဲ့ အမေရိကန်ရဲ့ ဘယ်လိုစစ်ရေးအကူအညီကိုမှ ရစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ၂ ဘက် စစ်တပ်အကြား ဆွေးနွေးပြောဆိုတာကိုတော့ တားမြစ်ထားတာမရှိပါဘူး။

အမေရိကန်အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမူအရ အခုဆိုရင် ၂ နိုင်ငံစစ်တပ်အကြား ခေါင်းဆောင်ပိုင်းကအစ အောက်ခြေအဆင့်အထိ ဆက်ဆံရေး ပြန်လည်စတင်နေပါပြီ။ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိစေချင်တဲ့ ဆန္ဒရှိတဲ့အလျောက် အမေရိကန်က ထိတွေ့ဆက်ဆံပြီး တိုက်တွန်းနေတာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မြန်မာသမ္မတရုံးအကြီးတန်းတာဝန်ရှိသူတယောက်ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေအကြား မြန်မာ့အရေး သဘောထားကွဲလွဲနေတဲ့အပေါ် အတော်လေး ဘ၀င်မကျဖြစ်နေတာတွေ့ရလို့ စိတ်ပျက်တယ်လို့ပြောပါတယ်။

သမ္မတအိုဘားမားက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အောင်မြင်တဲ့နမူနာအဖြစ်နဲ့တောင်တင်စားခဲ့တာရှိတယ်ဆိုတော့ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။

Priscilla Clapp။   ။သမ္မတအိုဘားမားအနေနဲ့လည်း အောက်လွှတ်တော်ရဲ့ အဲဒီအဆိုမူကြမ်းအပေါ်မှာ စိတ်ပျက်မှာဘဲလို့ ယူဆပါတယ်။  အားလုံးသိတဲ့ အတိုင်းပါဘဲ ကွန်ကရက်က သမ္မတအိုဘားမားနဲ့ သိပ်အဆင်ပြေတာမဟုတ်ပါဘူး။ အထူးသဖြင့် အောက်လွှတ်တော်ဆိုတာ သမ္မတအိုဘားမားကို ဒုက္ခရောက်အောင် ဆွဲချချင်တဲ့ Republican အမတ်တွေအများစု ထိန်းချုပ်ထား တာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအရ ကစားတဲ့ လှည့်ကွက် လို့လည်းပြောနိုင်ပါတယ်။

အခုချိန်မှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် နိုင်ငံခြားရေးမူဝါဒ ကိုဝေဖန်လို့ ရအောင် မြန်မာ့ အရေးကိုပါ ဆွဲထည့်တဲ့ သဘောလို့လည်း ယူဆပါတယ်။ လာမယ့် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မှီ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ ကမကထ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူ မအောင်မြင်ဘူးလို့ ဝေဖန်နေကြတာလည်း ပါနိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံ တချို့က မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်နေပြီလို့ သုံးသပ်တာတွေတွေ့နေရပါတယ်။ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်သူ တယောက်အနေနဲ့ကော အခုချိန်မှာ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။

Priscilla Clapp။   ။ ကျမကတော့ နောက်ကြောင်းပြန်လှည့်နေတယ်လို့ မယူဆပါဘူး။ အခုအနေအထားက အားလုံးကို ပြန်လည် စုစည်းနေတဲ့ သဘောဖြစ်ပါတယ်။ ပြုပြင်ပြောင်းရေး ပထမ ၂ နှစ်တာကာလအတွင်းမှာ အတော်လေး သိသိသာသာပြောင်းလဲခဲ့တာတွေရှိပါတယ်။ လက်တွေ့ဘ၀ကို ထင်ဟပ်စေတဲ့ ကိစ္စတွေအတွက် အတော်လေးလည်း ကိုင်တွယ် လုံးပမ်းခဲ့ရတာတွေတွေ့ရပါတယ်။ ဥပဒေအသစ်တွေ၊ မူဝါဒအသစ်တွေ ရေးဆွဲနိုင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ အခက်အခဲတွေ အများကြီးရှိတဲ့အတွက် ဘာမှလည်း မပြောင်းလဲဘူးဆိုပြီး မျှော်လင့်နေတဲ့ လူထုက အားမလို အားမရဖြစ်တာတွေ လည်းရှိပါတယ်။

ဒီအဖြစ်မှန်တွေကို သိရှိပြီး သူ့နေရာသူ ဖြစ်အောင် လက်တွေ့ဘ၀နဲ့ အံဝင်အောင် အခုကျိုးစားနေတာတွေ့ရပါတယ်။ မူဝါဒတွေရှိပေမဲ့ အကောင်အထည်ဖေါ်မယ့် ယန္တယားလိုနေပါတယ်။ ကျမတို့ နေပြည်တော်က တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ အကောင်အထည်ဖေါ်ရေး နည်းလမ်းတွေကို အင်တိုက်အားတိုက် လုပ်နေတာတွေ့ရလို့ အားတက်မိပါတယ်။

မြေယာအငြင်းပွားမှုတွေ၊ မြေလွတ်မြေရိုင်းအသုံးချရေးစတာတွေမှာ အောက်ခြေရပ်ကွက်ကျေးရွာအဆင့်က ဆန္ဒရှိတဲ့ပုံစံအတိုင်း ဆုံးဖြတ်ပြီး အကောင်အထည်ဖေါ်မယ့် ကိစ္စတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ မြို့နယ်အဆင့်ကနေလည်း ဖွံ့ဖြိုးရေးကို ဘယ်လိုအကောင်အထည်ဖေါ်မလဲ ဆိုတာကို နေပြည်တော်အစိုးရကို တင်ပြခွင့်ရှိမယ့် အစီအစဉ်တွေ ရှိတယ်လို့သိရပါတယ်။ ဒါဟာမှန်ကန်တဲ့ ဒီမိုကရေစီ ချဉ်းကပ်မှုဖြစ်ပါတယ်။

တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဖေါ်ဆောင်နိုင်ဖို့အတွက် အောက်ခြေမှာ အစိုးရအသီးသီးဖွဲ့စည်းထားရှိရပါမယ်။ အပေါ်ကချပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေမလိုပါဘူး။ ဒါဟာရေရှည် လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် နေ့ချင်းညချင်း အကောင်အထည်ဖေါ်ဖို့မဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ကျမသုံးသပ်မိပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ဗဟိုချုပ်ကိုင်မှုစံနစ်ကို ဖြေလျှော့မယ်သဘောမျိုးပါလား။

Priscilla Clapp။   ။ ဟုတ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ တိုးပေးမယ့်သဘောရှိပါတယ်။ အခုလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်လည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ မြို့နယ်အဆင့်မှာလည်း အလားတူပါဘဲ။ ဒါ့အပြင် ဒေသခံ NGO တွေ၊ CSO လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့ အသိအမှတ်ပြုပြီး တာဝန်ရှိသူတွေရဲ့ အပြောကို နားထောင်ဖို့မဟုတ်ဘဲ လူထုအသံကို တိုက်ရိုက်နားထောင်ဖို့ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက ဒီလိုမျိး အလေ့အကျင့်မရှိသေးတော့ အချိန်ယူဖို့တော့လိုပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ဒီခရီးစဉ်မှာ CSO တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ တယ်ဆိုတော့ သူတို့အနေနဲ့ရော မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုများ သုံးသပ်တာတွေ့ရပါသလဲ။

Priscilla Clapp။   ။သူတို့တတွေကတော့ အစိုးရခေါင်းဆောင်ပိုင်းအပေါ် အတော်လေးကို မယုံကြည်တာတွေ့ရပါတယ်။ အရင်စစ်အစိုးရက ထုတ်လုပ်လိုက်တဲ့ ခေါင်းဆောင်တွေဘဲလို့ ယူဆနေကြဆဲပါ။  ယေဘူယျအနေနဲ့ ကတော့ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ တကယ်ပြုပြင်ပြောင်းလဲနေပြီလို့ ဖြစ်စေချင်ကြတော့ အားမလို အားမရဖြစ်နေကြတာတွေ့ရပါတယ်။

အခုပြုပြင်ပြောင်းလဲရေးက နှေးကွေးလွန်းတယ်၊ ဖွဲ့စည်းပုံကို လည်း ပြင်မှာ မဟုတ်ဘူး၊ မပြင်ရင် ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ ရမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲ ကိုလည်း တရားမျှတစွာကျင်းပမှာမဟုတ်ဘူး စသဖြင့် စိုးရိမ်စိတ်ပူနေကြသလို မယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူဘဲ။ အစိုးရပိုင်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကြား ပိုပြီး ဆက်ဆံရေးကောင်းလာတာတွေ့ရသလို အထူးသဖြင့်ရန်ကုန်မှာဆိုရင် လူငယ်တွေပူးပေါင်းပါဝင်လာတာကိုလည်း တွေ့ရလို့ အားတက်မိပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အမေရိကန်ကမြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားဆဲဖြစ်တဲ့ လက်ကျန်စာရင်းကိုကော ရုပ်သိမ်းမယ့်အလားအလာဘယ်လိုများရှိပါသလဲ။

Priscilla Clapp။   ။ အခုကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေဟာ သီးခြားပစ်မှတ်ထားတဲ့ ကုမ္မဏီတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းစီအပေါ်မှာဘဲ အကျိုးသက်ရောက်မှုရှိတာပါ။ သူတို့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပိတ်ဆို့မှုဖြေလျှော့ပေးရေးလျှောက် ထားနိုင်ပါတယ်။ ဥပဒေကြောင်းအရ အင်မတန်မှ ရှုတ်ထွေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူနည်းစုကိုဘဲ နစ်နာစေတဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေကြောင့် ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ကသိကအောက်ဖြစ်ရတာတွေရှိပါတယ်။

အမေရိကန်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်ကိုငွေလွှဲတဲ့နေရာမှာ အခက်အခဲတွေနဲ့ကြုံနေကြရတာကြောင့် ပိတ်ဆို့မှုဖြေလျှော့ရေး စဉ်းစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာ့ဘဏ်လုပ်ငန်းကိုခေတ်မှီအောင်လုပ်ဖို့လိုသလို

နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်နိုင်မှသာ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ရာမှာ အဆင်ပြေမယ်လို့ယူဆပါတယ်။ အခုဆိုရင် တယ်လီဖုန်း ဆက်သွယ်ရေးစံနစ်ပြုပြင်ပြောင်းလဲလိုက်တော့ အတော်လေးအဆင်ပြေလာတာကို အသိအမှတ်ပြုရမှဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်အောင် အပိတ်ဆို့ခံတွေဘက်က ဘာတွေလုပ်ပေးရင် ကောင်းမယ်ဆိုတာကို ဘယ်လိုများအကြံပေးချင်ပါသလဲ။

Priscilla Clapp။   ။ အကောင်းဆုံးကတော့ သူတို့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးတွေဘယ်ကရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောနိုင်ဖို့ဘဲဖြစ်ပါတယ်။ တကယ်လို့ မသမာတဲ့နည်းနဲ့ ရခဲ့တဲ့ငွေတွေနဲ့လည်ပတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီငွေတွေနဲ့ လုပ်ငန်းတွေ မလုပ်တော့ပါဘူးဆိုတာကို သက်သေပြ အစမ်းသပ်ခံနိုင်ရပါမယ်။ ဒီစမ်းသပ်မှုက ကော်ပိုရေးရှင်းတွေရဲ့ လုပ်ငန်းအောင်မြင်တာနဲ့ လူမှုရေး တာဝန်သိမှုမဟုတ်ပါဘူး။ ရင်နှီးမြှုပ်နှံလည်ပတ်နေတဲ့ငွေဘယ်ကရ သလဲဆိုတာကို ပွင့်လင်းမြင်သာမှုရှိဖို့ပါဘဲ။

ဒေါ်ခင်စိုးဝင်း။   ။ ကျေးဇူးတင်ပါတယ်ရှင်။

VOA

11.7.13

မိတ္ထီလာ ဗလီ သုံးလုံး ပြန်ဖွင့်ခွင့်ပြုမည်


ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည့် အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ် ကာလတွင် ဝတ်ပြု ဆုတောင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် မိတ္ထီလာမြို့ရှိ ဗလီ သုံးလုံးကို ပြန်လည် ဖွင့်လှစ် ခွင့်ပြု မည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အတည်ပြု ပြောကြားသည်။

အိန်္ဒိယတွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၀၀ ကျော် ပြန်ရောက်လာ

အိန်္ဒိယနိုင်ငံ ရေပိုင်နက်သို့ ကျူးကျော် လုပ်ကိုင် မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရ သည့် မြန်မာရေ လုပ်သား ၁၀၀ ကျော်သည် ဇူလိုင် ၁၀ ရက်တွင် မြန်မာနို င်ငံသို့ ပြန်လည်ရောက်ရှိပြီး MAI လေကြောင်းလိုင်းနှင့် ကမ္ဘောဇကုမ္ပဏီ အုပ်စုတို့၏ ကူညီမှုဖြင့် ပြန်ရောက် လာခြင်း ဖြစ် သည်။

မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ်တွင် အင်္ဂလိပ်စာ ကျပမ်းစကားပြောပြိုင်ပွဲ ကျင်းပ


မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ် ဇေယျာသီရီခန်းမ ၌ ကျောင်း သား၊ ကျောင်းသူများ အင်္ဂလိပ်စာ ကျပမ်းစကားပြောပြိုင်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့် တွင်ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနား တွင် ဇေယျာပဒေသာေ ဖာင်ဒေးရှင်း ဥက္ကဌ ဒေါက် တာမောင်ထူး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား

မြန်မာ့အသံအစီအစဉ်များ မိုဘိုင်းဖုန်းပေါ်မှာ ကြည့်နိုင်မည်

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား အစီ အစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ စတင် ကြည့်ရှုနိုင် မည့် အစီအစဉ်ကို ဇူလိုင် ၁၅ရက်တွင် စတင် မည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူး မျိုးမြင့်အောင်က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။ ယင်းအစီအစဉ်ကို စတင်ချိန်တွင် Android OS သုံးမိုဘိုင်း ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး နောက် ပိုင်းတွင် iOS ပေါ်တွင်လည်း အသုံးပြုနိုင် ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

8.7.13

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

 
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက် လာခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်း ရွှေတိဂုံ စေတီတော်သို့ တရုတ်လူမျိုးများ တက်ရောက်မှု သိသာစွာ လျော့ကျသွားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

ရွှေတိဂုံ စေတီတော်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်အတွင်း ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ပြည့်နှစ်အတွင်း ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၂၅၃၈၁ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၅၉၂၉၇၂ ဦးတို့ ၀င်ရောက်ဖူးမြော်မှု ဆက်တိုက်မြင့်တက် လာခဲ့ကြောင်း သိရသည်။

"ရွှေတိဂုံ စေတီတော်ကို နိုင်ငံခြားသားဧည့်သည် တက်ရောက်မှုက ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီး များ လာပါတယ်။ ကျွန်တော့်အထင်တော့ သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည်နိုင်ငံခြားသား ၀င်ရောက်မှုဦးရေ ဘုရားပေါ်တက်ရောက်မှုက တန်းတူဖြစ်လာမှာပါ" ဟု ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု များပြားလေ့ရှိသည့် တရုတ်လူမျိုး တက်ရောက်ဖူးမြော်မှုမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအထိ ၁၇၆၁၈ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ၁၀၀၃၅ ဦး ၀င်ရောက်ခဲ့ကာ ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု သိသာစွာ လျော့ကျသွားကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း ကိုရီးယားလူမျိုး ၁၁၀၃၉ ဦး၊ ပြင်သစ်လူမျိုး ၁၁၀၆၂ ဦးနှင့် ဂျာမနီလူမျိုး ၈၀၈၇ ဦး တက်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ်ထက် တက်ရောက်မှု မြင့်တက်လာကြောင်း သိရသည်။"အခုလို မိုးရာသီ ရောက်လာတဲ့ အခါကျတော့ တချို့နိုင်ငံခြားသား လူမျိုးတွေ အနေနဲ့လည်း လာရောက်မှု လျော့ကျတာ ဖြစ်နိုင်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ရွှေတိဂုံ စေတီတော်သို့ ၂၀၀၈ ခုနှစ်မှ စတင်ကာ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တက်ရောက်ဖူးမြော်သည့် နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ၂၀၄၉၀၃၅ နှင့် FEC ၁,၅၃၈,၈၁၇ ရရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ထို့ပြင် ရွှေတိဂုံ စေတီတော်သို့ အာရှဒေသ နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ဖူးမြော်ကြကြောင်း တစ်ရက်လျှင် ပျမ်းမျှတက်ရောက်မှု ဦးရေတစ်ထောင်ကျော်ရှိကြောင်း သိရသည်။
Ref: Eleven Media Group

5.7.13

OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ တားဆီးထား၍ တင်သွင်းသူများ အခက်ကြုံ

Double Cab ဟု တားဆီးခံရသည့် Extra Cab ကားတစ်စီးအား ဆိပ်ကမ်း၌ တွေ့ရစဉ်

ကညန ပါဝင်သည့် One Stop Services အဖွဲ့မှ တရားဝင် တင်သွင်းခွင့် ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ ပြန်လည် တားဆီးထားသည့်အတွက် ဆိပ်ကမ်းတွင် ထုတ်မရဘဲ တင်သွင်းသူများ အခက်အခဲမျိုးစုံ ကြုံနေရသည်ဟု သတင်းရရှိပါသည်။လုပ်ငန်းသုံးယာဉ် တင်သွင်းသူများ အနေဖြင့် One Stop Services အဖွဲ့မှ သတ်မှတ်ပေးထားသည့် မော်ဒယ်အတိုင်း လုပ်ငန်းသုံးယာဉ် တစ်မျိုးဖြစ်သည့် Extra Cab အမျိုးအစားများအား တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ အဆိုပါ Extra Cab ကားခေါင်းစဉ်အောက်တွင် မထည့်ဘဲ Double Cab ခေါင်းစဉ်အောက်တွင် ထည့်သည်ဟုဆိုကာ ကန့်ကွက်ထားသည့် အတွက် ကားထုတ်မရသည်မှာ နှစ်လကျော်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ OSS အဖွဲ့မှ သတ်မှတ်ထားသည့် Pcik Up(2 Door), Extra Cab, Space Cab စာရင်းတွင် ဖော်ပြထားသည့် ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Nissan Navara၊ ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Ford Ranger၊ ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့် ပြုထားသည် Toyota Hilux Vigo(Extra Cab) များအား ဖော်ပြထားသည့် မော်ဒယ်၊ သတ်မှတ်ထားသည့် ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံနှင့် တင်သွင်းရမည့် အမျိုးအစားများအတိုင်း လိုင်စင်လျှောက်ထား တင်သွင်းခဲ့ကြသည်။လိုင်စင်လျှောက်ထား တင်သွင်းခဲ့သည့် အတိုင်း မော်ဒယ်၊ ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံ၊ ကားအမျိုးအစား ကွဲလွဲခြင်းမရှိဘဲ တင်သွင်းလာသော် လည်း မြန်မာနိုင်ငံ သို့ ရောက်ရှိလာသည့် အခါတွင်မူ အဆိုပါကားများအား Extra Cab မဟုတ်ဟုဆိုကာ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တင်သွင်းသူများ၏ ပြောကြားချက်အရ သိရှိရသည်။ 

စီးပွားကူးသန်းနှင့် အကောက်ခွန်ဦးစီး ဌာနတို့ဘက်မှမူ နိုင်ငံတကာတွင် Extra Cab အဖြစ်သတ်မှတ် ထုတ်လုပ်ထားခြင်း၊ လုပ်ငန်းသုံးဖြစ်ခြင်း၊ ခွင့်ပြုပေးထားသည့် အချက်များနှင့် ကိုက်ညီခြင်းတို့ကြောင့် တင်သွင်းလာသည့် Extra Cab များအဖြစ်ဖြင့်သာ ခွင့်ပြုပေးရန် အသင့်ရှိနေပြီး ကညနမှသာ ကန့်သတ်ခြင်း ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက''ဘယ်ကုန်စည်မဆို ခေတ်ကာလနဲ့လိုက်ပြီး သုံးတဲ့သူ အဆင်ပြေအောင် ကုမ္ပဏီတွေက ထုတ်ကြပါတယ်။ အခုလက်ရှိ သွင်းလာတဲ့ ကားတွေက Extra Cab အမျိုးအစား ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခွင့်ပြုပေးဖို့ရှိတယ်။ ဒါပေမယ့် ဌာနသုံးခု ပေါင်းထားတဲ့ OSS ဖြစ်လို့ ဌာနတစ်ခုက ကန့်ကွက်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်း၊ မော်ဒယ်၊ အမျိုးအစား၊ နိုင်ငံ အကုန်တိကျတဲ့ အတွက်လည်း လိုင်စင်ပေးတာပါ'' ဟု ပြောပြခဲ့သည်။

Ref: first-11

ဝေဖန်မှုများ ရှိနေခဲ့သော်လည်း ပုံနှိပ်နှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု၊ သတင်းမီဒီယာ ကောင်စီမှ တင်ပြသော မီဒီယာဥပဒေကြမ်းပါ အချက်အချို့အား လက်မခံနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းပြန်ထား

ဇူလိုင် ၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းခဲ့ကာ ဝေဖန်မှုများ ရှိနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဇူလိုင် ၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ကြောင်း သိရသည်။အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ချက် အချက် ၂၄ ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

လုံးဝပယ်ဖျက်လိုက်သော အချက်နှစ် အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် ပါဝင်သော ပုဒ်မ ၇၊ ပုဒ်မခွဲ(င)တွင်ပါဝင်သော ''ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် ဖောက်ဖျက်ရာရောက်သည့် အရေးအသား စာများထုတ်ဝေခြင်း'' နှင့် အခန်း(၅) ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း အခန်းတွင် ပါဝင်သော ပုဒ်မ (၁၂)''တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာထားခြင်း မရှိသော်လည်း ပုဒ်မ ၇ ပါ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကို မည်သူမျှ ပြည်တွင်းသို့ တင်သွင်းခြင်း မပြုရ'' ဟူသော အချက်တို့ ဖြစ်ကြောင်း သိရပါသည်။

ထို့အတူ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ဖော်ပြခဲ့သော ပုဒ်မ ၂၀ ၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့တွင် ပါဝင်သော ထောင်ဒဏ်သတ်မှတ်ချက် အားလုံးကို ပယ်ဖျက်လိုက်ပြီး တားမြစ်ချက်များကို ဖောက်ဖျက်သူများ အနေဖြင့် မူလဥပဒေကြမ်းတွင် သတ်မှတ်ထားသော ငွေဒဏ်အတိုင်း ပေးဆောင်ရန် ပြင်ဆင်ခဲ့ပါသည်။အသစ်ဖြည့်စွက်ခဲ့သော အချက်များမှာ အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် ''မည်သူမဆို ပုဒ်မ ၇ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာပေးနိုင်ရန် ၀န်ကြီးထံသို့ လျှောက်ထားနိုင်သည်''၊ အခန်း(၄) တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာခြင်းအခန်း ပုဒ်မ ၈ တွင် ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် မိမိ၏ ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာဟု ပုဒ်မ ၈ အရ ကြေညာခြင်း ခံရပါက မိမိ၏ ထုတ်ဝေစာသည် တရားမ၀င် ထုတ်ဝေစာ မဟုတ်ကြောင်း အဆုံးအဖြတ်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်''၊ အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်'' ဤ ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သည်ဟု အဆိုရှိသော နေ့မှစ၍ (၁)နှစ်အတွင်း လျှောက်ထားခြင်း၊ အရေးယူခြင်း သို့မဟုတ် အမှုစွဲဆိုခြင်း ပြုရမည်''၊ အခန်း (၈) အထွေထွေ အခန်းတွင် ''ဤဥပဒေပါ မည်သည့်တားမြစ်ချက်ကမျှ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပိတ်ပင်သည်ဟု မှတ်ယူခြင်း မရှိစေရ''၊ ''ဤဥပဒေအရ အရေးယူဆောင်ရွက်မှုများသည် နိုင်ငံသားတိုင်း၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်ကို မထိခိုက်စေရ''၊ ''မည်သူမဆို သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုရုပ်သံ ထုတ်လွှင့်လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရ'' နှင့် ''စတုထ္ထမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့် အခွင့်အရေးကို မထိခိုက်စေရ'' ဆိုသည့် အချက်များ ဖြစ်ကြပါသည်။ 


မူလကတော့ အဲဒီ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ညှိပြီး အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ အချက်တွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ အခုအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပါမပါ ကျွန်တော်တို့ press council ကို အကြောင်း မပြန်သေးပါဘူး...



ထို့အပြင် ဥပဒေကြမ်းအခန်း(၂)ပုဒ်မ ၆ တွင်ပါဝင်သော ''ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် ၀န်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်'' ဆိုသောအချက်အား ''ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူ သို့မဟုတ် သတင်းအေဂျင်စီသည် နိုင်ငံတော် သမ္မတထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်'' ဟု ပြင်ဆင်ခဲ့သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့စဉ်က မီဒီယာအဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက ကန့်ကွက်ခဲ့ကြပြီး ထိုဥပဒေကြမ်းသည် သတင်းမီဒီယာ ကောင်စီမှ ရေးဆွဲနေသော မီဒီယာ ဥပဒေနှင့် စင်ပြိုင်ရေးဆွဲခဲ့ခြင်း၊ ဂျာနယ်လစ်များကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်းများ အပါအ၀င် ဥပဒေကြမ်း အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းချက်များတွင် ပါဝင်သောပုဒ်မများ၊ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ပါဝင်သော ပုဒ်မများအပြင် ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဖွင့်ဆိုချက်များကို ထည့်သွင်းခဲ့ခြင်းတို့ကို ဝေဖန်ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ဒီဥပဒေက ကျွန်တော်တို့ press council က ရေးဆွဲထားတဲ့ ဥပဒေကြမ်း မဟုတ်ပါဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ မူလကတော့ အဲဒီ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ညှိပြီး အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ အချက်တွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ အခုအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပါမပါ ကျွန်တော်တို့ press council ကို အကြောင်း မပြန်သေးပါဘူး။ ကျွန်တော်တို့ ဆွဲထားတဲ့ မီဒီယာ ဥပဒေကြမ်းကိုတော့ ပြည်သူ့လွှတ်တော်ကို တင်သွင်းထားပြီး ဖြစ်ပါတယ်'' ဟု သုံးသပ်ပြောကြားသည်။

ပြည်သူ့ခေတ်ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဖေမြင့်က ''ပြန်ကြားရေးက ရေးဆွဲတင်သွင်းတဲ့ ဥပဒေကြမ်းပါ။ အဲဒီဥပဒေကို ပထမ ကန့်ကွက်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ညှိနှိုင်းပြီး ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်က စိစစ်တဲ့စနစ်ကို မရှိစေချင်ဘူး။ အခုက ကြိုတင်စိစစ်တာတော့ မရှိတော့ဘူး။ ထုတ်ဝေပြီးမှ လိုက်စိစစ်ပြီး ထုတ်ဝေခွင့်ကို လိုက်ပိတ်တာမျိုးတွေ မရှိစေလိုပါဘူး။ ဒါ့ကြောင့် မှတ်ပုံတင်ဌာနကို မော်ကွန်းဌာနလို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ မှတ်ပုံတင်ဌာနကို ထုတ်ဝေခွင့် ရုပ်သိမ်းတဲ့ လုပ်ငန်းတွေ မပါတဲ့ဌာနအဖြစ် တောင်းဆိုထားတာတွေ ရှိတယ်။ အဲဒါတွေ ဒီဥပဒေကြမ်းမှာ ပါ၊ မပါ ဆိုတာမသိဘူး'' ဟု သုံးသပ်ပြောကြားသည်။

သတင်းမီဒီယာ ကောင်စီမှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ ရေးဆွဲပေးပို့ထားသည့် သတင်းမီဒီယာဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်ကြားရေး ၀န်ကြီးဌာနက လက်မခံနိုင်သည့် ပြဋ္ဌာန်းချက်(၁၇)ချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် ပြန်လည်ပေးပို့ထားကြောင်း သတင်းမီဒီယာ ကောင်စီဝင် ဒေါက်တာ သိန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

Ref: first-11

4.7.13

စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည် အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုကို လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေ

မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စရပ်များဖြင့် လာရောက်သည့် စီးပွားရေး ခရီးသွားနှင့် ဒေသတွင်း လည်ပတ်လေ့လာရန် လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုသည် လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သုံးသပ်မှုများအရ သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ် မူတည်ကာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ခရီးသွားအ၀င် တိုးတက်မှု ရှိလာခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းမှ စီးပွားရေး လုပ်ငန်းများအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည့်အတွက် စီးပွားရေး ခရီးသွား ရောက်ရှိမှုလည်း တိုးတက်လာခဲ့သည်ဟု ခရီးသွား လုပ်ငန်းနယ်ပယ်မှ သိရသည်။

"ခရီးသွားအ၀င် ဆက်လက်တိုးတက်နိုင်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း နှေးကွေးမှု၊ စီးပွားရေး တိုးတက်မှု အလားအလာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ စွန့်စားမှုတွေပေါ် မူတည်ပြီး ရန်ကုန်မြို့မှာ ဟိုတယ်အခန်း လိုအပ်မှုကို လာမယ့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်" ဟု Jones Lang LaSalle Inc.'s hotels and hospitality group မှ ထိုင်းနှင့် အင်ဒိုချိုင်းနား ဒေသဆိုင်ရာ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Andrew Langdon ၏ ပြောကြားချက်ကို Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးသွား တိုးတက်မှုသည် နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဆွဲဆောင်မှု ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဒေသတွင်း အပါအ၀င် အမေရိကနှင့် ဥရောပဒေသရှိ နိုင်ငံများမှလည်း လာရောက်လေ့လာမှုများ ရှိခဲ့သည်။ယင်းအနက် ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai Group သည် ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာပြီး အမေရိကန်ဒေါ်လာ သန်း ၄၄၀ မြှုပ်နှံမည်ဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်လုပ်ကိုင်နေသည်။

အမေရိကန်အခြေစိုက် ဟိုတယ်လုပ်ငန်း တစ်ခုဖြစ်သည့် Marriott International သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် စီစဉ်နေသည့် ရင်းနှီးမြှုပ်နှံမှုအတွက် လာမည့်ခြောက်လအတွင်း သဘောတူညီမှု ပြုလုပ်နိုင်ရန် မျှော်မှန်းထားပြီး Best Western International ကမူ ယခုနှစ် လုပ်ငန်းစတင် လည်ပတ်မည်ဟု သိရသည်။ "လာမယ့် ပွင့်လင်းရာသီမှာလည်း ဟိုတယ်အခန်း လိုအပ်ချက်က မြင့်တက်နေဦးမှာပါ" ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁ ဒသမ ၅ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် ဦးရေနှစ်သန်း ပြည့်မီလာရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက ယခုနှစ် ဇွန်လအတွင်းက ပြောကြားခဲ့သည်။

Ref: first-11

3.7.13

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

၂၀၁၃ခုနှစ် ဇူလိုင် ၃ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏  လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂၀၁၃ခုနှစ် ဇူလိုင် ၃ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏  လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မီခယ်လ် မီယာစနီကိုဗစ်ခ်ျ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
 
Ref: president-office.gov.mm

လာဘ်ပေးလာဘ်ယူမှု ဖြေရှင်းရန် နိုင်ငံတကာနှင့် ပူးပေါင်းမည်

လာဘ်ပေးလာဘ်ယူမှုကိစ္စများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် အခက်အခဲရှိ သဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားလိုက်သည်။

ဒေါက်တာစိုင်းမောက်ခမ်းက လာဘ် ပေးလာဘ်ယူမှုပပျောက်ရန် ပြည်သူ၏ တိုင် ကြားမှုအပြင် ဒေသတွင်း နိုင်ငံများ၊ အာဆီ ယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့များ၊ ကမ္ဘာ့ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Tran-sparency International) လိုအဖွဲ့မျိုးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဇူလိုင်လ ၁ ရက်က ကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးတွင်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှုသည် ယခင်က အစိုးရဝန်ကြီးဌာနများတွင်သာ သာမန်အားဖြင့် တွေ့ရသော်လည်း ယခုအခါ နိုင်ငံဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခဖြစ် သောဒေသနှင့် သဘာဝဘေးအန္တရာယ် ခံစားနေရသော ဒုက္ခသည်များကို နိုင်ငံတကာ မှ လှူဒါန်းကူညီမှုများအား အလွဲသုံးစားလုပ် ခြင်းများလည်း ကြုံတွေ့နေရသည်ဟု ဒုသမ္မတ က အစည်းအဝေးတွင် ပြောကြားထားသည်။

ထို့အပြင် လာဘ်ပေးလာဘ်ယူမှုများအား တိုင်ကြားမှုများအရ အဆင့်ဆင့်ဆောင်ရွက် မည်ဖြစ်ပြီး တိုင်ကြားနိုင်သော နေရာဖွင့် လှစ်မည်ဖြစ်သည်။ တိုင်ကြားမှုမရှိသော်လည်း ယုံကြည်လောက်သော လာဘ်ပေး လာဘ်ယူမှုပြုလုပ်သည်ဟု ယူဆပါက လုပ် ထုံးလုပ်နည်းနှင့်အညီ အရေးယူမည်ဟုလည်း ဒုသမ္မတက ဆိုသည်။

လာဘ်ပေးလာဘ်ယူမှုမှာ မြန်မာနိုင်ငံတွင် အတော်ပင် အမြစ်တွယ်နေပြီး အခြေခံမှစ၍ လာဘ်ပေးလာဘ်ယူရှိနေရာ အားလုံး ပူးပေါင်းဆောင်ရွက်မှဖြစ်နိုင်မည်ဟုလည်း တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင် က ဆိုသည်။၎င်းက ''တရားရုံးအဖွဲ့အစည်းက မပြောင်း လဲနိုင်သေးဘူးလို့ အန်ကယ်ထင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အမှုတစ်ခုလုပ်ပြီဆိုကတည်းက လာဘ်ပေးလာဘ်ယူကစတာပဲ။ အခြေခံကစပြီး လာဘ်ပေးလာဘ်ယူမှု ရှိနေတယ်။ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲဖို့လိုတယ်'' ဟု မဇ္ဈိမကို သုံးသပ်ပြောကြားသည်။

၎င်းက ဆက်လက်ပြီး တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုဖြစ်ပွားပုံနှင့် ပတ်သက်၍ ''တရားရုံးတွေမှာ စီရင်ချက်ချရင် တရားသူကြီးရဲ့အမိန့်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အယူခံဝင်ဖို့မရှိဘူး။ အဲဒီတော့ မြို့နယ်က မပြီးရင် ခရိုင်ကိုတက်မယ်။ မြို့နယ်ရုံးက မှားပြီး ဆုံးဖြတ်ရင် ခရိုင်ရုံးက စိစစ်ခြင်းမရှိဘူး။ တကယ် သဘောရိုးနဲ့ မှားတာ ဟုတ်မဟုတ် စိစစ်ရမယ်။ လာဘ်ပေးမှု ကြောင့် မှားတယ်ဆု Action ယူရမယ်'' ဟု ပြောသည်။

လာဘ်ပေးလာဘ်ယူမှုများကို အရေးယူဆောင်ရွက်ရန် ဥပဒေကြမ်းရေးဆွဲနေပြီး တိုင်ကြားမှုများအတွက် အရေးယူဆောင်ရွက်မှုများကို ကော်မတီဝင်များကဆောင်ရွက် နေပြီဖြစ်သည်။

အရေးယူ ဆောင်ရွက်မှုအား  ပြည်ထဲရေးဝန်ကြီးဌာနက  ဆောင်ရွက်သင့်ကြောင်းလည်း  ကော်မတီဥက္ကဋ္ဌက
ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကယင်းကော်မတီ အဖွဲ့ဝင် ဖြစ်သည်။ကော်မတီ၏ အရေးယူဆောင်ရွက်မှု များနှင့်ပတ်သက်၍ သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ''အခု အများပြည်သူကြားနေတဲ့ အရေးယူမှုများဟာ ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက် များ ပါဝင်ပါတယ်။ ကော်မတီဖွဲ့ပြီးနောက် ပိုင်းမှာ အရေးယူမှုတွေ ပိုများလာသလို ပြည် သူတွေရဲ့ အဂတိလိုက်စားမှုများအပေါ် တိုင် တန်းမှုများဟာလည်း ပိုများပြားလာတာ တွေ့နိုင်ပါတယ်'' ဟု ပြောသည်။


လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင် ရွက်ရေးကော်မတီကို ၂ဝ၁၃ခု ဇန်နဝါရီ ၈ ရက်က သမ္မတ၏ အမိန့်ဖြင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားပြီး အဖွဲ့ဝင်ရှစ်ဦး ပါဝင်သည်။

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီ အခြေစိုက် Transparency International ၏ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် ၁၇၂ အဆင့်တွင်ရှိရာ အဆိုးရွားဆုံး ငါးနိုင်ငံ စာရင်းတွင် ပါဝင်နေသည်။

Ref: Mizzima

Carlsberg ဘီယာစက်ရုံ ၂၀၁၄ နှစ်ကုန်ပိုင်း စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူးတစ်သန်း ရောင်းချမည်

 ဗြိတိန်နိုင်ငံရှိ Carlsberg စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-www.telegraph.co.uk)

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အခြေစိုက် Carlsberg ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဘီယာစက်ရုံသည် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူး တစ်သန်းခန့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် MGS(Myanmar Golden Star) ကုမ္ပဏီထံမှ သတင်းရရှိသည်။"စက်ရုံက ဆောက်နေတုန်းပဲ ရှိပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ်လောက်ပြီး မယ်မှန်းထားတယ်။မြန်မာဈေးကွက်မှာCarlsberg ရော မြန်မာအ မှတ်တံဆိပ် နဲ့ရော နှစ်မျိုးစ လုံး ဈေးကွက်တင် သွား မှာဖြစ်ပြီး ဥရောပနိုင်ငံတွေကို မြန်မာအမှတ်တံဆိပ်နဲ့ ဘီယာသံဘူးတွေကို တင်ပို့သွားမှာပါ" ဟု MGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။ 

Carlsberg နှင့် MGS သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် Carlsberg MGS ကုမ္ပဏီကို ယခုနှစ်အစောပိုင်းက မှတ်ပုံတင်ခဲ့ပြီး အဆိုပါကုမ္ပဏီ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ အတွင်း ပြုလုပ်ခဲ့သည်။အဆိုပါ ဖက်စပ်ကုမ္ပဏီသည် ပဲခူးစက်မှုဇုန်တွင် စက်ရုံစတင် တည်ဆောက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း  စက်ရုံနှင့် စက်ပစ္စည်းများ အပြီးသတ် တပ်ဆင်မည်ဖြစ်ကာ Carlsberg ဘီယာအပြင် မြန်မာအမှတ်တံဆိပ် ဘီယာတစ်မျိုးကိုပါ ထုတ်လုပ်သွားမည် ဖြစ်သည်။
Ref: first-11

နိုင်ငံတကာ မီဒီယာညီလာခံ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည်

ပုဂ္ဂလိကသတင်းစာ လွတ်လပ်ခွင့် တိုးတက်လာသည့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ်ဒေသလုံးဆိုင်ရာ East West Center ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ EWC ၏ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ မီဒီယာကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ ရာကျော် တက်ရောက်မည် ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။ ယင်းညီလာခံသည် ဒေသတွင်း သတင်းနှင့် မီဒီယာရေးရာ လက်တွေ့သတင်းတင်ဆက်ခြင်း၊ လက်တွေ့စွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးခြင်းများနှင့် ရာချီသော နိုင်ငံတကာ မီဒီယာကျွမ်းကျင်သူများနှင့် မိတ်ဖွဲ့ချိတ်ဆက်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ဂျာနယ်လစ်များကို ဖိတ်ခေါ်နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော အပြောင်းအလဲ၏ အားကောင်းသော ညွှန်ပြမှုပင် ဖြစ်သည်ဟု East West Center ဥက္ကဋ္ဌ ချားလ်အီးမော်ရစ်ဆင်က မှတ်ချက်ပြုသည်။ ယခုကျင်းပသည့် အဖွဲ့သည် နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင်ပြီး ကမ္ဘာကျော် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ သတင်းညီလာခံကို နိုင်ငံတကာမှ သတင်းမီဒီယာ လုပ်ငန်းရှင် ၃၀၀ ခန့် တက်ရောက်မည်ဖြစ်၍ မြန်မာသတင်းမီဒီယာသမားများ တက်ရောက်သင့်သည့် ညီလာခံ ဖြစ်သော်လည်း မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၂၇၅ သည် မြန်မာသတင်းမီဒီယာသမားများ လက်လှမ်းမမီသည့် ပမာဏဖြစ်ကြောင်း မြန်မာသတင်းဆရာများ အသင်း၏ အတွင်းရေးမှူး ဦးဖိုးနိုင်လင်းက ပြောကြားသည်။ ယင်းညီလာခံသို့ တက်ရောက်မည့် သူများသည် အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို ဇူလိုင်လ အစောပိုင်းတွင် ကြိုတင်မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၂၇၅ ဖြင့် EastWestCenter.org/imc2014 တွင် စာရင်းပေးသွင်းနိုင်သည်။ အကြောင်းအရာ ပိုမိုသိရှိလိုပါက EastWestCenter.org/imc2014 အင်တာနက် စာမျက်နှာမှ Burmese language brochure တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
Ref: khitlunge

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်

မင်းသမီး သီရိဒုံနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တိုးအောင်)

ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂ ရက်တွင် အလည်အပတ်ခရီး လာရောက်ခဲ့သည်။ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီတွင် အမျိုးသား ပြတိုက်သို့ လည်းကောင်း၊ နံနက် ၁၀ နာရီတွင် အ.ထ.က ၂ ဒဂုံအထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကာ နံနက် ၁၁ နာရီခွဲတွင် ဦးမိုးမြင့် နေအိမ်သို့ ရောက်ရှိခဲ့သည်။ 
 
မင်းသမီး သီရိဒုံသည် ၄င်း၏ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသား ၅၀ နှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဦးမိုးမြင့်၏ နေအိမ်သို့ ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဦးမိုးမြင့်၏ လုပ်ငန်းများအား လေ့လာရန်နှင့် ခင်မင်ရင်းနှီးမှုဖြင့် အလည်အပတ်သဘော လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်၏ မိသားစုဝင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ နေ့လယ်စာ အတူစားခဲ့ကြကြောင်း သိရသည်။ထို့နောက် ဦးမိုးမြင့်၊ ဦးမိုးမြင့်၏ သားများဖြစ်သည့် ဦးစည်သူမိုးမြင့်နှင့် ဦးဖုန်းကျော်မိုးမြင့်တို့က ၎င်းတို့၏ လုပ်ငန်းများနှင့် ပတ်သက်၍ မင်းသမီး သီရိဒုံနှင့် ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသားများအား ရှင်းလင်းပြောကြား ခဲ့ကြပါသည်။

ယင်းနောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အဆိုပါနေအိမ်မှ မင်းသမီး သီရိဒုံ ထွက်ခွာခဲ့သည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်သို့ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ပထမအကြိမ် လာရောက်ခဲ့ဘူးပြီး ဦးမိုးမြင့်၏ စာကြည့်တိုက်မှ စာအုပ်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ လာရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ယခုအကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်မှတစ်ဆင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) သို့ ပထမဦးဆုံးအကြိမ် သွားရောက်လေ့လာခဲ့သည်။

အဆိုပါ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ထိုင်းဘာသာ ဌာနမှူးက ထိုင်းဘာသာ ဌာနအကြောင်း ရှင်းပြခြင်း၊ ထိုင်းဘုရင့် သမီးတော်မှ ထိုင်းဘာသာ သင်ကြားနေသည့် သင်တန်းများနှင့် အခြားဘာသာစကား သင်တန်းများအား လေ့လာခြင်း၊ လက်တွေ့ခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် စာကြည့်တိုက်အား လေ့လာခဲ့ကြောင်း သိရသည်။"ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို ဒီလိုထိုင်းဘုရင့် သမီးတော် လာရောက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ (UFL) မှာ ထိုင်းဘာသာ သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလာပြီး ကြည့်ရှုအားပေးတာပါ၊ ထိုင်းဘုရင့် တပ်မတော်ရဲ့ ဗိုလ်လောင်းတွေလည်း ပါပါတယ်၊ (UFL) ကို လာပြီးတော့ လေ့လာတာ ဖြစ်ပါတယ်၊ ပညာရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လုပ်သွားတာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ အလည်အပတ် လာရောက်လေ့လာ ခဲ့တာပါ" ဟု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက ဆိုသည်။

ထိုသို့ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံမှ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ လာရောက်ခဲ့စဉ် ထိုင်းဘာသာ သင်ကြားနေသည့် ကျောင်းသူများမှ ထိုင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ထိုင်းဘုရင့် သမီးတော်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။မင်းသမီး သီရိဒုံသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ထွက်ခွာခဲ့ပြီးနောက် မူးယစ်ဆေးဝါးပြတိုက်၊ ထိုင်းနိုင်ငံ သံရုံးနှင့် ရွှေတိဂုံ စေတီတော်တို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ သီရိဒုံသည် ရွှေတိဂုံ စေတီတော်အား ဖူးမြော်ပြီးနောက် ဇူလိုင် ၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Ref: first-11

2.7.13

တောင်ကိုရီးယားနိုင်ငံမှ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမည် ဖြစ်ကြောင်း မကြာခင်က နေပြည်တော်တွင် ကျင်းပခဲ့သော စိးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန် ကြေညာလိုက်ကြောင်း သတင်းရရှိသည်။အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် စီမံကိန်း ၃၉ ခု ပါဝင်သော နယ်ပယ်ရှစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းတို့အထဲတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ၀န်ဆောင်မှုလုပ်ငန်း မြှင့်တင်ရေးနှင့် အားကစား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံသည် အာဆီယံ အပေါင်းသုံးနိုင်ငံတွင် ပါဝင်သော ဒေသတွင်း နိုင်ငံများနှင့် ပိုမိုချိတ်ဆက်လာသော နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံနှင့် ယခင်ကာလကပင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ချိတ်ဆက် လုပ်ကိုင်နေသော နိုင်ငံဖြစ်သည်။၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၇၃ သန်း ရှိကြောင်းနှင့် ယင်းအနက် မြန်မာနိုင်ငံမှ တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိပြီး မြန်မာနိုင်ငံက ကိုရီးယားနိုင်ငံမှ ပြန်လည်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၃၃၅ သန်း ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၂- ၂၀၁၂ ဘဏ္ဍာရေး နှစ်တွင်မူ နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၇၀ ရှိပြီး ယင်းအနက် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရှိပြီး မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ တင်ပို့မှု အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၀ သာ ရှိကြောင်း သိရှိရသည်။တောင်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံမှ အ၀တ်အထည်၊ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်များ တင်သွင်းနေပြီး မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်းများအပြင် သံနှင့် စက်ပစ္စည်းများ တင်သွင်းနေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုတွင်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော ဒေ၀ူးကုမ္ပဏီ အနေဖြင့် ၂၀၀၀ ပြည့်နှစ်လောက်မှစ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ လုပ်ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ဒေ၀ူးကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ ရှိကြောင်း သိရှိရသည်။
Ref: first-11

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း



မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများအနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊ အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက် ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။ ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများနဲ့ စေတနာ့ ဝန်ထမ်း တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့ ဝါယမစိုက် ဆောင်ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့ မိသားစုများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားများ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူး ဂရုပြုမိပါတယ်။ ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုးသားချင်း စောင့်ရှောက်ကူညီမှု၊ ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ယခုလအတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို စားပွဲ ဝိုင်းမှာ မျက်နှာစုံညီအဖြေရှာ ဆွေးနွေးလာနိုင်တာတွေ၊ အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ ဖွဲ့စည်းခွင့် ရလာတာတွေနဲ့ အဓမ္မ လုပ်အားပေးစေခိုင်းမှု တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ILO ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ ပြန်ဖြစ်လာတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူအများစု ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ပြည်သူများအကြား အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ တခြားမျက်နှာစာ တစ်ဖက် မှာ ကြီးမားသည့် စိန်ခေါ်မှုများ၊ သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။

ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။
Ref: president-office

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး ကံကောင်းခြင်းကတ် ရောင်းချမည်

    မြန်မာနိုင်ငံ၌ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အတွက် ကံကောင်းခြင်းကတ်ထုတ်ဝေရောင်းချမည့် အစီအစဉ်ရှင်းလင်းပွဲကို ဇွန်လ၂၉ ရက် မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ ၊ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၌ HELLO MADAM Media Gruop မှ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမည့် ၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြည်သူတစ်ရပ်လုံး စိတ်အားထက်သန်စွာ ပါဝင်အားပေး လာစေရေန် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေများထည့်ဝင် လှူဒါန်းနိုင် ရန် နှင့် ပြည်သူများ၏ ဂုဏ်ယူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ၍ အမှတ်တရအဖိုးတန်ကံကောင်းခြင်း လက်ဆောင် များ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ကံကောင်းခြင်းကတ် Lucky Card ထုတ်ဝေ ရောင်းချမည် ဖြစ်ပြီး Lucky Card များကို ဒီဇိုင်း ၆ မျိုးဖြင့်ပြုလုပ်ထားပြီး ကတ်တစ်ခုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိ သွားမည်ဖြစ်သည်။ အောက်တိုဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်တို့တွင် အနုပညာရှင်များ ၊ အားကစား သမားများတို့မှကံစမ်းမဲဖောက်၍ မော်တော်ကား ၃စီး၊ မော်တော်ဆိုင်ကယ်များအပါဝင် အဖိုးတန်ဆုမဲပေါင်း ၃၀၀ ကျော်ကိုချီးမြှင့်သွားမည်ဖြစ်သည်။ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ ကံကောင်းခြင်းကတ် Lucky Card အခုရေတစ်သန်းကို ရန်ကုန်မြို့ရှိ Junction Square နှင့် အမြို့မြို့အနယ်နယ်ရှိစာတိုက်များ ၊ ဖြန့်ချိရေးနေ ရာများတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ Promotion အစီအစဉ်တွင် ထိုင်းနိုင်ငံ CMO ကုမ္ပဏီမှ ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။
Ref..pyichit-thar.

Google ကုမ္ပဏီက ဖော်ထုတ်မှသာ ဒေါက်တာဆိတ်ဖွားကို သိနိုင်မည်ဟုဆို

လွှတ်တော်ကို ဝေဖန်သည်ဟုဆိုသော ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ပိုင်ရှင် ကို အမေရိကန်နိုင်ငံအခြေစိုက် Google ကုမ္ပဏီကသာ ဖော်ထုတ်နိုင်မည်ဟု ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်းက ဇူလိုင် ၁ရက် က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား လိုက်သည်။၎င်းက နည်းပညာအရ အင်တာနက် လိပ်စာရှာဖွေရန် အခက်အခဲရှိသောကြောင့် Google ကုမ္ပဏီကသာ ဖော်ထုတ်ပေးရန် ဖြစ်နိုင်သည် ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး အချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) တို့၏ တင်ပြချက်များကို ဦးမြညိမ်းက လွှတ် တော်၌ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သော လွှတ်တော်အမတ် ၁၇ ဦးပါသည့် အဆိုပါကော်မရှင်မှာ လေးလနီးပါး စစ်ဆေး ခဲ့ပြီးမှ ထိုရလဒ်ကို လွှတ်တော်၌တင်ပြနိုင် ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်သည် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းရာ၌ ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) အပါအဝင်ပြန်ကြားရေးဝန်ကြီးဌာန၊ ကွန် ပျူတာကျွမ်းကျင်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း စစ်ဆေးခဲ့ပြီး စာနယ်ဇင်းအသိုင်းအဝိုင်းကို လည်းခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်။ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ယခုကဲ့သို့ ဒေါက်တာ ဆိတ်ဖွားဆိုသော ကလောင်ပိုင်ရှင်ကို မည် သူမည်ဝါဖြစ်ကြောင်း လွှတ်တော်အမတ်များ၏ ကော်မရှင်က အတိအကျမစုံစမ်းနိုင်ခဲ့သော်လည်း ယခုကဲ့သို့ နောက်နောင်တွင် လုံးဝမပြုရန် လွှတ်တော်မှတစ်ဆင့် သတိပေးခဲ့သည်။

ကော်မရှင်၏ လေ့လာတွေ့ရှိချက်အရ ဆောင်းပါးတွင်ပါရှိသည့် ''ဥပဒေအထက် တွင် လွတ်တော်ရှိသလား'' တွင် ပါဝင်သော အသုံးအနှုန်းများမှာ လွှတ်တော်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်အမတ်များ၏ ဂုဏ်သိက္ခာကိုစော်ကားခြင်းနှင့် ပြည်သူ လူထုက အထင်အမြင်လွဲမှားပြီး အကြည်ညို ပျက်စေခြင်းတို့ တွေ့ရှိရပါသည်ဟု ဦးမြညိမ်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။ကော်မရှင်၏ စုံစမ်းစစ်ဆးစဉ်ကာလက ခေါ်ယူမေးမြန်းထားသူများ၏ ပြောဆိုချက် များကို ဦးမြညိမ်းက လွှတ်တော်တွင် အသေး စိတ်ဖတ်ကြားခဲ့သည်။

ယင်းကဲ့သို့ဖတ်ကြားခဲ့ခြင်းအပေါ် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)၏ အ တွင်းရေးမှူး ဦးကျော်မင်းဆွေက အများပြည်သူသို့ ထုတ်ပြန်ရန်မဟုတ်သည့် ပြောစကား များကို အသေးစိတ်ပြန်ပြောနေသဖြင့်''နောင် မှာ လွှတ်တော်ကော်မရှင်တစ်ခုခုက ခေါ် မေးရင် အမှန်အတိုင်း၊ စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းပြောကြပါဦးမလား''ဟုလူမှုကွန်ရက် အင်တာနက်စာ မျက်နှာ တွင် ထောက်ပြပြောဆိုထားသည်။

Above of Law ဟုအမည်ရသည့် ဥပဒေ အထက်တွင် လွှတ်တော်ရှိသလားဆိုသည့် ဆောင်းပါး ကို Voice of Myanmar ဟုအမည်ရသည့် အင်တာနက် ဘလော့ဂ်ဂါ တွင် ဒေါက်တာဆိတ်ဖွားကလောင်ဖြင့် ရေး သားသူကိုဖော်ထုတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်တွင် ဒေါက်တာစိုးရင်က အရေးကြီး အဆိုတင်သွင်းခဲ့ပြီးနောက် ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 
Ref: Mizzima