ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.12.14

ပုဂံ - ကျောက်ပန်းတောင်း - ပုပ္ပားလမ်းပိုင်း ရေနွေးငွေ့ စက်ခေါင်းရထား ပြေးဆွဲပြီ

ပုဂံ၊ မြန်မာ့မီးရထားနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ အကျိုး တူပူးပေါင်းကာ ပုဂံဒေသသို့ လာရောက်လည်ပတ်ကြ သည့် ကမ္ဘာလှည့်ခရီးသည်များအား ပိုမိုဆွဲဆောင်နိုင် ရန် ပုဂံ-ကျောက်ပန်းတောင်း-ပုပ္ပားလမ်းပိုင်း၌ ပထမ ဆုံးအကြိမ် ရေနွေးငွေ့စက်ခေါင်းရထား ပြန်လည်ပြေး ဆွဲနေပြီဖြစ်ကြောင်း သိရသည်။ ''နိုင်ငံတကာမှာ ရေနွေးငွေ့စက်ခေါင်းရထား က ရှားနေပါပြီ။ ဒါကို ကျွန်တော်တို့ ပြန်လည်အသက် သွင်းပြီးတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ဖို့အတွက် အထောက်အကူ တစ်ရပ်အဖြစ်...

ခရိုနီစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကို ပေကျင်းတရားရုံးက ထောင်အနှစ် ၂ဝချ

ပေကျင်းတရားရုံးသည် လူသိများ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးကို အကျင့်ပျက် ခြစားမှု အတွက် အင်္ဂါနေ့တွင် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်သည်ဟု သိရသည်။ ယခင် မီးရထားဝန်ကြီးဟောင်းနှင့် ပတ်သက်ဆက်နွှယ်မှုရှိခဲ့သော Ding Yuxin အမည်ရှိ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးသည် မီးရထားဝန်ကြီးဟောင်းLiu Zhijun နှင့် ပူးပေါင်းကာ မီးရထား လမ်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် ခွင့် ၂၃ ခုကို ရရှိခဲ့ပြီး အမေရိကန်ဒေါ် လာ ရှစ်သန်းခန့် အကျိုးအမြတ် ရရှိစေ ခဲ့ကြောင်း...

ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု တအာင်း တပ်မတော် ပြောဆို

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ငြိမ်သက်လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင်...

လှိုင်သာယာ ပဋိပက္ခအတွင်း တဲမီးရှို့သူကို အမှုဖွင့်ထား

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ မြစိမ်းရောင်ကုမ္ပဏီပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲလေးလုံး ကို ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည် ပဋိက္ခအတွင်း မီးရှို့ခဲ့သူကို လှိုင်သာယာမြို့နယ်မှ ရဲက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားသည်ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။ "မီးရှို့တဲ့သူကို စုံစမ်းတုန်းပါ။ ခုတောင်ကြီးနယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင်က တရားလိုလုပ်ထားတယ်။ မနေ့က အမှုဖွင့်ပြီး စုံစမ်းအရေးယူသွားမယ်"ဟု ၎င်းကဆိုသည်။ ပဋိပက္ခအတွင်း...

ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေးပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ...

ရုရှားအား ပိတ်ဆို့ အရေးယူရေး ဥပဒေကြမ်းကို အိုဘားမား လက်မှတ် ရေးထိုးမည်ဟု အိမ်ဖြူတော် ထုတ်ပြန်

ယူကရိန်းအကျပ်အတည်းနှင့် ပတ်သတ်၍ ရုရှား၏ လုပ်ရပ်များအပေါ် ဆန့်ကျင်တုံ့ပြန်သည့် အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်ရေး အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် အတည်ပြုခဲ့သော ဥပဒေကြမ်းတစ်ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ရန် အမေရိကန် သမ္မတ အိုဘားမား က လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။ ရုရှား ရူဘယ်ငွေ တန်ဖိုး ထိုးကျနေစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ရုရှားထောက်ပံထားသည့်...

အမေရိကန်နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခြင်းကို ကျူးဘားသမ္မတ ကြိုဆို

ရာစုနှစ် တစ်ဝက်မျှ ကြာမြင့်သည်အထိ စစ်အေးတိုက်ပွဲအသွင် ဆောင်နေသည့် နှစ်နိုင်ငံဆက်ဆံရေး အေးခဲမှုကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သည့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား၏ အားထုတ်မှုကို လက်ကမ်းကြိုဆိုကြောင်း ကျူးဘားသမ္မတ ရောလ်ကက်စ်ထရိုက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်တွင် သမိုင်းဝင် ခြေလှမ်းတစ်ခုအဖြစ် ကျူးဘားနှင့် သံတမန် ဆက်သွယ်ရေး ပြန်လည် အစပြုမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့သည်။ အိုဘားမားက “ကန့်သတ် ဖယ်ရှားထားခြင်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာကို...

ကျူးဘားဆိုင်ရာ အမေရိကန်မူဝါဒပြောင်းလဲ

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တ၀က်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောဆိုလိုက်ကြပါတယ်။ အမေရိကန်သမ္မတ Barak Obama နဲ့ ကျူးဘားနိုင်ငံသမ္မတ Raul Castro တို့ဟာ နှစ်နိုင်ငံ မြို့တော်တွေဖြစ်ကြတဲ့ ၀ါရှင်တန်နဲ့ ဟာဗားနားတို့ကနေ တပြိုင်နက်ထဲ ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမှာ သူတို့ဟာ နှစ်အတန်ကြာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့...

USAID အကြီးအကဲ နှုတ်ထွက်

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို နှုတ်ထွက်လိုက်တာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားပေမဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဖေဖေါ်ဝါရီလမှာ သူ့တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကျူးဘားအကျဉ်းထောင်ထဲမှာ ၅ နှစ်ကြာ အကျဉ်းကျခဲ့တဲ့ USAID အမှုထမ်း ကန်ထရိုက်တာ...

ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးစီရင်မှု ပြုလုပ်မည်

ဘော်စတွန် မာရသွန် ပြိုင်ပွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့သူဟု စွပ်စွဲခြင်း ခံထားရသူ ဒဇိုခါ ဇာနာယက်ဗ်သည် လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်ဆေး စီရင်မှု အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရမည် ဖြစ်ရာ ၁၇ လကြာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။ အမှုရင်ဆိုင်ရမည့် တရားရုံး ဖြစ်သော ဘော်စတွန်ရှိ ဖက်ဒရယ် တရားရုံးနှင့် ကီလိုမီတာ ၇၀ ခန့် အကွာရှိ ဖို့ဒီဗင်(စ်) အကျဉ်းထောင် ဆေးရုံ တွင် အသက်...