ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.4.13

google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ

၎.၄.၂၀၁၃၊ ကြာသပတေးနေ့   ဒီနေ့ကစပြီး Google.com.mm ကို အသုံးပြုရင်  မြန်မာလို ရေးသား ညွှန်ပြထားတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာလိုရေးသား ညွှန်ပြထား တာမို့ အင်္ဂလိပ်လို မကျွမ်းကျင်တဲ့ သူတွေလည်း အင်တာနက်ကို အလွယ်တကူ သုံးလို့ရနိုင်လာတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ် လို ကနေ မြန်မာလို ဘာသာပြန် ဖော်ပြတာမျိုးလို ဘာသာပြန်ကိစ္စရပ်တွေလည်း ဖြစ်လာတော့မယ်လို့  မြန်မာနိုင်ငံ ကွန်ပျုတာပညာရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။      ...

ရခိုင်ရိုးရာသင်္ကြန်ပွဲ သုဝဏ္ဏကွင်းတွင် ပြောင်းရွှေ့ ကျင်းပမည်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့    ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ နှစ်စဉ် ကျင်းပလေ့ ရှိသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ယခုနှစ်တွင် သုဝဏ္ဏ အားကစားကွင်းသို့ ပြောင်းရွှေ့ ကျင်းပသွားမည်ဟု သိရ သည်။ ယခုနှစ် ကျင်းပမည့် ရခိုင်သင်္ကြန်ပွဲတော်သည် ၁၀ ကြိမ် မြောက် ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ရခိုင်ပြည်နယ်တခုလုံး ကိုယ်စားပြု၍ အစဉ်လာအတိုင်း ကျင်းပခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နံ့သာသွေးပွဲ၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ဘုရား ရေသပ္ပာယ်...

အစိုးရက ဖုန်းဆင်းကတ် ဈေးလျှော့ရောင်းမည့်အပေါ် ရွှေပြည်တံခွန် ကြိုဆို

၎.၄.၂၀၁၃ ၊ ကြာသပတေးနေ့   မြန်မာအစိုးရက ဆင်းကတ်တခုရဲ့ဈေးနှုန်းကို ကျပ် ၂ သိန်းနဲ့ ရောင်းနေရာကနေ  ကျပ် ၁၅၀၀ ထိ ဈေးလျှော့ရောင်းပေး တော့မယ်လို့ ဧပြီ ၃ ရက်နေ့ ည သတင်းမှာ ထုတ်ပြန်ကြေညာလိုက်ပြီး ၁ လကို နိုင်ငံတ၀န်းလုံးကို ဆင်းကတ်ပေါင်း ၃ သိန်း ၅ သောင်း ဖြန့်ဝေမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ဆန်းပိုင်းတုန်းက ရွှေပြည်တံခွန်ကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅ ထောင်နဲ့ ရောင်းပေးမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ...

ပုဂံဒေသ မြေယာ ဈေးနှုန်းများ မြင့်တက်

၎.၄.၂၀၁၃ ၊ ကြာသပတေးနေ့ ပုဂံဒေသရှိ မြေယာဈေးနှုန်းများသည် ပြီးခဲ့သည့် ၆ လအတွင်းမှ စတင်၍ များစွာမြင့်တက် လာကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ရင်းနှီးမြှုပ်နှံ လိုသူ များလာခြင်းကြောင့် ထိုသို့မြေယာဈေးများ မြင့်တက် လာခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။ အစိုးရသစ်လက်ထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားလာခြင်းကြောင့် ဟိုတယ် လုပ်ငန်း လုပ်ကိုင်လိုသူ များပြားလာရာ ဘိုးဘွားပိုင်နှင့် အမည်ပေါက် ဂရန်မြေများသာမက...

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့ လယ်သမားများသည် အကြွေးသံသရာဖြင့် ဆင်းရဲမွဲတေ နေကြဆဲ ဖြစ်သည် မြန်မာနိုင်ငံတွင် တောင်သူလယ်သမား များကို အကာအကွယ်ပေးသည့် ဥပဒေတရပ်ကို ရေးဆွဲသွား မည်ဖြစ်ပြီး ယင်းဥပဒေတွင် တောင်သူ လယ်သမာများ ကြုံတွေ့နေရသည့် အကြွေးပြသနာ၊ ဆင်းရဲမွဲတေမှုများကို လျော့ချနိုင်မည့် ပြဋ္ဌာန်းချက်များထည့်သွင်းရေးဆွဲ မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက် နေပြည်သူများဖြစ်ပြီး တောင်သူလယ်သမား လူတန်းစား အများစုပါဝင်နေကြောင်း၊ လက်ရှိတွင်...

ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားလည်မည်

 ၄.၄.၂၀၁၃၊ ကြာသပတေးနေ့   ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်လည်ပတ်မယ်လို့ ဂျပန်အစိုးရက ဧပြီ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်ဟာ ဆယ်စုနှစ်သုံးခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ သုတေသနစာတမ်းတခုအတွက် ရောက်ရှိနေထိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က...

ရာသီဥတုကြောင့် အပူရှောင်လိုသူများပင် လာရောက်မှု နည်းပါးလာသည့် ပြင်ဦးလွင်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့ ပြင်ဦးလွင်မြို့တွင် နွေရာသီ၌ ငွေကြေးတတ်နိုင်သူများ လာရောက် အပူရှောင်လေ့ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ငှားရမ်းမှုမှာ နည်းပါးလျက်ရှိကြောင်း အိမ်၊ခြံ၊မြေအကျိုးဆောင်များထံက သိရှိရသည်။ ထိုကဲ့သို့ အပူရှောင်ရန်အိမ်ငှားရမ်းမှုနည်းပါးရခြင်းမှာ ပြင်ဦးလွင်မြို့တွင်လည်း ရာသီဥတုပူနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်အိမ်၊ခြံ၊မြေအကျိုးဆောင်ဦးခင်မောင်ဝင်းက ပြောသည်။ “ဘယ်လိုကြောင့် ရယ်တော့မသိဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ပြင်ဦးလွင်မြို့မှာလည်း...

မြို့မ တေးဂီတ ရန်ကုန်တွင် ဖျော်ဖြေမည်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့   ၂၀၁၂ သင်္ကြန်က မန္တလေးတွင် လိုက်လံဖျော်ဖြေခဲ့သော မြို့မ တေးဂီတဝိုင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ) အတာတေးနဲ့ မြို့မ သင်္ကြန်သံစုံ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ဧပြီ ၆ (စနေ) ညနေ ၆ နာရီတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်ဟု ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှခိုင် ထံမှ သိရသည်။ ဖျော်ဖြေပွဲကို JBL (Galaxy Pro Rent) ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စင်ကာပူနည်းပညာရှင်များနှင့်...

သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရ၊ ခေါင်းစဉ်ပြောင်း၍ ထပ်တင်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့           စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှ ပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင်စီစဉ်သူများက ဆိုသည်။ မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို “ဧပြီ ၂ ရက်နေ့မှာ ပယ်ချတယ်။ ပယ်ရတဲ့အကြောင်းရင်းက ယခင်တောင်းဆိုထားတဲ့ စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးက အားလုံးစီစဉ် ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး...

" ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား"

  ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေး အတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့ လိုကြောင်းပြောဆိုလိုက်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ "အမတို့နိုင်ငံကလူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။...