ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.6.13

သြစတြေးလျ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ​နိုင်ငံကို ​ဇူလိုင်လ ​၁၀ ​ရက်ကနေ ​၁၂ ​ရက်နေ့အထိ ​သွားရောက်လည်ပတ်မှာ​ဖြစ်တဲ့အကြောင်း ​တရားဝင်​ထုတ်ပြန်

ပြီးခဲ့တဲ့နှစ် မြန်မာခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ (Credit: ABC)  မြန်မာ​နိုင်ငံမှာ ​သမ္မတကြီးဦးသိန်းစိန်နဲ့​ရော ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်နဲ့ပါ ​တွေ့ဆုံဆွေးနွှေးဖို့ ​ရှိတဲ့အပြင် ​ရခိုင်ပြည်နယ်တွင်း ​လူ့အခွင့်အရေးအခြေအနေ ယအကြောင်းတွေကို​ပါ ​ဆွေးနွေး​ဖို့ရှိတယ်လို့ ​သိရပါတယ်။ သြစတြေးလျ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr  ​က ​မြန်မာနိုင်ငံ​ရခိုင်ပြည်နယ်က...

မှော်ဘီနှင့် တိုက်ကြီးတွင် ဝက်များ အစုလိုက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် နှင့် တိုက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော တစ်ပတ် မှစ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြားလာကြောင်း ဒေသခံများက The Voice သို့ပြော ကြားသည်။ ဇွန်လ တတိယပတ်တွင် ရပ်ကွက်ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသသော်လည်း သုံးရက်အတွင်း ဝက်ငါးကောင်ခန့် သေဆုံး ခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့်...

ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်ပို့နေ

မြန်မာအလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး) ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် အထောက်အထား မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။ ထိုင်းနယ်စပ်စခန်း တစ်ခုသို့ တရားမ၀င် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅၀ ကို ထိုင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်...

လေးဖက်နာရောဂါအကြောင်း သိကောင်းစရာ

   ပိုးလေးဖက်နာ (Rhematic fever) နဲ့ သွေးလေးဖက်နာ ( Rhematoid arthritis(RA)) ဆိုပြီး လေးဖက် နာရောဂါမှာ နှစ်မျိုးရှိပါတယ်။ ပိုးလေးဖက်နာကိုအရင်ပြောပြပါမယ်။ ပိုးလေးဖက်နာ ရောဂါဆိုတာမှာ G.A Haemolytic Strepto cocci ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ရာဂါဖြစ်ပါတယ်။ ကျောင်းသား /ကျောင်းသူအရွယ်များတွင် နှလုံးရောဂါ ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းဟာ လေးဖက်နာရောဂါဖြစ် ပါတယ်။ အဓိကရောဂါ symptoms တွေကတော့ ၁။ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း(Arthritis) ၂။...

မြန်မာတို့ရဲ့အလန်းတကာ့ အလန်းဆုံး Shweyoe Dictionary Version 3.0 ( 10 MB )

    မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာနံပတ်(1)အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော် ထင်ပါတယ်။ အင်္ဂလိပ်၊ ရှရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာကို ပြောင်း လဲနိုင်ပါတယ်။ မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်........ ဖွဲ့စည်းမှုအသွင်အပြင် လည်းသေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်ထဲမှာမပါ တဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို...

ဗီတာမင်အီး မှီဝဲခြင်းကြောင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်

   ဗီတာမင်အီးကို အစားအစာ ဒါမှမဟုတ် အားဆေးအဖြစ် ရရှိပါက အသည်းကင်ဆာ ဖြစ်နိုင်ခြေလျော့ ကျနိုင်တယ်လို့ အမျိုးသားကင်ဆာတက္ကသိုလ်မှ လေ့လာမှုအရ ဖော်ပြထားပါတယ်။ ဗီတာမင်အီးဟာ အဆီ မှာပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပါတယ်။ လေ့လာမှုအများအရ ဗီတာမင်အီးဟာ DNA ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။ အသည်းကင်ဆာဟာကမ္ဘာပေါ်မှာ တတိယအဖြစ်များဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး အမျိုးသားတွေထဲမှာ နံပါတ်ငါးအဖြစ်များဆုံးဖြစ်ကာ...

မလေးရှား ကပုန်းအသင်းသို့ နာရေးကူညီမှုအသင်း ကားလှူ

   မလေးရှားတွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မလေးရှားနိုငင်ငံရှိ 'ခုနစ်ရက် သား သမီး'နာရေးကူညီမှုအသင်း(ကပုန်း-မလေးရှား)အဖွဲ့သို့ ကားတစ်စီးဝယ်ယူနိုင်ရန် မတည်ငွေကျပ်သိန်း၂ဝ၀ ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လှုဒါန်းခဲ့သည်ဟု ယင်းအသင်း၏ ဥက္ကဌ ဦးကျော်သူက မဇ္ဈိမ ကို ပြောသည်။ ဦးကျော်သူက ''ကားဝယ်ဖို့မတည်ငွေ လှူမယ့်ကိစ္စက ပြောထားတာ ခြောက်လလောက် ရှိ ပါပြီ။ သူတို့ အသင်းအနေနဲ့က မလေးမှာနာရေးဖြစ်ရင် ကားအသုံးပြုဖို့အတွက် အဲ့ဒီကအခြေအနေနဲ့...

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ကားတိမ်းမှောက် တစ်ဦးတိမ်းပါး

တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကားလေးလုံးထိုး ယာဉ်တစ်စီးသည် ဇလဲလမ်း ဘုရားဖြူရပ်ကွက် နယ်မြေ ၁၁ တွင် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ခရီးသွားတစ်ဦး တိမ်းပါးသွားခဲ့သည်။ တောင်ကြီးမြို့နယ်က ဇလဲအတက် လမ်းတွင် မောင်းနှင်လာသည့် အဆိုပါယာဉ်ရှေ့ရှိ ကားတစ်စီးမှာ မတက်နိုင်ဘဲဖြစ်နေစဉ် နောက်သို့ တိမ်းရှောင် ရာမှ လမ်းအနောက်ဘက်ရှိ ချောက်ထဲသို့ ထိုးကျကာ ခရီးသည်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ အမှတ် -၂ ရဲစခန်းမှ ရဲတပ်သားနယ်ထိန်းက မဇ္ဈိမကို ပြောသည်။ သေ ဆုံးသူမှာ မသဲဖြူဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ဒေါ်နန်းဆိုင်၊ မချစ်စု၊ မပြုံးချို၊ ဒေါ်ခမ်းတို့မှာလည်း...

မွန်ပြည်နယ်၏ ကျန်းမာရေးကဏ္ဍကို ဆွစ်ဇာလန် ကူညီရန်ဆွေးနွေး

ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန လက်အောက်ရှိ အဖွဲ့ခွဲတစ်ခုဖြစ်သော ဆွစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (SDC) က မွန်ပြည်နယ် အတွင်း၌ ကျန်းမာရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ဇွန် ၂၄ ရက် တွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။Swiss Agency for Development and Cooperation(SCD) ခေါင်းဆောင် Mr. Steven Lanjouw တ ဦးဆောင် သည့် အဖွဲ့သည် ဇွန် ၂၄ ရက်မှ ၂၈ ရက်ထိ မော်လမြိုင်နှင့် ရေးမြို့နယ်နှင့် ကရင်ပြည် နယ်၊ ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမည်ဖြစ်သည်။SDC...

စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း မွန်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောသည်။''ရှိနေတဲ့ ဟိုတယ်တွေ အဆောက်အအုံတွေကို အဆင့်မီအောင် လုပ်ရမယ်'' ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဒေါက်တာ မင်းနွယ်စိုးက ဆိုသည်။ဟိုတယ်ဇုန်များကို သတ်မှတ်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရန် သတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် မော်လမြိုင်၊ ကင်းမွန်းစခန်းနှင့် မုတ္တမဟိုတယ်ဇုံတို့ ဆောင်ရွက်မည်ဟုလည်း သူက ဆိုသည်။ဟိုတယ်ဇုန်များသတ်မှတ်ပြီး ဟိုတယ်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း လက်ရှိသဘာဝ...

သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်

    သင်္ဘောမှောက်ရာမှ ရေအောက်ထဲနစ်မြုပ်သွားသူတစ်ဦးသည် ပိတ်မိနေသည့်အနေအထားတွင်(၃)ရက် ကြာအသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန်အိုကီနီက မိမိ ကိုယ်ကိုယ် သေလူအဖြစ်သတ်မှတ်ထားခဲ့ပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီး ယားနိုင်ငံသား ထမင်းချက်သည် မေလ (၂၆) ရက်နေ့က အတ္တလန္တစ်သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယားကမ်း လွန်တွင် Jascon-4 သင်္ဘောနစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင်...

အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။အခုလို ဖန်တီးပြုလုပ်ပေးတဲ့...

မုံရွာမြို့တွင် စုံတွဲများသီးသန့်ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲများကဝင်ရောက်ဖမ်းဆီး

   တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်း စားစုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့်  3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။ ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက်စိစစ်ရာတွင် ဆင်ဆာမဲ့နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသနေသည်ကို...

“မင်္ဂလာပွဲသို့ အသောက်အစားကြမ်းသူများ ဖိတ်ကြားခြင်းမပြုရန် ဂျိုလီ ကန့်သတ်ချက်ထုတ်”

    မိမိတို့၏ မင်္ဂလာ ဧည့်ခံပွဲတွင် အသောက်အစား ကြမ်းသော မိတ်ဆွေများကို ဖိတ်ကြားခြင်း မပြုရဟု အန်ဂျလီနာ ဂျိုလီက ဘရတ်ပစ်တ်အား ကန့်သတ်ချက် ထုတ်ပြန်ထားလိုက်ကြောင်း သိရှိရသည်။ ကာလရှည်ကြာ တွဲလာသော ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲသည် သားသမီး များစွာနှင့် မိသားစု အခြေတကျ ဖြစ်နေသည့်တိုင် ယခုအချိန်ထိ လက်မထပ်ရသေးချေ။သို့သော်လည်း ယခုနှစ်အတွင်း ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်ရန် စီစဉ်နေပြီဟု သတင်းများက အလေးအနက် ဖော်ပြလျှက် ရှိသည်။ ပစ်တ်တွင် အရက် အလွန်သောက်သည့်...

နိုင်ငံရပ်ခြား ပညာသင်မည့်သူများ သတိထားစရာ ငွေ အလိမ်ခံရနိုင်သည့် နည်း (၇) မျိုး

ငွေကြေးကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ဆိုတာ ပြည်ပမှာ ပညာ သွားသင်မယ့် ကျောင်းသားများအတွက်ရော ၊ ခေတ်မီနည်းစနစ်နဲ့ ချိတ်ဆက်ပြီး ငွေကြေးကို သုံးစွဲနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်ပါ သိပ်ကို အရေးကြီးလှပါတယ်။ မသမာသူတွေရဲ့ ငွေကြေး လိမ်လည်ရယူတတ်မှုကို ကျောင်းသားတွေ အထိုက်အလျောက် သိထားစေဦးတော့ မိမိတို့ရဲ့ ငွေတွေကို လိမ်ယူဖို့ အချိန်မရွေး ချောင်းမြောင်းနေတဲ့ လိမ်သူတွေ အချို့ရှိနေတာကိုလည်း စိုးရိမ်ရပါတယ်။" သင်ဘယ်ကနေ ငွေကြေးဘယ်လောက်ရရှိပါလိမ့်မယ်။ ဒီလို လက်ခံရရှိဖို့ အတွက် ငွေအရင်ပို့ပေးပါ " ဆိုတဲ့ လူသိများတဲ့ လိမ်နည်း မျိုးကိုတော့ တုံ့ပြန်နေဖို့...

Gold Smith ၀င်ခွင့် ၊ Pre နှင့် Post Foundation အတွက် 25% သို့ 30% အထိ Scholarship လျှောက်ထားရရှိနိုင်မည်။

UK နိုင်ငံ London မြို့တွင်ရှိသော University Of London ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် Gold Smith - University of London, UK တွင် ပညာသင်ကြားလိုသည့်ကျောင်းသူ ကျောင်းသားများအနေဖြင့် University Foundation နဲ့ Postgraduate Foundation တို့ကို LodonFoundationCampus တွင်တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပြီး ၊ လျှောက်ထားသူများ၏ပညာအရည့်အချင်းအလိုက် Scholarship 25% သို့မဟုတ် 30% အထိ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိ ရပါသည်။ Gold Smith - University of London...

နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး

   ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာကျင်းပနေတဲ့ အကြိမ် ၅၀ မြောက် နေပြည်တော် ရှိကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း၂ထောင်ကျော်တန် စိန်ဘယက်တ ကုံးပျောက်သွားသလို ကျောက်ကုန်သည်တွေဝယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့ တာတွေ ချို့ယွင်းနေတာတွေရှိနေပါတယ်။ ဇွန်လ ၁၅ ရက်နေ့ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပျောက်နေတာကို အခမ်းအနားဖွင့်ပြီး တာနဲ့တွေ့ရှိခဲ့ရကြောင်း နေပြည်တော်ကျောက်မျက်ရ...

MIIT တက္ကသိုလ် ပထမနှစ်ကျောင်းသားများကို စက်တင်ဘာလတွင် စတင် ခေါ်ယူမည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော်တွင် ဖွင့်လှစ်မည့် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် အတွက် ပထမနှစ် ကျောင်းသားများကို လာမည့် စက်တင်ဘာတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးထံမှ စုံစမ်း သိရှိရသည်။ယင်း ပထမနှစ် တက်ရောက်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စတင် လက်ခံသွားမည်ဖြစ်ပြီး ပထမနှစ်အတွက် ခြောက်လကို အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ တက္ကသိုလ် တစ်ခုတွင် တက်ရောက်ရ...

စိုက်ပျိုးရေး တက္ကသိုလ်အသစ် တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ တက္ကသိုလ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ကနဦး လေ့လာမှုများ ဆောင်ရွက်နေသည်။'စိုက်ပျိုးရေး တက္ကသိုလ်အသစ်အတွက် ရည်ရွယ်ပြီး (စစ်ကိုင်းတိုင်း ဒေသကြီး) ရွှေဘိုနားမှာလေ့လာကြတယ်။ လောလောဆယ်လေ့လာရုံ အဆင့်ပဲရှိသေးတယ်"ဟု လယ်/ဆည် ၀န်ကြီးဌာနတာဝန်ရှိသူက ပြောသည်။အစီအစဉ် အကောင်အထည် ပေါ်လာချိန်တွင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။"စိုက်ပျိုးရေး...

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

  ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ်...

ပုဒ်မ ၄၀၁ ကို လုံးဝ သုံးတော့မည်မဟုတ်

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အပါအ၀င် အဖွဲ့ငါးဖွဲ့ စုပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း ၈၈ ယောက်ကို သမ္မတရုံးဝန်ကြီးဌာန မှ ကော်မတီအတွင်းရေးမှူး ဦးအောင်သိန်းထံ ဇွန်လ ၁၆ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ လေး ကြိမ်မြောက် အစည်းအဝေးတွင် ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ကော်မတီဝင် ဦးရဲအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။ "ဇွန်လ ၁၆ ရက်နေ့ အစည်းအဝေးမတိုင်ခင် ရှေ့အစည်းအဝေးတုန်းက အကျဉ်းထောင်ထဲမှာ...

မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာကို အပြစ်အနာအဆာ များသည်ဟု နိုင်ငံတကာ ပညာရှင်များ ဝေဖန်

နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ၌ ၂၀၁၃ ခုနှစ် မတ် ၁၄ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်) မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ရှစ်ဦး က ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA အဖွဲ့တွင် ဦးဆောင် ဆောင်ရွက်ခဲ့သူ ပါမောက္ခဦးညိုမောင်က ဆိုသည်။ ''မြစ်ဆုံစီမံကိန်း...

စာရွက်စာတမ်းအတုများဖြင့် ပွဲစားများမှတစ်ဆင့်လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဗီဇာကိုရာသက်ပန်ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှသတိပေးချက်ထုတ်ပြန်

ထိုင်းသံရုံးတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေကြသူများအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) ထိုင်းဗီဇာ လျှောက်ထားခြင်းကို ကိုယ်တိုင်လာရောက် လျှောက်ထားရန်နှင့် စာရွက်စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိရပါက ထိုင်းနိုင်ငံသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ ကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းသို့ ကြေညာချက် ထုတ်ပြန်ထား ရခြင်းမှာ ထိုင်းဗီဇာ လျှောက်ထားမှု များပြားနေချိန်၌ ထိုင်းဗီဇာ...

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ပညာရေးညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ပေးပို့

မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးလှုပ်ရှား ဆောင်ရွက်သည့် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပညာရေး ညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၈ ရက်၌ တင်သွင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်သည့် အဆိုပါ အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)တွင် ကလေးသူငယ်များ၏ ရှေးဦးသင် ပညာရေး၊ မသင်မနေရ အခြေခံပညာရေး၊ အခြေခံအထက်တန်း...

ဈေးကျနေသော်လည်း ထပ်မံထိုးကျမည်စိုး၍ ရွှေကစားသူများ ပြန်လည်ရောင်းချမှုများပြား

နိုင်ငံတကာရွှေဈေးမှာ အကျကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ထပ်မံ ထိုးဆင်းမည် စိုးသည့်အတွက် ရွှေဈေးကွက်အတွင်း ကစားနေသူများမှာ လက်ရှိအကျ ဈေးဖြင့်ပင် ပြန် လည် ရောင်းချမှုများ ရှိနေသည်ဟု သတင်းရရှိသည်။ ယခင်က ပြည်တွင်းရွှေဈေး ကျဆင်းသည် ဆိုပါ က ရွှေဝယ်စုသူများ အနေဖြင့် အကျဈေးဖြင့် ၀ယ်ယူထားလေ့ ရှိသော်လည်း ယခုအခါတွင်မူ ဈေးကျနေ သည့်တိုင် ကျသည့်aဈးဖြင့်ပင် ပြန်လည်ရောင်းချ နေခြင်းဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ...

အင်းလေးကန်အား ဇီဝကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ်ထိန်းသိမ်းရန် ယူနက်စကို စတင်လေ့လာ

အင်းလေးကန် တစ်နေရာအား မေလပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်အား ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ် ၍ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) မှ စတင်လေ့လာမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) သည် ယူနက်စကို၏ Man and the Biosphere (MAB) Programme အရ နိုင်ငံအလိုက် အသိအမှတ်ပြု တည်ထောင်ထားသော ဒေသများဖြစ်ပြီး...

မိန်းကလေးများ၏ ညို့ချက် (၈)ချက်

(၁)တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)(၂)တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)(၃)တစ်ချို့ မိန်းကလေးလေးတွေ ကျတော့ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ)(၄)တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။လျှာတစ်လစ်ထုတ်ပြတတ်တယ်။...

ပီအာစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်သို့ဆောင်ရွက်ရန် ဆုံးဖြတ်ချက် မချမှတ်ရသေး

ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ် ပီအာရွေးကောက်ပွဲ စနစ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း ဇွန် ၂၄ ရက်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ ''ကျွန်တော်တို့ အစည်းအဝေးမှာ ပီအာ ရွေးကောက်ပွဲစနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး...

မြန်မာနိုင်ငံ၏လယ်ယာထွက်ကုန်များ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဇွန်၂၄ ရက်က ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား တွေ့ရစဉ်။ (ဓာတ်ပုံ-နေရိုင်း) မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များသည် အရည်အသွေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်း ကိုက်ညီမှု မရှိ သည့် အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်၂၄ ရက်တွင် ကျင်းပ သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က...

မဲဆောက်ရှိ အခမဲ့ ကျောင်းများတွင် ယခုနှစ် ကျောင်းအပ်သူဦးရေ လျော့နည်း

ကောင်းကင်ပြာ ကျောင်းရှေ့တွင် ထိုင်းနိုင်ငံတော် သီချင်းဆိုနေသည့် ကျောင်းသားများ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ) ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ဖွင့်လှစ် ထားသည့် အခမဲ့ စာသင်ကျောင်းများတွင် ကျောင်း အပ်နှံသူဦးရေ လျော့နည်းသွားကြောင်း မဲဆောက်မြို့ တွင် ဖွင့်လှစ်ထားသည့် ကောင်းကင်ပြာ မူလတန်းကျောင်းအုပ် ထံမှ သိရသည်။ နိုင်ငံတကာ အကူအညီဖြင့် လည်ပတ်နေရသည့် ယင်းစာသင်ကျောင်းများအတွက် ယခုနှစ်တွင်...

တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအားဖော်ပြခဲ့သည်ကို သမ္မတရုံးကကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက်ထုတ်ပြန်ရသည်၊ ကြေညာ ချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထား...