ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.4.13

ချောင်းသာကမ်းခြေသွား ကားမှောက်မှုမှာ အမျိုးသမီး ၄ ဦး သေဆုံး

 ၁၆.၄.၂၀၁၃၊ အင်္ဂါနေ့ ဒီနေ့ သင်္ကြန်အတက်နေ့မှာ ချောင်းသာကမ်းခြေ အပန်းဖြေခရီးလာသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကြီးတစီး  တိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၄ ဦး သေဆုံးသွားပါတယ်။ကားမှောက်တဲ့နေရာကတော့ ပုသိမ် - ချောင်းသာလမ်း မိုင်တိုင်အမှတ် ၉/၀ က၊ ကျောက်ချောင်းကြီးတံတားအနီးမှာ ဖြစ်ပါတယ်။ခရီးသည်တွေဟာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ကလာသူတွေဖြစ်တယ်၊ ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက် ၁ ဦးကတော့ ပုသိမ်ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့...

မြန်မာမှာ လိင်ခွဲခြားမှု ဂျပန်လောက် မမြင့်မား

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့ မြန်မာနိုင်ငံရဲ့ ကျား/မ ခွဲခြားဆက်ဆံပုံဟာ ဂျပန်မှာလောက် မဆိုးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုမြို့ ကျိုတိုတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၅ဝဝ ကျော်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။            ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အသွင်အကူးအပြောင်းမှာ “မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ကျား/မခွဲခြားဆက်ဆံတာ မျိုးမရှိပဲ မြန်မာအမျိုးသမီးတွေဟာ...

မြန်မာ့ဒီမိုကရေစီရေး ဆက်ကြိုးစားဖို့ လိုသေးကြောင်း ဗြိတိန်အစိုးရ ပြောဆို

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့ မြန်မာအစိုးရသစ်ဟာ ၂ဝ၁၁ ခုနှစ်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရာမှာ တောက်ပြောင် ထင်ရှားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရလာဒ်တွေ တွေ့မြင်ရသလို၊ တချိန်တည်းမှာလည်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တွေ့မြင်နေရဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက မနေ့ကပြောဆိုပါတယ်။         ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ဧပြီလ ၁၅ ရက် တနင်္လာနေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့...

မြန်မာ့ပညာရေး ၀ိုင်းဝန်းမြှင့်တင်ကြဖို့ ဒေါ်စုတိုက်တွန်း

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့   မြန်မာနိုင်ငံတွင်း ပညာရေးစနစ် ပြန်လည် အားကောင်း ခိုင်မာလာဖို့ ငွေအားရော လူအားပါ ၀ိုင်းဝန်းကူညီကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ စဉ်းစားတွေးခေါ်မှုကို အားမပေးတာကြောင့်၊ ပညာရေးစနစ် ကျဆင်းလာရတယ်လို့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ ပြောတဲ့ မနေ့တုန်းက မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။ ...

ခန့်မှန်းထားသလို မြောက်ကိုရီးယားဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုမရှိ

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့    မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ဟောင်း ကင်အီဆွန်း (Kim Il Sung) ရဲ့ ၁၀၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြောက်ကိုရီးယားနိုင်ငံမှာ ကျင်းပနေပါတယ်။        အများကတော့ စတာလင်ဝါဒ ကျင့်သုံးတဲ့ နိုင်ငံဟာ ဒီကနေ့မှာ ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုကြီးထွားအောင် မစ်ဇိုင်းဒုံးပျံ စမ်းသပ် ပစ်လွှတ်လိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။       ...

သင်္ကြန်ရေစိုသွားတဲ့ ဖုန်းကို အသက်ကယ်နည်း

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့   သင့်ဖုန်းဟာ ရေစိမ်ခံ၊ ရေစိုခံ ဖုန်းတစ်လုံး မဟုတ်ဘူး ဆိုရင် သင်္ကြန်ရက်တွေမှာ ဆက်သွယ်ဖို့ အတွက် ဖုန်းတစ်လုံး သယ်ဆောင်သွားရတာ အိမ်မက်ဆိုးကြီး တစ်ခုလို ဖြစ်နေနိုင်ပါတယ်။  တကယ်လို့များ အဲ့ဒီ အသက်တမျှ ကာကွယ်ဖို့ လိုတဲ့ သင့်ရဲ့ဖုန်း သင်္ကြန်ရေနဲ့ ထိတွေ့သွားလို့ စိတ်သောက ဖြစ်ရမလား။  ဒါဆိုရင် အောက်ပါ အဆင့်တွေအတိုင်း ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 00. အရမ်းကြီး အစိုးရိမ် မလွန်ပါနဲ့။ စက္ကန့်ပိုင်းလောက် ရေစိုတာကိုတော့...

ဂျပန်တက္ကသိုလ် ဂုဏ်ထူးဆောင်ဆုတွေ ဒေါ်စုလက်ခံရယူ

၁၆.၄.၂၀၁၃၊ အင်္ဂါနေ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုကို ထိခိုက်စေမယ့် ဥပဒေတွေကို တတ်နိုင် သမျှပြင်ရမယ်လို့ ကျိုတိုမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ ပါတယ်။ ဂျပန်ကို ၆ ရက်ကြာ ခရီးသွားရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကို တနင်္လာနေ့မှာ ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်ထဲမှာ အမျိုးသမီးတွေရဲ့...