ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.5.13

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

၁၇.၅.၂၀၁၃၊ သောကြာနေ့ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့်တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက...

အမေရိကန်-မြန်မာ ကုန်သွယ်ရေး စာချုပ် ဦးသိန်းစိန် လက်မှတ်ထိုးမည်

မေလ ၁၇ ရက်   လာမည့် တနင်္လာနေ့တွင် စတင်ရန်ရှိသည့် မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သော စာချုပ် ၂ ခု ကို လက်မှတ်ရေး ထိုးဖွယ် ရှိကြောင်း သိရှိရသည်။  ယင်းစာချုပ်များတွင် နိုင်ငံအမည်ကို Burma အစား Myanmar ဟု သုံးစွဲထားကြောင်း သံတမာန် ရပ်ကွက် နှင့် နီးစပ်သောအသိုင်းအဝိုင်းက ဆိုသည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် အိမ်ဖြူတော် ၏ ကြေညာချက်တွင်လည်း မြန်မာ...

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ၉၃၈ ကျပ်အထိ ဆက်လက်ထိုးတက် ဗဟိုဘဏ်မှ ဒေါ်လာလဲနှုန်းအား တစ်ရက်လျင် ၁၀ ကျပ်အထိဈေးဆွဲတင်

၁၇.၅.၂၀၁၃၊ သောကြာနေ့ သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာ၏ မေ ၁၆ ရက် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ နေ့စဉ် ထိုးတက်လျက်ရှိပြီး မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၃၇ ကျပ်ဝန်းကျင်အထိ ဆက်လက်မြင့်တက် လျက်ရှိကြောင်း သိရသည်။ ဧပြီလ နောက်ပိုင်းမှစ၍ ဆက်တိုက် ထိုးတက်လာသည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ မေ ၁၅ ရက်က တစ်ဒေါ်လာ ၉၃၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး မေ ၁၆ ရက်တွင် ၉၃၇ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့သည်။ အဓိက မြင့်တက်ရသည့် အကြောင်းရင်းမှာ...

တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ပခုက္ကူနှင့် ပေါက်မြို့သို့ ပြေး ဆွဲနေသော ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ရပ်နားပြီး ဈေးဆိုင်များလည်း စောစီးစွာ ပိတ်ထားကြောင်း သိရ

၁၇.၅.၂၀၁၃၊ သောကြာနေ့   မေလ ၁၅ ရက်နေ့က တောင်ကျချောင်းစီးဆင်းမှုကြောင့် ပိတ်ထားသော ဈေးဆိုင်ခန်းများကို တွေ့ရစဉ်   ပခုက္ကူနှင့် ပေါက်မြို့သို့သွားရာ ကားလမ်းတစ်လျောက်ရှိ ယောချောင်းနှင့် ကျောချောင်းတွင် တောင်ကျရေများ ကျဆင်းလာသည့်အတွက် မော်တော်ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ယာယီရပ်နားထားပြီး ပခုက္ကူမြို့တွင်လည်း ချောင်းရေကြီးမှု၊ မြေပြိုမှုများနှင့် ပတ်သက်ပြီး သတိပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပခုက္ကူမြို့မဈေးနှင့် ပေါက်မြို့ဈေးတို့ရှိ...

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အရန်ဆန် တန်ချိန်တစ်သိန်း ၀ယ်ယူရန် သတ်မှတ်ထားပြီး မေလကုန်တွင် စတင်ဝယ်ယူမည်

၁၇.၅.၂၀၁၃၊ သောကြာနေ့   ဧရာဝတီမြစ်ပေါ်မှ ဆန်တင်သင်္ဘောအား ပြည်ဆိပ်ကမ်းတွင်တွေ့ရစဉ်  ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အရန်ဆန် တန်ချိန်တစ်သိန်း ၀ယ်ယူရန် သတ်မှတ်ထားပြီး လာမည့်မေလကုန်တွင် စတင်ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရသည်။ အရန်ဆန်ဝယ်ယူရေးအတွက် ဘတ် ဂျက် ၁၄ ဒသမ ၅ ဘီလျံ သတ်မှတ်ထားကြောင်း၊ ယင်းကဲ့သို့ အရန်ဆန် ၀ယ်ယူရန်အတွက် လတ်တလောတွင် နိုင်ငံတော်မှ ဘတ်ဂျက် ၁၀ ဘီလျံ ချထားပေးကြောင်း၊ ဆက်လက်ဝယ်ယူရန် နောက်ထပ် ၁၅ ဘီလျံ...

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

၁၇.၅.၂၀၁၃၊ သောကြာနေ့ အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့လာနေစဉ်    ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အလယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုးညွှန်းတမ်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ်...

ထားဝယ်စီမံကိန်းနစ်နာချက်များ သတင်းစာရှင်း

၁၇.၅.၂၀၁၃၊ သောကြာနေ့   တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်းမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာကြောင့် နစ်နာတာတွေကို အများပြည်သူသိရှိစေဖို့ ရန်ကုန်မြို့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ထားဝယ်ဒေသခံတွေက ဒီကနေ့ (မေလ ၁၆ ရက်နေ့)မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ " အဓိကကတော့ ထားဝယ်မြို့နယ်မှာရှိတဲ့ လယ်သိမ်းတဲ့ ကိစ္စတွေကို ဦးတည်ပြီးတော့လာလုပ်ပါတယ်၊ ဒီထဲမှာ ထားဝယ်မြို့ပေါ်မှာ ကုမ္ပဏီက သိမ်းလိုက်တဲ့...

၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူ

၁၇.၅.၂၀၁၃၊ သောကြာနေ့ တောင်ကိုးရီးယားနိင်ငံမှာရောက်ရှိနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ က ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့်အရေးဆုကို ဒီကနေ့ အထူးအခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်နေတဲ့ NLD လွတ်မြောက်နယ်မြေတောင်ကိုးရီးယားဌာနခွဲက ဦးရန်နိင်ထွန်းက RFA ကို ပြောပါတယ်။ " လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မင်းကိုနိုင်ရခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ကိုမင်းကိုနိုင်ကို ဒီနေ့မေလ ၁၆ ရက်နေ့မှာ အခမ်းအနားတစ်ရပ်အနေနဲ့ ကျင်းပပြီးတော့...