ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.11.14

ခိုတောင်လူသတ်မှု ထိုင်းရဲ၏ စုံစမ်းစစ်ဆေးမှုကို လေ့လာပြီးသော ဗြိတိန်ရဲအဖွဲ့ ဌာနေသို့ ပြန်ပြီ

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခို တောင်ကျွန်းတွင် ဗြိတိသျှခရီးသည် နှစ်ဦးတို့အသတ်ခံရမှုအတွက် ထိုင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို သုံး သပ်ပြီးနောက် ဗြိတိသျှရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ် ကြောင်း၊ ယခုအခါသူတို့၏လေ့လာ တွေ့ရှိချက်ကို အစီရင်ခံစာရေးတော့ မည်ဖြစ်ကြောင်း စကော့တလန်ယာ့ဒ် က နိုဝင်ဘာ ၁၁ရက် ၌ ဆိုသည်။ ဗြိတိသျှခရီးသည်များ ဖြစ်ကြ သည့် ဒေးဗစ်မီလာနှင့် ဟန်နားဝိ သာရိဂ်ျတို့အသတ်ခံရမှုအတွက် ထိုင်း ရဲ၏စုံစမ်းစစ်ဆေးမှုကို လေ့လာရန် ဗြိတိန်မှထောက်လှမ်းရေးအဖွဲ့သည်...

မလေးရှားတွင် မြန်မာအလုပ်သမားတစ်ဦးထပ်မံအသတ်ခံရ၊ ၂ဝ၁၄ ခုနှစ်အတွင်း အသတ်ခံရသူ မြန်မာ ၂ဝ ဦးခန့်ရှိ

မလေးရှား နိုင်ငံ ပီနန်တွင် မြန်မာအလုပ်သမား တစ်ဦး နိုဝင်ဘာ ၁ဝရက်က ထပ်မံ အသတ်ခံခဲ့ရကြောင်း မလေးရှား မီဒီယာများတွင် ဖော်ပြချက်အရသိရ သည်။ သေဆုံးသူအား ဘတ်တာဝေါ့ တာဆစ်ဂူးလေမြို့အနီးရှိ ဆီအုန်း စိုက်ခင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် အသက် ၃၄နှစ် ရှိသူအမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ လည်ပင်းပြတ် ရှဒဏ်ရာ၊ ဝမ်းဗိုက်၊ ရင်ညွန့်၊ တင် ပါးများတွင်လည်း ဓားထိုးသွင်းဒဏ် ရာများ ရရှိထားကြောင်း အဆိုပါသ တင်းဌာနများတွင်...

ရုရှားတပ်များ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စွပ်စွဲ

ရုရှားတပ်များသည် နယ်ခြားဒေသကို ဖြတ်ကျော်ကာ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စစ်မဟာမိတ် တပ်ဖွဲ့က အခိုင်အမာ စွပ်စွဲလိုက်သည်။ NATO တပ်ဖွဲ့၏ ထောက်လှမ်းမှုများအရ ရုရှား၏ စစ်ယာဉ်များနှင့် တိုက်ခိုက်ရေး တပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း ယူကရိန်း ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။ NATO တပ်ဖွဲ့ခေါင်းဆောင် ဂျန် စတိုလ်တန်ဘာ့ဂ်က ရုရှားအနေဖြင့် ယူကရိန်းပိုင်နက်ထဲမှ တပ်များကို ပြန်လည် ဆုတ်ခွာပေးရန်လည်း တိုက်တွန်း တောင်းဆိုခဲ့သည်။ နိုဝင်ဘာ...

အီဘိုလာရောဂါနဲ့ သေဆုံးသူ ၅၀၀၀ ကျော်ပြီ

အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၅,၀၀၀ ကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာပါတယ်။ ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကတော့ ၁ သောင်း ၄ ထောင် ကျော်လို့ ဆိုပါတယ်။ ဒီသတင်း အချက်လက်တွေကို ဂျနီဗာမှာရှိတဲ့ WHO ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ အီဘိုလာရောဂါ ဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့တဲ့ အရပ်ကတော့ အာဖရိက အနောက်ဘက်ခြမ်း ဖြစ်ပါတယ်။ တကယ်သေဆုံးခဲ့တဲ့ အရေအတွက်ဟာ အဲဒီထက် ပိုပြီးများနိုင်ကြောင်း ၅,၁၆၀ အထိ ရှိနိုင်တယ်လို့...

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ရဲလက်ထဲအပ်ဖို့ ပြင်ဆင်

Hong Kong Occupy Central လှုပ်ရှားမှု ဆန္ဒပြအဖွဲ့ကြီးကို တည်ထောင်သူ ၃ ဦးဟာ မကြာခင်မှာ ဥပဒေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ရဲတပ်ဖွဲ့ထံ သွားရောက်ပြီးတော့ အဖမ်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Benny Tai၊ Chan Kin-man နဲ့ Chu Yiumin က သူတို့ရဲ့ လုပ်ရပ်ကို လက်နက်ချတယ်လို့ မမှတ်ယူစေလိုကြောင်းနဲ့ တလကျော်ကြာမြင့်တဲ့ လမ်းပေါ်တက် ဆန္ဒပြမှုကို အဆုံးသတ်သွားတာလည်း မဟုတ်ကြောင်း ပြောပါတယ်။ သူတို့ ၃ ယောက်ဟာ ရှေ့သီတင်းပတ်ကုန်ပိုင်းမှာ သွားရောက် အဖမ်းခံမှာ ဖြစ်တယ်လို့...