ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.6.13

ရွှေတိဂုံစေတီတော်မြတ်ကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက စွယ်တော်ပွားတစ်ဆူလှူဒါန်း..

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းမည့် တရုတ်နိုင်ငံရှိ ဗုဒ္ဓစွယ်မြတ်ပုံတူစွယ်တော်ပွား သုံးဆူထဲက ပထမဦးဆုံးစွယ်တော်ပွားတစ်ဆူနှင့် ရွှေကျောင်းဆောင်ကို ရန်ကုန်မြို့ ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ စေတနာသမ္ဘာရဝတ်အသင်းတန်ဆောင်းတွင် ထာဝရ အပူဇော်ခံထားရှိရန် ဇွန်လ(၂၁)ရက်နေ့က ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံရှိ ဗုဒ္ဓစွယ် တော့်မြတ်ကို မြန်မာနိုင်ငံတွင်(၄)ကြိမ်တိုင် အောင် ပင့်ဆောင်ပူဇော်ခဲ့ရာက...

စာကြည့်တိုက် (၃၅)ခု၌ အင်တာနက် wifi အခမဲ့ အသုံးပြုနိုင်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ တနင်္ဂနွေနေ့မှလွှဲ၍ တစ်ပတ်လျှင် (၆)ရက်ဖြစ်ပြီး နံနက် (၇)နာရီမှ ည (၇)နာရီ အထိ အခမဲ့အသုံးပြုနိုင်ခြင်းဖြစ် သည်။ “အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံးသုံးနိုင်ဖို့ ဖွင့်ချလိုက်တာ။ ဒီမှာသုံးလို့ရတာ မသိကြတော့တစ်ယောက်၊...

ရယ်လိုက်ချင်သေးတယ်

ရယ်လိုက်ချင်သေးတယ်။ တစ်ခါက သတင်းစာ ဆရာ ကြီး ဦးပုလေး နှင့်မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့သည် ဒီမိုကရေစီနှင့်ပတ်သက် ပြီး စကားစမြည်များပြောဆိုနေ ကြလေ၏ သတင်းစာ ဆရာကြီး ဦး ပုလေးက ““အင်းငါတို့ ဗိုလ်ချုပ်ကဒီမိုကရေစီကို အတော် လေးစားတာပဲ”” ဟုဆိုကာရင်ထဲ ၌ကြိတ်ကာချီးကြူးလေ၏ ထို့နောက်သတင်းစာဆရာကြီး ဦးပုလေးက ဗိုလ်ချုပ် အောင်ဆန်းအား ““ဗိုလ်ချုပ်ရဲ့လုပ်ငန်းစဉ်ကို ဆန့်ကျင်ဘက်လုပ်နေကြသူတွေကို အထူးတလည် အရေးယူပြီးတစ်နည်းနည်း နဲ့ဖိနှိပ်ပစ်လိုက်ရင်...

သမ္မတဖြစ်ရေးထက်လွှတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်ရေးသာအရေးကြီး

အခုတလောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူတို့သမ္မတဖြစ် ချင်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြော ကြားခဲ့တာကို သတင်းဂျာနယ်တွေမှာ ဖတ်လိုက်ရသည်။ သူတို့ကတော့ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ ပေမဲ့ လက်ရှိသမ္မတ၏ လုပ်ဆောင်ချက် တွေကို မကြိုက် လို့သမ္မတဖြစ်ချင်ကြတာ လားဆိုတာလဲ မေးစရာပင်။လက်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့...

မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်မှ ယခင် ပညာသင်နှစ် အမှတ် စာရင်း အတိုင်းသာ ခေါ်ယူသွားမည်

ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ၂၀၁၂- ၂၀၁၃ ယခု ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူများ ကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ် သင်တန်းကို လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲနဲ့ ၀ိပ္ပံဘာသာတွဲများ နဲ့ အောင်မြင် ထားသူများ လျှောက်ထား ခွင့်ရှိပြီး ကျန်းမာရေး(က)အဆင့်...

ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို ဆန်စပါးအသင်းချုပ် ထောက်ပံ့မည်

ရန်ကုန်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော အသင်းဝင် မိသားစုများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေးပေးအပ်သွား မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဝင်များ၏ မိသားစုဝင်များအားပညာ သင်ထောက်ပံ့ ကြေးပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အရေအတွက် ကန့်သတ်မထား ဘဲလျှောက် လွှာတင်သော ကျောင်းသား/သူ၏ အရည်အချင်းပေါ်မူတည်ပြီး...

ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက် ရယူ

ရခိုင်ရဟန်းတော် ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ ကို ဇွန်လ ၂၁ ရက်နေု့ ညနေပိုင်း တွင် သီရိလင်္ကာနိုင်ငံ ဘန္ဒာနာယကေ အထိမ်းအမှတ် နိုင်ငံတကာ အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်သော ကေလဏိယ တက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ရယူ ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်း ပဓာနနာယက ဆရာတော်ဖြစ်သော ဒေါက်တာ အသျှင် ဉာဏုတ္တရသည် သူ၏ ပါရဂူဘွဲ့ကို ရခိုင်ပြည်နယ် အပေါ် ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာသက်ရောက် မှုကို သမိုင်းကြောင်းနှင့်...

ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ (တိုက်ရိုက် ဘာသာပြန်ဆိုသည်)

When Buddhist Gone Bad By Hannah Beech (Monday, July 1, 2013) ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ(တိုက်ရိုက် ဘာသာပြန်ဆိုသည်) Hannah Beech မြန်မာနိုင်ငံရဲ့ ဘင်လာဒင်လို့ သမုတ်ခံရတဲ့ ဘုန်းတော်ကြီးရဲ့ မျက်နှာဟာ ရုပ်ပွားတော်တစ်ခုကဲ့သို့ တည်ကြည် ငြိမ်သက်လျက်စွာနဲ့ တရားကို စတင်ဟောကြားပါတယ်။ သူ့ရဲ့ ရှေ့မှောက်မှာ ကိုးကွယ်သူ ရာပေါင်းများစွာဟာ လက်အုပ်ချီပြီး ထိုင်နေကြပါတယ်။ သူတို့တွေရဲ့ကျောပြင်မှာတော့ ချွေးတွေ စီးကျနေပါတယ်။ တရားနာ ပရိတ်သတ်ကြီးက သင်္ဃန်းဝတ်...

သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးသော်လည်း ထပ်မံကျူးကျော်ပါက အရေး ယူမည်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် တစ်နိုင်ငံ လုံးရှိ ကြိုးပြင် ကြိုးဝိုင်း ကာ ကွယ်တောများမှ မြေဧက သုံးသိန်းကျော်ကို သမ္မတရုံး ခွင့်ပြုချက်ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေး သွား မည် ဖြစ်သော်လည်း ထပ်မံ၍ ကျူးကျော် နေထိုင်သူများကိုမူ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက The Voice သို့ ပြော ကြားသည်။ နှစ်ကာလ အတန်ကြာ နေထိုင်နေသည့် အိမ်ခြေ ၅၀နှင့် အထက် ကျေးရွာ...

မြန်မာနိုင်ငံ၏ အင်တာနက် Speed ကို ကမ္ဘာကျော် Intel ကုမ္ပဏီမှ ဝေဖန်ပြောကြားသွားခဲ့

ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Intel ကုမ္ပဏီသည် အာရှတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် အာရှ၏ နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါ ဝင်ကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum (WEF)) တွင် ပြောကြားခဲ့သည်။ Intel ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Mr.Aruind Sodhamim က “ကျွန်တော်တို့ ရဲ့ အာရှတိုက်တွင် အရဲစွန့်ပြီး လုပ်ဆောင်တဲ့ စီးပွားရေးစနစ်မှာ...

မလေးရှား အကြမ်းဖက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများနှင့် အခက်အခဲကြုံတွေ့နေသူ ၃၀၀ ကျော် ဇွန် ၂၂ ရက်(ယနေ့)မှ စတင်ပြီး ဇွန် နောက်ဆုံးပတ်အထိ ဆက်တိုက်ရောက်ရှိမည်

မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင် များ အပါအ၀င် မလေးရှား၌ အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ကျော် သည် ဇွန် ၂၂ ရက်(ယနေ့) မှစတင်ပြီး ဇွန်နောက်ဆုံးပတ်အထိမြန်မာနိုင်ငံသို့ ဆက်တိုက် ပြန်လည်ရောက် ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။ ထိုကဲ့သို့ ပြန်လည်ရောက်ရှိမည့်သူ များသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်နှင့်...

မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်လျှောက်လွှာများ လက်ခံ

မလေးရှားရောက် မြန်မာအလုပ်သမား များအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီး ဌာနမှ ဇွန် ၁၈ ရက်မှ စ၍ အလုပ်လျှောက်လွှာများ လက်ခံလျက် ရှိကြောင်း အဆိုပါ ၀န်ကြီးဌာနမှ သိရ သည်။ လက်ရှိတွင် ဇွန် ၁၇ ရက်မှ ၂၁ ရက် နေ့အထိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာ အလုပ်သမား အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၁၉ ဦးတို့မှာ အလုပ်သမား ၀န်ကြီးဌာနသို့ လာရောက် ဆက်သွယ် အလုပ်လျှောက်ထား ခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ဆီကို ဆက်သွယ်လာတဲ့ အလုပ်သမားတွေကို...

မြန်မာပြည်တောင်ပိုင်း ကျွန်းများတွင် သဘာဝဦးစားပေး ခရီးသွားလုပ်ငန်း များကိုသာ လုပ်ကိုင်သင့်ကြောင်း လေ့လာသူများ သုံးသပ်

မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း တည်ရှိနေသေးသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှု များပြားလာနေပြီး ခရီးသွား လုပ်ငန်းများကို ဖော်ဆောင်ပါက သဘာဝကို ဦးစားပေးသည့် ခရီးသွား လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ကိုင်သင့်ကြောင်း လေ့လာသူများက သုံးသပ် ခဲ့ကြသည်။ မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုနှင့် ကော့သောင်းခရိုင်အတွင်း ရှိ ကျွန်းများမှာ သဘာဝအလှအတိုင်း တည်ရှိနေသေးသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများက...

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီမည်

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံအတွက် ဗြိတိန်နိုင်ငံက စတာလင် ပေါင်သန်း ၁၈၀ ကျော် လှူဒါန်းရန် စီစဉ် ထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး အလယ်(န်)ဒန်ခင်(န်)က ဇွန် ၂၀ရက်က နေပြည်တော်တွင် ပြောကြား သည်။ ''ဒီငါးနှစ် စီမံကိန်း အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ ကြွယ်ဝမှု ဖန်တီးခြင်းသာမက ပဋိပက္ခ၏ ရိုက်ခတ်မှု ကို ခံရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များကဲ့သို့သော နယ်ပယ်တွေကို...

ကုသိုလ်တော် ကျောက်စာ ကုလ အသိအမှတ်ပြု

မန္တလေးမြို့က နှစ်၁၅၀နီးပါး သက်တမ်း ရှိပြီဖြစ်တဲ့ ပိဋကတ် ကျောက်စာတွေကို ယူနက်စကို ကုလသမဂ္ဂ အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းအသိအမှတ်ပြုလိုက်ပါပြီ။ အဲဒီကျောက်စာတွေကို မင်းတုန်းမင်းကြီးက မန္တလေးမြို့ ကုသိုလ်တော်ဘုရားအတွင်းမှာတည်ထားခဲ့တာဖြစ်ပြီး ကု သိုလ်တော် ကျောက်စာတွေအဖြစ် လူသိများကြပါတယ်။ ဒါဟာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခုကို ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် တရား ဝင် အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဲဒီကုသိုလ်တော် ကျောက်စာတွေအပါအဝင်...

၈၈ မျိုးဆက်ရဲ့ မြောက်ပိုင်း အိုင်ယာလန်ခရီး

မြောက်ပိုင်းအိုင်ယာလန်မှာ ၂ ရက်ကြာခရီး ရောက်နေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဒီခရီးစဉ် အတွင်း စံနမူနာယူစရာ အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ အသိုင်းအ၀ိုင်း နှစ်ခုကို ဘယ်လို ချိတ်ဆက်မလဲ၊ ပြီးတော့ ပြဿနာဖြေရှင်း နည်း၊ ငြိမ်းချမ်းရေး တည်ဆောက်ပုံတွေကို အဓိက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနေအထားအရ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင် ရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ကြပါ...

အိန္ဒိယမှာ ရေကြီးလို့ လူ ၅၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးလို့ သေကြေတဲ့လူ အရေအတွက်ဟာ ၅၀၀ ကျော်လာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီထက်လည်း လူ အသေအပျောက် များနိုင်သေးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Action Aid ကလည်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ငါးထောင် ကျော်နေတယ်လို့ ပြောပါတယ်။ သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် အွတ်တရာခန်းပြည်နယ်က လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့လို့ လူ ၅ သောင်းကျော်ဟာ မိုးထဲမှာပဲ ရှိနေသေးတယ်လို့ အစိုးရက ကြေငြာ ပါတယ်။ မွန်ဘိုင်းမြို့မှာတော့...

စစ်တွေရှိ ဒုက္ခသည်များ နေရပ်ရင်း ပြန်ရန် ငြင်းဆန်၍ ပြည်နယ်အစိုးရ အခက်ကြုံ

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့နယ်သို့ ရောက်ရှိခိုလှုံနေထိုင် ကြသော အခြားမြို့နယ်များမှ မူဆလင် ဒုက္ခသည်များ မူလဒေသသို့ ပြန်ပို့ရန် အစီအစဉ်ကို ငြင်းဆန်နေ၍ ရခိုင် ပြည်နယ်အစိုးရအနေဖြင့် အခက်တွေ့နေရကြောင်း အစိုးရအဖွဲ့၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က မဇ္ဈိမကို ပြောသည်။ ပဋိပက္ခဖြစ်စဉ်တွင် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်များမှ အိုးအိမ်မဲ့ မူဆလင် ဒုက္ခသည်များ...

ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တနှစ်ပြည့်မြောက်သည့် အချိန်အထိ လူနေမှုဘ၀ ပုံမှန်မရှိသေးသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အကူအညီများပေးသွားမည်ဟု ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး က ၎င်း၏ ရခိုင်ဒေသ ခရီးစဉ်တွင် ပြောဆိုသွားကြောင်း သိရသည်။ ဗြိတိန် ဖွံ့ဖြိုးမှုဝန်ကြီး Right Honourable Alan Duncan MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊...

ဓါးပြတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြခေါင်းဆောင် ဖမ်းမိ၊ ဘင်္ဂလာဒေခ်ျ့ ရဲ (၄) ဦး ဒဏ်ရာရ

မြန်မာ နယ်စပ် အနီး ဓါးပြ အဖွဲ့ တစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြ ခေါင်း ဆောင် တစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိပြီး ဘင်္ဂလာဒေခ်ျ့ ရဲ အဖွဲ့ဝင် (၄) ဦးလည်း တိုက်ပွဲမှာ ဒဏ်ရာ ရရှိသွား ခဲ့တယ်လို့ ဒီကနေ့ထုတ် The Independent သတင်းစာမှာ ဖေါ်ပြပါတယ်။ ဒဏ်ရာ ရသွားတဲ့ ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့ဝင် (၄) ဦးထဲမှာ နှစ်ဦးက အရာရှိဖြစ်ပြီး နှစ်ဦးကတော့ သာ မန်ရဲတွေ ဖြစ်ကြ တယ်လို့ ပြောပါတယ်။“ ဒဏ်ရာရတဲ့ ရဲအရာရှိနှစ်ဦးကတော့ SI Nasir နဲ့ SI Mnjur...

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်

မကြာခင်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ မျက်စိဝေဒနာ ခံစားနေ ရသူများကို အခမဲ့ စမ်းသပ် ကုသပေးတော့မှာဖြစ်ပါတယ်။ ယခုလာမဲ့ ဇွန်လ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃ရက်နေ့ များမှာ မျက်စိအထူးကု သမားတော်ကြီးများ ကိုယ်တိုင် ဆေးရုံကြီးကို ကြွရောက်လာပြီး လူနာများကို စမ်းသပ် ကုသပေးမှာ ဖြစ်ပါတယ်။ သီပေါမြို့ရဲ့ သီတဂူစက္ကုဒါန ဆေးရုံတော်ကြီးမှာ လူမျိုး ဘာသာမရွေး မျက်စိ ဝေဒနာရှင်တွေကို ကုသပေးလာတာ အခုဆိုရင် ၂၄ကြိမ်မြောက် ရှိပါပြီ။ သီပေါမြို့ရဲ့...