ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.12.14

ဗော်ဒ်ဂါအရက်ဈေး ချရန် ရုရှားသမ္မတပူတင် အမိန့်ထုတ်

ဗော်ဒ်ဂါဈေးနူန်း တက်နေခြင်းကို ကန့်သတ်ရမည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က ၎င်း၏ အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စီးပွားရေး အကျပ်အတည်း ရုရှားတွင် ဖြစ်လျက်ရှိစဉ် မစ္စတာပူတင်က အရက်များ ဈေးကြီးနေပါက ပြည်သူများကို တရားမဝင် ချက်ထားသော အန္တရာယ် မကင်းသည့် အရက်များကို သောက်ရန် တိုက်တွန်းသကဲ့ ဖြစ်နေမည်ဟု ဆိုထားသေးသည်။ ရေနံဈေးကျခြင်းနှင့် အနောက်အုပ်စုက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုတို့ကြောင့် ရုရှား ရူဘယ်ငွေကြေးဈေး ကျဆင်းသွားခဲ့ရသည်။ လာမည့်နှစ်အတွင်း...

ရုရှားစတိုးဆိုင်တခုတွင် ခြေသုတ်ဖုံဖြစ်သွားသည့် အမေရိကန် အလံ

ရုရှားနိုင်ငံ မော်စကိုမြို့တော်က စတိုးဆိုင်ကြီးတခုမှာ အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ခင်းပြီး အမေရိကန်ဆန့်ကျင်ရေး ပြသခဲ့ပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဈေးရောင်းကာလအတွင်း အခုလို အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ချထားတာ ဖြစ်ပေမယ့် ဈေးဝယ်တွေအနေနဲ့ ထူးထူးခြားခြား မဖြစ်ကြပါဘူး။ ဈေးဝယ်တဦးကတော့ ယူကရိန်းနိုင်ငံမှာ ရုရှားအလံကို မီးရှို့၊ မြေချနင်းတဲ့အတွက် သူတို့ကလည်း ပြန်လုပ်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဈေးဝယ်နောက်တဦးကလည်း အမေရိကန်တွေဟာ ရုရှားပြည်သူတွေရဲ့...

ဆူနာမီ ၁၀ နှစ်ပြည့် အခမ်းအနားများ ကျင်းပ

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ထိခိုက်ခံရတဲ့ အင်ဒိုနီးရှား အပါအ၀င် ထိုင်း သိရီလင်္ကာနဲ့ တခြား နိုင်ငံတွေမှာ ၁၀ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေ ကျင်းပ နေကြပါတယ်။ ဆူနာမီကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဆုတောင်းပေးခဲ့ကြသလို ထိုင်းနိုင်ငံက ဘမ်နမ့်ခမ်းရွာမှာတော့ အမှတ်တရ နံရံမှာ သေဆုံးသူတွေအတွက် အမှတ်တရပန်းတွေ လာရောက်ထိုးပေးခဲ့ကြပါတယ်။ ဆူနာမီဒဏ်ကို အင်ဒိုနီးရှား အာချေးခရိုင်ကတော့ အဆိုးဆုံး ထိခိုက်ခံစားခဲ့ရသလို အင်ဒိုနီးရှား၊ သီရီလင်္ကာ၊ အိန္ဒိယ၊...

စာသင်ကျောင်း တိုက်ခိုက်ခံခဲ့ရသည့် ပီရှာဝါမြို့သို့ အေမာခန်း သွားရောက်

ဗြိတိန်လက်ဝှေ့ အကျော်အမော်တစ်ဦး ဖြစ်သည့် အေမာခန်းသည် တာလီဘန် အကြမ်းဖက်သမားများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ စာသင်ကျောင်းရှိရာသို့ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကာ အဆိုပါခရီးစဉ်ကို အေမာခန်းနှင့်အတူ ၎င်း၏အစ်ကို ဖြစ်သည့် ဟာရွန်းလည်း လိုက်ပါသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။ တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးတို့သည် ပီရှာဝါမြို့ရှိ စာသင်ကျောင်းကို လွန်ခဲ့သည့်...

ငြိမ်းချမ်းရေး ဆုတောင်းသံလွှမ်းတဲ့ ၂၀၁၄ ခရစ်စမတ်

ဒီလို ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ မွေးဖွားလာတဲ့ သခင်ယေရှုခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကနေ ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတ၀ှမ်းမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒီနှစ်ခရစ္စမတ်ရဲ့ ထူးခြားချက် ကတော့ နေရာ တော်တော်များများမှာ ငြိမ်းချမ်းရေး ဆုတောင်းသံတွေ လွှမ်းမိုးနေတာပါ။ Vatican City က St. Peter ရင်ပြင်မှာ စုဝေးရောက် ရှိနေကြတဲ့ ထောင်ပေါင်းများစွာသောသူတွေနဲ့ ကမ္ဘာတ၀ှမ်း ရုပ်မြင်သံကြားတွေ ကနေ ကြည့်ရှုနေကြသူတွေအားလုံးကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis)...

ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်

ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။ ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က...

ဟောင်ကောင်တွင် လုံခြုံရေးကုမ္ပဏီကားထဲက အမေရိကန်ဒေါ်လာ ၂ သန်းခန့် လွင့်စဉ်

ဟောင်ကောင်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က လုံခြုံရေးကုမ္ပဏီကြီးတခုရဲ့ ဗင်ကားတစီးထဲက အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး လွင့်စဉ်ကျကုန်လို့ ဟောင်ကောင်ရဲတွေဟာ ပတ်ဝန်းကျင်ကို အပြင်လူမဝင်နိုင်အောင် အမြန်ကန့်သတ်ခဲ့ရပါတယ်။ အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲတွေက ဝမ်ချိုင်းခရိုင်ထဲက လမ်းပိုင်းကို ပိတ်ခဲ့ပြီး လူတွေ ဘဏ်ငွေစက္ကူတွေကို ပြန်အပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာတယောက်က သက်ကြီးအမျိုးသမီးတဦးက ကောက်ထားတဲ့ ငွေစက္ကူတွေကို ရဲက ပြန်ပေးခိုင်းခဲ့တယ်လို့...

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။ အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့...

စိန့်လူးဝဇ် ပစ်ခတ်မှုသည် ဖာဂူဆန် ပြဿနာနှင့် မတူကြောင်း မြို့တော်ဝန် ပြောကြား

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မစ်ဆူရီပြည်နယ် စိန့်လူးဝဇ်မြို့စွန် ဘာကလေမြို့တွင် ဒီဇင်ဘာ ၂၃ ရက်ညက ရဲတစ်ဦး ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ် အရွယ် လူမည်းလူငယ် တစ်ဦး သေဆုံးသွားခဲ့ရာ ယခု ဖြစ်စဉ်သည် ပဋိပက္ခများ ဖြစ်ပွား စေခဲ့သည့် ဖာဂူဆန်ဖြစ်စဉ်နှင့် မတူညီကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။ မစ်ဆူရီ ပြည်နယ် အတွင်း၌ပင် တည်ရှိသည့် ဖာဂူဆန် မြို့တွင် လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲများက ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွား ခဲ့သောကြောင့် အသားအရောင်...

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။ အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ...