ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.10.14

ပျောက်ဆုံး MH 370 လေယာဉ် ကို အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်တွင် ရှာဖွေ မှုများ ပြန်လည် လုပ်ဆောင်

ခြောက်လကျော်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်အောက်တွင် ရှာဖွေမှုများ ပြန်လည်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။ ရှာဖွေရေး သင်္ဘောသုံးစင်းအနက် တစ်စင်းဖြစ်သော The Go Phoenix သင်္ဘောသည် အဆိုပါ ပျောက်ဆုံးလေယာဉ် အပျက်အစီး များကို ၎င်းသမုဒ္ဒရာအောက်တွင် တစ်နှစ်ကြာ ရှာဖွေသွားမည်ဖြစ်ပြီး ၎င်းသင်္ဘောသည် အောက်တိုဘာ ၆ ရက်က သြစတြေးလျနိုင်ငံ အနောက်ဘက်မှ မိုင် ၁၁ဝဝ အကွာရှိ ရှာဖွေရေးဇုန်အတွင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ပိုင်နက်အငြင်းပွားနေသည့် ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား ရေယာဉ်များ အပြန်အလှန်ပစ်ခတ်

နှစ်နိုင်ငံ နယ်စပ်ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ရေတပ် ကင်းလှည့်သင်္ဘောများ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ပိုင်နက် အငြင်းပွားမှုများ မကြာခဏ ကြုံရလေ့ရှိသည့် ပင်လယ်ဝါ ရေပြင်တွင် ယခင်ကလည်း အလားတူ ရေတပ်ချင်း ထိတွေ့မှုများ ရှိခဲ့ဖူးသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ (၇)ရက် နံနက်ခင်းတွင် မိမိတို့၏ ရေတပ်နှင့် မြောက်ကိုရီးယား ရေတပ်တို့ကြား အပြန်အလှန် အားစမ်းသည့် အခြေအနေမျှ ပစ်ခတ်မှု ရှိခဲ့ကြောင်း ကြေညာသည်။ မြောက်ကိုရီးယား၏...

အကြမ်းဖက်သမားများ၏ နောက်ဆုံးခံတပ် ဆိုမာလီနှင့်ညွန့်ပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်တွေရဲ့ နောက်ဆုံးခံတပ်မြို့ဖြစ်တဲ့ ဘရာဝီ(Barawe)မြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ဆိုမာလီစစ်တပ်နဲ့ အာဖရိကညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ကင်းလှည့်ခဲ့ကြတယ်။ ဘရာဝီမြို့ဟာ အယ်လ်ရှာဘတ် အကြမ်းဖက်တွေရဲ့ လက်နက်နဲ့ ရိက္ခာ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒီမြို့ကနေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဘရာဝီမြို့ဟာ ဆိုမာလီအစိုးရက ထိန်းချုပ်မှုလက်အောက်က လွတ်နေခဲ့တာ...

ပျောက်ဆုံးနေသော မက္ကဆီကိုကျောင်းသား ၄၃ဦးထဲမှ ၁၇ဦးကို သတ်ခဲ့ကြောင်း လူသတ်သမားများဝန်ခံ

မက္ကဆီကို တောင်ပိုင်းတွင်ပျောက် ဆုံးသွားသောကျောင်းသား ၄၃ဦးထဲမှ တချို့၏ အလောင်းကို ကျင်းတစ် ခုတွင် ရှာဖွေတွေ့ရှိချိန် လူဆိုးဂိုဏ်း နှစ်ခုမှ လူသတ်သမားများက ၄င်း တို့သည် ကျောင်းသား ၁၇ဦးကိုသတ် ခဲ့ကြောင်း ဝန်ခံခဲ့သည်။ အကြမ်းဖက်မှုဖြစ်ပွားရာ ဂါ ရီရိုပြည်နယ်၏ ရှေ့နေချုပ်အီနာကီ ဘလန်ကို၏ ပြောကြားချက်အရလျို့ ဝှက်ကျင်းတစ်ခုတွင် တွေ့ရှိသော အလောင်း ၁၈လောင်းကို မည်သူ မည်ဝါဖြစ်ကြောင်း ခွဲခြားရန်၁၅ရက် ထက်မနည်း အချိန်ယူခဲ့ရကြောင်း၊ တချို့သောအလောင်းမှာ ဆိုးဆိုး...

ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး အဖြစ်မှန် ထုတ်မပြောဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။ ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai...

ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်းသွားသည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။ “ခုချိန်မှာ မူးယစ်ဆေးဝါးဖမ်းတာကို လုပ်လိုက်ရင် အချင်းချင်းပြန်ပစ်ကြလို့ဆုံးမှာ မဟုတ်တော့ဘူး။ အခြေ အနေတွေ ပြန်ငြိမ်တော့မှ စနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။ ကော်မတီကို ဇူလိုင်လ ၁၅...

Ebola ကုသမှုခံယူဖို့ အမေရိကန်သတင်းထောက် ဌာနေပြန်ရောက်

အီဘိုလာရောဂါဖြစ်နေတဲ့ အမေရိကန် အလွတ် ဓာတ်ပုံသတင်းထောက်တဦး ဆေးဝါးကုသခံယူဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဓာတ်ပုံသတင်းထောက် Ashoka Mukpo ဟာ အမေရိကန် အီဘိုလာဝေဒနာရှင် ငါးဦးမြောက်ဖြစ်ပါတယ်။ NBC သတင်းဌာနရဲ့ တာဝန်ပေးမှ ကြောင့် လိုင်ဘေးရီးယားနိုင်ငံမှာ သွားရောက် သတင်းယူနေသူပါ။ အီဘိုလာရောဂါရှိနေတယ်လို့ သူ့ကို စမ်းသပ်တွေ့ရှိပြီးနောက် အထူးကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းတွေ တပ်ဆင်ထားတဲ့လေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို သူ့ကို တင်ဆောင်လာခဲ့တာပါ။...

ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်နဲ့ အစိုးရကြား ဆွေးနွေးဖို့သဘောတူ

သီတင်းတပတ်ကျော်ကြာ ဟောင်ကောင်ကျွန်းရဲ့ နေ့စဉ်လည်ပတ်မှုတွေကို ရပ်တန့်သွားစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေဟာ သူတို့လိုလားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကိစ္စကို အစိုးရအရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အခြေခံမူတွေ ချမှတ်ခဲ့ကြပါတယ်။ တင်းမာတဲ့ ဆန္ဒပြမှုတွေဟာ တနင်္လာနေ့မှာ လျော့ကျသွားခဲ့ပြီး အခုလိုဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်လာခဲ့တာပါ။ အစိုးရရုံးတွေကို ၀ိုင်းရံ ဆန္ဒပြသူတွေက အစိုးရအမှုထမ်းတွေကို ပြန်လည်ပြီး ရုံးတက်ခွင့်...

ISIS အစွန်းရောက်အဖွဲ့ကို ကူဖို့ကြိုးပမ်းမှုနဲ့ ကန်လူငယ်တစ်ဦး ထိန်းသိမ်းခံရ

အသက် (၁၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ISIS အစ္စလာမ်စစ်သွေးကြွအုပ်စုနဲ့ ပူးပေါင်းဖို့ ပြည်ပကိုခရီးထွက်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးအဖွဲ့က ချီကာဂိုလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။ တနင်္လာနေ့က အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ချီကာဂိုကနေ Istanbul ကို Vienna ကနေ တဆင့်သွားမယ့် Mohammed Hamzah Khan ကို စနေနေ့က O’Hare နိုင်ငံတကာလေဆိပ်မှာ FBI က ဖမ်းဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ Khan...

မြန်မာလုပ်သားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်တောင်းဆိုမည်

 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မကြာမီရက်ပိုင်းအတွင်း မြန်မာသို့လာရောက်မည့် ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ ဗြိတိန်စုံတွဲအားသတ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၉ ရက်တွင် ထိုင်းအာဏာသိမ်း စစ်ခေါင်း ဆောင်ဟောင်းဖြစ်သူ ထိုင်းဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဇနီးတို့မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး ခရီးစဉ်အတွင်း...