ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.11.14

အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၇ ဦး ရှိပြီ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အနောက်ပိုင်းမှာ ၃ ရက်အတွင်း တနှစ်လုံး ကျဆင်းလေ့ရှိတဲ့ နှင်းထု ပမာဏလောက် နှင်းကျခဲ့လို့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ သေဆုံးသူ ၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒေသတွင်း နှင်းက ၅ ပေလောက်ထိ ကျခဲ့ပြီး ကားမောင်းသူတွေဟာ လမ်းပေါ်က သူတို့ကားထဲမှာ ညလုံးပေါက် နေခဲ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်က နှင်းမုန်တိုင်း ခဏရပ်သွားပေမယ့် မကြာခင် နှင်းတွေပိုကျမယ်လို့ ခန့်မှန်းကြောင်း နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုကပြောပါတယ်။ နိုဝင်ဘာ...

ထိုင်းရှေးဟောင်းပစ္စည်းများကို အမေရိကန် ပြန်လည်ပေးအပ်

အမေရိကန်သံတမန် ဒဗလျူ ပက်ထရစ် မာဖီနဲ့ ထိုင်းအရာရှိတွေ ဦးဆောင်ပြီး  ရှေးဟောင်း အနုပညာလက်ရာ ၅၀၀ ကျော်ကို ထိုင်းနိုင်ငံဆီ ပြန်ပေးတဲ့ အခမ်းအနားတရပ်ကို ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပပါတယ်။ Thai၂၀၀၈ ခုနှစ်က စီးနင်းမှုအပြီး သိမ်းဆည်းရမိတဲ့ ရှေးဟောင်း လူအသုံးအဆောင်ပစ္စည်း တွေကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဘိုဝါးစ်ပြတိုက်မှာ သိမ်းထားတာ တွေ့ခဲ့ပြီးတဲ့နောက် အောက်တိုဘာလမှာ ထိုင်းနိုင်ငံဆီကို သင်္ဘောနဲ့ ပြန်တင်ပို့ခဲ့တာပါ။ ဒီပစ္စည်းတွေဟာ...

ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး

ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ မြို့တော် နိုင်ရိုဘီနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်မှုအတွဲလိုက် အတွက် ပြစ်တင်ခံနေရတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကွန်ရက်ကို ဖြိုခွဲဖို့ ကင်ညာအစိုးရက ကြိုးစားနေတာပါ။ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီ အယ်လ်ရှာဘတ်အုပ်စုက...

MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ

ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။ ထိုလေယာဉ်သည် ယူကရိန်းဝေဟင် တွင် ဇူလိုင် ၁၇ရက်၌ပစ်ချခံခဲ့ရသည်။ ထိုလေယာဉ်ပစ်ချခံရမှုအတွက် Dutch Safety Board က စုံစမ်းစစ်ဆေးမှု ပြုလုပ် နေသည်။ လေယာဉ်အပျက်အစီးများကိုတွေ့ ရန် မျှော်လင့်ချက်ရှိသည်ဟု ထိုအဖွဲ့ကလွန်ခဲ့ သော ရက်အနည်းငယ်၌ ပြောကြားခဲ့သည်။ လေယာဉ်အပျက်အစီးများကိုရှာဖွေပြီး...

ဟောင်ကောင်ပါလီမန်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်

ဟောင်ကောင်မြို့လယ် အချက်အချာကျသော နေရာရှိ ဒီမိုကရေစီ သပိတ်စခန်းကို ရဲနှင့် အာဏာပိုင်များက ရှင်းလင်းဖယ်ရှားစဉ်က ဆန္ဒပြသူများက ငြိမ်းချမ်းစွာ တုံ့ပြန်ခဲ့ကြသော်လည်း ဟောင်ကောင်ပါလီမန် ပိုင်နက်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ဗုဒ္ဓဟူးနေ့က ထိပ်တိုက် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ ယမန်နေ့က တရားရုံးတော်၏ အမိန့်အရ ရက်သတ္တပတ်များစွာ ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသားခေါင်းဆောင်များ သိမ်းပိုက်ထားသော...

ရွေးကောက်ပွဲသည် ငွေကြေးဖြုန်းတီးမှု ဖြစ်သည် ဆိုသည့် ဝေဖန်ချက်များကို ဂျပန်အစိုးရ ခုခံပြောကြား

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို သတ်မှတ်ကာလထက် နှစ်နှစ်ခန့် စော၍ ပြုလုပ်ရန် စီစဉ်နေခြင်းသည် ငွေကြေးဖြုန်းတီးမှုပင်ဖြစ်သည်ဆိုသော စွဲချက်များကို ဂျပန်အစိုးရက နိုဝင်ဘာ ၁၉ ရက်၌ ပြန်လည် ချေပ ပြောကြားခဲ့ သည်ဟု သိရသည်။ နိုင်ငံတွင် ကုန်ရောင်းခွန် တိုးမြှင့်မည့် ကိစ္စရပ်ကို ရပ်ဆိုင်းထားပြီး ယင်းကိစ္စကို အတည်ပြုချက်ရနိုင်ရန်အတွက် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပသွားမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ၎င်းက အခွန်တိုးမြှင့်ရေး...

မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ

အီတလီရဲတွေဟာ လျှို့ဝှက် လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ မာဖီးယား ရာဇဝတ်ဂိုဏ်းတွေရဲ့ မဟာမိတ်သစ္စာဆိုပွဲ ရုပ်သံဖိုင်ကို ပထမဆုံးအကြိမ်အဖြစ် ဖြန့်ချိလိုက်ပါ တယ်။ Italyအီတလီမြောက်ပိုင်း ဘရိုင်ယန်ဇာမြို့နားမှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒရန်ဂေတာ ရာဇဝတ်ဂိုဏ်းနဲ့  တခြားဂိုဏ်းအတော်များများက အဖွဲ့ဝင်တွေ ပါတယ်လို့ ယုံကြည်ရပါတယ်။ အဖွဲ့ဝင်တွေကြား မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းရေး သစ္စာဆိုနေတာဖြစ်ပြီး ဒီရုပ်သံက ၁၇ နှစ်ရှိပြီလို့ ရဲက ပြောပါတယ်။ ဂိုဏ်းခေါင်းဆောင်လို့...

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။ သူတို့နဲ့ အတူ လူသတ်ပစ္စည်းနဲ့...

လူဝင်မှုကြီးကြပ်ရေး အောက်ခြေသိမ်းပြောင်းလဲမှု အိုဘားမားကြေညာမည်

သမ္မတရဲ့အမိန့်နဲ့ လူဝင်မှုကြီးကြပ်ရေး ပြောင်းလဲမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး ပေါ်လစီတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက နိုင်ငံကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ မစ္စတာ အိုဘားမားရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ...