ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.3.13

ပုံမှန်ပြန်ဖြစ်ပြီဆိုတဲ့ လိုင်ဇာမြို့

ကချင် လွတ်မြောက် ရေးအဖွဲ့မှ ထိန်းချုပ် ထားသော နယ်စပ် မြို့ဖြစ် သည့်လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက်နေ ပြီ ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ရွှေလီမြို့တွင် ပြောကြား ခဲ့သည်။ “လိုင်ဇာ ကတော့ ပုံမှန် ပြန်ဖြစ် ပြီလို့ ပြောလို့ ရပါပြီ”ဟု ဗိုလ်ချုပ် ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ် နိုင်ငံ ရွှေလီ မြို့၌ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲ ခေတ္တ နားစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာနှင့် တရုတ် နိုင်ငံ နယ်စပ်တွင်...

ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

ဧပြီလ ၁ ရက်၌ စတင်၍ အထူး နှုန်းဖြင့် ချထား ပေးမည့် ဖုန်းများအား မည်သို့ ရောင်းချ ပေးမည် ဆိုသည်ကို ယနေ့ အချိန် အထိ မသိ သေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီးမှ သိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသလောက် ရောင်းမလား ဆိုတာ မသိဘူး။ ကျွန်တော်တို့ ကတော့ အထက်က ခိုင်းတာပဲ လုပ်ရ တာပါ''ဟု မြန်မာ့ ဆက်သွယ် ရေးမှ အရာရှိ တစ်ဦးက...

ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်

ကချင် စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ရှောင်တိမ်းပြီး အစိုးရ ထိန်းချုပ် နယ်မြေ၌ ခိုလှုံ နေသူ များကို မူလ နေရပ်သို့ ပြန်လည် ပို့ဆောင် တော့မည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေး ပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေပြီ ဖြစ်သည့် အတွက် ပြန်ပို့မည့် အစီ အစဉ်ကို အရပ် ဘက်ဆိုင်ရာ လူ့အဖွဲ့ အစည်း များနှင့် ဆွေးနွေးမှု စတင်ပြုလုပ်...

ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ် ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်

လက်ပံ တောင်းတောင် ကြေးနီ စီမံ ကိန်းကို အားနည်း ချက်များ ပြုပြင်၍ နိုင်ငံနှင့် ဒေသခံများ ပိုမို အကျိုး ဖြစ်ထွန်း စေရန် ဝမ်ပေါင် ကုမ္ပဏီနှင့် စာချုပ် အသစ် ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက် သွားရန် အကြံပြုကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်က ကြေးနီ စီမံ ကိန်းနယ် မြေတွင် ပါဝင်သော ဒုံးတောနှင့် ကံကုန်း ကျေးရွာ ဒေသခံ များကို တွေ့ဆုံ ရာတွင် ပြောကြားသည်။ တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့်...

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍ မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏...

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်း

မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ရှေ့တွင် အဓိကရုဏ်းဖြစ်ပွားနေမှုအား မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တစ်ဆိုင် တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ကြောင်းမိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင်...

မိတ္ထီလာအဓိကရုဏ်းကြောင့် သံဃာတစ်ပါးနဲ့လူတစ်ဦးသေဆုံးပြီး၊မြို့ခံ ၂၀ ဆေးရုံရောက်

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ ဒီကနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေ ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအဝင် မြို့ခံတစ်ဦးသေဆုံးခဲ့ပြီး၊မြို့ခံအယောက် ၂၀ ကျော်ကိုလည်း မိတ္ထီလာဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ တင်ပို့ထားရတယ်လို့ RFA ကစုံစမ်းသိရပါတယ်။ ယနေ့နေ့လည်က  မိတ္ထီလာမြို့မဈေး ရွှေဆိုင်မှာ ရွှေလာရောင်းသူ နဲ့ ရွှေဆိုင်ပိုင်ရှင်တို့ကြား စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မိတ္ထီလာမြို့မဈေးအတွင်းက ဈေးဆိုင်တစ်ချို့နဲ့ဆိုင်ခန်းတစ်ချို့အပြင်...

မိတ္ထီလာ ပဋိပက္ခ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှို့ခံရ၍ သေဆုံး

(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်- တို့က ရွှေဆံကုတ် (ဘီးကုတ်)လာရောင်းပါသည်။ဦးခင်မောင်ဝင်း (၄၆) နှစ် ဒေါ်အေးအေးနိုင် (၄၅)နှစ်နှင့် အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။ ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့်...

အမေရိကန်သမ္မတ အိုဘားမား အစ္စရေးလ်ရောက်ရှိ

အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ထာဝရ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ သမ္မတဖြစ်လာချိန် ကတည်းကဆိုရင် အစ္စရေးလ်နိုင်ငံဆီ ပထမဆုံး ခရီးစဉ်အစမှာ သမ္မတအိုဘားမားက အဲ့ဒီလိုပြောခဲ့တာပါ။ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ သမ္မတ ရှီမွန် ပဲရက်စ် (Shimon Peres) တို့က Ben Gurion လေဆိပ်မှာ သမ္မတ အိုဘားမားကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။...

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ...

ရုရှားကမ္ဘာစစ်တင့်ကားများ အသုံးဝင်နေဆဲ

ဆိုဗီယက် (ရုရှား)တို့ ၁၉၄၀ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အတွင်း ထုတ်လုပ်ပြီး ဒုတိယကမ္ဘာစစ်မှာ အသုံပြုခဲ့တဲ့ တင့်ကားကတော့ ပုံမှာပြထားတဲ့ T-34 ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက တိုက်ပွဲဝင်ရာမှာ အသုံးအဝင်ဆုံး၊ အကောင်းဆုံး စွမ်းဆောင်ပေးတဲ့ စစ်လက်နက်ကြီး အဖြစ် ကမ္ဘာက အသိမှတ်ပြုထားတဲ့ တင့်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးတာ အတော်လေးကြာပါပြီ။ အနှစ် ၇၀ ကြာပြီ ဖြစ်ပေမယ့် ယင်း T-34 ကို ဥရောပ တိုက်မှ နိုင်ငံအတော် များများမှ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ...

ခြေမဲ့လက်မဲ့ ပါးစပ်နဲ့ ပန်းချီဆွဲတဲ့ ပန်းချီဆရာ

ကံကြ မ္မာကို ဘယ်သူ ကြိုမြင် နိုင်မလဲ? ဒီနေ့ မြင်ပြီး မနက်ဖြန် ပျောက်မသွား ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ? ကျန်းကျန်း မာမာ ခန္ဓာကိုယ် တစ်ခုက မနက်ဖြန်မှာ ဘာဖြစ်မယ် ဆိုတာကို ဘယ်သူ သိနိုင်မလဲ? ကျန်းမာ သန်စွမ်းတဲ့ ခန္ဓာကိုယ် တစ်ခုနဲ့ ရှင်သန် ခဲ့တဲ့ လူငယ်တစ်ဦး.... မတော် တဆ ထိခိုက် မှုကြောင့် ညာခြေထောက် ဒူးဆစ် ကနေ ဖြတ်လိုက် ရတယ်။ လက်မောင်း နှစ်ခု တုံးတိတိ ပြတ်သွား ခဲ့ရတယ်။ အမေရဲ့ ကြံ့ခိုင်တဲ့ အကြည့် တွေကြောင့် အသက် ဆက်ရှင်ဖို့ သူ သတ္တိတွေ ရခဲ့တယ်။...

မိဘမဲ့ကလေး ၁၀၀ ကျော်မွေးစားထားတဲ့ ခြေနှစ်ဖက်မရှိ အမျိုးသမီး

ခြေနှစ်ဖက် မရှိတဲ့ လူက အနိုင်မခံ အရှုံး မပေးတဲ့ စိတ်နဲ့ မတ်မတ် မားမား လှလှပပ ထရပ်နိုင်တယ် ခြေတစ်စုံ ရှိတဲ့ လူက သတ္တိ မဲ့ခဲ့ရင် ထရပ် နိုင်ဖို့တောင် ခဲယဉ်း ပါတယ် ကိုယ်အင်္ဂါ ချွတ်ယွင်း မှုကြောင့် ဘဝရဲ့ ကြီးပြင်း ရှင်သန်မှုက တုံ့နှေး သွားမှာ မဟုတ်ဘူး စိတ်ဓာတ် ကမှ ဘဝ ကိုရှေ့ဆက်စေတဲ့ တွန်းအား ဖြစ်တယ် ပုံထဲက အမျိုး သမီးက "ထိုင်ခုံ မေမေ"လို့ တင်စား ခံရတဲ့ တရုတ်ပြည် ချုံချင်းမြို့က Xu Yue Hua ဖြစ် ပါတယ်။ သူ့ကို ထိုင်ခုံ မေမေလို့ ခေါ်ရခြင်းက ခြေနှစ်ဖက်...

ပီတိဖြစ်ရတဲ့ အကြောင်းပြောသူ ဝတ်မှုံရွှေရည်

သရုပ်ဆောင် ဝတ်မှုံ ရွှေရည် ကကြော်ငြာ၊ ဇာတ်ကား ကောင်းကြောင်း အသံ ပြန်ကြား ရလျှင် ပီတိ ဖြစ်ရကြောင်း ပြောသည်။ ”ကစ် အဓိက ကတော့ ကိုယ်လုပ် လိုက်တဲ့ အိုက်တင် တစ်ခုကို ကြော်ငြာ ပဲဖြစ်ဖြစ်၊ ဇာတ်ကား ပဲဖြစ်ဖြစ် ပရိ သတ်တွေ သိသွားပြီး မှတ်မိ သွားကြတယ်။ စိတ်ဝင် စားကြတယ်။ ဘယ်ကြော် ငြာက ဘယ်ဇာတ် ကားက ကောင်းတယ် ဆိုတဲ့ အသံ တွေပဲ ပြန်ကြား ရရင် ပီတိ ဖြစ်ပါပြီ။ ကစ် အလို ချင်ဆုံးက အဲဒီ ပီတိ ပဲလေ။ ဒါကြောင့် ကစ် အမြဲ ကြိုတင် ပြင်ဆင် မှုတွေ လုပ်ဖြစ်တယ်။ တစ်ခုနဲ့...

ကြေးစား သီချင်းရေးဆရာ မဟုတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်း ခမ်းလှိုင်က သီချင်း ရေးရာတွင် ကိုယ့်စိတ် တိုင်းကျ ရေးဖြစ်ပြီး ကြေးစား တစ်ယောက် အနေဖြင့် မရေး ဖြစ်ကြောင်း ပြောသည်။ ”ပရော် ဖက်ရှင်နယ် အနေနဲ့ ကတော့ အဆိုတော် တစ်ယောက် သရုပ်ဆောင် တစ်ယောက် အနေနဲ့ပဲ လုပ်ဖြစ်တာ များတယ်။ သီချင်း ရေးတာ ကတော့ ကိုယ့်အတွက်ပဲ ။ ကိုယ့်သီချင်း ကိုယ်ရေးတယ်။ ကြေးစား တစ်ယောက် အနေ နဲ့တော့ မရေး ဖြစ်ဘူး။ သီချင်း ရေး တာက ကိုယ့်စိတ် တိုင်းကျ ကိုယ့်အ တွက်ပဲ ရေးတာပါ” ဟု ၄င်းက ဆိုသည်။...

ကျော်ကိုကို ၂ လ ပွဲပယ်ခံရ

ရန်ကုန် ယူနိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကိုသည် မြန်မာ့ လက်ရွေးစင် အသင်း ကစားခွင့် (၂)လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ကျော်ကိုကိုအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ကျော်ကိုကို သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကျင်းပခဲ့သော AFC Challenge Cup ခြေစစ်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အသင်းနှင့် အတူ လေ့ကျင့်နေစဉ်...

ဆီးဂိမ်း အကြို TRIAL RIDES မြင်းစီး ပြိုင်ပွဲ ပြုလုပ်ခဲ့

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို TRIAL RIDES မြင်းစီးပြိုင်ပွဲကို ပြီးခဲ့သည့် မတ် ၁၅ ရက်မှ ၁၇ ရက်ထိ နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ ငါးနိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး မြန်မာနိုင်ငံမှ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ဆီးဂိမ်းအကြို TRIAL RIDES မြင်းစီးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ...

ဂျပန် ယူ-၁၅ အသင်း မြန်မာနိုင်ငံသို့ လာမည်

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် မြန်မာနိုင်ငံတွင် ၇ ရက်ကြာ စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းသည် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်နေစဉ် ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းများနှင့် ...

ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ဘက်ခမ်းရပ်တည်

ပြင်သစ်မဂ္ဂဇင်း၏ဖော်ပြချက်အရ ပီအက်စ်ဂျီကွင်းလယ်လူ ဘက်ခမ်း မှာ ပေါင် ၃၀.၈သန်းဖြင့် တစ်နှစ်တာဝင်ငွေ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရပ်တည်ခဲ့သည်။ ဘက်ခမ်းမှာ ပီအက်စ်ဂျီမှရရှိသော ၅လအတွက် လစာငွေကို ကလေးသူငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သော်လည်း စပွန်ဆာဝင်ငွေများကြောင့် ယခုကဲ့သို့ဝင်ငွေအများဆုံး ဘောလုံး သမားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ပြီး adidas,samsung,sainsbury တို့နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရာမှ ပေါင် ၂၈.၃သန်းရရှိခဲ့သည်။...

ခြေစွမ်းပြရုံတင်မက လက်စွမ်းပါပြမယ့် လေတန်ဘိန်းစ်

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း အခြေစိုက်ရာ ဘာတန်စင်တာကို လက်ရွေးစင် ကစားသမားတွေ ရောက်လာ ပုံမှာ လေတန်ဘိန်းစ်ရဲ့ဟန်ပန်ကတော့ ထူးခြားမှုအရှိဆုံးပါပဲ။ အိန္ဒိယတေး သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ဒီကစားသမားဟာ ဂီတာလွယ်ပြီး ဘာတန်စင်တာကို ရောက်လာခဲ့တာပါ။ ကြံ့ခိုင်မှု ပြဿနာကြောင့် ဖာဒီနန် နုတ်ထွက်ခဲ့ပြီး ကာဟေးလ် လည်း မပါဝင်နိုင်တဲ့ အင်္ဂလန် ခံစစ်ကြောင်းက နည်းပြ ဟော့ဆန်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် ဟော့ဆန်ရဲ့ သောကတွေ ကို လေတန်ဘိန်းစ်ရဲ့ ဂီတသံတွေက...

အပြောင်းအလဲ လုပ်မည် မဟုတ်ကြောင်း ပရီးမီးယားလိဂ် ကြေညာ

ပရီးမီးယားလိဂ် အနေဖြင့် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီ အဆင်ပြေ ချေမွေ့စွာ ကျင်းပနိုင်ရန် အတွက် ပြည်တွင်းလိဂ် ပွဲစဉ်များကို မူလ သတ်မှတ် အတိုင်းသာ ဆက်လက်၍ ကျင်းပသွားမည် ဖြစ်ပြီး ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း ဆိုသည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာဒေ့ဗ်ရစ်ချက်နှင့် ဗြိတိန်ကိုယ်စားပြု ဖီဖာဒုတိယ ဥက္ကဋ္ဌ ဂျင်ဘွိုင်းတို့က လာမည့် ၂၀၂၂ ကမ္ဘာ့ဖလား အတွက် ပရီးမီးယားလိဂ် ပွဲများ အပါအ၀င် ဥရောပ ပြည်တွင်းလိဂ် ပွဲစဉ် အများစုမှာ...

အသင်းမှ ထွက်ခွာဖွယ်ရှိနေသော ယာယာတိုရေး

မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေးသည် ယခုတစ်ပတ် အတွင်း ၎င်းကို စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက အသင်းမှ ထွက်မည်ဟု အကျပ်ကိုင်လိုက်ကြောင်း သိရသည်။ အဆိုပါ အိုင်ဗရီကို့စ် ကွင်းလယ်လူသည် အသင်းနှင့် စာချုပ်သစ် ဆွေးနွေးရာတွင် အဆင်မပြေ ဖြစ်ခဲ့ခြင်းကို စိတ်ပျက်နေသည်။ ယာယာတိုရေး၏ အေးဂျင့် ဖြစ်သူက ၎င်း၏ ကစားသမား ဖြစ်သူမှာ အသင်းနှင့် စာချုပ်သစ် အတွက် စိတ်ကုန်နေပြီး အလွန်ဆုံး လာမည့် ရက်အနည်းငယ် အတွင်းမှာ မပြီးပြတ်ခဲ့ရင် အခြားသော ကလပ်အသင်းများနှင့်...

ခြေကျနေသော ဗလင်စီယာ

မန်ယူ ကွင်းလယ်လူ ဗလင်စီယာက ၎င်းအနေဖြင့် ယခုရာသီတွင် အသင်းအတွက် ကစားရာ၌ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့ကြောင်း ၀န်ခံခဲ့သည်။ အီကွေဒေါ ကွင်းလယ်လူ ဗလင်စီယာသည် ယမန်နှစ် ရာသီက မန်ယူ အသင်းအတွက် ခြေစွမ်းများ ပြသခဲ့၍ အသင်းမှ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ အဆိုပါ တောင်အမေရိကသားသည် ယခုရာသီတွင် ဒဏ်ရာ ပြဿနာများနှင့် အတူ ရုန်းကန်နေရပြီး အသင်းတွင်လည်း နေရာ အနည်းငယ် ပျောက်ဆုံးနေသူ ဖြစ်သည်။ အသက် ၂၇...

အင်တာ အသင်းသို့ ပြန်ရန် စိတ်ဝင်စားနေသော မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်းအနေဖြင့် အနာဂတ်တွင် အင်တာ အသင်းသို့ ပြန်လိုကြောင်း ဆိုခဲ့သည်။ အဆိုပါ နည်းပြသည် ရာသီကုန်တွင် ရီးရဲလ်အသင်းမှ ထွက်မည်ဟု သတင်းကြီးနေပြီး PSG အပြင် ချဲလ်ဆီး အသင်းများနှင့်လည်း ရေပန်းစားနေသည်။ သို့သော် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟိုသည် တစ်ခါက အောင်မြင်မှုများ ရယူခဲ့ဖူးသည့် အင်တာ အသင်းသို့ ပြန်လိုခြင်း ဖြစ်သည်။ မော်ရင်ဟိုက မိမိအနေဖြင့် အင်တာမှာ ၂ ရာသီကြာနေခဲ့ပြီး အကောင်းဆုံး ရလဒ်များကို...

ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားမည့် ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းသည် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို အသစ်တဖန် ကမ်လှမ်းကာ ပေါင် ၂၆ သန်းဖြင့် ခေါ်ယူသွားမည်ဟု သိရသည်။ ဂျူဗင်တပ် အသင်းသည် ယမန်နှစ် နွေဈေးကွက်တွင် ဗန်ပါစီနှင့် ဆွာရက်ဇ်တို့ကို ပစ်မှတ်ထားခဲ့ဖူးပြီး ယခုတွင် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားသွားမည် ဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ဆွာရက်ဇ်ကို ခေါ်ရန် ယခင်က ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အဆိုပါ တိုက်စစ်မှူးမှာလီဗာပူး အသင်းနှင့် တိုက်စစ်မှူးမှာ လီဗာပူး အသင်းနှင့်...

အိုင်ယာလန် အသင်းမှ အနားယူမှာ မဟုတ်သေးသည့် ရော်ဘီကိန်း

အိုင်ယာလန် အသင်းခေါင်းဆောင် ရော်ဘီကိန်းသည် အသင်း အတွက် နှစ်ပေါင်းများစွာ ဆက်လက် ကစားချင်သေးကြောင်း ပြော ခဲ့သည်။ အိုင်ယာလန် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထား သူ ရော်ဘီကိန်းသည် အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပေမယ့် မိုက်ကယ်အိုဝင်လို ကစားသမား ဘ၀မှ အနားယူတော့မှာ မဟုတ်သေးဘဲ ကြံ့ခိုင်မှု ပြည့်ဝပါကနောက် ၄ ၊ ၅ နှစ်ဆက်လက် ကစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ မိုက်ကယ် အိုဝင်သည် ယခုနှစ် ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူမည်ဟု ထုတ်ပြန်ထားပြီး ရော်ဘီကိန်းကမူ...

အစာအိမ်အချဉ်ပေါက်ခြင်း အကြောင်း

အစာအိမ်အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင်သိထားဖို့ လိုပါတယ်။ ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော်ပျင်း ပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေနိုင် ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက်အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ် က လူကိုဒုက္ခမပေးစေပါဘူး။ အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင်...

ရေကူးခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးများ

ရေကူး ခြင်းသည် သင်၏ ခန္ဓာ ကိုယ် တစ်ခု လုံးရှိ နှလုံး သွေးလှည့်ပတ် မှု အခြေ အနေ၊ ကြွက်သား သန်မာမှု၊ ခံနိုင်ရည်၊ ကိုယ်ဟန် အနေ အထား ပျော့ပျောင်း မှုများကို တစ်ချိန် တည်း ဖြစ်ပေါ် စေသည်။ ရေကူး ခြင်းသည် သင်၏ ခန္ဓာ ကိုယ်မှ အောက်စီဂျင် အသုံး ပြုမှုတွင် နှလုံးအား အပိုလုပ် ဆောင်မှုများ မဖြစ် စေဘဲ နှလုံး သွေး လှည့်ပတ်မှု စနစ်အား အထူး အကျိုး သက်ရောက်မှု ရှိပါသည်။ ရေကူး ခြင်း သည် လူကြီး၊ လူငယ် မရွေး လုပ် ဆောင်နိုင်သော အားကစား...

လန်းဆန်း တက်ကြွစေသော နည်းလမ်းများ

သွေးတွင်း သကြား ဓာတ်ကို ငြိမ် အောင် ထိန်းထား နိုင်ပြီး အားအင် ကုန်ခမ်း တယ်လို့ မခံစား ရအောင် အစား အစာကို နည်းနည်းနှင့် အကြိမ် အရေ အတွက်များများ စားပါ။ နေ့လယ်စာ စားပြီး ချိန်တွင် ၁၅ မိနစ်ခန့် မှေးခြင်းက နိုးကြား မှုကို မြင့်တက် စေပြီး အလုပ် များကို ပိုမို ပြီးမြောက် အောင်မြင် စေတယ်။ ဦး နှောက်က အိပ်စက် ခြင်းဖြင့် သင်ယူ ခဲ့ရသော အတွေ့ အကြုံ များကို မှတ်ဥာဏ်အဖြစ် ပြောင်း လဲပးတယ်။ ပှုလောင် နေတဲ့ နေများမှာ လတ်ဆတ်သော သံပုရာ ရည်တစ်ခွက် သောက်လိုက်...