ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.10.14

ဘူဆန်ရုပ်ရှင် ပွဲတော်တွင် ထိုင်းရုပ်ရှင်ကားများ ပရိသတ် စိတ်ဝင်စားမှု အများအပြားရရှိ

စနေ နေ့က ပြီးဆုံး ခဲ့သည့် ၁၉ ကြိမ်မြောက် ဘူဆန် အပြည်ပြည် ဆိုင်ရာ ရုပ်ရှင် ပွဲတော်တွင် တောင်ကို ရီးယားနိုင်ငံနှင့် အီရန်နိုင်ငံမှ ဇာတ်ကားများသည်ဆုများကို သိမ်းကြုံးယူသွားနိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံမှ ပါဝင်ပြသခဲ့သည့် ဇာတ်ကား ခုနှစ်ကားသည်လည်း ပရိသတ်အများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် သည်နေးရှင်း သတင်းစာက ရေးသားသည်။ အဆိုပါပွဲတော်ကြီးတွင် ထိုင်းနိုင်ငံမှ “The Singers”၊ “The Teacher’s Diary”၊ “Fah-Gaem-To”၊ “Y/our Music”၊ “So...

ထိုင်း ၃ ဦးကို ဒေါ်လာအတု ၇ သန်းကျော်နဲ့ ကမ္ဘောဒီးယားမှာဖမ်းမိ

ကမ္ဘောဒီးယားနိုင်ငံမှာ ထိုင်း အမျိုးသား ၃ ဦးကို အမေရိကန် ဒေါ်လာ အတု ၇ သန်းကျော်နဲ့ အတူ ဖမ်းဆီးမိ ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုအတွင်း အရှေ့တောင်အာရှ ဒေသမှာ ဒေါ်လာအတု အများဆုံး ဖမ်းမိတာ လည်း ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ဖြတ်ကျော် မောင်းနှင်လာတဲ့ ကားတစီးကို ကမ္ဘောဒီးယား ရဲတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ က ရပ်တန့်စစ်ဆေးရာမှာ ကတ္တူသေတ္တာတွေနဲ့ ထည့်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် အတု စုစုပေါင်း ၇.၁၆ သန်းကို ဖမ်းမိခဲ့တာလို့ ရိုက်တာ သတင်းက ဆိုပါတယ်။  “မျက်စေ့မှိတ်ပြီး...

ဒုတိယ ကမ္ဘာစစ်မီးကို မွှေးခဲ့သည့် ဟစ်တလာက မူးယစ်ဆေးစွဲသူ တစ်ဦး ဖြစ်ဟုဆို

ကမ္ဘာကြီးအား ဒုတိယ ကမ္ဘာစစ်မီးဖြင့် တောက်လောင် သွားစေခဲ့သူ ဂျာမနီအာဏာရှင် အဒေါ့ဖ်ဟစ်တလာသည် crystal methamphetamine ဆိုသည့် လက် ရှိမှောင်ခိုရောင်းချနေသည့် အပြင်းထန်ကြောက်စရာအကောင်းဆုံး စိတ်ကြွဆေးကို ပုံမှန်သုံးစွဲနေရသူတစ်ဦးဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးက ထုတ်ပြန်လိုက်သည်။ ပုံမှန်မဟုတ်ဘဲ ဗီဇသွေဖည်ဖောက်ပြန်သူတစ်ဦး အဖြစ်ပြောဆိုခံရသည့် ဟစ်တလာသည် crystal methamphetamine စိတ်ကြွဆေးနှင့် အတူ ဆေးဝါးပေါင်း ၇၄မျိုးကို အံ့သြစရာကောင်း လောက်အောင် သုံးစွဲခဲ့သူ...

မြောက်ကိုရီးယားခေါင်းဆောင်အကြောင်း နိုင်ငံပိုင်သတင်းများတွင် ပြန်လည်ဖော်ပြ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရက်ပေါင်း ၄၀ ကျော် လူမြင်ကွင်းကနေ ပျောက်ကွယ်နေရာကနေ ဒီနေ့ထုတ် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာမှာ သူ့ဓာတ်ပုံတွေကို ပြန်လည် ဖော်ပြထားပါတယ်။ တောင်ဝှေးအကူအညီနဲ့ လမ်းလျှောက်နေရတဲ့ ပုံမျိုး ဖြစ်ဆိုပေမယ့် ပြုံးရယ်နေတဲ့ ပုံတွေကို ဖော်ပြလိုက်လို့ သူ့ကျန်းမာရေး၊ သူ့နိုင်ငံရေးသြဇာနဲ့ ပတ်သက်လို့ ထွက်ပေါ်နေ တဲ့ ကောလာဟလတွေ အားလုံး တစခန်း ရပ်သွားမယ့်သဘော ရှိပါတယ်။ သတင်းအရ အသစ်တည်ဆောက်ပြီးတဲ့ လူနေအိမ်ရာတခုနဲ့ သိပ္ပံအကယ်ဒမီကို...

IS ချေမှုန်းရေး စစ်စခန်း နေရာများကို အမေရိကအား တူရကီ အသုံးပြုခွင့်ပေး

တူရကီနိုင်ငံ အတွင်းရှိ စစ်စခန်းများကို အမေရိကန်စစ်တပ်အား အသုံးပြုခွင့် ပေးလိုက်ကာ ယင်းစစ်စခန်းများကို IS ချေမှုန်းရေး စစ်ဆင်ရေးများအတွက် အသုံးပြုမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ရေးသားထားသည်။ တူရကီတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်း အပါအဝင် စစ်အခြေစိုက် နေရာများကို အသုံးပြုခွင့် ပေးသောကြောင့် အမေရိကန်အစိုးရက ယင်းသဘောတူညီချက်ကို ကြိုဆိုပါကြောင်း မစ်စ်ရိုက်စ်က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်...

လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးကိုင်တွယ်မှုအပေါ် ဗြိတိန်စိုးရိမ်

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး  အသတ်ခံရမှု စုံစမ်းစစ်ဆေးကိုင်တွယ်နေမှုအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း ဗြိတိန်အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို ဒီနေ့ ခေါ်ယူပြီး ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက စုံစမ်း စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှမျှတတ ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူမိသားစုတွေက စုံစမ်စစ်ဆေးမှုနဲ့...

တရုတ်တွင် အရပ်သား ၃၇ ဦးကို သတ်ဖြတ်မှုဖြင့် ၁၂ ဦး သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က အရပ်သား ၃၇ ဦး သတ်ဖြတ်မှုမှာ ပါဝင်သူ ၁၂ ဦးကို သေဒဏ်ချလိုက်ပြီး ကျန်လူ ၁၅ ဦးကိုတော့ ဆိုင်းငံ့သေဒဏ်ချခဲ့ပါတယ်။ သေဒဏ်အချခံရသူတွေဟာ ရဲစခန်းနဲ့ အစိုးရရုံးဌာနတွေမှာ တွေ့တွေ့သမျှသူတွေကို ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်သူ ၅၉ ဦးဟာလည်း နေရာမှာပဲ ရဲတွေရဲ့ ပစ်သတ်ခံခဲ့ရတာပါ။ အခု ကျန်ရှိနေတဲ့သူတွေကို သေဒဏ်နဲ့ ဆိုင်းငံ့သေဒဏ်တွေ ချမှတ်လိုက်တာပါ။ ပြည်ပရောက် ရှင်းကျန်းဒေသခံတွေကတော့...

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့်ပတ်သက်သောကောလာဟာလသတင်းများ တောင်ကိုရီးယားနိုင်ငံတွင်ပျံ့နှံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုပ်သံသတင်းများတွင် မမြင်တွေ့ရခြင်းမှာ ကင်၏ ကျန်းမာရေအခြေနေမှာ ဆိုး ရွားနေခြင်းဖြစ်နိုင်ကြောင်းနှင့် အဆိုပါ အခြေအနေက မြောက်ကိုရီးယား နိုင်ငံရေး တည်ငြိမ်မှုများအပေါ်ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ကိုရီးယား ဟာရက်ဒ် သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။ ကင်ဂျုံအွန်အား မြောက်ကိုရီးယား ရုပ်သံတွင် စက်တင်ဘာ ၃ ရက်မှ စတင်ကာ မမြင်တွေ့ ရတော့သောကြောင့် တောင်ကို ရီးယားနိုင်ငံ၏နိုင်ငံရေးအသိုင်းအ၀ိုင်းများတွင်...

ပါကစ္စတန်အများစုက လူတန်းစားခွဲခြားဆက်ဆံခံရမှုအပေါ် စိန်ခေါ်မှုအဖြစ် ရှုမြင်နေကြ

ပါကစ္စတန်နိုင်ငံရှိ လူဦးရေ ၇၆ ရာခိုင်နှုန်းက လူတန်းစားမညီမျှမှုကို အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ထားပြီး ယင်းပမာဏ လူဦးရေတစ်ဝက် အောက်နည်းပါးသော လူများကသာ ၎င်းတို့၏ သားသမီးများတွင် ပိုမိုကောင်းမွန်သောအနာဂတ်အခွင့်အလမ်း များ ရှိမည်ဟု ယုံကြည်ထားကြကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။ ၀ါရှင်တန် အခြေစိုက် Pew Research Centre က  လူငယ်များ၏ အနာဂတ်စီးပွားရေး အလားအလာ အပေါ် စစ်တမ်းကောက် ယူခဲ့သော နိုင်ငံများတွင် စီးပွားရေးကောင်းမွန်သော လူတန်းစားများက အနာဂတ်...

ISIS အစွန်းရောက်အပေါ်အမေရိကန်နဲ့ ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု တိုး

ဆီးရီးယားနယ်စပ် ကိုဘာနီမြို့ အနီးမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တနင်္လာနေ့မှာ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မြေပြင်မှာလည်း ကားဒစ်ရှ် တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွတွေဟာ  မြို့ကိုထိန်းချုပ်နိုင်ဖို့အတွက်  အပြင်းအထန် တိုက်ခိုက်နေပါတယ်။ ကိုဘာနီမြို့ရဲ့ကောင်းကင်မှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တူရကီနယ်စပ်ကနေ တွေ့မြင်နေရပါတယ်။ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ...

ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်တွေ ထိုင်းမှာ ဆက်တိုက် ဖမ်းမိ

ဘင်္ဂလား-မြန်မာနယ်စပ် UNHCR ရဲ့ အစောင့်အရှောက်ခံတွေပါဝင်တဲ့ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် တကွာပါမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဖမ်းဆီးရခဲ့ပါတယ်။ ၃ ရက်အတွင်း လှေစီးပြေးဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ဘင်္ဂလား-မြန်မာ နယ်စပ်က ကမ္ဘာ့ကုလသမဂ္ဂ UNHCR ရဲ့ အစောင့်အရှောက်ခံတွေ ပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံဘက်ခြမ်းက...

Kim Jong Un ရက် ၄၀ ကျော်မှာ ပထမဆုံး လူထုရှေ့မှောက်ထွက်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ရက်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အများပြည်သူ မြင်ကွင်းကို ထွက်လာခဲ့ပါတယ်။ လူနေရပ်ကွက်တခုနဲ့ သိပ္ပံဌာနတခုကို ကွင်းဆင်းသွားရောက်ပြီး ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရပိုင် သတင်းဌာန KCNA ကကြေညာပါတယ်။ အခုလို Kim Jong Un အပြင်ကို ထွက်လာခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ အာဏာ ဆက်လက်ချုပ်ကိုင်ထားမှုတွေအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေတာတွေကို အဆုံးသပ်သွားစေပါတယ်။ Kim Jong Un ရဲ့သတင်းကို အင်္ဂါနေ့မှာ...