ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

18.11.15

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာ မသန်စွမ်း အားကစားအဖွဲ့ အားကစားနည်း ၁၁ မျိုး၌ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထား


(၈)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၁၁ မျိုး၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

24.7.15

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အမျိုးသမီးအသင်း ပြင်ဆင်လျက်ရှိ

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အိုလံပစ်အားကစားပွဲတော် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၏ ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
သည် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

14.7.15

ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်

၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ခြေစစ်ပွဲ မတိုင်ခင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်သွားမည် ဟု မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

၂၀၁၉ SEA Games ဖိလစ်ပိုင်မှာကျင်းပမည်

၂၀၁၅ စင်ကာပူ SEA Game မြင်ကွင်း။
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ဖိလစ်ပိုင်နိုင်ငံက သဘောတူလိုက်ပါပြီ။

2.6.15

ဆီးဂိမ်းအုပ်စု အဖွင့်ပွဲကို အနိုင်ရရန် အဓိကထားပြင်ဆင်မည်ဟု ဦးကြည်လွင် ဆို


၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် ဖြစ်သည့် အင်ဒိုနီးရှား နှင့်ပွဲကို အနိုင်ကစားရန် အဓိကထား ပြင်ဆင်သွားမည်ဟု မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ပြောသည်။

15.5.15

"၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း တရုတ်နှင့် ထိုင်းသို့ သွားရောက် ခြေစမ်းမည်"

၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွား ရောက်၍ လေ့ကျင့် ခြေစမ်းပွဲများ ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

8.4.15

ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့၍ မန်စီးတီး ချန်ပီယံမျှော်လင့်ချက် မှိန်ဖျော့လာ

 
 အင်္ဂါနံနက်အစောပိုင်း ပရီးမီးယားလိဂ်ပွဲဖြစ်သည့် ခရစ် စတယ်ပဲလေ့စ်နှင့် မန်စီးတီးပွဲတွင် လက်ရှိ ချန်ပီယံ ၂-၁ ဂိုးဖြင့် ရှုံး ခဲ့ရပြီး ဇယား၌ ချယ်လ်ဆီး နှင့် ကိုးမှတ်ကွာဟကာ ချန်ပီ ယံမျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

19.3.15

မာရှေယာနို၏ အကြံပေးမှုကြောင့် အဂူရို၏ ပင်နယ်တီကို ဘာစီလိုနာဂိုးသမား ကာကွယ်နိုင်ခဲ့

arguu(အင်္ဂလန်)။ ။ ဘာစီလိုနာအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ဘာစီလိုနာဂိုးသမား တာစတီဂန်သည် အသင်းဖော် မာရှေယာနို၏ အကြံပေးချက်ဖြင့် မန်စီးတီးတိုက်စစ်မှူး အဂူရို၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ရာကီတစ်၏ဂိုးဖြင့် အနိုင်ရနေခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ပင်နယ်တီပေးခဲ့ရခြင်း ဖြစ်သည်။ ထိုပင်နယ်တီသာ
ဝင်သွားခဲ့ပါက လက်ကျန်ပွဲချိန်တွင် ဘာစီလိုနာအသင်းအနေဖြင့် ဂိုးထပ်မပေးရရန် ရုန်းကန်ရမည် ဖြစ်သည်။ သို့သော် အဂူရိုပင်နယ်တီ ကန်သွင်းခါနီးတွင် မာရှေယာနိုသည် ဧရိယာစည်းအပြင်မှ အဂူရိုကန်သွင်းနိုင်မည့် ဘက်ကို ဂိုးသမား တာစတီဂန်အား လက်ဖြင့်အချက်ပြခဲ့သည်။ တာစတီဂန်ကလည်း မာရှေယာနိုပြသည့် ဘက်သို့ ဒိုင်ဗင်ထိုးပြီး ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

မာရှေယာနိုက အာဂျင်တီးနားနိုင်ငံအသင်းဖော် အဂူရိုကန်မည့်ဘက်ကို ကြိုတင်သိရှိကြောင်း ပွဲအပြီးတွင်ပြောဆိုခဲ့သည်။

'နိုင်ငံတကာပွဲတွေသွားကစားတဲ့အခါမှာ အဂူရို ဘယ်လို ပင်နယ်တီကန်သွင်းတယ်ဆိုတာ ကျွန်တော်သိပြီးသားပါ' ဟု မာရှေယာနိုက ပြောသည်။

ဂိုးသမားတာစတီဂန်ကမူ မာရှေယာနိုနှင့် ရာဖင်ဟာတို့ နှစ်ဦးစလုံးက ညာဖက်သို့ဖမ်းရန် အကြံပေးခဲ့သည်မှာ မှန်သော်လည်း နောက်ဆုံးတွင်
မိမိ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ ကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Credit to : Mizzima News

10.3.15

AFC Cup ပြိုင်ပွဲ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်မည့် ရတနာပုံအသင်း

 
AFC Cup ပြိုင်ပွဲအုပ်စု ဒုတိယပွဲအဖြစ် ဟောင်ကောင်ကလပ် တောင်တရုတ်အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် ရတနာပုံအသင်းသည် ယနေ့နံနက်ပိုင်းက ဟောင်ကောင်သို့ ထွက်ခွာသွားသည်။ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် များကို မတ် ၁၁ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ရတနာပုံအသင်းမှာ တောင်တရုတ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။

13.1.15

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ


၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်းဒီအောဆု)ကို ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ဆွတ် ခူးသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမာဆု လေးနှစ်ဆက်ရရှိ ထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိက လက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံးဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။