ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.11.14

တရုတ်နှင့် သြစတြေးလျတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

တရုတ်နဲ့ သြစတြေးလျတို့ဟာ ဆယ်စုနှစ်တခုကျော်အတွင်း အထင်ကရ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာ သြစတြေးလျနိုင်ငံတွင်း အမေရိကန်ဒေါ်လာ ဘီလျံချီတန်တဲ့ ဈေးကွက်တွေ ဖွင့်မှုနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးမှု ဖြစ်ပါတယ်။ သြစတြေးလျ လယ်ယာပြည်ပတင်ပို့ကုန်တွေအတွက် တရုတ်ဈေးကွက်ကို ဖွင့်ပေးမှာ ဖြစ်သလို သယံဇာတကြွယ်ဝတဲ့ သြစတြေးလျနိုင်ငံတွင်း...

ဂျေရုဆလင် ဘုရားကျောင်း တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးလေးဦး သေဆုံး

အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ရှိ ဂျူးဘုရားကျောင်း တစ်ခုတွင် ပုဆိန်နှင့် ဓားများ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား နှစ်ဦး၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အစ္စရေးလေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့က အဆိုပါလူနှစ်ဦးကို ဘုရားကျောင်းထဲတွင်ပင် အသေပစ်ခတ်ခဲ့ကြောင်း ပြောကြားပြီး ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှု တစ်ရပ်အဖြစ် ပြစ်တင်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဝတ်ပြုရန် ရောက်ရှိနေသည့် အစ္စရေးလေးဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း...

အစ္စလာမ္မစ် စစ်သွေးကြွများ ကျူးကျော်ဝင်ရောက်မှုကြောင့် ဆီရီးယားရှိ အကြီးဆုံးရေနံမြေ ပိတ်လုနီးပါးဖြစ်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို အစ္စလာမ္မစ် စစ်သွေးကြွတွေ ကျူးကျော် ၀င်ရောက်လာလို့ နိုင်ငံရဲ့ အကြီးဆုံးရေနံမြေကို ပိတ်ချရလုနီးပါး ဖြစ်နေပါတယ်။ အယ်လ်ရူမီလန်ရေနံမြေဟာ ကာ့ဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်(၀ိုင်လ်ပီဂျီ) ပြည်သူ့စစ်တွေ ထိန်းချုပ်လည်ပတ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေလို့ တဖတ်သတ် ကြေ ညာထားတဲ့ ခရိုင်နားမှာ ရှိပါတယ်။ ဒါပေမယ့် ဒီရေနံမြေကို ထိန်းချုပ်ရလို့ အများထင်သလို စီးပွား ဖြစ်တာတော့ မဟုတ်ပါဘူး။ ရေနံမြေဟာ အကြမ်းဖက်မှုတွေ...

နယူးယောက်ရှိ ဘရွတ်ကလင်းတံတားပေါ် တွယ်တက်ခဲ့သည့် ပြင်သစ်ခရီးသည်ကို တရားရုံးတင်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်က ဘရွတ်ကလင်းတံတားကို တွယ်တက်ခဲ့တဲ့ ပြင်သစ်ခရီးသည်တယောက်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က တရားရုံးတင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ အေးနောင်းဒ်မြို့က ယောနသန် ဆူအိဟာ ဓာတ်ပုံတွေ ရိုက်ဖို့ လူသွားလမ်း ခြံစည်းရိုးကို ကျော်တက်ခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် ပြင်သစ်ခရီးသည်က တံတားရဲ့မန်ဟတ်တန်ဘက် မျှော်စင်နဲ့ ချိတ်ထားတဲ့ ကေဘယ်ကြိုးတွေဆီကို ရောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူ ကို ရာဇဝတ်မှုမြောက်တဲ့ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အန္တရာယ်...

အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှု ထပ်မံဆင်နွှဲ

ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့ဝန်းကျင်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြီး ဆင်နွှဲခဲ့ပါတယ်။ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို တူရကီဘက်ခြမ်း နယ်စပ်ကနေ ကြားနေရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ခိုဘာနီမြို့ကို ဆွန်နီမွတ်စလင်တွေ ဖြစ်တဲ့ အိုင်အက်စ်သူပုန်တွေက ဝိုင်းထားတာ ရက်ပေါင်း ၅၀ ကျော်ပါပြီ။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက...

အစ္စလာမ်ဘာသာသို့ ပြောင်းခဲ့သူ အမေရိကန် စေတနာ့ဝန်ထမ်းကို IS အုပ်စု ရက်စက်စွာ သတ်ဖြတ်မှု မိစ္ဆာလုပ်ရပ်ဟု အိုဘားမား ပြစ်တင်ရှုတ်ချ

ဆီးရီးယားနိုင်ငံရှိ IS အစွန်းရောက် အုပ်စုတို့၏ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ အဘူရာမန်ကာဆစ် သတ်ဖြတ်ခံရမှုကို သမ္မတအိုဘားမားက “စစ်မှန်တဲ့ မိစ္ဆာလုပ်ရပ်” အဖြစ် သတ်မှတ်ပြောဆိုပြီး ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ အမေရိကန် စေတနာ့ဝန်ထမ်း ရာမန်ကာဆစ်ကို IS တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ရက်စက်စွာ ခေါင်းဖြတ် သတ်ဖြတ်ခံလိုက်ရမှုကို အတည်ပြုနိုင်ခဲ့ပြီးနောက် သမ္မတအိုဘားမားက ယင်းသို့ ကြေညာချက် ထုတ်ပြန်ကာ...

ဂရိကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မှာ ထောင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေဟာ ခြိုးခြံ ချွေတာရေး မူဝါဒကို ဆန့်ကျင်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့က ချီတက်ဆန္ဒပြကြပါတယ်။ athensစစ်အာဏာရှင်ကိုတော်လှန်တဲ့ ၁၉၇၃ သွေးစွန်းတဲ့ ကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ကြတာ ဖြစ်ပါတယ်။ နှစ်ပတ်လည်ဆန္ဒပြပွဲဟာ အစိုးရ ရဲ့ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ဂရိတွေအတွက် ဆုံချက်ဖြစ်လာခဲ့တာပါ။ လတ်တလောနှစ်တွေမှာ အီးယူနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က အာမခံထားတဲ့...

နိုင်ဂျီးရီးယား အမျိုးသမီးတဦး အသေခံဗုံးခွဲမှုကြောင့် လူ ၂၁ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ဘောင်ချီပြည်နယ် အဇာရေမြို့က လက်ကိုင်ဖုန်းရောင်းတဲ့ဈေးထဲမှာ အမျိုးသမီးတယောက်က  အသေခံဗုံးခွဲခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က လူ ၁၂ ယောက် သေဆုံးပါတယ်။ ဒီပေါက်ကွဲမှုကို ဘယ်သူမှ ချက်ချင်းတာဝန်မခံသေးပေမယ့် အရင် ၂ ပတ်က အကြမ်းဖက်မှုတွေအတွက် ဘိုကိုဟာရမ် သူပုန်တွေကို သံသယရှိထားပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ အစ္စလာမ်မဟ်နိုင်ငံတည်ထောင်ရေး အတွက် ၅ နှစ်ကြာ သွေးချောင်းစီး ပုန်ကန်နေခဲ့တာပါ။ နိုဝင်ဘာ...

ပုပ်ရဟန်းမင်းကြီး Francis ၂၀၁၅ မှာ အမေရိကန်ကို လာမည်

ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ရှေ့လာမယ့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့ရှိတယ်လို့ ကြေညာလိုက်ပါတယ်။ Philadelphia မြို့မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ မိသားစုညီလာခံကို ပုပ်ရဟန်းမင်းကြီး တက်ရောက်မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ဟာ သူရဲ့သက်တမ်း လပေါင်း ၂၀ အတွင်း အရှေ့ဥရောပ၊ အာရှ၊ တောင်အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို ပုပ်ရဟန်းမင်းကြီးရုံးက တနင်္လာနေ့မှာ အတည်ပြုခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုက...

ခေါင်းဖြတ်သတ် IS ဗွီဒီယိုမှာ ပြင်သစ်တစ်ဦး ပါကြောင်း အစိုးရအတည်ပြု

အမေရိကန် အကူအညီပေးရေးဝန်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ်သတ်လိုက်ကြောင်း ကြေညာတဲ့ ဗီဒီယိုမှာ တွေ့ရတဲ့ IS စစ်သွေးကြွတွေထဲမှာ ပြင်သစ်နိုင်ငံသားတယောက်လည်း ပါဝင်တယ်လို့ ပြင်သစ်တာဝန်ရှိသူ တွေက ပြောဆိုလိုက်ပါတယ်။ အဲဒီ ပြင်သစ်နိုင်ငံသားဟာ အသက် ၂၂ အရွယ် Maxime Hauchard ဖြစ်ပြီး သူဟာ Mauritania မှာ ခေတ္တနေထိုင်ခဲ့ပြီးနောက် ဆီးရီးယားကို ရောက်သွားတာ တနှစ်ကျော်ရှိခဲ့ပြီလို့ တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က ပြောဆိုပါတယ်။ Kassig ရဲ့ခေါင်းပြတ်နဲ့...

ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ လိုက်ပါလာသူ စစ်တပ် အရာရှိကြီးတွေအပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။ အင်ဂျင် ၂ လုံးတပ် Bell 212 စစ်ရဟတ်ယာဉ်ဟာ ဖာရိုခရိုင်ထဲကမှာ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖာရိုခရိုင် စစ်တပ် အခြေစိုက်စခန်းကနေ ပျံတက်အပြီး ၁၀ မိနစ်အတွင်း ပျက်ကျခဲ့တာလို့ စစ်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ ရဟတ်ယာဉ် ပျက်ကျလို့ သေဆုံးသွားတဲ့အထဲမှာ အမှတ် ၃ ထိုင်းစစ်တပ်က တပ်မှူးဖြစ်တဲ့...