ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.9.14

လွန်ခဲ့တဲ့ ၂၆ နှစ် စစ်တပ် အာဏသိမ်းစဉ်က

လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်က နိုင်ငံအာဏာ အရပ်ရပ်ကို သိမ်းပိုက်ကာ ဤပုဂ္ဂိုလ်များဖြင့် “ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့သည်။ ၁။ ဗိုလ်ချုပ်ကြီး စောမောင် - ဥက္ကဋ္ဌ ၂။ ဒု ဗိုလ်ချုပ်ကြီး သန်းရွှေ - အဖွဲ့ဝင် ၃။ ဗိုလ်ချုပ် မောင်မောင်ခင် - အဖွဲ့ဝင် ၄။ ဗိုလ်ချုပ် တင်ထွန်း - အဖွဲ့ဝင် ၅။ ဗိုလ်မှူးချုပ် အောင်ရဲကျော် - အဖွဲ့ဝင် ၆။ ဗိုလ်ချုပ် ဘုန်းမြင့် - အဖွဲ့ဝင် ၇။ ဗိုလ်ချုပ် စိန်အောင် -...

အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များကို စစ်ဆင်ရေးအတွက် အသုံးမပြုဟု အိုဘားမားပြောကြား

အီရတ်သို့ ရောက်ရှိနေသည့် အမေရိကန် တပ်ဖွဲ့များသည် စစ်သွေးကြွများကို တိုက်ခိုက်သည့် ကဏ္ဍတွင် ပါဝင်မည် မဟုတ်ဟု အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့ကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ခြေလျင်တပ်များပါ ပို့ဆောင်သင့်ကြောင်း အဆိုပြုမှုများကို အိုဘားမားက အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အီရတ်ရှိ အမေရိကန် နိုင်ငံသားများ၏ လုံခြုံရေးကို ထောက်ပံ့ ကာကွယ်ရန် အမေရိကန် ခြေလျင်တပ်များ စေလွှတ်ထားသော်လည်း...

ထိုင်းကမ်းခြေလူသတ်မှုအတွက် ဗြိတိန်တဦးကို ထိန်းသိမ်းစစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီအရပ် Koh Tao - လိပ်ကျွန်းပေါ်မှာ ဗြိတိန် နိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး သေဆုံးသူ တဦးနဲ့ အခန်းဖော်အဖြစ် တည်းခိုခဲ့သူ ဗြိတိန် အမျိုးသားကို သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အင်္ဂနေ့က ထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ ရေးလာပါတယ်။  သေဆုံးသူ မစ္စတာ David William Miller ရဲ့ ခရီးသွားဖော် အခန်းဖော်ဗြိတိန်အမျိုးသားရဲ့ ခရီးဆောင် အိတ်ထဲက သိမ်း ဆည်းမိတဲ့ ဘောင်းဘီမှာ သွေးစွန်းနေတာတွေဟာ အခန်းဖော်ဖြစ်သူရဲ့...

အာရှကို ခြိမ်းခြောက်လာသော အစ္စလာမ္မစ်နိုင်ငံတော်

အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် စကားလုံးသည် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် ရေပန်းစားလာသည့် စကားလုံး ဖြစ်လာပြီး အာရှကို ခြိမ်းခြောက် လာနေကြောင်း ကျွမ်းကျင်သူ ပညာရှင်များက သတိပေးကြသည်။ အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် အုပ်စုသည် ယခင်က အီရတ်နှင့် လီဗန့် အစ္စလာမ္မစ် နိုင်ငံတော်ကို ကိုယ်စားပြု သုံးစွဲကြခြင်း ဖြစ်သည်။ ထိုအုပ်စုသည် ယနေ့တိုင် အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် လက်နက်ကိုင် လှုပ်ရှားနေသည့် အုပ်စုများ ဖြစ်ကြသည်။ ယခုအခါ ထိုအဖွဲ့သည် အာရှနှင့် ပစိဖိတ်ဘက်သို့...

စစ်အာဏာရှင်စရိုက် ပျောက်အောင် ဘာလုပ်ကြမလဲ

လွန်ခဲ့တဲ့ ၂၆ နှစ်  ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်အများစုနဲ့ပဲ အရပ်သားအစိုးရဆိုပြီး ဆက်လက်အုပ်ချုပ်နေခဲ့တာ ဒီနေ့ချိန်ထိ ဖြစ်ပါတယ်။ ဒီနေ့ချိန်ထိလည်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတုန်း၊ စစ်အာဏာရှင်အငွေ့အသက်တွေ လွှမ်းခြုံထားတုန်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင်...

ဗြိတိန်က အီဘိုလာကာကွယ်ဆေး လူသားဖြင့် ပထမဆုံးအကြိမ် စမ်းသပ်

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်က အီဘိုလာရောဂါကာကွယ်ဆေးကို လူသားနဲ့ စမ်းသပ်မှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဗြိတိန်စမ်းသပ်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ လူအယောက် ၆၀ နဲ့ စမ်းသပ်မှုနဲ့ အပြိုင်ဖြစ်လာပြီး ရာနှုန်းပြည့်အောင်မြင်ရင်တော့ အခုနှစ်ကုန်မှာ အီဘိုလာကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ Volunteer Ruth Atkins has blood taken before receiving an injection of the Ebola vaccine at the Oxford Vaccine Group Centre for Clinical Vaccinology and...

ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား

ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။ ဩစတြေးလျ ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာ (၁၈)ရက် နံနက်ပိုင်းက ဆင်နွှဲခဲ့ပြီး လူ(၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် ISတို့သည် ၎င်းတို့၏ လက်တံရှည်မှုကို ပြသရန်အတွက်...

သမိုင်းဝင် စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲအတွက် ပြိုင်ဘက်အင်အားစုများ နောက်ဆုံးပိတ် အပြင်းအထန် မဲဆွယ်

ဗြိတိန်နိုင်ငံမှ စကော့တလန် ခွဲထွက်ကာ လွတ်လပ်ရေး ရယူရန် အဆုံးအဖြတ်ပေးမည့် လူထုဆန္ဒခံယူပွဲကို မနက်ဖြန် (စက်တင်ဘာ ၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ရာ ယင်းဆန္ဒခံယူပွဲ မပြုလုပ်မီ တစ်ရက်အလိုတွင် ဆန့်ကျင်သူနှင့် ထောက်ခံသူ အင်အားစုများက မဲဆွယ်စည်းရုံးမှု အသီးသီးကို နောက်ဆုံးပိတ် အနေနှင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ ထိုသို့ မဲဆွယ်စည်းရုံးမှုများကို အပြိုင်အဆိုင် ပြင်းထန်စွာ လုပ်ဆောင်နေရခြင်းမှာ စကော့တလန်...

တပ်မတော်၏ သွားလာမှုကို KNU/KNLA (PC) က တုံ့ပြန် ထိန်းချုပ်မှု ပြုလုပ်

တပ်မတော်၏ သွားလာမှုကို KNU/KNLA (PC)  မှ စက်တင်ဘာလ (၁၇) ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ အပြင်းအထန် တားမြစ်မှု ပြုလုပ်ခဲ့သည်။  ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားများအား ထိုင်းရဲများ ငွေကြေး တောင်းခံမှုနှင့် ပတ်သက်၍ ယခုလ (၁၃) ရက် နေ့တွင် မြ၀တီမြို့၌ KNU/KNLA (PC)  က ထိုင်းနိုင်ငံမှ ၀င်ရောက် လာသော ကုန်တင် ယာဉ်အစီး (၃၀) အား လက်နက်ကိုင်၍ တားဆီးခဲ့ သည်။ ယင်းအတွက်ကြောင့် မြ၀တီမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ...

သီချင်းဆိုပြတဲ့ ထိုင်းဝန်ကြီးချုပ်

ဗိုလ်ချုပ်ကြီးတွေ ဆိုတာ စွယ်စုံရပုဂ္ဂိုလ်များ ဖြစ်ကြတယ် ဆိုတဲ့အချက်ကို မယုံမရှိ ယုံကြည်မိပါ၏ လို့ ပြောရပါတော့မယ်။ လက်ရှိ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာဟာ အစိုးရရုံးမှာ သတင်းထောက်တွေက သီချင်း ဆိုပြပေးဖို့  ပြောဆိုတဲ့ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ 'Return Happiness to Thailand' ဆိုတဲ့ သီချင်းကို စက်တင်ဘာ လ ၁၇ ရက်နေ့က သံစဉ်တကျ သီဆိုပြသွားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာဟာ လွန်ခဲ့တဲ့...

လက်ရှိဘဏ္ဍာနှစ်၏ ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သုံးဘီလီယံကျော်ဝင်ရောက်

လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်၏ ငါးလတာကာလအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၃ဒသမ၃၂၅ ဘီလီယံ ရရှိထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင် နိုင်ဦး ကပြောသည်။ နိုင်ငံတော်အစိုးရသစ်တက်လာ ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက် တစ်နှစ် ထက်ဝက်မက တိုးတက်လာ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏စာရင်းဇယားများအရ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်...

မိုဘိုင်းဖုန်း ပြိုင်ပွဲကြီး စပြီ

ပွဲ ကတော့ စပါပြီ။ မြန်မာနိုင်ငံရဲ့ သုံးစွဲသူ သန်းပေါင်းဆယ်ချီ များပြားတဲ့ မိုဘိုင်းဖုန်း ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်ဖို့ မြန်မာ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖုန်း အော်ပရေတာ ကုမ္မဏီများအကြား ပြိုင်ဆိုင်မှု အရှိန်မြှင့်တက်လို့ လာနေပါပြီ။ ကာတာ အခြေစိုက် အော်ရီဒူး မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္မဏီက အရင်လမှာ သူတို့ ရဲ့ မိုဘိုင်းဖုန်း ကွန်ရက် တွေ စတင်ဖွင့်လှစ် အသုံးပြု ခဲ့ပြီး မြန်မာနိုင်ငံ မိုဘိုင်းဖုန်း အော်ပရေတာ လောကမှာ ပထမဆုံး လုပ်ကိုင်နိုင်တဲ့...

မနာလို သ၀န်တိုရာမှ ထိုင်းကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် စုံတွဲ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်

စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် ကမ်းခြေ ပါတီပွဲတွင် အသတ်ခံခဲ့ရသူနှစ်ဦး အနက် ဒေးဗစ်မေလာ၏ သူငယ်ချင်း များဖြစ်သော ခရစ်နှင့် ဂျိမ်းစ်ဝဲဆိုသူ ဗြိတိန်ညီအစ်ကိုနှစ်ဦးကို ရဲများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် မိန်းကလေး ဟန်နာနှင့် အသက် ၂၄ နှစ်ရွယ် ဒေးဗစ်တို့သည် ကမ်းခြေကျောက် ဆောင် တစ်ခုအနီး တွင် ပေါက်တူး တစ်လက်ဖြင့် ရက်ရက်စက်စက် အသတ်မခံရမီ နာရီအနည်းငယ်က တွေ့ခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှူး ရာချွန်ရောင်သောင်က ပြောကြားသည်။ ဟန်နာနှင့်...

ဆီးရီးယားသူပုန်ကို စစ်ရေးကူဖို့ အမေရိကန်လွှတ်တော် သဘောတူ

အမေရိကန်အနေနဲ့ ဆီးရီးယားမှာရှိတဲ့ သဘောပျော့ပြောင်းတဲ့ သူပုန်တွေကို သင်တန်းပေးပြီး လက်နက်ထောက်ပံ့ဖို့ ရီပတ်ပလစ်ကန် လွှမ်းမိုးတဲ့ အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။ သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားသူပုန်တွေကို အကူအညီပေးရေး ဒီအဆိုကို မနေ့ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပြီး၊ ထောက်ခံမဲ ၂၇၃ မဲ၊ ကန့်ကွက်မဲ ၁၅၆ မဲနဲ့ အတည်ဖြစ်ခဲ့တာပါ။ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ အထက်လွတ်တော်မှာတော့ အခု ကြာသာပတေးနေ့မှာ ဒီအဆိုကို မဲခွဲမယ်လို့...

ယူကရိန်းစစ်ရေးတပ်လှန့်

ရုရှားနယ်စပ်အနီးမှာ ယူကရိန်းတပ်တွေကို တိုက်ပွဲဝင် အသင့်အနေအထား ဆက်ရှိနေဖို့ဆိုပြီး ယူကရိန်းက အမိန့်ထုတ်ထားပါတယ်။ နယ်စပ်အနီး ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ ဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြယ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် အခုလို တပ်လှန့်ခဲ့တာပါ။ သူပုန်တွေ ထိန်းချုပ်ထားရာ Donetsk ဒေသမှာ လူနေရပ်ကွက်ကို ဒုံးကျည်ထိမှန်ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခွဲထွက်ရေးသူပုန်တွေဘက်က ကြေညာသလို၊ အနီးအနားမြို့နားက တိုက်ပွဲတခုမှာလည်း လူ...

လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားသရုပ်ဆောင် လီဂျင်ဝတ်နဲ့ ကောင်ဟိုဂျင်း

ကိုရီးယားသရုပ်ဆောင် မင်းသားနှင့် မင်းသမီးများဖြစ်ကြ သော လီဂျင်ဝတ်နှင့် ကောင်ဟို ဂျင်းတို့ လမ်းခွဲလိုက်ပြီဟု တရား ၀င် အတည်ပြုသတင်းထုတ်ပြန် လိုက်သည်။ လီဂျင်ဝတ်ကို ဆက်သွယ် ပြီးနောက် ၎င်းနှင့် ကောင်ဟိုဂျင်း တို့မှာ မကြာမီက စုံတွဲအဖြစ်မှ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ဦး၏အ နာဂတ်ကို တစ်ဦးက အားပေးခဲ့ ကြသည်ဟု လီဂျင်ဝတ်၏ အေ ဂျင်စီ Will Entertainment က ပြောသည်။ ကောင်ဟိုဂျင်း၏ အေဂျင်စီ ကလည်း မင်းသားနှင့် မင်းသမီး လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနှင့်...

အယ်လ်ခိုင်ဒါကို တားနိုင်စွမ်း အပြည့်ရှိဟု ရဲတပ်ဖွဲ့ပြော

အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုကို တားဆီးတုံ့ပြန်နိုင်သည့် လုံခြုံရေးအင်အား အပြည့်အဝရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။ ရန်ကုန်တိုင်း၊ ပျဉ်းမပင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်ရင်း (၈) တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို လူစုလူဝေးနှင့် အကြမ်းဖက်မှုများအား နိုင်ငံတကာစံနှုနှင့် ကိုင်တွယ်စီမံခြင်း သင်တန်းပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊...