ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.3.13

ကလေး သူငယ်များ ကာကွယ်ရေး တပ်စုများ ဖွဲ့စည်းမည်

အရွယ်မရောက်သေးသော ကလေး သူငယ်များအား အကြမ်းဖက်ခြင်း၊ မတော် မတရား ပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေး တပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ “အရွယ် မရောက်သေးတဲ့ ကလေး သူငယ်တွေကို အကာအကွယ်ပေးဖို့ အခုနှစ် ဇန်န၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်း ခွင့်ပြုခဲ့တာပါ” ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့...

ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေသော ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းနှင့် နတ်တလင်း မြို့များတွင် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိစေရန် ယနေ ညနေပိုင်းမှ စတင်ကာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများထံမှသိရသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီ ခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက်...

အစိုးရ၏ အရန်ဆန် ဝယ်ယူမှု တောင်သူ အကျိုးသက်ရောက်မှု မရှိဟု တောင်သူ လယ်သမားအသင်း ဆို ဧပြီလအတွင်း အရန်ဆန်ဝယ် ယူပေးရန် နိုင်ငံတော်၏ စီစဉ်မှုမှာ တောင်သူများအတွက် ဈေးနှုန်းရ လာနိုင်မည် မဟုတ်၍ အကျိုးမရှိဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက ထုတ်ပြန် ပြောဆိုသည်။ နယ်စပ်မှ တရုတ်၏ ဆန်အ ဝယ်ရပ်မှု၊ နေရာအနှံ့ နွေစပါးများ ပေါ်ထွက်လာနေမှုကြောင့် အတက် ဘက်သို့ ဦးတည်သွားနေသည့် စပါးဈေးမှာ ကျဆင်းနေသည်။ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ''ဒီဧပြီမှာ အရန်ဆန်က တန်ချိန် ငါးသောင်းကနေ...

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။ စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီးယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က...

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ

တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်း တဲ့ ငလျင်တခု လှုပ်သွား တာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေး ဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။ ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင်လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့...

Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်

အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ အဖြစ် ဂျူလီယာ ပီယာစန် (Julia Pierson) ကို ခန့်အပ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမား က ကြေညာ လိုက်ပါတယ်။ အဆိုပါ ထောက်လှမ်းရေးဌာနဟာ သမ္မတနဲ့ သူရဲ့မိသားစုကို အကာအကွယ်ပေးတဲ့ ဌာနလည်း ဖြစ်ပါတယ်။ မစ် ပီယာစန် ဟာ Secret Service ထောက်လှမ်းရေး အကြီးအကဲ ရာထူးကို ခန့်အပ်ထိုက် သူအဖြစ် ထင်ရှားပြီး အဆိုပါ ထောက် လှမ်းရေးဌာနမှာ နှစ် ၃၀ လုပ်ကိုင်ခဲ့တဲ့ စံပြတဦး ဖြစ် တယ်လို့ သမ္မတ...

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြား လိုက်ပါ တယ်။ “ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်း အ နား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာ ရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။ “ကျနော် မက္ကာ...

iPhone ကို ငါးနှစ်ဒိတ်အောက်သည်ဟု Blackberry ဘော့စ်က ဆို

တရားဝင်ပြောဆိုလိုက်တာပါ။ သြစတေးလျ နိုင်ငံမှ ကျင်းပတဲ့ Blackberry စမတ်ဖုန်း အသစ် မိတ်ဆက် ပွဲမှာ Blackberry အမှုဆောင်ဥက္ကဌ Thorsten Heins က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ "Apple က Innovation မှာ ကောင်းတယ်ဆိုတာ ၂၀၀၇ ခုနှစ်တုန်းကပါ။ ခုက Innovation လုပ်နိုင် သူတွေ များသထက်များလာတယ်ဗျ။ Speed ဘက်ပိုင်းက Apple မှာ ထူးထူးခြားခြား ဖြစ်မလာဘူး။ လူ တိုင်း စောင့်နေပေ မယ့် နောက်ထွက်သမျှ iPhone တိုင်းမှာ အားနည်းချက် ကိုယ်စီပါပါ လာတယ်" လို့ Telegraph ကိုပြောဆိုပါတယ်။...

တရုတ်ပြည်၏ အမြင့်ဆုံး တာဝါတည်ဆောက်မှု ယာယီရပ်နား

တရုတ်ပြည်မှာဆိုရင်အမြင့်ဆုံး၊ ကမ္ဘာပေါ်မှာဆိုရင် ဒုတိယ အမြင့်ဆုံး ဖြစ် လာမယ့် မီတာ ၆၆၀ ကျော်မြင့် Ping’an International Finance Center တာဝါ တည်ဆောက်မှုကို ယာယီရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကြောင်းအရင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ကွန်ကရစ်တွေကြောင့် ပဲ ဖြစ်ပါတယ်။ ယင်းတာဝါဆောက်ဖို့အတွက် အသုံးပြုတဲ့ သဲဟာ မြစ်သဲ မဟုတ်ပဲ ပင်လယ်သဲ ဖြစ်ပြိး အရည်အသွေးလည်း အင်မတန် နိမ့်ကျနေ ပါတယ်။ သူတင်...

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် ခွင့်ရရန် ကွန်ပြူတာ အခြေပြု စစ်ဆေးသည့် ပုံစံဖြင့် ပြောင်းလဲ စစ်ဆေး တော့မည်ဟု သိရသည်။ သမာရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်းလဲ စစ်ဆေး နိုင်ရန်အတွက် ကွန်ပြူတာ အခြေပြု စာစစ် ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီးဌာန ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်း (HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee...

ဂျပန်၊ ပြင်သစ်လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းမည့် ဗီယက်နမ် ယူ-၂၃ အသင်း

ဗီယက်နမ် လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်၊ ပြင်သစ် ကလပ်အသင်းများနှင့် ခြေစမ်းကစားမည် ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ် ယူ-၂၃ အသင်းသည် လာမည့် မေ ၃၀ ရက်တွင် ပြင်သစ်ဒုတိယတန်းကလပ် Guingamp FC အသင်းနှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ခြေစမ်း ကစားမည် ဖြစ်သလို လာမည့် ဇွန် ၄ ရက်တွင် ဂျပန်၊ ဂျေလိဂ်ကလပ် ကာရှီမာအသင်းနှင့် ဆက်လက် ခြေစမ်းကစားမည် ဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်...

MNL-2 ဇယားထိပ်ဆုံးတွင် ချင်းယူနိုက်တက်အသင်း ဆက်လက်ဦးဆောင်

MNL-2 ပြိုင်ပွဲ ပွဲစဉ် ၆ ပွဲစဉ်များကို ပြီးခဲ့သည့် မတ် ၂၂၊ ၂၃၊ ၂၄ ရက်များက ပဒုမ္မာ၊ အောင်ဆန်းကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်များအပြီးတွင် ချင်းယူနိုက်တက် အသင်းသည် ရှုံးပွဲမရှိ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက် ဦးဆောင်နေသည်။ မတ် ၂၂ ပဒုမ္မာကွင်း၌ ကစားခဲ့သည့် Best Unitde အသင်းနှင့် Michelia အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။ Best Unitde အသင်းအတွက် ဦးဆောင်ဂိုးကို ချမ်းမြေ့သူက သွင်းယူပေးခဲ့ပြီး Michelia...

ဘေးလ်အား စွန့်စား အသုံးပြုမှာ မဟုတ်သည့် ဝေးလ်အသင်း

ဝေးလ်အသင်း နည်းပြ ခရစ်ကိုးမန်းသည် လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ခရိုအေးရှား အသင်းနှင့် ပွဲစဉ်မှာ ဒဏ်ရာ ရရှိနေသည့် အဓိက ကစားသမား ဂါရတ်ဘေးလ်အား ကြံ့ခိုင်မှု မပြည့်ဝပါက စွန့်စား အသုံးပြုသွားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အသက်(၂၃)နှစ် အရွယ်ရှိ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် စကော့တလန် အသင်းနှင့် ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းမှာ လူစားလဲ ခံခဲ့ရသည်။ သူသည် လက်ရှိ အချိန်မှာ လေ့ကျင့်မှုများလည်း ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ...

ကျွန်တော့်အတွက် မမျှတတဲ့ပြစ်ဒဏ်ပါ

ပြင်သစ်ကွင်းလယ်လူပေါ့ဘာက စပိန်နှင့်ပွဲတွင် ၎င်းကိုထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် ကက်ဆိုင်၏ဆုံးဖြတ်ချက်မှာ ပြင်းထန်ပြီး ယင်းပြစ်ဒဏ်မှာ မျှတမှုမရှိဟု ဝေဖန်သွားခဲ့သည်။ ပေါ့ဘာမှာ တစ်မိနစ်အတွင်း နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်ပြီး အလွန်ဆို၊ ဇာဗီတို့ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့၍ ယင်းကဲ့သို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။ သို့သော် ပေါ့ဘာက “ ဒိုင် ဒုတိယအ၀ါကတ်ထုတ်မှ ဇာဗီကအော်ဟစ်လူး လှိမ့်ပြခဲ့တာပါ။ ဒီပြစ်ဒဏ် က ပြင်းထန်လွန်းသလို မျှတမှုလည်း မရှိပါဘူး။ ဒါပေမဲ့အသင်းက...

စံချိန်တင်ရမှတ်ဖြင့် ချန်ပီယံဖြစ်ရန် ဖာဂူဆန် မျှော်မှန်း

မန်ယူနည်းပြ ဖာဂူဆန်က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်ရမှတ်ဖြင့် ယခုရာသီတွင် ချန်ပီယံဖြစ်လိုသည်ဟု ဆိုခဲ့သည်။ မန်ယူမှာ လက်ကျန် ၉ပွဲ ကျန်ရှိနေချိန်တွင် ၇၄မှတ်ဖြင့် ပရီးမီယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ပြီး ရမှတ် ၁၀၀ဖြင့် ချန်ပီယံဖြစ်ခွင့် မျှော်မှန်းနိုင်သည်။ သို့သော် ဖာဂူဆန်က ပရီးမီးယားလိဂ် ၏ပြိုင်ဆိုင်မှု ပြင်း ထန်ခြင်းကြောင့် လက်ကျန်ပွဲများတွင် အမှတ်လျော့နိုင်သည်ဟု ၀န်ခံသွားခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ၉၅မှတ်ဖြင့် ဗိုလ်စွဲခဲ့သည့်...

ကျွန်တော့်နှလုံးသားထဲမှာ ချဲလ်ဆီးရှိနေပါတယ်---မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုက မိမိ၏ နှလုံးသားထဲတွင် ချဲလ်ဆီးရှိနေဆဲ ဖြစ်သည်ဟု ၀န်ခံသွားခဲ့သည်။ ယခုရာသီအကုန်၌ ချဲလ်ဆီးတွင် မော်ရင်ဟို ပြန်လည်နည်းပြရန် သဘောတူညီမှု ရခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖွင့်ဟလာခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော သတင်းများအရ မော်ရင်ဟို၏အေးဂျင့် ဂျော့စ်မန်ဒက်မှာချဲလ်ဆီး၊ ပီအက်စ်ဂျီတို့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းအနေဖြင့် ရာသီအကုန်တွင် အဆိုပါ ၂သင်းအနက် ၁သင်းကို နည်းပြမည်ဟု သိရှိရသည်။...

အသက်ရှည်စေနိုင်သော ဆေးဝါးကောင်း

အသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ ဆေးဝါးဟာ ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။ အနီရောင်ဝိုင် မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာ အရွယ် နုပျိုနိုင် မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ အပါအဝင် ရောဂါ ခံစားရတဲ့...

ကြက်သွန်ဖြူက အူမကြီးကို အကာအကွယ်ပေးနိုင်

အင်တီအောက် ဆီးဒင့် အများ အပြား ပါဝင်တဲ့ ကြက်သွန်ဖြူလို အစာတွေက အရသာ ရှိရုံသာမက အူမကြီးအ ကျိတ်ဖြစ် နိုင်ခြေကို လျော့ကျစေ နိုင်ပါတယ်။ ကြက်သွန်ဖြူကို လှီးဖြတ်ပြီး အသုပ်တွေထဲမှာ ထည့်စားပ...

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ် မိရာက မျက်လုံး ဖောင်းအစ် မှုတို့ ဖြစ်တတ် ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါ နည်းငါးမျိုးကို လိုက်နာသင့် ပါတယ်။ (၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ မျက်စိထဲကို ဝင်တဲ့ ဓာတ်မထည့်မှု ပိုးမွှား တွေက အဓိက အားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြော ပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြော သန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့် ပါတယ်။ (၂) မျက်စိယားလျှင် မျက်စဉ်းဆေး...

ပဲကကိုယ်တွင်းစနစ်ကို သန့်စင်စေနိုင်

ပဲအမျိုး မျိုးဟာ ကျန်းမာ ရေးနဲ့ ညီ ညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်တဲ့ အပြင် နှလုံး ကျန်းမာ စေတဲ့ အမျှင် ဓာတ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း စနစ်ကို အလုပ် ကောင်းကောင်း လုပ်ဆောင်နိုင် စေ ပါတယ်။ ပဲမှာ ဗီတာမင် ဘီအုပ်စု အပြည့်အဝ ပါဝင်တာကြောင့် နှလုံးကို ကာကွယ် ပေးနိုင်ပြီး စိတ်ဖိ စီးမှုကို လျော့ ကျ စေပါတယ...

အသက်ရှင်ရန် အိပ်ပါ

အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။ အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ ...