ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.10.14

ဖားကန့် အောင်ဘာလေရွာကို ၀င်ထွက်ခွင့် အစိုးရတပ် ပိတ်ပင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေရွာက ရွာသားတွေကို နယ်မြေ အခြေစိုက် အစိုးရတပ်ရင်းက ၀င်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီမတိုင်ခင်က ရွာသားတွေအနေနဲ့ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး အဲဒီရွာကနေ ရွှေ့ပြောင်းသွားကြဖို့ တပ်မ ၆၆ တပ်မမှူးက ညွှန်ကြားထားပေမယ့်လည်း   အောက်တိုဘာ ၁၅ ရက်ညနေပိုင်းကစပြီး ၀င်ထွက် သွားလာခွင့် ပိတ်ပင်လိုက်တယ်လို့  ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဒါရှီလာဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင်...

ပါလက်စတိုင်းကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်ရန် ဘန်ကီမွန်းတိုက်တွန်း

ပါလက်စတိုင်း နိုင်ငံကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်နိုင်ရေးအတွက် အဓိကထား ရည်ရွယ်ကြပါရန် ပါလက်စတိုင်း ခေါင်းဆောင်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။ အစ္စရေး ကျူးကျော်စစ်အပြီး ပြန်လည်ထူထောင်ရန် ရုန်းကန်နေရသည့် ဂါဇာသို့ ရောက်ရှိချိန်၌ ဘန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပါလက်စတိုင်းတွင် အစိုးရအဖွဲ့ကို မာမွတ်အဘက်စ်က ဦးဆောင်နေသော်လည်း ဂါဇာကို ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဟားမားစ်တို့က အဓိက ထိန်းချုပ်ထားသည်။...

အမေရိကန်ကို အီဘိုလာရောဂါ ခြိမ်းခြောက်နိုင်ခြေ အလွန်နည်းပါးဆဲဟု အိုဘားမားပြောကြား

အမေရိကန် ပြည်ထောင်စုကို အီဘိုလာရောဂါက ခြိမ်းခြောက်နိုင်သည့် အခြေအနေသည် အလွန်နည်းပါးသည့် အဆင့်မျိုး၌သာ ရှိနေဆဲဟု သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဒဲလက်စ်မြို့တွင် အီဘိုလာရောဂါဖြင့် သေဆုံးသည့် လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးကို ကုသပေးခဲ့သည့် သူနာပြု အဖွဲ့ဝင်နှစ်ဦး ရောဂါကူးစက်ခံရသည့် သတင်းကြောင့် အမေရိကန်တွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိတ်လန့်စိုးရိမ်မှုများ တိုးပွားလာသည်။ အိုဘားမားက အမေရိကန် ပြည်သူများကို နှစ်သိမ့်စကား...

ကိုဘာနီမြို့ အစိတ်အပိုင်း အချို့ကို IS တပ်ဖွဲ့များ လက်လွှတ်လာရ

တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားမြို့ ကိုဘာနီကို သိမ်းယူရန် အားထုတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့များ ယခုအခါ ပြန်လည် ဆုတ်ခွာစ ပြုနေပြီဟု သိရသည်။ IS တပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကို ကာ့ဒ် ပြည်သူ့စစ်များက ကြံ့ကြံ့ခံ တွန်းလှန်နေပြီး ယခုအခါ IS တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့၏ အစိတ်အပိုင်း အချို့ကို စွန့်ခွာသွားကြောင်း ကာ့ဒ်အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ် နက်ဆန်က BBC သို့ ပြောကြားခဲ့သည်။ IS တပ်ဖွဲ့သည်...

'ဝ'နယ်မြေနှင့် ထိစပ်လျက်ရှိသည့် SSA/SSPP စခန်းများ ဆုတ်ခိုင်းမှုအပေါ် SSPP ဖွဲ့မှကန့်ကွက်မည်

'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း SSA/SSPP ၏ စခန်း များ ရုပ်သိမ်းပေးရန် ရှမ်းပြည်နယ် အစိုးရ က အကြောင်းကြားစာ ပေးပို့သည့်ကိစ္စကို UPWC ထံ တင်ပြ ကန့်ကွက်သွား မည်ဖြစ် ကြောင်း SSA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် အ တွင်း သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ရှမ်း ပြည်တပ်မတော်၏ တပ်စခန်းများနှင့် လှုပ် ရှား စစ်ကြောင်းများကို အားလုံး ရုပ်သိမ်း သွားရန် စခန်းများကို နမ့်ပန်ဒေသအထိ...

အမေရိကန်သူနာပြုတဦး အီဘိုလာရောဂါ ထပ်မံကူးစက်ခံရ

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အီဘိုလာရောဂါသည် သောမတ်စ် အဲရစ် ဒန်းကန်(Thomas Eric Duncan)ကို ဆေးကုသ ပေးခဲ့တဲ့ သူနာပြုနောက်တယောက်လည်း အီဘိုလာရောဂါကူးစက်ခံရတာကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ bigသူ့ကို ရောဂါကူး စက်ခံရတာ သိသိချင်း အောက်တိုဘာ ၁၄ ရက်နေ့က သီးသန့် ဆေးကု သမှုပေးနေပြီ လို့ ဆေးရုံက ဆိုပါတယ်။ သူနာပြုနဲ့ အနီးကပ်လက် ပွန်းတတီးနေခဲ့သူတွေကို အသေး စိတ် စစ်ဆေးမေးမြန်းနေပြီး အနီးကပ် စောင့်ကြည့်ရမယ်လို့...

နျူကလီးယားဆွေးနွေးပွဲတက်ရန် ဂျွန်ကယ်ရီ သြစတြီးယားကိုရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဒီနေ့စတင်မယ့် အီရန်နျူးကလီးယားဆွေးနွေးပွဲ တက်ရောက်ဖို့ အောက်တိုဘာ ၁၅ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်ကို ဆိုက်ရောက် လာပါတယ်။ လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့ကို ဆွေးနွေး ပွဲ နောက်ဆုံးရက် သတ်မှတ် ထားပြီး နျူးကလီး ယား သဘောတူညီမှု အပြီးသတ်ရရှိဖို့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ကြိုးစားကြမယ် လို့ မျှော်လင့်နေကြ ပါတယ်။ အီရန် နျူကလီး ယားကိစ္စကို ဖြေ ရှင်းနိုင်ရင် အရှေ့အလယ်ပိုင်း ပြဿ  နာ တော်တော်များများကို...

Bi မွန်းတည့်နေဂျာနယ်အမှု ယနေ့အပြီးသတ် အမိန့်ချမည်

အစိုးရအပေါ် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထား ရသည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာနှင့် သ တင်းရေးသားသူတို့ကို ပန်းဘဲ တန်းမြို့နယ် တရားရုံးတွင် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။ ကြားဖြတ်အစိုးရတင်မြှောက် ကြောင်း သတင်းဖော်ပြခဲ့မှုကြောင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေ သူ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်း ခိုင်၊ သတင်းရေးသားသူ မင်းဝ ဿန်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် ကိုသူရအောင်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် သတင်းအထူးတပ်ဖွဲ့က...

အမေရိကန်မှာ Ebola ရောဂါကူးစက်မှု အန္တရာယ်နည်းပါး

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ Ebola ရောဂါအရေးကိစ္စ ဆွေးနွေးဖို့အတွက် သူရဲ့ ခရီးသွားဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းဝေးတရပ်ကို ခေါ်ယူလိုက်ပါတယ်။ ဒီရောဂါပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် လိုအပ်တာမှန်သမျှကို ပြည်ထောင်စုအစိုးရဘက်က ပြင်ဆင်ထားမှုတွေ သေချာစေဖို့ သမ္မတက လိုလားနေကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ John Earnest က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ဒုတိယမြောက် Ebola ရောဂါ ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတဦးဟာ ရောဂါလက္ခဏာ...

ISIS အစွန်းရောက်တွေအပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတိုး

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် ခုခံနေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို စစ်ရေးအကူညီပေးတဲ့အနေနဲ့ အမေရိကန်တိုက်လေယာဉ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေက နယ်မြေကွက်တခုကို သိမ်းပိုက်သွားနိုင်ခြေ ရှိနေတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ မြေပြင်မှာရှိတဲ့ မြို့ကို...