ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.9.13

အစ္စရေး နိုင်ငံတွင် ဖျက်အားပြင်း လက်နက်များ သိုလှောင်ထားမှု အပေါ် အမေရိကန် မီဒီယာများ နှုတ်ဆိတ်

အမေရိကန် နိုင်ငံသည် ဆီးရီးယား နိုင်ငံအတွင်းရှိ ဓာတုလက်နက် များနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်တွင် အစ္စရေး နိုင်ငံတွင် ဖျက်အားပြင်း လက်နက်များ သိုလှောင် သိမ်းဆည်းထားမှု အပေါ် အမေရိကန် သတင်း မီဒီယာများက ရေငုံနှုတ်ပိတ် နေကြကြောင်း အမေရိကန် သတင်းထောက် တစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန် ပြောဆိုလိုက်ကြောင်း သိရသည...

လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အကြီးဆုံး စက်ရုပ်နဂါးကြီး

Fannyကမူ ယင်းထက်ပို၍ စမတ်ကျသည်ဟု ဆိုနိုင်မည် ဖြစ်သည်။ နဂါးကြီး Fannyသည် ကမ္ဘာပေါ်တွင် တည်ဆောက်ပြီးသမျှ အကြီးမားဆုံး လမ်းလျှောက်နိုင်သည့် စက်ရုပ်ကြီးအဖြစ် သတ်မှတ်ခံထားရ ပြဇာတ်များအတွင်း စိတ်ကူးယဉ် ဇာတ်ကောင်ဖြစ်သော နဂါးကြီးများကို ပုံဖော်ပြသရာ၌ လူအများ ဝင်နေရသည့် အရုပ်ကြီးများကို အသုံးပြုခဲ့သော်လည်း Fannyကမူ ယင်းထက်ပို၍ စမတ်ကျသည်ဟု ဆိုနိုင်မည် ဖြစ်သည်။...

ကမ္ဘာ့ အကြီးဆုံး "နွား"

သူမနာမည်ကတော့ Chilli ဖြစ်ပြီးချက်တ်နိုင်ငံသူဖြစ်ပါတယ်။ Chilli ကိုမွေးပြီး ၆နှစ်သ္မီးအရွယ် 1999ခုနှစ်မှာတော့ သူမ...

ဆွာဇီလန်ဘုရင်၁၄ယောက်မြောက်ဇနီးအဖြစ်၁၈နှစ်အရွယ်အလှမယ်နှင့်လက်ထပ်မည်

များစွာဝေဖန်ခံနေရသည့် ပါလီ မန်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း အလိုတွင် ဆွာဇီလန်ဘုရင်အမ် ဆွာတီ(၃)က ၎င်း၏၁၄ယောက် မြောက်ဇနီးအဖြစ် ၁၈နှစ်အရွယ် ပြိုင်ပွဲဝင် အလှမယ်လေးတစ်ဦးကို ရွေးချယ်ထားကြောင်း နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည...

ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်

ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည...

ဖက်ရှင် အဆန်းကြီး ထွင်ပြန်တဲ့ လေဒီဂါဂါ

ပြီးခဲ့တဲ့ အပတ်တုန်းက လန်ဒန်မှာ ပြုလုပ်တဲ့ ပွဲ တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဆပ်ပြာဘူဘောင်းလေးတွေကို အော်တိုလေမှုတ်ပြီ ထုတ်ပေးနိုင်တဲ့ ၀တ်စုံ ကို ၀တ်ဆင်ပြီး ပွဲတက်လာခဲ့ပါတယ...

မဒေးကျွန်း၌ မစ္စတာလီမော်ဟိုသေဆုံးမှုအတွက် တရုတ်ရဲအရာရှိ သုံးဦးက ကျောက်ဖြူသို့ ရောက်ရှိစစ်ဆေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းရှိ တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ CNPC ကုမ္ပဏီလက်အောက်ခံ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား တစ်ဦး သေဆုံးမှုအား စစ်ဆေးရန် တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိ အရာရှိတစ်ဦးနှင့် ရဲအရာရှိနှစ်ဦးပါ အဖွဲ့သည် စက်တင်ဘာ(၁၂)ရက်က ကျောက်ဖြူမြို့သို့ရောက်ရှိကာအမှုကိုစတင်စစ်ဆေးလျက်ရှိသည်ဟု ကျောက်ဖြူ မြို့နယ်ရဲစခန်းမှ သိရှိရသည...

Hyundai ရဲ့  ဇိမ်ခံ HCD 14 concept ကား

တောင်ကိုရီးယား Hyundai တို့ မိတ်ဆက် ပြသခဲ့ပြီး ဖြစ်တဲ့ Concept ကား ဖြစ်ပါတယ်။ HCD 14 လို့ အမည်ပေး ထားပါတယ်။ လျှစ်စစ်ဓာတ်အားနဲ့ သီးသန့်မောင်းနှင်မယ့် ဇိမ်ခံ Sedan ကား ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ နည်းပညာ အသစ်များ အသုံးပြုမှုပါပဲ။ အထဲမှာ အသံနဲ့ ထိန်းချုပ်ခြင်း၊ မျက်လုံးနှင့် ထိန်းချုပ်ခြင်း (eye tracking) နည်းပညာ တို့ပါဝင်လာခြင်း ဖြစပါတယ...

ကမ္ဘာ့ အမြန်ဆုံး လျှစ်စစ်ပြိုင်ကား

Lord Drayson အမည်ရ အမေရိကန်လူမျိုး လျှပ်စစ်-စက်မှု အင်ဂျင်နီယာမှ ဖန်တီးလိုက်တဲ့ပြိုင်ကား ဖြစ်ပါတယ...

ကန်ဒေါ်လာ ၉.၄ သန်းတန်တဲ့ 1935 Alfa Romeo

Alfa Romeo Tipo C 8C-35 လို့ အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မော်ဒယ် ကားပါ။ ဒုတိယ ကမ္ဘာစစ်ကာလ မှာ ရေပန်စားခဲ့ တဲ့ ပြိုင်ကား ဖြစ်ပါတယ် ထုတ်လုပ်တဲ့ ကုမ္မဏီကလည်း အီတလီ အခြေ ဆိုက် Alfa Romeo ဖြစ်ပါတယ်။ ပြိင်ကားမောင်းသမား Tazio Nuvolari ပိုင်ဆိုင်ခဲ့တဲ့ကားပါ။...

အော်စကာဆုအတွက် ဆော်ဒီက ပထမဆုံးအကြိမ် ၀င်ပြိုင်မည်

ရုပ်ရှင်ရုံများကို တားမြစ်ပိတ်ပင်ထားသည့် ဆော်ဒီအာရေဗျနိုင်ငံက လာမည့်နှစ် အော်စကာ ဆုပေးပွဲတွင် Wadjda ဇာတ်ကားဖြင့် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည...

ပြင်သစ်တွင် မောင်းသူမဲ့ကားများထုတ်လုပ်ရန် သမ္မတ အတည်ပြု

ပြင်သစ်နိုင်ငံမှာ မောင်းသူမဲ့ ကားထုတ်လုပ်မှုအတွက် သမ္မတ ကိုယ်တိုင် အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။...

မြန်မာ့ငါးရှဉ့်ကို ဂျပန်က တရုတ်နှင့်အပြိုင်ဝယ်ယူမည်

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ နေ့စဉ်ထွက်ရှိသည့် ငါးရှဥ့်အားလုံးကို တရုတ် နိုင်ငံက ဝယ်ယူကုန်သွယ်မှု ပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်ကနှင့်မတူဘဲ ဘက်ပေါင်းစုံမှ ပွင့်လင်းမြင်သာမှုများ ရှိလာသဖြင့် ကမ္ဘာ့နိုင်ငံအများစုက စီးပွားရေးမျက်စိ ကျလာခဲ့ကြသည်။...

"မြန်မာ-ထိုင်းနယ်စပ်မျဉ်းတိုင်းတာရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်မည်"

နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာ နဲ့ထိုင်း နှစ်နိုင်ငံ နယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ်အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ...

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်း Nestle မြန်မာဈေးကွက်တွင် ထုတ်လုပ်ရောင်းချမည်

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည...

မြန်မာအမျိုးသမီးအသင်း၏ လက်ကျန် နောက်ဆုံးပွဲစဉ်အား သုံးသပ်ကြည့်ခြင်း

ယနေ့ညနေ ၁၈ ရက်နေ့ ညနေ ၄ နာရီ တိတိမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နှင့် ဂျပန် ယူ ၂၃ အမျိုးသမီးတို့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာဘဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ဟာ နိုင်ပွဲ (၃) ပွဲဆက်ဖြင့် အနိုင်ရရှိထားတာမို့ ဆီးမီးဖိုင်နယ်ကို တက်ရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စု ပထမနေရာအတွက် ဒီနေ့ ညနေမှာ ရုန်းကန်ကစားရဖို့ အနေအထားဖြစ်နေပါသည်။...

တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားဆွေးနွေးပွဲ ပြည်နယ်အစိုးရ ခွင့်ပြု

ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ဆွေးနွေးကြမယ့် "ယုံကြည်မှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း" ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရက ကျင်းပခွင့်ပြု လိုက်ပြီလို့ သိရပါတယ...

အစ္စလာမ်မစ်ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ် သေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ်၏ အထင်ကရ အစ္စလာမ်မစ် ပါတီအကြီးအကဲ တစ်ဦးဖြစ်သော အက်ဘ်ဒူလ်ကာဒါ မူလာအနေဖြင့် (၁၉၇၁)ခုနှစ်က ပါကစ္စတန်ထံမှ ခွဲထွက်သော လွတ်လပ်ရေး တိုက်ပွဲအတွင်း လူမဆန်သော စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ နိုင်ငံအတွင်း ဩဇာကြီးမားသော အစ္စလာမ်မစ် ဘာသာရေး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးက စစ်ရာဇဝတ်မှု စွဲချက်များအတွက် သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။...

ယူနိုက်တက် ခြေလှမ်းမှား၍ မရနိုင်ဟု လေဗာကူဆင်မန်နေဂျာ သတိပေး

ဖင်လန်လက်ရွေးစင် ခံစစ်မှူးဟောင်း ဟစ်ပီယာသည် လီဗာပူးလ် ကစားသမား ဘဝတွင် အဲဗာတန်၊ ယူနိုက်တက် အသင်းများနှင့် ခါးသီးသော အားပြိုင်မှုများအတွင်း ပါဝင်ဖြတ်သန်းခဲ့သူ ဖြစ်သည...

ကာကွယ်ရေးဦးစီးချုပ်မှ H.T.M.S ANGTHONG စစ်သင်္ဘောအား လေ့လာ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးနှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ လိုက်ပါ လျက် စက်တင်ဘာ ၁၆ရက် ဒေသ စံတော်ချိန် နံနက် ၁ဝနာရီတွင် ချွန်ပူရီ ခရိုင်၊ ဆပ်တာဟိမြို့ ရှိ Juk Samet Harbour,Sattahip Chonburiသို့ ရောက်ရှိကြရာ ထိုင်းဘုရင့် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီး ချုပ် (ရေ)...

မြန်မာ - ဂျပန် အမျိုးသမီးအုပ်စု ပထမ နေရာလုပွဲ မှစ၍ ကွင်းဝင်ကြေး ထက်ဝက် လျှော့ပေးမည်

၂ဝ၁၃ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် အိမ်ရှင် မြန်မာ အမျိုးသမီး အသင်းနှင့် ဂျပန် ယူ-၂၃ အမျိုးသမီး အသင်းတို့သည် စက်တင်ဘာ ၁၈ ရက် ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစား ကြမည်ဖြစ်သည...

မြန်မာငြိမ်းချမ်းရေးအဖွဲ့နဲ့ KIO အပစ်ရပ် ပူးတွဲ စောင့်ကြည့်ရေးဆွေးနွေး

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က Technical Advisory Team ခေါ် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့ ပူးပေါင်း ဖွဲ့စည်းဖို့နဲ့ နှစ်ဘက်တပ်တွေ ဆက်လက် နေရာချထားရေးကိစ္စတွေကို လာမယ့်လမှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့အတွက် ညှိနှိုင်းခဲ့ကြပါတယ...

မြောက်ကိုရီးယား အလုပ်ကြမ်းစခန်းတွေက လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်တွေအရ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့ ဒါဟာဆိုရင် ညှဉ်းပမ်းနှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ လက္ခဏာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ...

မြန်မာအလုပ်သမား လုပ်အားခလျော်ကြေးပြန်ရ

မြန်မာအလုပ်သမားတွေကို လုပ်အားခမပေးပဲ ခိုင်းစေခဲ့တဲ့ အလုပ်ရှင်ကို လျော်ကြေးငွေအနေနဲ့ ထိုင်းဘတ်ငွေ ၈သောင်းကျော် ပြန်လည်ပေးအပ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ...

ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်သင့်လို့ ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲသင့်ပြီလို့ ပြောလိုက်ပါတယ...

သြစတြေးလျ ၀န်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

သြစတြေးလျနိုင်ငံ အစိုးရသစ်အဖွဲ့ ခေါင်းဆောင် ၀န်ကြီးချုပ်သစ် Tony Abbott ဟာ သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ၀န်ကြီးချုပ်အနေနဲ့ ဒီနေ့မနက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ...

နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းကျသူတွေ ဒီလ လွတ်ပေးနိုင်လို့ဆို

မြန်မာနိုင်ငံမှာ မတရားအသင်းဆက်နွယ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ အကျဉ်းကျခံရသူအချို့ ဒီလ၊ စက်တင်ဘာလအတွင်းမှာ ပြန်လည် လွတ်မြောက်လာနိုင်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီက ပြောဆိုလိုက်ပါတယ...

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာ တတိယပတ်၌ ဖွင့်လှစ်မည်

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည...

တရားရုံးများ၌ အစိုးရ၀န်ထမ်း မဟုတ်သော သက်သေလာရောက် ထွက်ဆို သူ တစ်နေ့ရရှိသည့် သက်သေခံ စရိတ်အား ကျပ် ၁၁၀၀ မှ ၁၇၀၀ သို့ တိုးမြှင့်

တရားရုံးများ၌ အစိုးရ၀န်ထမ်း မဟုတ်သော သက်သေလာရောက် ထွက်ဆိုသူ တစ်နေ့ရရှိသည့် သက်သေခံစရိတ်အား ကျပ် ၁၁၀၀ မှ ၁၇၀၀ သို့ တိုးမြှင့်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၏ ပြောကြားချက်အရ သိရသည...

စက်မှုဝန်ကြီးဌာနပိုင် ၀င်းသူဇာ အရောင်းဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန် ပဏာမ တင်ဒါအောင်မြင်သူများစာရင်း ထုတ်ပြန်

စက်မှုဝန်ကြီးဌာနပိုင် ၀င်းသူဇာ အရောင်းဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန်အတွက် ပဏာမ တင်ဒါအောင်မြင်သူများ စာရင်းကို စက်တင်ဘာ ၁၇ ရက်က တင်ဒါတင်သွင်းသူများရှေ့တွင် ကြေညာခဲ့ကြောင်း သိရသည...

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဦးနှောက်အကျိတ် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ မရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြု

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို စစ်ဆေးခဲ့ရာ ဆိုးကျိုးများ မရှိသည့်အတွက် စက်တင်ဘာ ၁၆ ရက်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည...

ဥရောပ နိုင်ငံများသို့ သွားရောက်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ယနေ့ပြန်လည် ရောက်ရှိမည်

စက်တင်ဘာ ၁၀ ရက်မှစ၍ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည...

လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူကာ လုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်

လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ဆွေးနွေးခဲ့ကြောင်း သိရသည...

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။&nbs...

တောင်သမန်အင်းရေပြည့်နေပြီး ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ

ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေလျှံမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ တောင်သမန် အင်းရေပြည့်နေပြီး ကမ္ဘာကျော် ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ သည်ကို စက်တင်ဘာ ၁၆ ရက်က တွေ့ရသည်။ ၁ ဒသမ ၂ မီတာရှည် လျားသော ဦးပိန်တံတား သည် တောင်သမန်အင်း ရေပြည့်နေသဖြင့်...

သမိုင်းသစ်ရေးထိုးခြင်း

Gamlamrazi ဆိုတဲ့ Facebook Page မှာ မြန်မာ..အမေရိကန်ပူးပေါင်း တောင်တက်အဖွဲ့သည်စက်တင်ဘာလ(၇)ရက်နေ့ကမြန်မာနိုင်ငံမြောက်ဖျားက ဂမ်လမ်ရာဇီတောင်ထိပ်ကိုရောက်ရှိခဲ့ကြောင်းသိရသည်။ထူးဖေါင်ဒေးရှင်းကတောက်တက်ခရီးစဉ်အစအဆုံးပံ့ပိုးပေးပြီးဖုန်ရင်ခရီးသွားလုပ်ငန်းက စီစဉ်ခဲ့တယ်လို့ အဆိုပါ Page မှာ ဖော်ပြထားပါတယ်။ ဦးတေဇ၊ ထူးဖောင်ဒေးရှင်းနှင့် တောင်တက်ခရီးမှာ ကူညီသူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။မြန်မာဘီလီယံနာ ခရိုနီကြီး ဦးတေဇက ၄င်းပိုင် ထူးဖောင်ဒေးရှင်းမှ...

"မြတ်သော အသက်ရှင်ခြင်း"

သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်...

Green Day ရဲ့  Wake Me Up When September Ends သီချင်းဖြစ်လာပုံ

Wake Me Up When September Ends ကို အနောက်တိုင်း မော်ဒန်ရောခ့် သီချင်း နားထောင်လေ့ရှိသူများ သိကြမှာပါ။ Green Day အဖွဲ့ ခေါင်းဆောင် Billie Joe Armstrong ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။...

တပ်မတော်နဲ့ KIAတိုက်ပွဲကြောင့်ရွာသား၄၈ဦး တောထဲတွင်တိမ်းရှောင်နေဆဲ

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ က တပ်မတော်နှင့် KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ အကြား တိုက်ပွဲဖြစ်ပွါးခဲ့မှု ကြောင့် တိမ်းရှောင်ခဲ့ရသော ရွာသား ၆၅ ဦးအနက် ၄၈ ဦးမှာယနေ့ အချိန်အထိ တောထဲတွင်ရှိနေဆဲဖြစ်သည်။ ကချင်ပြည်နယ်၊ပူတာအို ခရိုင်၊မချမ်းဘောမြို့ နယ် အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ ခ.လ.ရ (၁၃၇) နှင့် KIA တို့ တိုက်ပွဲဖြစ်ပွါးရာ အနီးရှိအိမ်ခြေ ၁၈ အိမ်၊လူဦးရေ ၆၅ ဦးခန့် ရှိ နောင်ခိုင်ကျေးရွာလုံးကျွတ် ကြောက်လန့် ကာ တောထဲသို...