ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.6.13

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည် ။ "ကျွန်တော်အနေနဲ့ ဆရာတော်ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝ လက်မခံဘူး။ သံဃာတစ်ပါးအနေနဲ့တော့ ပါရာဇိကကံ မကျသ၍ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဘာသာရေးဟာ...

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ဇူလိုင်ပထမပတ် ထုတ်ယူနိုင်မည်

နိုင်ငံတစ်ဝန်း ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူတိုင်း အတွက် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း များကို ရန်ကုန်နှင့် နေပြည်တော်တို့ရှိ စာစစ်အဖွဲ့ ဦးစီးဌာနများတွင် လာမည့် ဇူလိုင်လ ပထမပတ်၌ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ထံမှ သိရသည်။ အမှတ်စာရင်း ထုတ်ရာတွင် တံဆိပ်ခေါင်း၊ လျှောက်လွှာနှင့် စာအုပ်ကြေး ကျပ် ၄၀၀ ကျော်ကုန်ကျမည်ဖြစ် ပြီး အဆိုပါ အမှတ်စာရင်းများကို နာရီပိုင်းအတွင်း ထုတ်ယူနိုင်ကြောင်း...

ကိုနေဝင်းနှင့် မဇ္မျိမ တေးဂီတ အဖွဲ့ သားများ၊အင်းလေးဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် တေးဂီတ ဖြင့် တောင်ကြီးမြို့ တွင်ရန်ပုံငွေပွဲ ပြုလုပ်

ကိုနေဝင်းနှင့်အဖွဲသားများသည်၊၂၀-၆-၂၀၁၃ တွင် တောင်ကြီးမြို့ သို့ ရောက်ရှိ လာခဲ့ ပြီး ၊ အင်းလေးဒေသ ဖွ့ံ ဖြိုးရေးနှင့် ပညာရေးကျန်းမာရေးထောက်ပံ့ ကူညီ ပေးရေးအတွက် ရန်ပုံငွေ ပွဲများကို တောင်ကြီးမြို့ ပေါ် ရှိ heart rock cafe ၊ ဧရာဝတီ လ္ဘက်ရည်ဆိုင်၊ အချစ်ရွာလ္ဘက်ရည်ဆိုင်နှင့် သပြေရိပ် စားသောက်ဆိုင် များတွင် သီဆို ဖျော်ဖြေ ပြီးရန်ပုံငွေအလှူများ ကောက်ခံခဲ့ သည်။ ဆက်လက်ပြီး၂၁-၆-၂၀၁၃ တွင် ည-၇နာရီတွင် တောင်ကြီး ချယ်ရီကွင်း ဟိုတယ် ၊၂၂-၆-၂၀၁၃ တွင် အောင်ပန်း၊ကလော ...

RCSS /SSA အဖွဲ့တစ်ဖွဲ့က ဒေသခံရွာသားတစ်ဦးအား ဖမ်းဆီး

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပင်တီးကျေးရွာအုပ်စု ခဲဆန် ကျေးရွာနေ ရွာသားတစ်ဦးအား RCSS/SSA အဖွဲ့တစ်ဖွဲက ဇွန် ၂၀ ရက်ည ၁ နာရီခန့်တွင် ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ သည်။ ယင်း RCSS/SSA အဖွဲ့သည် ဇွန် ၁၉ ရက် ည ၁၂ နာရီခန့်တွင် နောင်ချိုမြို့နယ် နားကော်ကျေးရွာ သို့ ရောက်ရှိလာပြီး ရွာသားတစ်ဦးပိုင်သော ထော်လာဂျီအား အခကြေးငွေ မပေးဘဲ အတင်းယူ သွားကြောင်း၊ ည ၁၂ နာရီခန့်တွင် နားကော် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ကြိုးတုတ်ထားသော...

မူဆယ် တရားရုံးမှ ထွက်ပြေးသည့် လူသတ်တရားခံ ၃ ဦးအနက် တဦး ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့သည့် လူသတ်တရားခံ တဦးကို ဇွန် ၁၇ ရက်နေ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့၏အကူအညီဖြင့် ပြန်လည်ဖမ်းဆီးမိခဲ့သော်လည်း အဓိက တရားခံကို ဖမ်းမမိသေးကြောင်း သိရသည်။ တရုတ်နိုင်ငံ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှ မစ္စတာ ရန်လီပင်းနှင့် အဖွဲ့သည် တရားခံ ၃ ဦးအနက် ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲ ခံထားရသော ထွက်ပြေး တရားခံ အိုက်ဆမ်ကို တရုတ်ပြည် တောင်ယာတဲ တတဲတွင် ဖွက်ပေးထားသည့် ၎င်း၏အစ်ကိုဖြစ်သူ...

Sexy ခန်းတွေကိုလည်း လိုအပ်ရင်ရိုက်ရလိမ့်မယ်လို့ ဆိုလာတဲ့ ခန့်စည်သူ

ဂျာနယ်များ၊ သတင်းမီဒီများ နှင့် အင်တာနက်စာမျက်နှာများတွင် လက်ရှိ မြန်မာဗီဒီယိုဇာတ်ကားများ ပွင့်လင်းလာမှုကို ဝေဖန်မှုများစွာနဲ့ ရေးသားဖွဲ့နွဲ့ ထားကြတာကိုလည်းတွေ့ရပါတယ်။ တစ်ချို့က လက်ခံ ကြပေမယ့် အများစုကတော့ လက်ခံတာမတွေ့ရပါဘူး။ မြန်မာဗီဒီယိုဇာတ်ကားတွေမှာ အနမ်းချင်းဖလှယ်တာအပြင် အိပ်ရာပေါ်တွင် အတူအိပ်ပြီး ကုတင်ယိမ်းယိုင် မှုမျိုး၊ ချစ်သူ၊ သမီးရည်းစား ချိန်းတွေ့ကြချိန် အင်္ကျီကြယ်သီး စဖြုတ်တာတွေဟာ မသင့်တော်ဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း ရှောင်သင့်တာလေးတွေတော့...

ရန်ကုန်-မန္တလေး စာသင်ကျောင်း ၁၀ ကျောင်းတွင် ဥစားကြက်ခြံများ တည်ထောင်မည်

အခြေခံ မူလတန်းကျောင်းများတွင် ကျောင်းသူကျောင်းသားများ ကြက်ဥ ပုံမှန်စားသုံးနိုင်ရန်အတွက် ရန်ကုန်-မန္တလေး မြို့ကြီးများ ပတ်ဝန်းကျင်ရှိ မူလတန်းကျောင်း ၁၀ ကျောင်းတွင် ကြက်အကောင်ရေ ၂၀၀ မွေးမြူနိုင်သည့် ဥစားကြက်ခြံများ တည်ထောင်ပေးရန် အစီအစဉ် ရှိသည်ဟု Myanmar C.P Livestock Co.,Ltd.မှ အကြီးတန်း အမှုဆောင် အကြံပေး ဒေါက်တာသန်းထိုက်က ဇွန်လ ၁၇ ရက်နေ့ တွင် နေပြည်တော်ရှိ MICC ၌ ကျင်းပသည့် အခြေခံပညာကျောင်းများ နွားနို့ တိုက်သည့် အခမ်းအနား တွင် ပြောကြားသည်။...

800MHz CDMA ကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချ

တာချီလိတ်မြို့တွင် 800MHz CDMA ကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချရာ ယခု အကြိမ်တွင် လာရောက်လျှောက်ထားသူမှာ (၂၄၆၂)ဦးရှိပြီး ယခင်မဲမပေါက်ပဲ ကျန်ရှိနေသည့်(၈၃၆)ဦး အပါအ၀င် စုစုပေါင်း (၃၂၉၈)ဦးရှိသည်။ ယခုအကြိမ်သည် 800MHz CDMA များကို ရောင်းချပေးသည်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ( သတင်းအပြည့်အစုံ နှင့် ပေါက်မဲအမည်များအား မကြာမှီ ဖော်ပြပါမည်။ ) Tachileik Online N...

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကဘာ သာခြား ယောက်ျား တစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓ ဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊...

ဘရာဇီးရဲတွေနဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့

  ဘရာဇီးလ်နိုင်ငံမှာ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုစနစ် ချွတ်ယွင်းတာတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်တဲ့ အနေနဲ့နိုင်ငံတဝှမ်းက မြို့ပေါင်းတစ်ရာလောက်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားလျှက်ရှိပါတယ်......Rio de ဂျနဲရိုးမြိ့က လမ်းမတွေပ်ါမှာ လူသောင်းနဲ့ချီ စုဝေးရောက်ရှိနေကြရာမှာ မြို့တော်ခန်းမဆီ ချီတက် လာနေတဲ့ ဆန္ဒပြသူ တွကေို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။  ...

အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ

  ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး၊ အာရှနဲ့ အရှေ့ အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောကြားခဲ့သည်။ ကမ္ဘာတဝှမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တ ကျလေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံစားနေ ရကြောင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့အချက်အလက်တွေဟာ တုန်လှုပ်စရာကောင်းကြောင်း...

မြန်မာနိုင်ငံအပေါ် တားဆီးချက်တွေ ILO ရုတ်သိမ်း

   မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်တွေအားလုံးကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က မနေ့ကပြန်လည်ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါ တယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာအလုပ်သမားညီလာခံမှာ တက်ရောက်လာသူ ကိုယ်စားလှယ်တွေ က မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်ညီလာခံမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့အချက်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အလုပ်သမားညီလာခံဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက...

Lytro မီးလုံး ကင်မရာမှာ Wi-Fi ပါပြီ

၂၀၁၁ ခုနှစ် အောက်တိုဘာလက စတင်ဖြန့်ချိတဲ့ Lytro ကင်မရာက အခုတော့ Firmware အသစ် Update ကြောင့် Wi-Fi ပါရှိသွားပါပြီ။ Software update လုပ်ရုံပါပဲ။Lytro အမည်ရ ကင်မရာက ခရီးသွားသူများဆောင်ဖို့ အတွက် ဖြစ်ပါတယ်။ ကြည့်လိုက်ရင် ဓာတ်မီးတစ်ခုလို့ ထင်ရပေမယ့် သူက light field camera ဖြစ်ပါတယ်။ 8 GB သိမ်းဆည်းနိုင်တဲ့ တစ်လုံးကို ၃၉၉ ဒေါ်လာ၊ 16GB ကို ၄၉၉ ဒေါ်လာနဲ့ ဖြန့်ချိရောင်းချခဲ့တာပါ။ဈေးကြီးပေမယ့် ပစ္စည်းက အမြင်ဆန်းတော့ ဝယ်ယူသူများပြားခဲ့ပါတယ်။ တစ်ခုအားနည်းချက်ကတော့...

တစ်နေ့အနည်းဆုံး သုံးမျိုး စားသင့်သော အမျှင်ဓာတ်များသည့် အစာများ

(၁) ပဲစိမ်း - ပဲစိမ်းတွေမှာ အမျှင်ဓာတ်ငါးရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ (၂) သစ်သီးခြောက် - သဖန်းသီး၊ ဆီးသီး၊ မက်မွန်သီးနဲ့ စွန်ပလွံသီးခြောက်တွေဟာ အူလမ်းကြောင်း ကျန်း မာရေးကို ကူညီနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးရဲ့ လုပ်ငန်းဆောင်တာ ကို လည်း ကောင်းမွန်စေပါတယ်။ ဆီးသီးခြောက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်း ကင်းစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ (၃) စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး - အမျှင်ဓာတ် အများအပြား ပါဝင်ပါတယ်။ (၄) အခွံချွတ်မထားသော...

မလေးရောက် မြန်မာများသို့ ဖုန်းခေါ်ဆိုခွင့် ယခုလကုန်အထိ အခမဲ့ပေးမည်

မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန် အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။ အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှား မှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။ ''အကြောင်းအမျိုးမျိုးကြောင့် မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။...

အစွန်းရောက်တွေရဲ့ အသုံးချခံဖြစ်လာတဲ့ ဖေ့စ်ဘုတ်

ဖေ့စ်ဘုတ်ဟာကမ္ဘာတ၀ှန်း သုံးစွဲသူပေါင်း သန်း ၁ ထောင်ကျော်ရှိပြီး တိုးတက်များပြားလာနေပါတယ်။ ဖေ့စ်ဘုတ်ကို အစွန်းရောက်သူတွေရဲ့ အသုံးချခံဖြစ်လာတဲ့ သာဓက တခုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစဉ်သူများရဲ့ သတင်းတပုဒ်နဲ့ ထင်ရှားမယ် ထင်ပါတယ်။ မြန်မာသံရုံး ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ သူတွေရဲ့ ဂျိဟာ့ဒ် စိတ်ဓာတ် ( The Spitit of Jihad) ဖေ့စ် ဘုတ် စာမျက်နှာကို အင်ဒိုနီးရှားရဲတွေက ခြေရာခံ လိုက်နိုင်ခဲ့တယ်လို့...

စင်ကာပူ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေရောက်

   အင်ဒိုနီးရှားနိုင်ငံအတွင်းတောမီးလောင်ကျွမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ မီးခိုး တိမ်တိုက်တွေဟာ အိမ်နီးချင်း စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်မှာ မကြုံစဖူး အုံ့ဆိုင်းနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေး အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။    မီးခိုးမြူမှုန်တွေကြောင့် လေထုညစ်ညမ်းမှု ပမာဏဟာ အဆိုးရွားဆုံး အနေအထားဖြစ်တဲ့ ၃၇၁ အမှတ်အထိ ရောက်ရှိ နေတဲ့အတွက် စင်္ကာပူ အာဏာပိုင်တွေက ပြည်သူတွေကို အဆောက်ဦတွေအတွင်းမှာသာ နေထိုင်ကြဖို့...

၈၀ကျော်မှ ကံပေါ်ခဲ့သူ

  ဗိတိန်နိုင်ငံမှ ဖီးလစ်စ်ကွတ်ခ်အမည်ရှိ အမျိုးသမီးကြီး တစ်ဦးသည် အသက် ၈၅ နှစ် အရွယ်ရောက်မှ သူမ၏ ပထမဆုံး သတို့သမီး ဘဝကို ရရှိခဲ့သည်ဟု သိရသည်။ ဖီးလစ်စ်သည် ၂ဝဝ၈ ခုနှစ်တွင်သူမနှင့် စေ့စပ်ထားသော အမျိုးသား ကွယ်လွန်သွားပြီး ချိန်မှစ၍ သူမ၏ ချစ်ကြိုး ပျောက်ပျက် သွားခဲ့ပြီး မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီဟု တွေးထင်ခဲ့သည်။ထို့ပြင် သူမ၏ စိတ်ကူးယဉ် မေတ္တာ ဇာတ်လမ်းနှင့် ပတ်သက်၍လည်း သူမ၏ မိဘများက မနှစ် သက်ခဲ့သောကြောင့် မည်သည့်အခါမျှ လက်ထပ်ခွင့် မရခဲ့ပေ။...

လုံခြုံရေးသတိရှိရန် ကုလသမဂ္ဂက ၀န်ထမ်းများကို သတိပေး

   ရန်ကုန်မှာနိုင်ငံတကာ အကူအညီရေးအဖွဲ့က နိုင်ငြံခားသူတယောက်တိုက်ခိုက်ခံခဲ့ရပြီး လက်သည်ကို မ မိသေးသေရွေ့ နိုင်ငံတကာ အကူအညီအရေးတွင် လုပ်ကိုင်နေတဲ့ သူတွေကိုတယောက်တည်း အပြင်သို့ တည်းသွားလာရင် သတိထားဖို့ ရုံးတွင်းသတင်းထုတ်ချက် ထုတ်ထားပါတယ်။ ဇွန်၁၃ရက်နေ့ညပိုင်းက ဒဂြုံမို့နယ်အလြံပဘုရားလမ်း ပလက်ဖာင်ေးပ်ါမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က နိုင်ငြံခားသူ တယောက်တည်း လမ်ေးလျှာက်နေစဉ် ဓားနဲ့ထိုးခံရပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး...

မြန်မာ မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ

  အမေရိကန်နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာနိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့အချိန်မှာ ၊ အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေတဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ တိုကျို မစ်ဆူဘီရှီဘဏ်ဟာ ဒေါ်လာသန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွှဲအပြောင်း ၃ သောင်းခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ်အကြား နယူးမှာရှိတဲ့ဘဏ်ခွဲတွေကတ...

ဘာစီလိုနာ ကွင်းလယ်လူ သီယာဂိုနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားသည့် မန်ချက်စတာယူနိုက်တက်

   မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန် ထရာကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။အင်္ဂလန် ချန်ပီယံ အသင်းသည် စပိန်လာလီဂါ ချန်ပီယံ အသင်း၏ လူငယ် ကွင်းလယ်ဖန်တီးရှင် ကစားသမားလေးအား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅)သန်းဖြင့် စာချုပ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုအနေအထားတွင် ဘာစီလိုနာ အသင်းနှင့် ယူနိုက်တက်တို့ကြား ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းရန်သာ...

ဗုဒ္ဒခြေတော်ရာချခဲ့သည့်နေရာ ၁၀ နေရာ

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။ (၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။ (၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ) (၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။(ဖာယီယန်၏ မှတ်တမ်းအရ) (၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။ (၆)...

အာဆင်နယ် အသင်းသည် ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူနိုင်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီ

  အကြို ညှိနှိုင်းမှုများ အပြီးတွင် အာဆင်နယ်သည် ဟီဂူရင်းအား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဖြင့် စာချုပ်ရန် သဘောတူညီနိုင်ခဲ့ကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ကလပ်အသင်း နှစ်ခုကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေပါက အစ်တီဟတ်သို့ ရောက်ရှိရန် အသင့် ဖြစ်နေပြီဟု ယူဆရသည်။ ယခုသဘောတူညီမှုကြောင့် ဟီဂူရင်းသည် သီအိုဝဲလ်ကော့တ်၊ သောမတ်စ်ဗာမေလန်တို့နည်းတူ ကလပ်အသင်း၏ လုပ်ခ ခံစားခွင့် အမြင့်မားဆုံး ကစားသမား...

   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြားယော က်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်သို့ပြောင်း ရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။  "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလားမလား၊...

တိုက်တန်းနစ် သင်္ဘော တကယ်မမြှုပ်ခဲ့

  အများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့် ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။သူ့ရဲ့ Titanic: The Ship That Never Sank? အမည်ရ စာအုပ်နဲ့ ဖြစ် ပါတယ်။ အမှန်တော့ တကယ် နှစ်မြှုပ်သွားတဲ့ သင်္ဘောက Olympic အမည်ရ တိုက်တန်းနစ်ရဲ့  မောင်နှမ သင်္ဘော (Sister ship) ဖြစ်ပါတယ်။ Sister ship ဆိုတာ အရွယ်အစားရော၊ အတွင်းအပြင်ရော အားလုံးနီးပါး...

ကမ္ဘာကျော် Unilever ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်းတို့၏ လူသုံးကုန်များ ထုတ်လုပ်ရန် ပထမဆုံး စက်ရုံကို ရှေ့လတွင် ဖွင့်လှစ်မည်

ကမ္ဘာကျော် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် Unilever ကုမ္ပဏီက ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၆၆၇ သန်း ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အရ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံကို လာမည့်လတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။အဆိုပါစက်ရုံမှ လုပ်ငန်းများကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လုပ်ငန်းများ လည်ပတ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။  ၎င်းတို့က လာမည့် ၁၀ နှစ်အတွင်း ကြီးထွားလာမည့် မြန်မာ့လူသုံးကုန် ဈေးကွက်တွင် ထိပ်တန်းအဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင်...

'သ' အက္ခရာ ကားဟောင်းများ အပ်နှံမှု ယခုနှစ် ဇွန်လအတွင်း၌ပင် လက်ခံမည်

'သ' အက္ခရာ ကားဟောင်းများကို ယခုနှစ် ဇွန်လအတွင်း၌ပင် အပ်နှံမှု စတင်လက်ခံ နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိသည်။''ဒီလထဲမှာပဲ 'သ' အက္ခရာ ကားဟောင်းတွေ အအပ်လက်ခံဖို့ များတယ်။ အခု နောက်ပိုင်း 'လ' အက္ခရာ ကားဟောင်းတွေက သုံးလို့ ရနေတာကြောင့် အပ်တာနည်းလို့ ကားဟောင်းဈေး တက်သွားတာပါ။ မကြာခင် 'သ' အက္ခရာ ကားဟောင်းတွေ လက်ခံလိုက်ရင် ပုံမှန်ပြန်ဖြစ် သွားမှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။  လက်ရှိတွင် 'လ' အက္ခရာ ကားဟောင်း အပ်နှံမှုကို လက်ခံလျက် ရှိသော်လည်း အပ်နှံမည့်သူ လွန်စွာနည်းပါးလျက်...

လျှို့ဝှက်ကင်မရာရန်မှ ကာကွယ်ရန်

  အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်ဘယ်နားမှာတပ်ဆင်ထားလဲဆို တာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာ ပါ လာ တဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ...

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်

    အိမ်အကူမလေး သေဆုံးမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရ သည့် သရုပ်ဆောင်မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ သရုပ်ဆောင်မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)မှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃အရ ထောင်ဒဏ် ၁ လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကိုထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့်ရှိကြောင်း...