ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.12.14

ရုရှား သမ္မတ ပူတင် က ရူဘယ် ငွေကြေး တန်ဖိုးကျဆင်းမှု ဖြေရှင်းနိုင်လိမ့်မည် ဟု အာမခံ

ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ယခု သီတင်းပါတ်အတွင်းတွင် ရုရှား ရူဘယ် (Rouble) ငွေတန်ဖိုး အလွန်အမင်း ထိုးကျသွားမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံ စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှုကို စိတ်အေးအေးထားကြရန် နှစ်ပတ်လည် သတင်းစာရှင်းလင်းပဲါတွင် အာမာခံ ပြောကြားသွားခဲ့သည်။ ရုရှား ဗဟိုဘဏ်အနေနှင့် ရူဘယ်ငွေ တန်ဖိုးကျမှုကို ကြိုတင်ကိုင်တွယ် သင့်ခဲ့သော်လည်း ယခု လုပ်ဆောင်နေမှုများအနေဖြင့်လည်း ဖြေရှင်းသွားနိုင်စွမ်း ရှိလာလိမ့်မည်ဟု မစ္စတာ ပူတင် က ပြောသည်။ Ref...

ဆင်ဂျာတောင်ကို ဝန်းရံပိတ်ဆို့ထားသည့် IS တပ်ဖွဲ့များကို ဖြိုခွဲနိုင်ခဲ့ကြောင်း ကာ့ဒ်ပြောက်ကျားများ ကြေညာ

အီရတ်မြောက်ပိုင်း ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ကာ့ဒ်ပြောက်ကျားများက မိမိတို့သည် အကြီးမားဆုံး အောင်ပွဲတစ်ရပ်အဖြစ် ဆင်ဂျာတောင်တွင် တပ်စွဲထားသည့် IS အဖွဲ့များကို ဖယ်ရှားနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဆင်ဂျာတောင်တွင် ယာဇီဒီ အနွယ် ထောင်ဂဏန်းမျှနှင့် စစ်ဘေးရှောင် အီရတ်နိုင်ငံသားများကို IS တပ်ဖွဲ့များက ဩဂုတ်လကတည်းက ဝန်းရံပိတ်ဆို့ထားခဲ့သည်။ IS တပ်ဖွဲ့များသည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို...

ဩစတြေးလျရှိ နေအိမ်တစ်လုံးတွင် ကလေး(၈)ဦး သေဆုံးနေခြင်းကို ရဲတပ်ဖွဲ့ စုံစမ်းနေ

ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း မြောက်ပိုင်းဒေသရှိ ကဲန်စ်မြို့မှ နေအိမ်တစ်လုံးတွင် ကလေးငယ်(၈)ဦး သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ရဲများက အဆိုပါ နေအိမ်ထဲတွင် ဓားဒဏ်ရာဖြင့် လဲကျနေသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရှိသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ကြေညာသည်။ သို့သော်လည်း အသက်(၁၈)လမှ (၁၅)နှစ် အရွယ်ကြား ကလေးငယ်များနှင့် အဆိုပါ အမျိုးသမီးတို့ကြား ဆက်စပ်မှုကို အတိအကျ မပြောနိုင်သေးချေ။ အမျိုးသမီးမှာ ယခုအခါ...

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံ ရှမ်းပြည်နယ်တွင် ကျင်းပ

နိုင်ငံတကာ ပါဠိဘာသာကျွမ်းကျင် ပညာရှင်တွေပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံတခုကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာလ ၁၈ ကနေ ၁၉ ရက်ထိ ၂ ရက်တာ ကျင်းပနေပါတယ်။ ထိုင်း၊ အိန္ဒိယ၊ လာအို၊ အင်္ဂလန်၊ သီရိလင်္ကာ၊ စင်ကာပူ၊ မြန်မာ အစရှိတဲ့ နိုင်ငံတွေက  ပါဠိပညာရှင်တွေနဲ့ လေ့လာသူ ရဟန်းသံဃာတွေရော လူပုဂ္ဂိုလ်တွေပါ ဗုဒ္ဓဘုရား ရှင်ဟောကြားတော်မူတဲ့ ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ် အစရှိတဲ့ တရားတော်ထဲက လေ့လာတွေ့ရှိချက်တွေကို ဟောပြောဖလှယ်နေတာလို့  ညီလာခံကျင်းပရေးအဖွဲ့...

အမိန့်ဖီဆန်မှုဖြင့် နိုင်ဂျီးရီးယားစစ်သား ၅၄ဦးကို သေဒဏ်ချမှတ်

နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ဘိုကိုဟာရမ်စစ်သွေးကြွများကို တိုက် ခိုက်မည့် စစ်ဆင်ရေးအတွက် တပ် ဖြန့်ကြက်ရန် ငြင်းဆိုခဲ့ပြီး နောက် စစ်သား ၅၄ဦးအား အမိန့်ဖီဆန်မှု ဖြင့် နိုင်ဂျီးရီးယားစစ်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။ ''စစ်သား ၅၄ဦးကို သေဒဏ် ချခဲ့ပြီး ငါးဦးကိုတော့ တရားသေ လွှတ်လိုက်တယ်''ဟု ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ ဖီမီဖာလာ နာကပြောသည်။ စစ်တပ်အရာရှိ များသည် အဆိုပါစီရင်ချက်နှင့်ပတ် သက်ပြီး မှတ်ချက်မပေးခဲ့ကြပေ။ စက်တင်ဘာလက...

ဘင်္ဂလားစစ်သွေးကြွအဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှုအား ဖော်ထုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလား စစ်သွေးကြွအဖွဲ့ ( Ansarullah Bangla Team - ABT ) မှ နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ အရေးပါသူများနှင့် အဆောက်အဦးများကို မောင်းသူမဲ့လေယာဉ် (drone) ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှု တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒက္ကား မြို့တော် ရဲတပ်ဖွဲ့ ပူးတွဲ ကော်မရှင်နာ မိုနီရူ အစ္စလာမ်က မီဒီယာများသို့ ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ် တန်ဂျီ ဟူစိန် ဘာဘူနှင့် အသက် ၂၅ နှစ်အရွယ် ဂိုလမ်မော်လမိုဟန် တို့အား မောင်းသူမဲ့လေယာဉ်နှင့်...

အစ္စရေးနှင့် အပြီးသတ် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်နှစ် အတွင်း ရရှိနိုင်ရေး ပါလက်စတိုင်း ကြိုးပမ်း

အစ္စရေး နှင့် အပြီးသတ် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ် ရရှိရေး အတွက် ကုလသမဂ္ဂ ဆုံးဖြတ် ချက်မူကြမ်း တစ်ရပ်ကို ပါလက်စတိုင်း တို့က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) က တင်သွင်း ခဲ့သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် သဘောထား ကွဲလွဲမှုကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့်  ဆုံးဖြတ်ချက် မူကြမ်းပါ စာသား များနှင့်ပတ် သတ်၍ ဆွေးနွေးရန် လမ်းဖွင့်ထား ကြောင်းလည်း ပြောကြား ထားသည်။ အေအက်ဖ်ပီ သတင်းဌာန က ရရှိခဲ့သော ဆုံးဖြတ်ချက် မူကြမ်း ထဲတွင်...

နိုင်ဂျီးရီးယား ကျေးရွာတစ်ခုတွင် ဘိုကိုဟာရမ် စစ်သွေးကြွများက လူ ၃၂ ဦး ကိုသတ်ဖြတ်၍ အများအပြားကို ပြန်ပေးဆွဲ

 နိုင်ဂျီးရီးယား နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ဂမ်ဆူရီ ကျေးရွာတွင် ဘိုကိုဟာရမ် စစ်သွေး ကြွများက လူ ပေါင်း ၃၂ ဦးကို ၀င်ရောက် သတ်ဖြတ် ခဲ့ပြီး အများ အပြားကို ပြန်ပေး ဆွဲသွား ခဲ့သည်ဟု ဒေသခံနှစ် ဦးနှင့် မျက်မြင် တွေ့ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။ နိုင်ငံ၏ ဝေးလံခေါင်းပါးသော အဆိုပါ ဒေသတွင် ဒီဇင်ဘာလ ၁၄ ရက်က ယင်းဖြစ်စဉ် ဖြစ်ပွား ခဲ့ပြီး စစ်သွေးကြွများ၏ ပြန်ပေးဆွဲခံရသူ ဦးရေ အတိအကျ ကို ဒေသခံများက ရေတွက် နေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူ များက...

တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ

ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။ ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး...

အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

အိန္ဒိယနိုင်ငံသည် အာကာသ ယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာ မလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို...

ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော

ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။ နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု...

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု

ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။ “ယူကရိန်း လွတ်မြောက်ရေး အားပေးမှု ဥပဒေ ၂၀၁၄” ကို လက်မှတ်ရေးထိုး လိုက်တဲ့ သမ္မတ အိုဘားမားက အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒမှာ အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့ ကြာသပတေးနေ့ မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။...

နိုင်ဂျီးရီးယားက လူတရာကျော် Boko Haram ပြန်ပေးဆွဲ

နိုက်ဂျီးရီးယား ဒေသခံနဲ့ အရာရှိတွေက နိုင်ငံ အရှေ.မြောက်ပိုင်းမှာ Boko Haram အဖွဲ့ဝင်လို့ သံသယရှိထားသူတွေလက်ချက်ကြောင့် လူပေါင်း ၃၂ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ Gumsuri ရွာမှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့မှာ ဖြစ်ခဲ့တာလို့ Maiduguri မြို.ကို ထွက်ပြေးလာတဲ့ ဒီရွာသားတွေက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီရွာနားတဝိုက်မှာ အစောပိုင်း တိုက်ခိုက်မှုတခုကြောင့် လက်ကိုင်ဖုန်း ဆက်သွယ် ကွန်ယက် ပျက်စီးသွားခဲ့တာမို့ ဒီသတင်းမထွက်နိုင်ပဲ...