ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.3.13

အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုး ရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။...

အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်

မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံးတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာ ခရိုင်လေးမြို့နယ်ကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က လုံခြုံရေး တာဝန်ယူ လိုက်ပြီးတဲ့နောက်ပိုင်း အခြေအနေဟာ တည်ငြိမ်စပြုလာပေမဲ့ အရေးပေါ် အခြေအနေ ပြန်ရုပ်ဖို့ မရှိသေး ဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။ မတ်လ ၂၂ ရက်နေ့က သမ္မတဦးသိန်းစိန်အမိန့်နဲ့...

ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင်

ရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊ ထို့အတူ ရွှေဒါး သာစည် ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူ အကြမ်းဖတ် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ် ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံ တစ်ရုံ ပျက်စီး သွားခဲ့ကြောင်း သတင်း ရရှိသည်။...

မိတ္ထီလာမြို့၌ တည်ငြိမ်အေးချမ်းနေကြောင်း သမ္မတရုံး သတင်းထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေ အနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ် ကို ထိန်းသိမ်းခဲ့ရာ မတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေရာချ ထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများ...

တရုတ်သမ္မတသစ် အာဖရိကရောက်ရှိ

ပထမဆုံး နိုင်ငံခြားခရီးထွက်နေတဲ့ တရုတ်သမ္မတသစ် ရှီကျင်းပင်ဟာ တနင်္ဂနွေနေ့က အာဖရိကတိုက်ထဲက တန်ဇန်းနီးယား (Tanzanian) နိုင်ငံ Dar es Salaam ကိုရောက်ရှိသွားတာမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး သူ့ကို ကြိုဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံကနေ ခရီးဆက်လာတဲ့ တရုတ်သမ္မတဟာ တန်ဇန်းနီးယား သမ္မတနဲ့တွေ့ဆုံမှာဖြစ်သလို တနင်္လာနေ့ကျရင်လည်း အာဖရိကတိုက်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ပထမဆုံး မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားဖို့ရှိပါတယ်။ စီးပွားရေးထွန်းသစ်စနိုင်ငံခေါင်းဆောင်တွေရဲ့...

ဆီးရီးယားရောက် အီရန်လက်နက်များတားမြစ်ရေး အမေရိကန်ကြိုးပမ်း

အီရန်က အီရတ်လေကြောင်းပိုင်နက်ကို ဖြတ်ပျံသန်းပြီး ဆီးရီးယားအစိုးရအတွက် လက်နက်တွေ ပို့ပေးနေ တာကိုတားဆီးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ (Nouri al-Maliki) နဲ့ စိတ်ထက်ထက်သန်သန် နဲ့ ဆွေးနွေး ခဲ့တယ်လို့ ဘက်ဒက် (Baghdad) မြို့တော်မှာ ဆွေးနွေးအပြီး ဝန်ကြီး ကယ်ရီ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အီရန်က အီရတ်ပေါ်ကနေ ဖြတ်ပျံသန်းနေတာဟာ ဆီရီးယားသမ္မတ...

မြေကမ္ဘာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော် တွင်ကျင်းပမည်

၂၀၁၃ ခုနှစ် မြေကမ္ဘာနေ့ အခမ်း အနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံ ကျော်တွင် မတ်လ ၂၃ ရက် ည ၈း၃၀ မှ ၉း၃၀ ထိ ၁ နာရီကြာ မီးမှိတ် ခြင်းဖြင့် ကျင်းပကြမည် ဖြစ်သည်။ ၎င်းအခမ်း အနားကို ၂၀၀၇ ခုနှစ် မှစ၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း များစွာ ပါဝင်ကျင်းပ လာကြခြင်း ဖြစ်သည်။ ၎င်းမြေကမ္ဘာနေ့ အခမ်း အနားသည် ကမ္ဘာပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြု မိစေရေး အတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းခြင့်...

အမေရိကန်တို့ ကျည်ကာ ဝတ်စုံ စမ်းသပ်မှု

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့်...

တောင်တွင်းကြီင်္းမြို့လေးကို သတိရနေတယ်ဆိုတဲ့ စိုးသူ

ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ် တာ တတ်ကြ ပါတယ်။ အရွယ် ရောက်လို့ ပညာ ဆည်းပူးဖို့၊ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ရှာ ဖွေဖို့ အတွက် မိမိရဲ့ ဇာတိမြို့ကို စွန့် ခွာလို့ မြို့ကြီး ပြကြီးကို ရောက်လာ ခဲ့တဲ့ သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့အိပ် မက် ကိုယ်စီ နဲ့ပေါ့။ ဘယ်လို အချိန် ဘယ်ကာလမှာ ပဲမဆို ကိုယ့်ရဲ့ဇာတိ မြို့ လေးကို လွမ်းတမ်းတ စိတ်တော့ ဖြစ်မိ တတ်ကြပါတယ်။ မြို့ပြမှာ အလုပ်တွေ မောလို့ စိတ်ကြည်နူး စရာ ရယ်လို့ ပြန်တွေးမိရင်...

သင်ဇာဝင့်ကျော်ပြောတဲ့ အချစ်အကြောင်း

မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး သင်ဇာ ခံစားဖူးလား။ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ စားမှုမျိုးတော့ မခံစားဖူးဘူး။ လူတစ်ယောက်ကို မြင်သွား တယ် ဆိုရင်လည်း ဒါသူ့ကို ကြိုက်သွားတာ မဟုတ်ဘူး။ သူ့ရဲ့ နေထိုင်ပြောဆိုမှု အပြုအမူ တွေကို သဘောကျတာ မျိုးပဲ ဖြစ်လိမ့်မယ်။ ချစ်ဖို့ ဆိုတာက သူ့အကြောင်းကိုလည်း ကိုယ်က သိဦးမှ ချစ်မှာလေ။ အဲဒီလောက်ကြီး မြင်မြင်ချင်း ချစ်ရတဲ့ အချစ်မျိုးတော့ သင်ဇာ့ ဘဝမှာ တစ်ခါမှ မကြုံဖူး သေးဘူး။ ဆယ်ကျော် သက်တုန်းက အချစ်ကို ခံစားမိတဲ့...

ကမ္ဘာ့ဖလား အတွက် အသင့်ပြင်ထားကြောင်း ကာတာ နိုင်ငံ ပြောဆို

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပရေးအတွက် ကာတာနိုင်ငံမှ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များသည် ၎င်းတို့ အနေဖြင့် ယင်းပြိုင်ပွဲကို နွေရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း ဆိုသည်။ ထို့အပြင် ၎င်းတို့ အနေဖြင့် ဇူလိုင်လ အတွင်း နိုင်ငံ၏ အပူချိန်မြင့်မားမှု ဖြစ်ပေါ်နေစဉ် အားကစား ကွင်းများနှင့် ပရိသတ်များ ရှိရာ နေရာများကို အေးမြနေစေမည့် နည်းပညာများလည်း ပြင်ဆင်ထားကြောင်း ဆိုသည်။ UEFA ဥက္ကဋ္ဌ ပလာတီနီမှာ ကမ္ဘာ့ဖလားကို နွေရာသီ အပူချိန်မြင့်မား မှုကြောင့်...

မွန်တီနီဂရိုးနှင့် ပွဲအတွက် ယုံကြည်မှု ရှိနေသော အင်္ဂလန်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က ဆန်မာရီနို အသင်းကို ၈းဝ ဖြင့် နိုင်ခဲ့သော ပွဲစဉ်အပြီးတွင် အသင်း အတွက် အရေးပါသည့် အင်္ဂါနေ့ မွန်တီနီဂရိုးနှင့် ပွဲစဉ် မတိုင်မီ ၎င်းတို့ အသင်းမှာ အကောင်းဆုံး ပြင် ဆင်ထားပြီး ဖြစ်ကြောင်း ဆိုသည်။ အင်္ဂလန် အသင်း အနေဖြင့် မွန်တီနီဂရိုး အသင်းကို အဝေးကွင်း တွင် နိုင်မည်ဟု နည်းပြ ရွိုင်းဟော့ဆန်က ယုံကြည်နေသည်။  ဆန်မာရီနိုနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းသည် ပြိုင်ပွဲ၏ ကိုယ့်ဂိုးကိုယ် သွင်းယူခြင်း အပါအ၀င် ဒီဖိုးက...

ပြစ်ဒဏ်ချမှတ်ခံရသော မန်ယူအသင်း

မန်ယူနည်းပြ ဖာဂူဆန်သည် ရီးရဲလ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မတက်ရောက်ခဲ့၍ ဒဏ်ကြေး ပေါင် ၈၅၀၀ ခန့် ဒဏ်ရိုက်ခံရကြောင်း သိရသည်။ မန်ယူ လက်ထောက်နည်းပြ မိုက်ဖီလန်သည် ယင်းပွဲစဉ်တွင် နာနီ တိုက်ရိုက် အနီကဒ်ဖြင့် အငြင်းပွားဖွယ် ထုတ်ပယ်ခံရပြီး မန်ယူ အသင်းက ၂ ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ချန်ပီယံလိဂ်မှ ထွက်ရခြင်း အပေါ် နည်းပြ ဖာဂူဆန် အနေဖြင့် မီဒီယာများကို သုံးသပ်ချက်ပေး ရန်ပင် စိတ်ကုန်သွားခဲ့ကြောင်း...

နိုင်ပွဲရခဲ့သော အာဂျင်တီးနား

အာဂျင်တီးနား အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အိမ်ကွင်းပွဲစဉ် အဖြစ် ဗင်နီဇွဲလား အသင်းနှင့် ကစားခဲ့ရာ ၃းဝ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဂျင်တီးနား အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၉ မိနစ် နှင့် ၅၉ မိနစ်တွင် ဟီဂူအင် အပြင် ပွဲချိန် ၄၅ မိနစ်တွင် မက်ဆီ (ပင်နယ်တီ) တို့က အသီးသီး သွင်းယူခဲ့သည်။ မက်ဆီ အနေဖြင့် ယခုပွဲစဉ်တွင် သားဖြစ်သူ အတွက် ဆေးမင်ကြောင် ထိုးပြီးနောက် ပထမဆုံးသော ဂိုးကို အာဂျင်တီးနား အသင်းအတွက် သွင်းယူခြင်း...

စပိန်နှင့် ပွဲအတွက် ပြင်သစ်အသင်း အသင့်ဖြစ်နေ

ဂျော်ဂျီယာ အသင်းကို ၃း၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် မိမိတို့ ပြင်သစ် အသင်းသည် စပိန်နှင့် ပွဲအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း နည်းပြ ဒက်စ်ချမ့်က ပြောဆိုလိုက်သည်။ အိမ်ကွင်းတွင် ကစားခဲ့ရသော ပြင်သစ် အသင်းအတွက် ဂိုးများကို ဂီရော့ဒ်၊ ဗဲဘူနာနှင့် ရီဘာရီတို့က သွင်းယူခဲ့ကြသည်။ ဒက်စ်ချမ့်က စပိန်နဲ့ ကစားမယ့် ပွဲမှာ ခံစစ် ကစားဖို့ ဘယ်လိုမှ မစဉ်းစားထားပါဘူး။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က အဲဒီပွဲမှာ အနိုင်ရပြီး ဆက်ရှိနေဖို့ပါဟု ပြောဆိုသွားခဲ့သည်။ ပြင်သစ်...

ပြိုင်ဘက် ဘိုင်ယန်အား နှိမ့်ချပြောခဲ့သည့် ဘက်ဖွန်

ဂျူဗင်တပ် ဂိုးသမား ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ် အသင်းနှင့် တွေ့ဆုံနေသည့် အတွက် စိတ်ပျက်နေမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျူဗင်တပ် အသင်းက ပိုတောင့်တင်းတာကြောင့် ဂျူဗင်တပ် အသင်းကို ရင်ဆိုင်ရာမှာ လွယ်ကူမှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ဂျူဗင်တပ် အသင်းသည် အရင် ပွဲစဉ်များမှာ အနိုင်ရခဲ့သည့် အတိုင်း တစ်ပွဲချင်းကို သေချာ အာရုံစိုက် ကစားခဲ့သလို ဘိုင်ယန် အသင်းနှင့်...

သရေရလဒ်ကြောင့် အုပ်စု ဒုတိယသို့ ရောက်သွားသည့် စပိန် အသင်း

စပိန် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အိမ်ကွင်း ပွဲအဖြစ် ဖင်လန် အသင်းနှင့် ကစားခဲ့ရာ တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းကြောင့် စပိန်အသင်းမှ တစ်ဘက်မှ ဂျော်ဂျီယာကို ၃း၁ ဖြင့် အနိုင်ရသွားသော အုပ်စုတွင်း ပြိုင်ဘက် ပြင်သစ်အသင်း အုပ်စုဗိုလ်ဖြစ်သွား၍ ဖိအားဝင်သွားပြီး ၂ မှတ် နစ်နာခဲ့ရသည်။ ယင်းပွဲစဉ်တွင် စပိန်အသင်းအတွက် ဂိုးကို ရာမို့စ်က သွင်းယူကာ ဖင်လန် အသင်းအတွက် ဂိုးကို ပတ်ကီက သွင်းယူခဲ့သည်။ ယင်းကြောင့် စပိန် အသင်းသည် ရမှတ် ၈ မှတ်ဖြင့် ဒုတိယ နေရာသို့...

ရီးရဲလ်မှ ရာမို့စ် ချန်ပီယံလိဂ် ဖလား ယူရန် ရည်မှန်းထား

ရီးရဲလ် နောက်ခံလူ ရာမို့စ်က ယခုနှစ် ချန်ပီယံလိဂ် ဖလားရရန် ရည်မှန်းထားကြောင်း သိရသည်။ သူသည် အသင်းဖော်များအား ချန်ပီယံလိဂ် ဖလား ရရှိအောင် ကြိုးစားရန် တိုက်တွန်းထားပြီး ယခုရာသီမှာ အကောင်းဆုံး အခွင့်အရေး ရှိနေသည်ဟု ပြောခဲ့သည်။ ရာမို့စ်၏ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၀၁-၀၂ ရာသိမှာ ဗိုလ်စွဲပြီးနောက် ယခု အချိန်ထိ ပြန်လည် ရယူနိုင်ခြင်း မရှိသေးပေ။ ယခု အချိန်မှာ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ကွာတား...

ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့သည့် ရုရှားနှင့် မြောက်အိုင်ယာလန်

ယနေ့ နံနက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် မြောက်အိုင်ယာလန် အသင်းနှင့် ရုရှား အသင်းတို့ ပွဲစဉ်အား ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းထားကြောင်း သိရသည်။ မြောက်အိုင်ယာ လန် နိုင်ငံမှာ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ပွဲစဉ်အား ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေတာကြောင့် နှစ်သင်းစလုံး သဘောတူ ရွှေ့ဆိုင်းခဲ့တာ ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား နောက်တစ်နေ့ ၂၄ ရက် ဒေသစံတော်ချိန် ၁၅ နာရီ မှာ ယှဉ်ပြိုင်ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ကွင်းလယ်ဒိုင် ဖြစ်သူ...

Tiger Myanmar Amateur Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင် ဗိုလ်စွဲ

Tiger Myanmar Amateur Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၁၉ ရက်မှ မတ် ၂၂ ရက်(ယနေ့)ထိ ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပြိုင်ပွဲ တွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင်က ထိုင်း၊ စင်ကာပူတို့က ဖြတ်ကျော်ကာ ချန်ပီယံဆုရရှိခဲ့သည်။ မျိုးဝင်းအောင်သည် စုစုပေါင်း ရိုက်ချက် ၂၈၅ ချက်ဖြင့် ပထမဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား ဒါသီဘိုမက စုစုပေါင်းရိုက်ချက် ၂၈၈ ချက်ဖြင့် ဒုတိယဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား...

နေရှင်နယ်လိဂ် ပွဲစဉ် ၆ ပွဲကြို ခန့်မှန်းချက်

မြန်မာ့လက်ရွေးစင် အသင်းရဲ့ AFC Challenge Cup ခြေစစ်ပွဲကြောင့် ခေတ္တ ရပ်နားထားရတဲ့ နေရှင်နယ် လိဂ်ပြိုင်ပွဲ ကို မတ် ၂၃ ရက်(ယနေ့)မှာ ပြန်လည် စတင်ပြီပဲဖြစ်ပါတယ်။ ပွဲစဉ် ၆ မှာတော့ ခြေစွမ်းပိုင်းကျ ဆင်းနေတဲ့ ဧရာဝတီအသင်းက ရန်ကုန်အသင်းနဲ့ ပွဲကြပ်တွေ့နေသလို အသင်းစုဖွဲ့ မှု အကောင်းဆုံး ပုံစံ မရသေးတဲ့ ရတနာပုံအသင်းကလည်း ကမ္ဘောဇအသင်းနဲ့ ပွဲကြပ်တွေ့နေပါတယ်။ တိုက်စစ်မှူး အသစ်ခေါ်ယူ ထားတဲ့ ဟံသာဝတီ အသင်းကလည်း မကွေးအသင်းကို အနိုင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စား...

အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း နိုင်ပွဲစတင်ရရှိ

၂၀၁၅ အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း သည် နိုင်ပွဲစတင် ရရှိခဲ့သော်လည်း ထိုင်း၊ ဗီယက်နမ် အသင်းတို့မှာ ရှုံးပွဲများ ဆက် လက်ကြုံတွေ့ နေသည်။ မလေးရှားအသင်းသည် ပြီးခဲ့သည့် မတ် ၂၂ ရက်က အာရှဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်း၌ ယီမင်အသင်းအား ဧည့်ခံကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မလေးရှားအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်တွင် အာဇာမူဒင်၊ ၈၀ မိနစ်တွင် မူဟန်မင်း တို့က သွင်းယူပေးခဲ့ကြပြီး ယီမင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ၁၂ မိနစ်တွင် ဟာဂရီက...

ကမ္ဘောဒီးယားအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် တာ့ခ်မင်နစ္စတန်

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ပွဲစဉ်များကို မတ် ၂၂ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ရာ ပွဲဦးထွက်တွင် တာ့ခ်မင်နစ္စတန် အသင်းသည် ကမ္ဘောဒီးယားအသင်းအား ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ တာ့ခ်မင်နစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၇ မိနစ်တွင် အာမန်နော့၊ ၂၃ နှင့် ၃၆ မိနစ်များတွင် ဘာယာနော့၊ ၄၁ မိနစ်တွင် ကမ္ဘောဒီး ယားနောက်ခံလူ သာဗတ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိ၊ ၇၄ မိနစ်တွင် ဆာရမ်ဒေါင်း၊ ၈၁ မိနစ်တွင် အာဗာလို၊ ၈၇ မိနစ်တွင် ဘထရာရိုတို့က...

နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါ

ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြား ကိုက်ခဲတာတွေ ဖြစ်ရင် စက္ကန့် ၆၀ အတွင်း သက်သာနိုင် အောင် မတ်မတ်ရပ်ပါ ဒါမှမဟုတ် မတ်မတ် ထိုင်ပါလို့ စိတ်ပိုင်းဆိုင်ရာ ဂျာနယ်မှ လေ့လာမှု အသစ်အရ ဖော်ပြထားပါ တယ်။ အနေအထား မှန်ကန်တာကြောင့် နာကျင်မှုကို အောင်မြင်ရာ မှာ နှစ်ဆခန့် မြင့်တက် သွားတယ်လို့ ဆိုပါတယ်။ မိမိ ကိုယ်ကိုယ် ယုံကြည်စိတ် မြင့်တက်လာပြီး သင့်ကို ပြဿနာ ဖြစ်စေတဲ့ အကြောင်းအ ရာကို ပိုမိုထိန်းချုပ် နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် နာကျင်မှုကို...

အမည်းရောင် ချောကလက်က စိတ်ဖိစီးမှုကို လျော့ကျစေနိုင်

ကိုကိုး ၇၅ ရာခိုင်နှုန်း ပါဝင်တဲ့ ချောကလက်ကို နေ့စဉ် အနည်းငယ်စီ စားတာကြောင့် သွေးတွင်း မကောင်း တဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေ ကာ သွေးကြော ပိတ်ဆို့မှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီး မှုကိုလည်း လျှော့ချပေး နိုင်ပါတယ...

ငါးက နှလုံးကို ကျန်းမာစေနိုင်

ဆယ်လ်မွန် ငါးနဲ့ မက်ထရယ် ငါးတို့လို အိုမီဂါ ၃ ဖက်တီး အက်စစ် များစွာ ပါဝင်တဲ့ ငါးတွေဟာ နှလုံး ရော ဂါ ဖြစ်နိုင် ခြေကို လျော့ကျ စေပြီး ကိုယ်တွင်း ရောင် ရမ်းမှု လျော့နည်းစေကာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် တာ တွေကို ကောင်းမွန် စေပါတယ်။ ငါးမကြိုက်လို့ မစားရင် အခွံ မာတဲ့ အစေ့အဆန် တွေကို စားပေး သင့်ပါ တယ...

ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်

သင့်မိခင်က သင့်ကို ပန်းဂေါ်ဖီစိမ်း စားဖို့ တိုက်တွန်းလေ့ ရှိသလား။ ဒါက သင့်ကျန်းမာရေး ကို စောင့်ရှောက်မှုပေး နေတာပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို သုပ်စားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရန်ဟင်းလျာ တစ်မျိုးဖြစ်ပြီး ဆီးအိတ် ကင်ဆာ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ...