ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.2.14

ဆေးလိပ်ပြတ်လေ ပျော်ရွှင်လေ

ဆေးလိပ် ကို အပျော် သောက်သူ ပဲဖြစ် ဖြစ်၊ စွဲနေ လို့ သောက်သူ ပဲဖြစ်ဖြစ် ဆေးလိပ် ဖြတ်လိုက် ခြင်း သည် စိတ် ကို ပို ပျော်ရွှင် အင် အား ရှိစေ သည်ဟု လေ့လာ မှု စစ်တမ်း များက ဖော်ပြ သည်။ စိတ်ကျ စိတ် ဖိ စီး ဒဏ် ခံ နေရ သူတစ် ဦး စိတ်ကျ ဒဏ်ခံ ကုထုံး များ ခံယူ လိုက် လို့ စိတ်ပြန် တက်လာ ခြင်း နှင့် ရလဒ် ဆင် တူ နီးပါး ရှိကြောင်း စစ်တမ်း များက ထောက်ပြ သည်။...

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့ပါက ၀န်ကြီး များ celebrity အချို့ ကို ခေါ်အိပ် သည့် ကိစ္စ မျိုး ကိုပါ အရေး ယူ နိုင်ဟု ဦးသိန်းညွန့် ပြော

လာဘ် ပေးလာဘ် ယူမှု ပ ပျောက် ရေး ကော်မရှင် အစား အဂတိ လိုက်စား မှု တိုက်ဖျက် ရေး ကော်မ ရှင် ဖွဲ့ စည်း ပါက ၀န်ကြီး များ လုပ်ကိုင် ခွင့်ချ ပေးပြီး celebrity အချို့ကို ခေါ်အိပ် သည့် ကိစ္စမျိုး ကို ပါ ပိုမို အ ရေး ယူ၍ ရကြောင်း ပြည်သူ့ လွှတ်တော်၊ တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်း ရေး ကော်မတီ အဖွဲ့  ၀င် ဦးသိန်းညွန့် က ပြောသည်။...

မြန်မာ့ အပြောင်းအလဲ တပ်မတော် အရေးပါတယ်လို့ အမေရိကန် ပြော

လင်းသန့်မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောဆို လိုက်ပါတယ...

ချင်းတောင်ကို လက်ပံတောင်းတောင်လို အဖြစ်ခံမည်မဟုတ်

26-02-2014 “....ဒီတောင်ကို ဒီအတိုင်းပဲ မြင်ချင်ပါတယ်။ လက်ပံတောင်းတောင်လို အဖြစ်မခံနိုင်ပါဘူး...” ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အနီးတွင် သတ္တုရိုင်းတူးဖော်ရန် တရုတ် ကုမ္ပဏီတခုက သစ်တော ခုတ်ထွင်ရှင်းလင်းနေသဖြင့် နေရာတချို့တွင် လွင်တီးခေါင်များ ဖြစ်ခြင်း၊ တောချုံများသာ ကျန်ရစ်ခြင်းတို့ ဖြစ်ပေါ် နေကြောင်း သိရသည်။...

ပန်းခြံတွေကို လွတ်လပ်စွာ ပြောဆိုခွင့်နေရာ မသတ်မှတ်နိုင်သေးဘူးလို့ အစိုးရပြော

ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပန်းခြံတွေကို ပြည်သူတွေ လွတ်လပ်စွာပြောဆိုနိုင်တဲ့ နေရာတွေအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ် ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းရာမှာ အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေကြားပါတယ်။...

ဝေဖန်မှုများကြောင့် ကမ္ဘာ့ဖလားအင်္ကျီများ Adidas ပြန်သိမ်း

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထုတ်လုပ်ခဲ့သည့် အင်္ကျီများကို ပြန်သိမ်းမည်ဖြစ်ကြောင်း Adidasကုမ္ပဏီမှ အတည်ပြုခဲ့သည်။ ကမ်းခြေပုံနောက်ခံတွင် အတွင်းခံ ၀တ်ဆင်ထားသည့် အမျိုးသမီး ကာတွန်းပုံ ရေးဆွဲထားပြီး “ဂိုးသွင်းဖို့အတွက်” စာသားရေးထိုးထားသော Adidas အင်္ကျီမှာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် ဘရာဇီး ခရီးသွားဝန်ကြီးဌာန ၀န်ကြီးကလည်း လိင်စွဲဆောင်မှုနှင့် ဘရာဇီးနိုင်ငံ၏ ပုံရိပ်ကို ယှဉ်တွဲဖော်ပြခြင်းမှာ မိမိတို့နိုင်ငံ၏ ဈေးကွက်စီးပွားရေး မူဝါဒနှင့်ဆန့်ကျင်နေသည်ဟု...

ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုသည့်မေးခွန်းမေးမြန်းဖြေကြားမှုမပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သူရဦးရွှေမန်း သတိပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းဖြေကြားရာ၌ တစ်ဖက်ဖက်၏ ဂုဏ်သိက္ခာအား မထီမဲ့မြင် ပြုသည့်အဖြစ်မျိုးမပြုလုပ်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအားသတိပေးသည်။...

မော်တော်ယာဉ်အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေးမှုအခြေအနေ

ရန်ကုန် ဖေဖော်ဝါရီ ၂၆ အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက် အပါအဝင်ပြည်ပမှ ဝယ်ယူ တင်သွင်းလာသော မော်တော်ယာဉ်များအပေါ်လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် ၂၀၁၁ခုနှစ် အောက်တိုဘာ (၂၅)ရက်မှ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်အထိ (၂၈)လတာကာလအတွင်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျသင့်ခွန်များကို စည်းကြပ် ကောက်ခံ၍ ထုတ်ပေးပြီးဖြစ် သည့် ယာဉ်စီးရေမှာ(၂၆၆၂၄၂)စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန်(၄၇၆၅၅၆.၈၂)ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန်(၄၉၀၃၁၈.၁၈)ကျပ်သန်း စုစုပေါင်း (၉၆၆၈၇၅)ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည...

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေ တိုင်ကြားမှုများ စတင်စစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တိုင်ကြားမှု ၂၇၂ မှုကို လာမည့် မတ်လမှ စတင်ကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ပေးပို့သည့် အဆိုပါ အမှုများကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။...

သန်းခေါင်စာရင်းကောက်ယူပြီးမှသာ တိုင်းရင်းသား ၁၃၅ မျိုး ပြင်ဆင်ပယ်ဖျက်ခြင်းအတည်ပြုနိုင်မည်ဟုဆို

26.2.2014 မြန်မာနိုင်ငံတွင် လက်ရှိ သတ်မှတ်ထားသော တိုင်းရင်း သား ၁၃၅ မျိုး၏ အမည်စာရင်း များ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ယခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ပြည်လုံးကျွတ် သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဝင်းမြင့်က ယမန်နေ့က ပြုလုပ်သည့်အမျိုးသားလွှတ်တော် တွင် ရှင်းလင်းပြောကြားသည်။...

မန္တလေးစက်မှုဇုန် ဓာတ်အားလိုင်း တည်ဆောက်မှု ကန့်ကွက်မှုများကြောင့် ရပ်နားထားရဟုဆို

Wednesday, February 26, 2014 မန္တလေး စက်မှုဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ငါးမိုင်ခန့် ရှည်လျားသော ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် ရွာသစ်ကလေးကျေးရွာ ဒေသခံ တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသောကြောင့် တည်ဆောက်မှု ရပ်နားထားရကြောင်း အဆိုပါ စက်မှုဇုန် မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုးက ပြောကြားသည်။...

မရီးဖြစ်သူအား အရှင်လတ်လတ် ကောက်ရိုးပုံပြီး မီးရှို့သတ်သူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချ

ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့လူ သတ်မှုကျုးလွန်ခဲ့သည့် တရားခံအား ဟင်္သာတခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂(၂)အရ ပြစ်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။...

တောင်ကြီးမြို့အ၀င်ဂိတ်တွင် စိတ်ကြွဆေးပြားများနှင့် လက်နက်များ ဖမ်းဆီးရမိ

Wednesday, February 26, 2014 တောင်ကြီးမြို့အ၀င်ဂိတ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါး များနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။...

မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုး ပုဂ္ဂလိကလွှဲရန် စီစဉ်

Wednesday, February 26, 2014 ခေတ်မမီတော့သည့် ၁၉၆၄ ခုနှစ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န) ဥပဒေများ ပြင်ဆင်ရာတွင် တစ်နှစ်တစ်ကြိမ် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုး လုပ်ငန်းစဉ်များကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။ နိုင်ငံတကာတွင်လည်း ပုဂ္ဂလိကကသာ လုပ်ကိုင်သည့်အတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်း ဖြစ်ကြောင်း က.ည.နထံမှ သိရသည်။ “တင်ဒါ ခေါ်ရဦးမှာပါ။ အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့...

မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်အတွက် ဇောတိကစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ထုတ်လုပ်သွားမည်

===================================== မင်းသီဟဇော်၊ အောင်ရဲကို PTTEP မှ တာဝန်ရှိသူတစ်ဦး ရှင်းလင်းနေစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဇောတိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃ဝဝ ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် ထိုင်း PTTEP ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။...

မောင်တောတွင် ရဲတပ်ဖွဲ့စခန်းလေးခု တိုးချဲ့မည်

Wednesday, February 26, 2014 နယ်မြေ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့စခန်းလေးခုကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည...

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီက ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင်တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား UNHCR မှ Ms,Janet Lin နှင့်အဖွဲ့ဝင်များ နာရီကလာရောက်တွေ့ဆုံ ရာ ဥက္ကဌနှင့် ကိုယ်ရေးအရာရှိ ဒေါက်တာဒေါ်တင်မာအောင်တို့မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီက ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင်တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား UNHCR မှ Ms,Janet Lin နှင့်အဖွဲ့ဝင်များ နာရီကလာရောက်တွေ့ဆုံ ရာ ဥက္ကဌနှင့် ကိုယ်ရေးအရာရှိ ဒေါက်တာဒေါ်တင်မာအောင်တို့မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ National League for Democr...

အာခါတိုင်းရင်းသားများမှ ပုံစံ(၁၀)နှင့် မှတ်ပုံတင်များ၏ ကိုးကွယ်သည့် ဘာသာတွင် "နတ်"အစား "အာခါဇန်း"ဟု ပြောင်းလဲ သုံးနှုန်းပေးရန် တင်ပြထားရှိ

၂၆.၂.၂၀၁၄ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအပြားနေထိုင်လျှက်ရှိသည့် တိုင်းရင်းသားများအနက် အာခါတိုင်းရင်းသားများသည်လည်း အပါအ၀င်ဖြစ်ရာ ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာတရားနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အိမ်ထောင်စုစာရင်း ပုံစံ (၁၀) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ ဘာသာ ဟူသော နေရာတွင် "နတ်"ဟု ခေါ်ဝေါ်သုံးနှုန်းထားသည့် ကိစ္စနှင့် ပတ်သက်၍ "နတ်"ဟု သုံးနှုန်းမည့်အစား "အာခါဇန်း"ဟုသာ ပြောင်းလဲ၍ သုံးနှုန်းပေးရန်အတွက်...

ကျိုက်ထီးရိုးစေတီတော်ထီးတော်သစ်တပေါင်းလပြည့်နေ့တင်လှူမည်

Wednesday, February 26, 2014 ကျိုက်ထီးရိုးစေတီတော်အား မွန်၊ရှမ်း၊မြန်မာထီးတော်ဖြင့် တပေါင်း လပြည့်နေ့တွင် အသစ်ပြန်တင်လှူခြင်းကို ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပညာဒီပ၏ဦးဆောင်မှုဖြင့်ပြုလုပ် မည်ဖြစ်သည်။...

အခွန်အကောက်နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် မကောက်ဘဲ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်ရမည့် ပထမဆုံး ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ အခွန်အကောက်နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် မကောက်ဘဲ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ရမည့် ပထမဆုံးပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။...

မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန်လက်ထောက်ဝန်ကြီးသစ် ပြောကြား

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အလွန်အရေးကြီးကြောင်း အမေရိကန် ပြည်ထောင်စု၊ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီးသစ် David Shear က အင်္ဂါနေ မနေ့က ပြောကြားလိုက်ပါတယ်။...

လျစ်လျူရှုခံအကြပ်အတည်း အစီရင်ခံစာ တအာင်းအမျိုးသမီးအဖွဲ့ ထုတ်ပြန်

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလို၊ မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု သုံးစွဲမှု ပမာဏဟာလည်း အတော့်ကို မြင့်မားနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။...

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတိုးမြှင်ဖို့ အမေရိကန်သံတမန်တိုက်တွန်း

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အတွက် ထိတွေ့ဆက်ဆံဖို့ လိုတဲ့အကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။...

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

26-2-2014အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ...

ထိုင်းနိုင်ငံရေး အခြေအနေ တင်းမာဆဲ

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ နိုင်ငံရေး မငြိမ်သက်မှုတွေ အချိန်ကြာမြင့်လာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အကြမ်းဖက်မှုတွေ တိုးလာနေပြီး ဒီကနေ့ တိုက်ခိုက်မှုအတွင်း ဆန္ဒပြသူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။...

အရက် တောမှာ နွံမနစ်စေလို

အလုပ်ကြမ်း လုပ်သူနှင့် အလုပ်မနု၊မရင့် လုပ်ကိုင်နေသော ယောက်ျားတော်တော် များများဟာ အရက် သောက်တတ်ကြတယ်။ ကျေးရွာ များမှာဆိုလည်း အလှူပွဲ၊ မင်္ဂလာပွဲက အစ အသုဘ ရက်လည်အဆုံး အရက် ယဉ်ကျေးမှု ပါတယ်။ သင်္ကြန်နဲ့ ဝါဆိုပန်းခူး နေ့တွေမှာ ''အရက်ကော့တေးပါတီ'' လုပ်လိုက်သေးတယ်။ အရက်ဟာ တစ်ဦးနဲ့ တစ်ဦး ပေါင်းသင်းရ လွယ်တယ်။ ဟန်ကြီးပန်ကြီး မရှိ။ ဆင်းရဲ ချမ်းသာမရှိ။ အရက်ကို သောက်ပြီး မမူးရင် သည်ဟာ အရက်မဟုတ်သလို၊ အခုခေတ် နိုက်ကလပ်နဲ့ ဘီယာ ယဉ်ကျေးမှုမှာ အရက် သောက်စားမှု...

အာဖဂန်က ကန်တပ်တွေ အားလုံး ဒီနှစ်ကုန် ရုပ်သိမ်းမယ်

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ အမေရိကန်ကာကွယ်ရေးဌာန ပင်တဂွန် အနေနဲ့ အာဖဂန်နစ္စတန် က တပ်တွေ ကို ဒီနှစ်ကုန် မှာ အားလုံးကို ရုပ်သိမ်းရေး အစီအစဉ်တွေ အသင့်ပြင်ထားဖို့ သမ္မတ အိုဘားမားက မှာကြားလိုက်ပါတယ်။...

တောင်ကိုရီးယား ရေကြောင်းပိုင်နက်အတွင်းသို့ မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် ကျူးကျော်ဝင်ရောက်

တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရေကြောင်းပိုင်နက် အတွင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နှောင်းပိုင်းတွင် မြောက် ကိုရီးယားကင်းလှည့်ရေယာဉ်တစ်စင်း နာရီအတန်ကြာမျှ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။...

“၀” ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ် သမ္မတနဲ့ တွေ့ဆုံရေး မသေချာ

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်း တာဝန်ရှိသူ တချို့ နေပြည်တော် လာရောက်မယ့် ခရီး စဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့နဲ့ တွေ့ဆုံဖို့ မသေချာကြောင်း UWSA ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။...

SSA တောင်ပိုင်း တပ်ဖွဲ့ကို အစိုးရ ပူးပေါင်းတပ်များ တိုက်ခိုက်

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင်များကို အစိုးရတပ်နှင့် လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ယခုလ ၂၃ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။...

အီစတန်ဘူလ်တွင် ချယ်လ်ဆီး ပရိသတ်နှစ်ဦး ဓားထိုးခံရ

ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ် ပွဲစဉ် မကစားမီ အသင်း ပရိသတ် နှစ်ဦး တူရကီ၌ ဓားထိုး ခံခဲ့ရကြောင်း သိရှိရသည်။ တူရကီ ဘောလုံး ပရိသတ်များနှင့် အင်္ဂလန် ဘောလုံး ပရိသတ်များကြား ရန်စများသည် ယခင်ကတည်းက တည်ရှိနေခဲ့ပြီးဖြစ်ကာ ယနေ့ည ပွဲစဉ်မတိုင်မီတွင် ဂါလာတာဆာရေး ပရိသတ်များ လက်ချက်ကြောင့် ချယ်လ်ဆီး ပရိသတ်နှစ်ဦး ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ တစ်ဦးမှာ ခြေထောက်တွင် ဓားထိခဲ့ပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာတစ်ချက်ရကာ တက်ခ်ဆင်မ် ရင်ပြင် အနီးတွင် ရိုက်နှက် ရန်ပြုခံခဲ့ရကြောင်း...

NLD မှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ဘူးလက်လှဆွေ ဝေဖန်

ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၁၄ ခုနှစ်လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြားလိုက်ကြောင်း သိရှိရသည...

မြန်မာ့အရေး အမေရိကန်နဲ့ ဂျပန်ရဲ့အကူအညီ

Wedesday, February 26, 2014 မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲနဲ့ စိမ်ခေါ်မှုတွေ ရှိနေပေမဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာကို တိုးတက်လာခဲ့တယ်လို့ ဂျပန် - အမေရိကန် ပညာရှင်တွေက ပြောပါတယ်။...

ထုတ်စရာ မေးခွန်းများ ဦးတင်ဦး (ကျူရှင်)

မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်လက်ထက်မှစ၍ တစ်စုံတစ်ရာ ပြောင်းလဲလာသည်ကိုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်များထဲသို့ ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ သိသိသာသာ ပြောင်း လဲလာသည်ကိုလည်းကောင်း တွေ့ခဲ့ကြရပေသည်။ ပြောင်းလဲလာသည်ကတော့ အမှန်ပင် မငြင်းသာပါပေ။...

နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို

နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိတန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင် များက အသေး စိတ်ထပ်မံလေ့လာနေသည...

နိုင်ငံတော် စီမံကိန်းများအတွက် ပြည်သူအပ်ငွေကို အရှုံးခံထုတ်ချေး

 ပြည်သူများအပ်နှံငွေအပေါ် တစ်နှစ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်းပေးပြီး နိုင်ငံတော် စီမံကိန်းများအတွက် ထုတ် ချေးငွေအပေါ် အတိုးနှုန်းလေးရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်းသည် အရှုံးခံလုပ်ဆောင်နေခြင်းဖြစ်သည် ဟု သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဝေဖန်ထောက်ပြလိုက်သည...

စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်နေသော်လည်း ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟနေဟု အစီရင်ခံ

 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများစွာ လုပ်လာသည်ဟု အစိုးရက ကြွေးကြော်နေသော်လည်း ပကတိအခြေ အနေမှာ ချမ်းသာသူများက ပိုမိုချမ်းသာလာပြီး ဆင်းရဲသူများကလည်း ပိုမိုဆင်းရဲနေသည်ဟု ပြည်ထောင် စု လွှတ်တော်၏ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက လွှတ်တော်သို့ ဖေဖော် ဝါရီ ၂၅ ရက်တွင် အစီရင်ခံလိုက်သည...

မြန်မာ့ဗုဒ္ဓစင်တာကြီး ဗြိတိန်၌ တည်ဆောက်မည်

ဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့်ယဉ်ကျေးမှု ထွန်းကားရေးအတွက်မြန်မာ- ဥရောပ ဗုဒ္ဓသာသနာနှင့်ယဉ်ကျေးမှု တည်တံ့ခိုင်မြဲရေးကိုအထောက်အကူပြုမည့် မြန်မာ့ဗုဒ္ဓစင်တာကြီးကို ဗြိတိန်နိုင်ငံ၌လာမည့် ဧပြီလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော်ကြီး ၏ဩဝါဒခံ တပည့် ရင်းဖြစ် သည့် ဂရိတ်ဗြိတိန်၊နယ်သာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ဖင်လန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်တို့ရှိ ရံသီကျောင်းများ၏ ဥက္ကဋ္ဌအဆိုပါစင်တာကြီး ဖြစ်မြောက်ရေးအတွက် ဦးစီးဦးဆောင်ပြုသည့် သာသနရံ...

TNLA ၊တအာင်း(ပလောင်) မှ စစ်သားများ စုဆောင်းနေခြင်းကြောင့် တိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ စစ်ကြောင်းမှူး အိုက်ဖုန်းဦးဆောင်အဖွဲ့သည် ပလောင်တိုင်းရင်းသားများကို စစ်မှုထမ်းမှုရန် စစ်သား စုဆောင်းနေခြင်းကြောင့် စစ်မှုမထမ်းလိုသည့် ပလောင်တိုင်းရင်းသားများတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရင်း မိသားစုနေရေး အခက်ဒုက္ခတွေ့နေရကြောင်း ၎င်းထွက်ပြေးတိမ်းရှောင်သူ ပလောင်တိုင်းရင်းသားများကဖေဖော်ဝါရီ ၂၀ရက်နေ့က ပြောကြားခဲ့သည်။...

အားသွန်ခွန်စိုက်ယှဉ်ပြိုင်ရဦးမယ့်စပါး၊ နာပိုလီတို့ ရဲ့ယူရိုပါလိဂ်ပွဲစဉ်

ယူရိုပါလိဂ်(၃၂)သင်းအဆင့် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ဆက်လက်ကစားမှာဖြစ်လို့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ စပါး၊ လာဇီယို၊ ဘင်ဖီကာနဲ့နာပိုလီတို့ နောက်တစ်ဆင့်တက်နိုင်ပါ့မလားဆိုတာ တွေးပူ စရာဖြစ်နေပါတယ်။ ဒါပေမယ့် ဒီအသင်းတွေထဲမှာ စပါးတို့က ချွေးစီးချွေးပေါက်ကျအောင် အားထုတ်ရမယ့်ကိန်းဆိုက်နေတာတော့ အမှန်ပါပဲ။...

စီးကရက် ၁ဝဝ၊ ယမကာ ၅ဝ ရာခိုင်နှုန်း ကောက်ခံမည့်ဥပဒေကြမ်း တင်သွင်း

 အခွန်ငွေ ကောက်ခံမှုများနှင့် ပတ်သက်ပြီး စီးကရက်ကို ၁ဝဝ ရာခိုင်နှုန်း၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့ကို ၅ဝ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ကို ရှစ်ရာခိုင်နှုန်း ကျသင့်မည့် ၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလိုက်သည...

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်ကိုဖျက်ဆီးခဲ့သည့်ပြစ်မှုကျူးလွန်သူများအား ပြိုင်ကားများနှင့်အတူ မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံပြီ

ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၁၄ ခုနှစ် ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်ကိုဖျက်ဆီးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ပြိုင်ကားများနှင့်အတူ မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံကြောင်းYangon policeမှသိရသည်။ ဖေဖော်ဝါရီ၁၆.ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက်ခဲ့သဖြင့်...

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်အား စောင့်ကြည့်ရန်အဖွဲ့လို

26-2-2014လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား သမ္မတ၏လျာထားချက် အတိုင်း သမ္မတက ရွေးချယ်ထားသည့် ကော်မရှင်အဖွဲ့ဝင် ငါးဦးထဲမှလည်းကောင်း၊ ကျန်အဖွဲ့ဝင် ၁ဝ ဦး တို့ကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ရွေးချယ်ထားသည့် ပုဂ္ဂိုလ် ငါးဦးစီတို့ဖြင့် လည်းကောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြု ဖွဲ့စည်းနိုင် ခဲ့သည...

လက်ပံတောင်းတောင်ရှိ သာသနိက အဆောက်အအုံများ ရွှေ့ပြောင်း ရန် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများခွင့်ပြု

26-2-2014လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိ ကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦး များကို ရွှေ့ပြောင်းရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဆားလင်းကြီးမြို့ ကံစွယ် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သြဝါဒ ခံယူပွဲတွင် ခွင့်ပြုခဲ့သည...

မြန်မာလူငယ်တွေ စီးပွားရေးမှာ စွန့်ဦးတီထွင်နိုင်ဖို့ သင်တန်းများဖွင့်တော့မည်

မြန်မာလူငယ် စွန့်ဦးတီထွင်သူတွေကို မွေးထုတ်ဖို့အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက အင်ဒီယားနားတက္ကသိုလ် ကယ်လီစီးပွားရေးကျောင်းတို့ပူးပေါင်းပြီး သင်တန်းတွေ ဖွင့်လှစ်ပါတော့မယ...

နိုင်ငံတော် စီမံကိန်းများအတွက် ပြည်သူအပ်ငွေကို အရှုံးခံထုတ်ချေး

26-2-2014နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်သူများအပ်နှံငွေအပေါ် တစ်နှစ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်းပေးပြီး နိုင်ငံတော် စီမံကိန်းများအတွက် ထုတ် ချေးငွေအပေါ် အတိုးနှုန်းလေးရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်းသည် အရှုံးခံလုပ်ဆောင်နေခြင်းဖြစ်သည် ဟု သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဝေဖန်ထောက်ပြလိုက်သည...

ဖျက်သိမ်းခံ သမီးကလေးကျေးရွာသား အားလုံးအတွက် ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်၌ပင် မြေကွက်အသစ်ရိုက်၍ မတ်လအတွင်း ရွှေ့ပြောင်း နေရာ ချထားပေးတော့မည်

၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့ အိမ်ခြေဖျက်သိမ်းခံ သမီးကလေး ကျေးရွာသားများအားလုံးကို ရန်ကုန် တိုင်းအတွင်း၌ပင် မြေနေရာအသစ် အကွက် ရိုက်၍ လာမည့်လ ၁၇ ရက် နေ့မတိုင်မီ ရွှေ့ ပြောင်းနေရာချထားပေး မည်ဟု ရန်ကုန်တိုင်းဒေ သကြီး ပြည်ခိုင် ဖြိုးပါတီမှ သိရသည်။ အဆိုပါ မြေနေရာအသစ်များကို ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးအနီး ဝါယားကုန်း မြို့နယ်ရှိ မြေဧက စုစု ပေါင်း ၉ ဧကနီးပါး အကွက်ရိုက်၍ အခမဲ့ ချထားပေး မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောသည်။...