ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
24.3.15
လီမင်ဟိုနဲ့ ဆူဇီ ချိန်းတွေ့နေတယ်လို့ အေဂျင်စီတွေ အတည်ပြု
ဂုဏ်သတင်းမထိခိုက်ချင်လို့ ညစ်ညမ်း ဝက်ဘ်ဆိုက်လိပ်စာဝယ်တဲ့ တေလာဆွစ်ဖ်
24.12.14
Christmas Wishing
Is it just me or Christmas is one of the most tiring holidays ever?! You have to prepare and decorate the tree, create the right Christmas atmosphere by decorating the house (inside and out!), buy, wrap and place all the presents under the tree. It's too much work! Thank goodness it's also all worth it being able to spend with special day with you :)
~~ မြန်မာ့လင်းရောင်ခြည်
9.10.13
ဒုံးပျံလွှတ်မယ့် …၊ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းနဲ့ ဝါကျွတ်မှာ မင်္ဂလာဆောင်ရင် …
26.7.13
8.7.13
3.7.13
ရှာရာပိုဗာ နဲ့ ဂိမ်းကစားရအောင်
တင်းနစ် အကျော်မော် ရှာရာပိုဗာကိုအားပေးတဲ့ ပရိတ်သတ်တွေအတွက်တော့ ရှာရာပိုဗာရဲ့  ရိုက်ကွင်းကလုပ်ရှားပုံတွေကို အခန်းဆက်တစ်ဝကြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကစားရမယ့် ပုံစံက အမေးအဖြေပုံစံဖြစ်ပြီး ဥပမာ ရိုက်ကွင်းမှာ ဘယ်သူကမိတ်ကပ်လိမ်းပေးတယ်၊ဘယ်သူက ဓာတ်ပုံရိုက်တယ် အစရှိတဲ့ နာမည်တွေကိုသုံးခုစီ ပေးကာ တစ်ခုကိုမှန်ကန်အောင် ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ဖြေဆိုမှုမှန်ကန်မယ်ဆိုပါက Level အလိုက်အဆင့်ဆင့်တက်ကာ ကြည့်ရှုရမည့်အခန်းတွေကို လော့ခ်ပွင့်စေမှာဖြစ်ပါတယ်၊
Social Channel က အပတ်စဉ် အခန်းသစ်တွေကို တင်ဆက်ပေးသွားမယ့် ရှာရာပိုဗာရဲ့  ရုပ်သံဂိမ်းကိုကစားချင်လိုသူတွေအတွက်..
https://apps.facebook.com/sharapovachannel/ လင့်ခ်မှာဝင်ရောက်
ကစားနိုင်ပါပြီ။
2.7.13
မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁"
၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို
၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်
၎. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်
၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express
၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်....
၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ်
၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း
၉. Green Curry Seafood Spaghetti @ Coffee Circle
၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက လရောင် အသုပ်စုံ
၁၁. Signature သီးစုံပျားရည် ဒိန်ချဉ်
၁၂. အင်းယားလမ်း KKS အသားကင်
၁၃. 369 က ပြည်လုံးချမ်းသာ ဝက်နံရိုးကြော်
၁၄. ရွှေဂုံတိုင် မအင်ဟုန် ကတ်ကြေးကိုက်
၁၅. ၁၂ လမ်း မောင်မြင့် အူပေါင်း
၁၆. ဗန်မော်ငါးမျှစ်ချဉ်ခေါက်ဆွ
၁၇. ကန်လမ်း လျှာဂျွမ်းပြန် ကော်ရည် ဆီချက် ငါးပိထောင်း
၁၈. Sushi @ Samurai
၁၉. ယူဂျီးနီးယား ရေခဲမုန့်ကြော်
၂၀. Keco ပုစွန်ဟွာ ဟော့ပေါ့
၂၁. နှစ်ယောက်တစ်ပွဲမှ ပိုအရသာရှိတဲ့ ရွှေထူးမိုးပျံခေါက်ဆွဲ
၂၂. မြေနီကုန်း ဒေါ်တင်ရီ ဘဲဥမွှေကြော်
၂၃. Tokyo Fried chicken
၂၄. လမ်း၂၀ ဆန်ပြုတ် ဘဲခြေသုပ် အသဲမြစ်သုပ်
၂၅. ဗိုလ်မြတ်ထွန်းလမ်း မြစ်ကြီးနား ဆန်စီးခေါက်ဆွဲ
၂၆. Pepper Beef steak
၂၇. ရွှေမန်းရုံ အောက် အဘိုးကြီးဝက်သားတုတ်ထိုး
၂၈. Shake လက်ဖက်ကြက်ဥ ကော်ရည်
၂၉. ၅၁လမ်း မော်တော်ပီကယ်ရုံးဘေးက အမဲနှပ်နဲ့ ထမင်းကြော်
၃၀. သံဈေးငွေသိန်းက နက်စ်အော်စွန်း
၃၁. အိမ်ကြီးလမ်းရေကျော်ဈေးက အစ်ကိုကြီးချက်တဲ့ ရွှေလက်ရာမုန့်ဟင်းခါး
၃၂. ကျောက်မြောင်းက ....မန္တလေး..... ရှောက်သီးသုပ်နဲ့ကြာဇံချက်
၃၃. ဗိုလ်ရာညွန့်လမ်း စကော့ဈေးကုန်းတံတားအဆင်းက သာခွေယိုင်
၃၄. နှီးခွက်လေးနဲ့ငါးပေါင်း အရမ်းကောင်းတဲ့ the ritz
၃၅. ပုစွန်ပေါင်မုန့်ကပ်ကြော် ဝက်ကချင်ချက် @ space bar
၃၆. စကော့ဈေးကုန်းတံတားအောက် အကျိဆိုင်က ဝက်အူစုံ ဘဲဥ ခေါက်ဆွဲ
၃၇. စကော့ဈေး စားသောက်တန်း ဦးကြွိဆီချက် နဲ့သံပုရာရည်
၃၈. စကားဝါ ကြေးအိုး
၃၉. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း ကော်ပြန့်စိမ်း
၄၀. မနက် ၉း၀၀ နာရီအပြောင်ရှင်းတဲ့ ယုဇနပလာဇာနားက အဘွားကြီးအစုံသုပ်
၄၁. ကျိုက်ထီးရိုးဘုရားလေးလမ်း ဘဲသားမုန့် ကော်ပြန့် 
၄၂. ၁၂း၀၀ နဲ့ ၄း၀၀ နာရီအတွင်းပဲရတဲ့ ၁၆၅ လမ်းထိပ်က အသုပ်စုံ အာပူလျှာပူ ကြာဇံချက်
၄၃. ရန်ကင်း ဝဆန်းသီး ချစ်တီးထမင်းဆိုင်ကြက်ကြော်
၄၄.လေးထောင့်ကန်လမ်း ILBC နားက ဟင်းရည် ကပ်စီးနည်းတဲ့ မုန့်ဟင်းခါး
၄၅. သီရိမင်္ဂလာဈေး အီကြာကွေး ပဲပြုတ်အစာသွပ်
၄၆. ရေကျော်မောင်အေး စမူဆာ
၄၇. စိတ်တိုင်းကျ ဆိတ်စွပ်
၄၈. လပ်ကီးဆဲဗင်း နံရိုးပေါင်းမန်ထို
၄၉. ချယ်ရီမန်း ဆိတ်ကင်
၅၀. လမ်း၂၀ ဂဏန်းကော်ကြော်
၅၁.စိန့်ဩဂတ်စတင်းကျောင်း ရှေ့ စစ်တပ်ဝင်း အကြော်ဆိုင်က အာလူးကတ်တလိပ်ကြော်
၅၂. တောင်လုံးပြန် ကမ်းနားက ပဲကြော်
၅၃. TTC ကျောင်းဆင်းရောင်းတဲ့ ဖက်ထုပ်ကြော်
၅၄. မြေနီကုန်း ကြက်တန်း ဒီဇင်ဘာ ကုလားလက်ဖက်ရည်ဆိုင်က ပဲဟင်းအာလူးပူရီ
၅၅. Sport Bar ပုစွန်အစိမ်းသုပ်
၅၆. မေးလို့မသိရင် ရေကျော်သားမစစ်တဲ့ ဒေါ်မြလေးမုန့်ဟင်းခါး
၅၇. တာမွေ ဦးချစ်မောင်လမ်းက ရှီမို ဝက်အူစုံ
၅၈. စပါးရှားလမ်း အာလူး ဇကာကွက်ကြော်
၅၉. ရွှေမြို့တော်က ဆိတ်ဦးနှောက်
၆၀. ကန်တော်ကြီးက ပုံးလေးနဲ့ရောင်းတဲ့ ယိုးဒယားရေခဲချောင်း
၆၁. ရွှေလီ မာလာငါး
၆၂. ကြက်လျှာစွန်း ဒံပေါက်
၆၃. ယူနန်အသားကင်ဆိုင်က ငါးခဲပတ်ကင်
၆၄. ဝင်္ကဘာလမ်း မိုးကုတ်ဒေါ်ရှန် နန်းပြားသုပ် ငါးထမင်းနယ်
၆၅. Legacy ယိုးဒယားဂဏန်းချက်
၆၆. ကန်ရိပ်သာလမ်း ချစ်တီးထမင်းဆိုင်
၆၇. ကြည့်မြင်တိုင် ကျောင်းကြီးလမ်းထောင့် ဝက်သားကြော် ရခိုင်မုန့်တီ
၆၈. အနော်ရထာနဲ့ပန်းဆိုးတန်းထော
၆၉. ၁၀၀တန် ဆူးလေကျောက်ကျော
၇၀. တိုကျိုဒိုးနပ်မျက်နှာချင်း
၇၁. ပုစွန်တောင် ကာဆင်ဘိုင်ကြက်သားသုပ်
၇၂. ရွှေဘဲ ခေါက်ဆွဲကြော်
၇၃. western park ဂျုံပြားနဲ့ဘဲကင် ကြာညို့ငရုပ်ချဉ် ကြက်သွန်မိတ်
၇၄. မေတ္တာညွန့်ဇာတိဂုဏ်လမ်းက အရမ်းညစ်ပတ်တဲ့ အပျိုကြီး ရခိုင်မုန့်တီငါးဖယ်အစာသွပ်
၇၅. စမ်းချောင်းသူဌေးမင်း ပဲပလာတာ
၇၆. ၄၉လမ်း အပေါ်လမ်းထိပ်က သကြားပလာတာ
၇၇. ၁၃လမ်းထိပ်က သီးစုံUSA
၇၈. မိန်းထဲက ဦးငယ်လေး ပဲပြုတ်ထမင်းကြော် ငရံ့ခြောက်ဖုတ် ဆတ်သားခြောက်ဖုတ် FOC ချဉ်စပ်ဟင်းရည်
၇၉. ၃၆လမ်း မွန်မွန် မုန့်ဟင်းခါး
၈၀. အင်းယားလမ်းထိပ် friendship က ဂုံးသုပ် ဆိတ်ပေါင်းစပ်ပေါင်မုန့်
၈၁. ရွှေမြို့တော် ကူဖီးရေခဲချောင်း
၈၂. မနက်အစောကြီးရောင်းတဲ့ ရွှေပလောင် လက်ဖက်ရည်ဆိုင်ဘေးက အရမ်းသဘောကောင်းတဲ့ အဘွားကြီးရောင်း ကောက်ညင်းပေါင်း ငချိပ်ပေါင်း ဆီထမင်း
၈၃. သိမ်တော်ကြီးဓမ္မာရုံမျက်စော
၈၄. လှည်းတန်းဈေးက ကြက်ကင်
၈၅. signature က စက်နဲ့ရောင်းတဲ့ ရေခဲမုန့်
၈၆. မြေနီကုန်း မူလလက်ဟောင်း ဦးကျော်ထမင်းပေါင်း
၈၇. ဖျာပုံလမ်းအောက်ဘက်ထိပ်က အခေါက်ကင်သုပ်
၈၈.frolick ဒိန်ချဉ် ရေခဲမုန့်
၈၉. အင်းယားလမ်း Sakura Residence က the best burger in town
၉၀. YKKO အာလူးထောင်း
၉၁. မြောက်ဥက္ကလာ မယ်လမုဘုရားနားက ရွှေအိမ်စည် အခေါက်ကင် နံကင် ဆေးဘဲဥသုပ်
၉၂. တရုတ်တန်း ၁၈လမ်းထိပ်က ဆွေသဟာခေါက်ဆွဲပြုတ်ကြော်
၉၃. သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်
၉၄. 77cheese cake
၉၅. လမ်း၂၀ ထိပ် ဝက်သားပေါင်း
၉၆. Sharky အမဲသားကင်
၉၇.Thai Kitchen တုံယမ်းနို့ စိမ်းဟင်းချို သင်္ဘောသီးကြော်သုပ်
၉၈. ၃၇ အောက်လမ်းက မောင်ငွေ ထမင်းပေါင်း
၉၉. Oriental House Dim Sum နံရိုးဟင်း နိုင်လွန်ပုစွန် ဘဲဥငံ ဝက်သားပေါင်း
၁၀၀. ၁၉လမ်း နို့ဆီခွက်ကြက်ဥပေါင်း
၁၀၁. ၃၈ လမ်းထိပ် အနော်ရထာလမ်းမက ဝက်အူစုံကြာဇံ
ဘယ်နေရာကိုအကြိုက်ဆုံးလဲ...
Ref: Kachin Daily News
27.6.13
18.6.13
ခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးပြော
ဖေ့ဘုတ်စ်စာမျက်နှာတွင် အတည်မပြုနိုင်သောသတင်းဌာနများက မြန်မာမင်းသမီးများထဲမှ ပထမဆုံး ရင်သားခွဲစိတ်ပြုပြင်မှု နန်းဆုရတီစိုးမှ စတင်ခဲ့သည်ဆိုသောခေါင်းစဉ်ဖြင့် ဂျပန်နိုင်ငံတွင် ခွဲစိတ်ပြုပြင်ခဲ့ကြောင်း ရေးသားထားကြသည်။
Venus News Weekly
12.6.13
Taylor Swift သည် Billboard Music Awards 2013 သို့ နာမည်ကျော် ငယ်ရွယ်သောအဆိုတော်(၂) အားအတူတက်ရန်ဖိတ်ကြား
11.6.13
သဘာဝပတ်ဝန်းကျင်နှင့်လူ
လူသား၏ စတင်မှုကို ဗြဟ္မာက ဖန်ဆင်းသည်ဟုလည်း ပြောသည်။ ထာဝရဘုရားက အာ ဒမ်ကို ဖန်ဆင်းပြီးနောက် အာဒမ် ၏ နံရိုးတစ်ချောင်းထုတ်ယူကာလူသားမိန်းမကို ဖန်ဆင်းလိုက်သဖြင့် လူသားအထီးနှင့်အမ ဖြစ်ပေါ်လာပြီး လူသားတို့ တိုးပွားလာသည် ဟုလည်း ဆိုသည်။ သိပ္ပံပညာရှင် တို့ကတော့ ကမ္ဘာက စတင်ဖြစ် သည်။ ကမ္ဘာ၏အစမှာ မဟာ ပေါက်ကွဲမှု- Big Bang မှ စသည် ဟု ဆိုသည်။ နောက်တော့ ရေထဲမှ သက်ရှိသတ္တဝါ စတင်ပြီး ကုန်း နေ ရေနေသတ္တဝါတွေ ပေါ်လာ သည်။ ကုန်းနေသတ္တဝါများထဲမှ လူသည် လူဝံမှ တဖြည်းဖြည်း ဆင့် ကဲဖြစ်စဉ်- Evolution Theory ဖြင့် ပြောင်းလဲလာသော သတ္တဝါ ဟု ဒါဝင်က ပြောသည်။
ကမ္ဘာဦးမှာ လူ့ထက် အဆမတန် ထွားကြိုင်းသော ဒိုင်နို ဆော သတ္တဝါကြီးတွေ ရှိခဲ့သည်။ ထိုသတ္တဝါကြီးတို့သည် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေ ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် မျိုးတုံးကုန်သည်ဟု ဆိုသည်။ သဘာဝပတ်ဝန်းကျင်၏ ပြောင်းလဲ မှုက သတ္တဝါကြီးများ၏ မျိုးရိုးဗီဇ အခြေအနေက လိုက်မမီအောင် ပြောင်းလဲမှု မြန်ဆန်လွန်း၍လား၊ အမှန်တကယ်ပဲ သတ္တဝါကြီးများ ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်လံမပြောင်းလဲနိုင်သည့် မျိုးရိုး ဗီဇ ရှိနေသလား။ သို့သော် သဘာ ဝပတ်ဝန်းကျင်သည် လူအပါ အဝင် သက်ရှိသတ္တဝါအားလုံး အပေါ်သို့ ထိန်းချုပ်နိုင်စွမ်း ရှိလေ သည်။ သို့မဟုတ် သက်ရှိသတ္တဝါ ဟူသည် သဘာဝပတ်ဝန်းကျင်ကို လွန်ဆန်၍ မရ၊ ဆန့်ကျင်၍ မရ သည့် နိယာမသဘော။
သြကာသလောကဟု ခေါ်တွင်သည့် သဘာဝပတ်ဝန်း ကျင်ကို လိုက်၍ တချို့သတ္တဝါများ က ရေမှာကျက်စားကြသည်၊ တချို့သတ္တဝါများက မြေမှာ၊ တချို့ က လေမှာ၊ တချို့ကျတော့ ကုန်း နေ၊ ရေနေ နှစ်ထွေရော သတ္တဝါ။ သြကာသလောက အပြောင်းအလဲကြောင့် သက်ရှိသတ္တ ဝါလောက(သတ္တလောက) ၏နေထိုင်မှု၊လှုပ်ရှားမှုပုံသဏ္ဌာန်(သင်္ခါရလောက) ပြောင်းလဲသွားခြင်း။ ထိုသည်ကို ထောက်ရှုလျှင် လူသတ္တဝါတို့၏ အသက်ရှင်မှုကို လွှမ်းမိုးထားသည့် သြကာသလောက (သဘာဝပတ် ဝန်းကျင်) ယိုယွင်းပျက်စီးလျှင် လူ သတ္တဝါ၏ အသက်ရှင် နေထိုင်မှု သည် မတည်မငြိမ် ဖြစ်လိမ့်မည် ဆိုသည်ကို သတိထားသင့်သည်။
ဘာသာရေးကျမ်းတို့က လူသတ္တဝါ၏ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂတရားတို့ ထူပြော လာသဖြင့် ကမ္ဘာကြီးသည် လောင် မီးကျ၍သော်လည်းကောင်း ၊ရေလွှမ်းမိုး၍သော် လည်းကောင်းပျက်စီး လိမ့်မည်ဟု ဆိုသည်။ ကမ္ဘာကြီးကတော့ ပြာမှုန်အထိ ဖြစ်သွားလိမ့်မည် မဟုတ်။ အပူ အအေး မညီမျှမှုကြောင့် ရာသီ ဥတု ဖောက်ပြန်ကာ မိုးသည် မရပ် တန့်တော့ဘူး ထင်ရအောင် ရွာ သွန်းချင် ရွာသွန်းမည်။ မိုးရာသီ ဟူ၍ မရှိတော့လောက်အောင် ခြောက်သွေ့ချင် ခြောက်သွေ့နေ လိမ့်မည်။
သဘာဝပတ်ဝန်းကျင်က လူသား၏ မျိုးရိုးဗီဇက လိုက်၍ မမီ တော့နိုင်အောင် ပြောင်းလဲမှု မြန် ဆန်လွန်းလျှင် သို့မဟုတ် ပြောင်း လဲမှုများပြားပြီး အားကြီးလွန်းလျှင် လူသားတို့သည်လည်း ဒိုင်နိုဆော သတ္တဝါကြီးများကဲ့သို့ မျိုးတုံး ပျောက်ကွယ်သွားမည့် အခြေအနေ သို့ မဆိုက်ရောက်နိုင်ဘူးလား။
သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက် သုဉ်းမှုကြောင့် ဖြစ် ပေါ်လာ သော သက်ရောက်မှုများ (ဒါကိုပင် သဘာဝဘေး အန္တရာယ် ဟု ခေါ်ကြသည်။) က မည်သည့် တိုင်းနိုင်ငံ၊ လူမျိုးကိုမှ ချမ်းသာပေး လိမ့်မည် မဟုတ်။ တော၊ တောင်၊ ရေ၊ မြေဆိုသော ထိတွေ့ ကိုင် တွယ်လို့ ရသည့် ရုပ်ဝတ္ထုများကို နိုင်ငံနယ်နိမိတ်ဖြင့် ပိုင်းခြား၍ ရ သော်လည်းသဘာဝတရား၏ဖြစ်ပေါ်နေမှုတို့ကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်၍မရ။အရှေ့တောင်အာရှမှသစ်တောများ ပြုန်းတီးမှုသည်သက်ဆိုင် ရာနိုင်ငံတို့ နှင့်သာဆိုင်သည်ဟု သဘောထား၍မရ။ထိုသစ်တော မျာ့းပြုန်းတီးမှု က လေပူစီးကြောင်း များ ဖြစ်ပေါ်လျက် ကမ္ဘာ့ရာသီဥတုကို သက်ရောက် လိမ့်မည်။ အာရှမှ သစ်တစ်ပင် ပျောက်သွားခြင်းသည် အာတိတ် ဒေသမှ ရေခဲတုံး ပျော်ကျမှုကို တစ် ကုဗလက်မ သို့မဟုတ် အခြား သော အတိုင်းအတာ ပမာဏ သက်ရောက်စေလိမ့်မည်။
ကမ္ဘာကြီး ပူနွေးလာသ ဖြင့် တစ်နေ့ထက်တစ်နေ့ အဲ ယားကွန်း- Air Con များ ပိုရောင်း ကောင်းလာသည်။ အဲယားကွန်း ထုတ်လုပ်သည့် ကုမ္ပဏီများ စီးပွား တက်ကြသော်လည်း လူ့ဘဝ၏ ဝန်ထုပ်ဝန်ပိုးထဲတွင် အဲယားကွန်း အဆစ် ပါလာသည်။ သဘာဝ အတိုင်း နေထိုင်အသက်ရှင်ရန် ခက်ခဲလာသည့်သဘော။ ထိုအဲ ယားကွန်းနှင့် ရေခဲသေတ္တာများမှာ အသုံးပြုသည့် ဓာတ်ငွေ့ကြောင့် လူသားကမ္ဘာကို အကာအကွယ် ပေးထားသော အိုဇုန်းလွှာ ပေါက် ပြဲသွားရသည်။ အိုဇုန်းလွှာ ပေါက် ပြဲမှုနှင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြား ခြင်းကြောင့် ကမ္ဘာ့ရာသီဥတုမှာ ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ပြီး ပို၍ပူလာသည်။ ယ နေ့အထိ ပြဿနာက အရိပ်အ ခြည် ပြလာပြီဖြစ်သော်လည်း လူ သားသည် မာန်တက်ဆဲ။ ကမ္ဘာလုံး ဆိုင်ရာ ပူနွေးလာမှုကို အဲယား ကွန်းဖြင့် ခုခံဖို့ ကြိုးစားနေသည်။ မိမိအိမ်ထဲမှာ အဲယားကွန်း တပ် လိုက်ရုံဖြင့် ကမ္ဘာကြီး အေးသွား သယောင် ကိုယ့်ကိုယ်ကို လှည့်ဖြား ထားသည်။ တစ်နေ့သောအခါ အဲ ယားကွန်းဖြင့် မခုခံနိုင်သည့် အနေ အထားသို့ ရောက်လိမ့်မည်။ ထို တစ်နေ့သည် မိမိအသက်ရှင်ကာ လလည်း ဖြစ်နိုင်သည်။ မိမိ မရှိ တော့သည့် နောက်ကာလလည်း ဖြစ်နိုင်သည်။ မိမိမရှိတော့သည့် နောက်ကာလမှာ ဖြစ်မည့် ကိစ္စအ တွက် ပူပန်နေစရာ မလိုဟုဆိုလျှင် အသိဥာဏ်အရှိဆုံးသော လူသတ္တ ဝါပင်လျှင် အမိုက်မဲဆုံးအလုပ်ကို လုပ်သည်ဟူသော မှတ်ချက်နှင့် ကိုက်ညီသွားလိမ့်မည်။
ရူပဗေဒသဘောကတော့ဒြပ်တစ်ခုသည်လုံးဝပျောက်ဆုံးသွားသည်မရှိ။အသွင်တစ်ခုမှအခြားအသွင်ရှိ ဒြပ်တစ်ခုလို ပြောင်းလဲသွား သည်ဟု ဆိုသည်။ ဗုဒ္ဓဘုရားရှင်ကတော့ သတ္တဝါတို့ သည် နိဗ္ဗာန်ဟူသော အလုံးစုံချုပ် ငြိမ်းသည့် အနေအထားသို့ မ ရောက်သေးသမျှ သံသရာဟူသော ဘဝတစ်ဖန် ပြန်လည်ဖြစ်ခြင်း အစဉ်ထဲတွင် လှည့်လည်နေရမည် သာ ဖြစ်သည်။ အကယ်၍ မိမိက ဤဘဝ လူအဖြစ်နှင့် နိဗ္ဗာန်သို့ မ ဆိုက်ရောက်နိုင်သေးဘူးဆိုလျှင် ဘဝတစ်ခုခုတွင် လူအဖြစ်သော် လည်းကောင်း၊ သက်ရှိသတ္တဝါတစ် မျိုးမျိုးအဖြစ်သော် လည်းကောင်း ပြန်လည်ရှင်သန် နေထိုင်ရဦးမည် သာ။ ဤအကြောင်းအရာများ သည် မိမိမှလွဲ၍ လူနှင့် လူ့ပတ် ဝန်းကျင်ဆိုသည်ကို မသိသော၊ လူ သား၏ အသက်နေခဲ့သည့် သြကာ သလောကမှ ဆင်းသက်လာသည်ကိုမသိသော၊အတ္တဥခွံထဲမှမဖောက်ထွက်နိုင်ကြသောသူများအဖို့ရယ်စရာပျက်လုံးတစ်ခု ဖြစ် ကောင်းဖြစ်နေနိုင် သည်။ သို့သော် သဘာဝကို ချစ်မြတ်နိုးခြင်းသည် ရင့်ကျက်သော အတွေးအခေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရင့် ကျက်သော အတွေးအခေါ် မရှိ လျှင် သဘာဝတရားကို နားမ လည်၊ နားမလည်လျှင် တန်ဖိုး မသိ။ တန်ဖိုးမသိလျှင် မမြတ်နိုး တတ်။ သဘာဝတရားကို မမြတ်နိုး တတ်လျှင် တစ်နည်းအားဖြင့် မခံ စားတတ်လျှင် လူသည် လူ့တန်ဖိုး ကို အပြည့်အဝ ရသည်ဟု မဆို နိုင်။ သဘာဝမှပေးသော ခွန်အား သည်လည်းကောင်း၊ အေးငြိမ်းမှု သည်လည်းကောင်း တခြားသော လူလုပ်ပစ္စည်းများက ပေးစွမ်းနိုင် သည်တို့ထက် ပို၍ အနှစ်သာရ ပြည့်ဝသည်ဆိုသည်ကို ရင့်ကျက် သူမှ သိနိုင်သည်။
တိုးတက်သော လူမျိုး တို့သည် သဘာဝကို တန်ဖိုးထား သည်။ သူတို့ ပညာရေးနှင့် သူတို့ လူ့ပတ်ဝန်းကျင်ကလည်း သဘာ ဝတရားကို ခံစားနိုင်အောင် သင် ကြားပေးသည်။ သို့မဟုတ် အ ခြေခံအုတ်မြစ်ချပေးသည်။ ထို့ ကြောင့် သူတို့သည် လူလုပ်ပစ္စည်း များ ပြည့်စုံနေပါလျက် သဘာဝ တရားကို ကြည့်ရှုခံစားရန် သဘာဝတရားမှ ခွန်အား၊ သတ္တိ နှင့် အေးငြိမ်းမှုကို ရယူရန် သဘာ ဝအခြေအနေများပြုန်းတီးမှုမရှိသေးသည့်သို့မဟုတ်သူတို့ဆီမှာ မရှိသည့် သဘာဝအလှအပတို့ ရှိသော နိုင်ငံများသို့ ငွေကုန်ကြေး ကျခံလျက် ခရိးသွားကြသည်။ သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာ ကျန်ရှိနေသေးသည့် နိုင်ငံ တို့မှာ သဘာဝခရီးသွားလုပ်ငန်း- Eco Tourism ဖြင့် ဝင်ငွေများစွာ ရကြသည်။
ကျွန်တော်တို့လူမျိုးများက (အများစုထင်သည်) နေဝင်သွား တာ၊ နေညိုချိန်တောက်တာတွေကို မခံစားတတ် (ဟု ထင်သည်)။ နေ ညိုချိန် တိမ်တောက်တဲ့အခါ ရွာ လမ်းနံဘေးမှာ စာဥနဲ့ သူငယ်ချင်း မတို့ ရေခပ်ဆင်းလာတာကိုပဲ စိတ်ဝင်စားပုံပေါ်သည်။ သဘာဝ အလှဘွဲ့ပန်းချီကားများမှာ ကျွန်တော် တို့ ပြည်တွင်းလူချမ်းသာကြီးများ ၏ နေအိမ်နံရံပေါ်တွင် အတွေ့ရ နည်းသည်။ အများအားဖြင့် နိုင်ငံ ခြားသို့ ထွက်ကုန်ကြသည်။ ထို့ ကြောင့် ပန်းချီဆရာကြီးတစ်ဦးက ''ကျုပ်တို့က ပြည်ပအားကိုး ပုဆိန် ရိုးတွေပါဗျာ'' ဟု နောက်သည်။
သဘာဝအလှအပတရား ကို ခံစားတတ်သဖြင့် နှလုံးသား သည် ကျယ်ပြန့်လာသည်။ တည် ငြိမ်လာသည်။ ထိုသို့သော နှလုံး သားပိုင်ရှင်သည်သာ ထူးခြားထက် မြက်သော အတွေးအခေါ်နှင့် ဖန် တီးမှုတို့ကို ပြုနိုင်သည်။ သဘာဝ တရားထဲတွင် သိမ်မွေ့သော ဆက် သွယ်ချက်တွေ ရှိသည်။ ရှုပ်ထွေး သော အခင်းအကျင်းတွေ ရှိသည်။ ဤသို့ဆိုသဖြင့် သဘာဝတရား သည် ကောက်ကျစ်တတ်သည်၊ လှည့်ဖြားတတ်သည်ဟု မဆိုလို။ သဘာဝတရားက ကြီးမားကျယ် ပြန့်လွန်းသဖြင့် သာမန်လူတို့ အဖို့ နားလည်ရန်ခက်သည်ဟု ဆို လိုခြင်းသာ ဖြစ်သည်။ ဤသို့ ရှုပ် ထွေးဆန်းကျယ်သော ကျယ်ဝန်း နက်ရှိုင်းသော သဘာဝတရားကို ခံစားနားလည်နိုင်ပြီဆိုလျှင် ကျန် သောအရေးကိစ္စတို့သည် ဖြေရှင်း ရ လွယ်ကူသွားသည့်သဘောဖြစ် သည်။ အထက်တစ်နေရာတွင် သဘာဝတရားသည် မည်သည့် တိုင်းနိုင်ငံ လူမျိုးကိုမှ မျက်နှာသာ ပေးမည်မဟုတ်ဟု ပြောခဲ့သည်။ ထိုအချက်ကသဘာဝတရား၏တိကျခြင်း၊ပြတ်သားခြင်းသဘောကိုပြသည်။သဘာဝတရားသည်ဓမ္မတစ်ခု ဖြစ်သည်။ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အကြောင်းနှင့် ညီညွတ် သော အကျိုးတို့ ဖြစ်ပေါ်နေခြင်း သည် သဘာဝတရား၏ ကျင့်ထုံး ဖြစ်သည်။ ထိုသဘောကို သိလျှင်မိမိကိုယ်မိမိဥာဏ်ပညာကြီးလှပါသည်ဆိုသောလူသတ္တဝါသည် သဘာဝတရားကို အဘယ့်ကြောင့် မပြုပြင်နိုင်ရပါမည်နည်း။
နာဂစ်လို လေမုန်တိုင်း ကြီး တိုက်သဖြင့် လူတွေသေဆုံးရ သည်ကို အဘယ်မိုးနတ်သား၊ လေ နတ်သားကို အပြစ်ပုံချ၍ နေ တော့မည်နည်း။သဘာဝတရားကိုသိ၍သဘာဝတရားကိုချစ်လျှင်သဘာဝတရားကလည်းလူသားကို ပြန်လည်စော င့်ရှောက်လိမ့်မည်။ အတ္တမာန ငယ်ထိပ်သွေးတက်သာ သဘာဝတရားက မွေးဖွားလာပါ လျက် သဘာဝတရားကို ကျောခိုင်း လျှင်၊ သဘာဝတရားကို ပစ်ပယ် လျှင်၊ သဘာဝတရားကို ဖျက်ဆီး လျှင် သဘာဝတရားကလည်း သူ့ ဓမ္မအတိုင်း သူသွားလိမ့်မည်။ သူ့ ဓမ္မအတိုင်း ကျင့်ကြံလိမ့်မည်။ သ ဘာဝတရားကတော့ မည်သူ မည် သူကိုမျှ အမုန်းတရားနှင့်သော် လည်းကောင်း၊ ရန်ငြှိုးနှင့်သော် လည်းကောင်း တုံ့ပြန်လိမ့်မည် မဟုတ်၊ တုံ့ပြန်နေသည် မဟုတ်။
အသိဥာဏ် မဖွံ့ဖြိုးသေး သောကာလက လူသားသည် မိုး မင်းကိုလည်းကောင်း၊ လေမင်းကို လည်းကောင်း၊ တော တောင်စောင့် နတ်တို့ကို လည်းကောင်း ရှိခိုးပူ ဇော်ပသခဲ့ကြဖူးသည်။ သဘာဝ တရားက အင်အားကြီးမားလွန်းသ ဖြင့် လူသားသည် လက်နက်ချ အရှုံးပေးကာလူကျင့် ထုံးအတိုင်းအသက် ၊အသွေးတို့ဖြင့်သဘာဝတရားကို ပူဇော်ခဲ့ကြသည်။ အသိ ဥာဏ် ဖွံ့ဖြိုးလာပါသည်ဆိုသော ယနေ့ခေတ်မှာပင် ကျွန်တော်တို့ လူသားများသည် သဘာဝတရား ကို သေချာဂန သိသူသိပ်မရှိ လှ သေး။ ထို့ကြောင့် ခေတ်သစ် လူ သားသည် ကိုယ့်ကိုယ်ကို အသိ ပညာ ဥာဏ်ကြီးသူဟု ဂုဏ်ယူမာန် တက်နေကြသည့်ကြားက သဘာဝ တရားကို အသွေးများ၊ အသက် များ၊ အိုးအိမ်၊ စည်းစိမ်များ ပေး ဆပ်ပူဇော်လျက် နေကြရခြင်း ဖြစ် လေသည်။
9.4.13
အလျှော့ ပေးတဲ့စိတ် ရှိလာတဲ့ အိန္ဒြာကျော်ဇင်
ဧပြီလမှာ မွေးဖွားကြတဲ့ အနုပညာရှင်
တော်တော်များများ ရှိပါတယ်။ ဒီလမှာ မွေးဖွားတဲ့ အနုပညာရှင် တချို့ ကို
မွေးနေ့ အမှတ်တရအနေနဲ့ ရွှေအမြုတေမဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံများ
|
5.4.2013 မှ 11.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း
3.4.13
အတိတ် ၊ပစ္စုပ္ပန် အနုပညာပြေးလမ်းပေါ်က စိုးသူ ပုံရိပ်များ
၁၉၈၃-၁၉၈၄ ခုနှစ်က ဒါရိုက်တာ ဦးနေဝင်းထွန်း ရိုက်ကူးသည့် ” မိုက်ကြွေးမိုက်ပြစ်” အဖြူအမည်း ရုပ်ရှင် ဇာတ်ကားကြီးသည် ကိုစိုးသူ၏ ပထမဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထိုနှစ်မှာပဲ မင်းသားကြီး ဦးမြတ်လေးနှင့် ဒေါ်ဆွေဇင်ထိုက်တို့ ပါဝင်သော “ရွှေပန်းကန် ပေါ်ကျတဲ့ မျက်ရည်” အဖြူအမည်း ရုပ်ရှင် ဇာတ်ကားကြီးကို ဒုတိယမြောက် ဇာတ်ကားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။
တတိယမြောက် ဇာတ်ကား အဖြစ် ဒါရိုက်တာဦးဘတင်ရိုက်ကူးသည့် “ချစ်တာမာန်” ရုပ်ရှင်ဇာတ်ကားကို မင်းသမီးဒေါ်လဲ့လဲ့ဝင်းလှိုင်နှင့် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မန္တလေးတွင် သွားရောက် ရိုက်ကူး ခဲ့သည်။ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ ” နှလုံးသား တစ်ထောင့်ထဲက အလွမ်းမိုးရိပ် တွေပါ ညို” ဝတ္ထုကို “မျက်ဝန်းထဲမှာ မိုးရွာ ပြီညို” ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ရာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး အကယ် ဒမီဆုစာရင်းဝင် ခဲ့သော်လည်း လွဲချော်ခဲ့ရသည့် ဇာတ်ကားလည်း ဖြစ်သည်။ ထို့ပြင် ဒါရိုက်တာ ဦးကြီးမြင့် ရိုက်ကူးသည့် “မြင်မြင်ချင်းပဲ ချစ်မိတယ်” ရုပ်ရှင်ဇာတ်ကားတွင် မင်းသား ပြေငြိမ်း၊ ခိုင်ခင်ဦးတို့နှင့် အတူပါဝင် သရုပ်ဆောင် ခဲ့သည်။
အဆိုပါ ဇာတ်ကားတွင် ကိုစိုးသူအနေဖြင့် အနုပညာလုပ်ပြခွင့် အများဆုံး ရရှိခဲ့သည့် ဇာတ်ကားဖြစ်သလို ပြေငြိမ်းနှင့် ခိုင်ခင်ဦးတို့၏ အနု ပညာပံ့ပိုးမှု အားကောင်းသောကြောင့် ပရိသတ်များ ကျေနပ်နှစ်ခြိုက် စေခဲ့သည့် ဇာတ်ကား ဖြစ်သည်။ မင်းသား ပြေငြိမ်းနှင့် ကိုစိုးသူတို့အတူ တွဲ၍သရုပ်ဆောင်မှု အနုပညာပြခွင့် ရခဲ့ခြင်းကြောင့် ကိုစိုးသူအတွက် အမှတ်တရ ဖြစ်စေသည့် ဇာတ်ကားလည်း ဖြစ်သည်။
၁၉၈၇ ခုနှစ်က အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး၊ ဒါရိုက်တာဦးကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် ” ဒိုး” ဇာတ်ကားတွင် မင်းသားဦးကျော်သူနှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌ ကိုစိုးသူ၏ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သော ဇာတ်ကားလည်းဖြစ်သည်။ “ဒိုး” ဇာတ်ကားကြီးသည် အမျိုးသားစာပေ ဆုရ စာရေးဆရာ မောင်ညွန့်လွင်၏ “တဒင်္ဂလေးများ” အမည်ရှိဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များ ကြိုက်နှစ်သက်အားပေးမှု အရှိဆုံး ဇာတ်ကားဖြစ်ခဲ့ပြီး အကယ်ဒမီ တစ်ပြေးသည့် ရုပ်ရှင် ဇာတ်ကား ဖြစ်ခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့ရသည်။
ထို့အတူပင် “နှောင်းတမြေ့မြေ့” ဇာတ်ကားသည်လည်း အကယ်ဒမီဆု လွဲချော်ခဲ့သည် ဖြစ်ရာ ကိုစိုးသူ၏ အနုပညာသက်တမ်း တစ်လျှောက် အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သည့် ဇာတ်ကား ၃ ကားရှိခဲ့ခြင်း ကလည်း ဘဝအတွက် အမှတ်တရ ရှိစေခဲ့ပါသည်။
ဒါရိုက်တာ ဘဘဦးသုခ ရိုက်ကူးသည့် ” မိုက်တယ်ဆိုတာ လွယ်ပါတယ်” ဇာတ်ကားတွင် မင်းသားကြီးဦးညွှန့်ဝင်း၊ မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဒါရိုက်တာ
စာရေးဆရာ ဦးကျော်နိုင် ရိုက်ကူးသည့် ” နံ့သာလူးချိန် ပန်းခူးချိန်” ဇာတ်ကားတွင် မင်းသားကြီး ဦးကျော်ဟိန်း၊မင်းသမီးကြီးဒေါ်ခင်သန်းနုတို့နှင့် အတူ ပါဝင် သရုပ်ဆောင် ခဲ့ရပြီး ပရိသတ်များက “မင်းသားစိုးသူ”ဟု စတင်သတိထားမိ စေခဲ့သော ဇာတ်ကားလည်း ဖြစ်သည်။
ဒါရိုက်တာ ဦးသက်မောင်မောင် ရိုက်ကူးသည့် ” မြင်မြင်ချင်းပဲချစ်မိတယ်” ရုပ်ရှင် ဇာတ်ကားတွင် ခေတ်ပြိုင်မင်းသား တစ်ဦးဖြစ်သူ ပြေငြိမ်းနှင့် အတူတွဲဖက်၍ ရိုက်ကူး ခဲ့သည်။ ဆရာမကြီး ဒေါ်ခင်နှင်းယု၏ နာမည်ကြီး ဝတ္ထုဖြစ်သော ” အောင်မြင်သောနေ့” ကို ဒါရိုက်တာ ဦးသက်မောင်မောင်က ရိုက်ကူးခဲ့ပြီး မင်းသားကြီးဦးညွန့်ဝင်း၊မင်းသမီးကြီးဒေါ်ဆွေဇင်ထိုက်၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်၊စိုးမြတ်သူဇာ၊ တင့်တင့်ထွန်းတို့ နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ အနုပညာညီအစ်ကိုဖြစ်သော ဦးကျော်သူနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော အဆိုပါ ” ဒိုး” ရုပ်ရှင်ဇာတ်ကားသည် အထူးအောင်မြင်ခဲ့သည်။ ၁၉၉၇ ခုနှစ် တွင်” အောင်မြင်သောနေ့” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ၁၉၉၅ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။
ဂီတအနုပညာနှင့် ကိုစိုးသူ
၁၉၈၄-၁၉၈၅ ခုနှစ်က ဂျူပီတာကို ကျော်မင်းနှင့် ပလေးဘွိုင်းက Lead Guiter သမား ကိုကြည် ဝင်းသောင်း၊ သူငယ်ချင်းဖြစ်သူ ကိုဝင်းမြင့်ဦးတို့၏ ကမ်းလှမ်းတိုက်တွန်းမှုဖြင့်စီးရီးခွေထုတ်ဖြစ်ခဲ့သည်။ “ရည်းစားလေးအချစ်ရဲ့မှတ်တမ်း” တစ်ကိုယ်တော်စီးရီးဖြင့်လည်း ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး တေးစီးရီး၁၁ခွေထွက်ရှိခဲ့သည်။ကိုစိုးသူသည် သူ၏ ပထမဆုံး စီးရီးမှာမမေဆွိက စုံတွဲသီချင်းနှစ်ပုဒ် ပါဝင်ကူညီ သီဆို ပေးခဲ့ပြီး တေးရေးဆရာ ဝင်းမင်းထွေးက “ရည်းစားလေး” သီချင်းကို ရေးသားပေးခဲ့သည်။ ရုပ်ရှင် အနုပညာ ဘက်၌ အောင်မြင်မှု ရရှိခဲ့သလို ပင်ဂီတအနုပညာ ဘက်၌လည်း အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။
ကိုစိုးသူ၏ ပထမ အနုပညာရင်ခုန်ခံစားမှုစကား
ကိုစိုးသူက ဂီတအနုပညာနှင့် ပတ်သက်၍ စတင်ထိတွေ့ဖြစ်ခဲ့ပုံကို ” ကျောက်ဆည်မြို့တန်ဆောင်တိုင်မှာ ကျောက်ဆည် ဝန်ကြီးဌာနက နေပွဲတွေလုပ်ကြတော “ဧရာလှိုင်း”ဆိုတဲ့ တီးဝိုင်းကို ငှားပြီးဖျော်ဖြေခဲ့တယ်။ အဲဒီ” ဧရာလှိုင်း” တေးဂီတဝိုင်းမှာ သီချင်းတက်ဆိုဖူးခဲ့တာ ကျွန်တော်ခြောက်တန်းနှစ်ရောက်တဲ့ အချိန်ပေါ့။ ကျွန်တော်က အဆိုတော်ဦးဘိုဘိုဟန်ရဲ့ “ပွမ်ပွမ် မြည်တဲ့အသည်း”သီချင်းကိုဆိုပြီး ကျွန်တော်ရဲ့ညီမလေး ယဉ်သူဇာလွင်က ကလို့ပေါ့။ ကျွန်တော့်ရဲ့ပထမဆုံးဂီတနဲ့ပတ်သက်လို့ စင်ပေါ်က အတွေ့အကြုံလည်းဖြစ်သလိုစင်ပေါ်စဆိုတဲ့ သီချင်းလည်း ဖြစ်ပါတယ်”ဟု ပြော ပြသည်။ဆက်လက်ပြီး အနုပညာလောကထဲသို့ ပထမဆုံးခြေလှမ်း အဖြစ်စတင်သရုပ်ဆောင်တစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင် ခွင့်ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးနှင့် ပတ်သက်၍
အမှတ်တရရှိ ခဲ့ပုံကို
“ကျွန်တော့် အတွက် အမှတ်တရ အဖြစ်ဆုံး အခက်အခဲဆုံး ဇာတ်ကားဆိုရင် ပထမဦးဆုံးစရိုက်ခဲ့တဲ့ ” မိုက်ကြွေးမိုက်ပြစ်” ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားကဒရာမာလိုတအားငိုရတာမျိုး မဟုတ်ပေမယ့် အက်ရှင်ဖိုက်တင်လိုပုံစံမျိုးချည်းပဲ။နယ်မှာ အချိန်အကြာ ကြီးယူပြီး ရိုက်ခဲ့ရတာ။ဖိုက်တင်အက်ရှင်ဆိုပေမယ့်လည်း ဇာတ်ဝင် ခန်းတွေမှာ ပြေးလွှားရဆိုတော့ ပိုပင်ပန်းပါတယ်။ အဲဒီအချိန် အခါက ကျွန်တော်တို့ မြန်မာပြည်မှာက ဇာတ်ကားရိုက်ကူးရေး အတွက် ပစ္စည်းတွေက စုံစုံလင်လင်မရှိသေးတဲ့ကာလဆိုတော့ လူကြမ်းသရုပ်ဆောင်တွေဆိုရင် သိပ်သနားဖို့ကောင်းတယ်” ဟု ကိုစိုးသူက ရင်ခုန်အလွမ်းစိတ်တို့ဖြင့် အမှတ်တရစကားဆိုခဲ့သည်။
အမိမြေသို့ အပြန် ရှင်သန်နေဆဲ အနုပညာဝိဥာဉ်
၁၉၉ဝပြည့်နှစ် မြန်မာ့ရုပ်မြင်သံကြား နှစ်ပတ်လည် အခမ်းအနား အတွက် ” အချစ်ရိပ်အောက်ဝယ်” အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး နှလုံးနှင့်ပတ်သက်သော ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးရပ်တည်ခဲ့သည်။၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် မိခင်ကျန်းမာရေးကြောင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီး ၂ဝ၁၃၊ ဖေ ဖော်ဝါရီလတွင် မိခင်ကျန်းမာရေးကြောင့်ပင် ထပ်မံရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏မိခင် ဒေါ်ခင်သူဇာ (အသက်- ၇၂ နှစ်) သည် ၁၆.၁.၂ဝ၁၃တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ဖခင်ဦးခင်မောင်လွင် (ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် -အငြိမ်းစား)နှင့် မိခင် ဒေါ်ခင်သူဇာ(ဗဟိုတရား ရုံးချုပ်ရှေ့နေ)တို့က တောင်တွင်းကြီးမြို့တွင် မွေးဖွားခဲ့ပြီး ၇ တန်း၊ ၈ တန်းကစ၍ ရန်ကုန်မြို့တွင် ကျောင်းတက်ကာ ပညာသင်ဆည်းပူးခဲ့သည်။ ၈တန်းမှ ၁ဝတန်း အထိရန်ကုန်မြို့၊ဒဂုံအ.ထ.က (၁) ကျောင်း ၌ ပညာသင်ဆည်းပူးခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် ။ ညီအစ်ကို မောင်နှမ မွေးချင်းသုံးယောင်ရှိရာအစ်မဖြစ်သူ မချိုသူဇာလွင်ကအမေရိကန်၌နေထိုင်လျက်ရှိပြီး ညီမဖြစ်သူမယဉ်သူဇာလွင်က စင်ကာပူနိုင်ငံ၌ နေထိုင်လျက်ရှိသည်။ဇနီးဖြစ်သူမှာ ခင်မြမြဝတ်မှုံဆွေဖြစ်ပြီးသမီးဖြစ်သူမှာ အိန်ဂျယ်စိုးသူလွင်ခေါ် ဆုဝတ်မှုံစိုးဖြစ်ပြီး အမေရိကန်နိုင်ငံ၊မေရီလန်း (Maryland) ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။
ငယ်ငယ်ကဝါသနာ
ငယ်ငယ်တုန်းက ရည်ရွယ်ချက်က သီချင်းဆိုတဲ့အဆိုတော်နားက ဂစ်တာကိုအဓိကတီးခတ်ရတဲ့ Lead ဂီတာသမား ဖြစ်ချင်တာ။ နောက်ရည်မှန်းချက်တစ်ခုက လူရွှင်တော်ကြီးတွေကို အားကျပြီး တအားရယ်ရတဲ့ ပြက်လုံးကောင်းကောင်းတွေထုတ်နိုင်တဲ့ လူရွှင်တော်ဖြစ်ချင်တာပါ” ဟု ကိုစိုးသူက ပြောဖူးသည်။
အလွမ်းမိုးတွေရွာ
ကိုစိုးသူသည် သူအမေရိကန်နိုင်ငံရောက်စ ၁နှစ်၊ ၂ နှစ် အတွင်း မြန်မာနိုင်ငံကိုလွမ်း ရပုံနှင့်ပတ်သက်၍လည်း ” အမေရိကကို ရောက်စနှစ်တွေတုန်းက တမင်သက်သက်ကို၂နှစ်ကျော်ကျော်၊ ၃ နှစ်လောက်အထိ သီချင်းတွေနားမထောင်မိအောင်၊ ရုပ်ရှင်တွေမကြည့်မိအောင်၊ ဘာရုပ်ရှင်၊ ဘာသီချင်းမှ မကြည့်မိ၊ နားမထောင်မိအောင်နေတယ်။ ကိုယ်ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာရော၊ ကိုယ်ကိုယ်တိုင် ဘာကိုမှမကြည့်မိ၊ နားမထောင်မိအောင်ကြိုးစားပြီးနေတယ်။ တအား သတိရလွန်းလို့ နေ့တိုင်းမျက်ရည်ကျရတယ်” ဟုပြောသည်။
အနုပညာလောကအပေါ်အမြင်
” အရာရာကတော့ ဘုရားဟောပဲ။ ပြောင်းလဲနေတဲ့သဘောတရားရှိတယ်။ ကောင်းတဲ့ဘက်ကို တိုးတက် ပြောင်းလဲသွားရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ဒါလည်း ကျွန်တော့်လိုပဲ ကောင်းစေချင်တဲ့ဆန္ဒအားလုံးအတူတူရှိကြမှာပါ။ ဘက်စုံထောင့်စုံကအခွင့်အလမ်း တွေရမယ်။ ပံ့ပိုးမှုတွေရမယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောက ကြီးတစ်ခုလုံးပိုပြီးတိုးတက်လာမယ်။ဘက်စုံထောင့်စုံက အကုန်လုံး အဆင်ပြေလာရင် ပိုကောင်းတာပေါ့။ ပြည်သူတွေအတွက် လည်း ကောင်းတယ်။ ရုပ်ရှင်လောက အတွက်လည်း ကောင်းတယ်။ တိုင်း ပြည်အတွက်လည်းကောင်းတယ်လို့မြင်ပါတယ်”ဟု အနုပညာလောက နှင့်ပတ်သက်၍ မှတ်ချက်စကားပြောခဲ့သည်။
အတိတ်နှင့် ပစ္စုပ္ပန်
ကိုစိုးသူသည် သူ၏ ” Past & Present Soe Thu+Free Show ” ကို ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃ဝ တွင် ကျင်းပမည်ဖြစ်သည်။ ဖျော်ဖြေပွဲ ခေါင်းစဉ်နှင့်ပတ်သက်၍ ” အတိတ်၊ ပစ္စုပ္ပန်မှာ ကျွန်တော့်အနေနဲ့ပရိသတ်အပေါ်ထားတဲ့စိတ်က အတူတူပဲရှိနေသေးတယ်ဆိုတဲ့ သဘောနဲ့ ဒီနာမည်လေးပေးဖြစ်တာပါ။ အဓိကကတော့ဘယ်အချိန်ပဲဖြစ်ဖြစ်ပရိသတ်ကိုကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံးပြန်ပေးဆပ်ချင်တဲ့အတွက် အခုလို စီစဉ်ဖြစ်သွားတာပါ” ဟုကိုစိုးသူကဖွင့် ဟဆိုခဲ့သည်။
အကယ်ဒမီပွဲတက်ခဲ့တဲ့ အကယ်ဒမီ မင်းသား
ကိုစိုးသူသည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ၌ကျင်းပခဲ့သော ၂ဝ၁၁ ခုနှစ်၊ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။ အကယ်ဒမီပွဲ မှတ်ချက်စကားကတော့ ” အကယ်ဒမီပွဲက ကြည့်ရတာ တော်တော် လေးအဆင်ပြေပါတယ်။ ကြည့်ရတာ အင်မတန်ကို ကြည်နူးစရာ၊ ပျော်စရာကောင်းပါတယ်။ အကြိုက်ဆုံးကတော့ ဆုရတဲ့ တစ် ယောက်ချင်း ချက်ချင်းကျေးဇူးတင်စကားပြောရတာ တော်တော် အဆင်ပြေတယ်ထင်ပါတယ်” ဟူ၍ ဖြစ်သည်။
မှတ်မှတ်ရရ ‘ဒိုး’ ဇာတ်ကား ”
အဲဒီ “ဒိုး” ဇာတ်ကားရိုက်တာ ၁၉၈၆- ၈၇ ဝန်း ကျင်လောက်ကပါ။ ကိုကျော်သူတို့ရဲ့အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးက အန်ကယ်ဦးစိန်တင်ကိုယ်တိုင်လာပြီးတော့ ဆရာ မောင်ညွန့်လွင်ရဲ့ အမျိုးသားစာပေဆုရ ” လင်္ကာလေးများပါ” ဆိုတဲ့ ဆရာ့ရဲ့ဝတ္ထုကို ရိုက်ချင်တယ်။ ဇာတ်ကိုဖတ် ကြည့်ပါဆိုလို့ ကျွန်တော်တို့ ဖတ်ကြည့်တယ်။သဘောကျတယ်၊ တိုင်ပင်တယ်။ ရိုက်မယ့် ဒါရိုက်တာကလည်း ဆရာဦးကြည်စိုးထွန်း။ အားလုံး သဘောတူညှိနှိုင်းပြီးတော့ ” ဒိုး” ဇာတ်ကား ရိုက်ဖြစ်တာပေါ့။ သရုပ်ဆောင်တွေကလည်း အကယ်ဒမီ ဒေါ်မေဝင်းမောင်တို့၊ အကယ်ဒမီ ဇင်မာဦးတို့၊ တခြား ဇာတ်ပို့၊ ဇာတ်ရံ တွေလည်း အများကြီး ပါပါတယ်။ အဓိကက အားကစားနဲ့ လူငယ် ပညာပေးဇာတ် လမ်းလေးပါ” ဟု “ဒိုး” ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သတ်ပြီး မှတ်မှတ် ရရစကားဆိုခဲ့သည်။
ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ
ချစ်သုဝေက လောလောဆယ် သင်္ကြန်ဘယ်မှာ ရှိမလဲဆိုတာ မသေချာ သေးကြောင်း၊ နှစ်တိုင်းသင်္ကြန်ကို သီချင်း ဆိုရင်းပဲ ဖြတ်သန်း ဖြစ်ခဲ့ကြောင်း၊ သီချင်း မဆိုခင်ကတော့ အိမ်မှာပဲ နေဖြစ်ပြီး သင်္ကြန်မှာ ရေပက်ရတာတို့၊ ထွက်လည်ရတာ တို့ကို သိပ်မကြိုက်ကြောင်း ပြောပါတယ်။ သင်္ကြန်မှာ ထူးထူးခြားခြား အမှတ်တရ ကတော့ ၂ဝဝဝ Vegas မဏ္ဍပ်မှာ ပထမဆုံး ရှိုးဖျော်ဖြေမှု အနေနဲ့ အင်္ဂလိပ် သီချင်းတွေစဆို ဖြစ်ခဲ့ကြောင်း ပြောပါတယ်။
ဒီနှစ် သင်္ကြန်မှာ ဝတ်စား ဆင်ယင်မှုတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ဖြတ်သန်း စေချင်ကြောင်း ပြောတဲ့ ချစ်သုဝေက “နာမည်ကိုက မြန်မာ့ရိုးရာ သင်္ကြန်လေ။ လူငယ်တွေဖြစ်တဲ့အတွက် ရာသီဥတု အရရော၊ တစ်ကိုယ်လုံးကြီး လုံခြုံနေအောင် ဝတ်ရမယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ သွားရလာရ လွယ်ကူရမယ်၊ ရေစိုခံရမယ်။ အပူသက်သာ ရမယ်။ လူငယ်တွေ ကလို့ခုန်လို့ ကောင်းရမယ်။ ဒါမျိုးတွေ ရွေးချယ်ရမယ် ဆိုတော့ ခေတ်တော့ မီရမယ်၊ ခေတ်ဆန် နေရမယ်။ အမျိုးသမီး တွေက အထိအခိုက် မခံဘူး။ မြန်မာလူမျိုးဆို ပိုဆိုးတယ်။ ပွင့်လင်းလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ်သွားနေကျ လမ်းကြောင်းထက် နည်းနည်းလေး ထွင်လိုက်ရင် လက်ညှိုးတွေက ဝိုင်းထိုး ကြတယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာဆိုတဲ့ ဟန်လည်း မပျောက်အောင်၊ ခေတ်ဆန်ဆန် လူငယ်အထာလေး ဖြစ်နေအောင် ဝတ်ရမယ်။ လုံခြုံပေါ့ပါး လွတ်လပ်ပြီး လှတာတွေ အများကြီးပဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Respectပေးနိုင်တဲ့သူ ဖြစ်အောင် သူတစ်ပါးကလည်း ကိုယ့်ကို Respect ပေးနိုင်တဲ့သူဖြစ်ေ အာင် ပျော်ပျော်ရွှင်ရွှင် လေးနဲ့ ဝတ်စား ဆင်ယင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဖြတ်သန်း သင့်ပါတယ်”လို့ ပြောပါတယ်။




















