အသွင်အပြင် မလှ၊ အသံကလဲ အကျည်းတန်လှတဲ့ ကျီးကန်းတွေက အသိဥာဏ် ကြွယ်တဲ့
ဌက်မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။
သို့ပေမဲ့အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်တဲ့ ခွေး
၊ကြောင်တွေကဲ့သို့ ဂရုတစိုက် မွေးမြူတဲ့သူ မရှိတဲ့အတွက် အမြဲတမ်း ကျီးလန့်စာသာ စားနေရပါတယ်။
ကျီးကန်းတွေမှာ လူတွေရဲ့ မျက်နှာကို ကောင်းကောင်း မှတ်နိုင်စွမ်းရှိတဲ့ အပြင် ကျီးကန်းတွေက သူတို့ကို လိုလိုလားလား အစားကျွေးတဲ့သူလား ၊ ရန်ပြုမဲ့သူလားဆိုတာ ကွဲကွဲပြားပြား သိပါတယ်။
အကယ်၍ သူတို့အပေါ် ရန်ပြုမဲ့သူ ဆိုပါက ကျီးကန်းတို့ရဲ့ဘာသာဗေဒနဲ့ အချင်းချင်းဆက်သွယ်ပြီး ထိုသူကို အုပ်စုဖွဲ့ ပြန်လည်တိုက်ခိုက်လေ့ ရှိပါတယ်။
Ref@wiki
AkaRy (MM Social Sky)
0 comments:
Post a Comment