ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.9.14

အခမဲ့ ANDROID APP များ ရယူနိုင်မည့် ထိပ်တန်း ဝက်ဘ်ဆိုက် (၁၀) ခု

Android app များကို ငွေကြေးဖြင့် ဝယ်ယူစရာ မလိုဘဲ အခမဲ့ download ရယူနိုင်သည့် ဝက်ဘ်ဆိုက် များစွာရှိသည်။ သို့ရာတွင် အဆိုပါ ဝက်ဘ်ဆိုက်တိုင်းက Android သုံးစွဲသူများအား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်သလို သုံးစွဲသူများ၏ တန်ဖိုးရှိသည့် အချိန်ကိုလည်း အလဟဿ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Android app များကို အခမဲ့ download ပြုလုပ်နိုင်မည့် ဝက်ဘ်ဆိုက် (၁၀) ခုကို ဖော်ပြ လိုက်ပါ သည်။ (၁၀) Appitalism Android သုံးစွဲသူများ အတွက် အကောင်းဆုံး အခမဲ့၊ အခပေး Android...

ရှမ်းတပ်နှင့် ပအိုဝ်းတပ် နယ်မြေပိုင်ဆိုင်မှု အဖြေမရ

နယ်မြေအငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ကြား ဆွေးနွေးပွဲဟာ အဖြေတစုံတရာမရဘဲ အဆုံးသတ်ခဲ့ရပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ဖြေရှင်းသွားကြဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။ SSARCSSစက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ တနေ့လုံး ဆွေးနွေးခဲ့ပေမယ့် နယ်မြေကိစ္စ တစုံတရာ ဆုံးဖြတ်ချက်မရဘဲ နောက်တကြိမ် ပြန်ဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က...

"လူသားခြင်းစာနာမှုဖြင့် တောင်တက်သမား(၂)ဦးကို ထူးဖောင်ဒေးရှင်း ကယ်ဆယ်နိုင်ရန် ကြိုးပမ်း"

သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး ၂၃.၇.၂၀၁၄ နေ့ရက်က MJN (မြန်မာဂျာနယ်လစ်ကွန်ယက်) ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ၎င်းတို့အဖွဲ့ ခါကာဘိုရာဇီတောင်သို့ တက်ရောက်မည်ဖြစ်ကြောင်း စာနယ်ဇင်းများထံ အသိပေးခဲ့သည်။ ဇူလိုင်လ(၂၉)ရက်နေ့ နံနက်တွင် တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) အဖွဲ့ဝင်များသည် ရန်ကုန်မြို့ မှ ပူတာအိုမြို့ကို ထွက်ခွာခဲ့ကြပြီး ဇူလိုင်လ(၃၁)ရက်နေ့မှာ ပူတာအိုကနေ ခါကာဘိုရာဇီ...

Dell မိတ်ဆက်ခဲ့တဲ့ ကမ္ဘာ့အပါးလွှာဆုံး Tablet

ဒီသီတင်းပတ်အတွင်း Apple က iPhone 6 ၊ iPhone 6 plus နဲ့ Apple Watch တွေ ကြေညာခဲ့လို့ နည်းပညာလောကထဲ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန် Dell ကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ 2014 Intel Developers Conferenceမှာ Dell 8 7000 စီးရီးထဲက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို Dell ကုမ္ပဏီက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီ Tablet ကို Dell 8 7840 လို့ အမည်ပေးထားပြီး ၆မီလီမီတာပဲ ထူတာကြောင့် Sony ရဲ့ Xperia...

အကြောင်းမကြားဘဲပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် နာမည်ထိခိုက်ကြောင်း ပက်ထရစ်ရှာ၏မိခင်ဆို

Miss Myanmar World 2014 ၂ဝ၁၄ ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂ဝ ထဲမှ သရုပ်ဆောင်ပက်ထရစ်ရှာကို လေ့ကျင့်ပြင်ဆင်ရမည့်ရက်များ၌ လာရောက်လေ့ကျင့်ရန် ပျက်ကွက် မှုများရှိသဖြင့် ပြိုင်ပွဲမှထုတ်ပယ် လိုက်ကြောင်း Miss Myanmar World 2014 အဖွဲ့အစည်းက ယခုလ ၁ဝ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် ထုတ် ပယ်ခံရခြင်းက သမီးဖြစ်သူ၏ နာမည်ကိုထိခိုက်မှုရှိကြောင်း ပက် ထရစ်ရှာ၏မိခင်ကပြောသွားသည်။ ပက်ထရစ်ရှာ၏မိခင်ဒေါ်ချယ် ရီခိုင်က ''ယခုလ ၉ရက်၊ ၁ဝရက် က နားရက်လို့သူတို့ကပြောတယ်။ အန်တီတို့ ကြိုလဲမေးပါတယ်။...

ပက်ထရစ်ရှာဆိုတဲ့ နာမည်ကို အသုံးချပြီး လူစိတ်ဝင်စားအောင် လုပ်ဖို့အတွက် ဒီပြိုင်ပွဲကို မပြိုင်ပြိုင်အောင် အတင်းဆွဲခေါ်လို့ ပြိုင်ခဲ့ရတာလို့ ဆိုလိုက်တဲ့ ပက်ထရစ်ရှာ

နှစ်လိုဖွယ်ကောင်းပြီး လှပတဲ့မျက်နှာထားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်ပက်ထရစ်ရှာကို Miss World Myanmar အဖွဲ့အစည်းရဲ့ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံရတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့ အခုလိုMiss World Myanmar ပြိုင်ပွဲ ဆက်လက်မပြိုင်ရတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ညီမကတော့ ဘာမှမသိဘူး။ ဒီလိုဖြစ်လာမယ်လို့လည်း မထင်ဘူး။ ညီမက အလုပ်တစ်ခု လုပ်မယ်ဆိုရင် ကိုယ်ကပြိုင်ပွဲတစ်ဘက်နဲ့ အလုပ်လုပ်နေတယ်။ ချက်ချင်းကြီး သူတို့ဘက်ကို အကြောင်းမကြားပဲ မလုပ်ပါဘူး။...

အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို

ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အန္တာတိက အပေါ်တွင် နှစ်စဉ်ပေါ်လာလေ့ရှိသည့် အိုဇုန်းလွှာအပေါက်မှာလည်း ယခင်က နှစ်စဉ် ကြီးလာခဲ့ရာမှ ယခုအခါ ထပ်ကြီးလာခြင်း မရှိတော့ပေ။ အိုဇုန်းလွှာအပေါက် စတင်သေးငယ်လာမည့် အချိန်ရောက်ရန်မှာမူ နောက်ထပ်...

ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ

သြဂုတ်လကုန်ပိုင်းက ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂ ပိုင်းခြားနယ်မြေ စောင့်ကြည့်ရေးတပ်ဖွဲ့ (UNDOF) မှ ဖီဂျီနိုင်ငံသား ၄၅ ဦးသည် စက်တင်ဘာ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ သည် ကောင်းမွန်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထား သည်။UNDOF တပ်ဖွဲ့သည် အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြားမှ  ၁၉၇၄ ခုနှစ်က သဘောတူထားသည့် ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ်မပြုလုပ်ရေး နယ်မြေကို စောင့်ကြည့်ရသည့် ကုလသမဂ္ဂငြိမ်းချမ်း...

ကျောင်းသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမေရိကန်လူငယ် ထောင်ဖောက်ထွက်ပြေး

အမေရိကန်နိုင်ငံ ကလိဗ်လန်းအထက်တန်းကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သားတယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။ US Jailbreakအော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး ကျောင်းဝန်ထမ်းတွေက ခြံစည်းရိုးပြဲနေတာ တွေ့ခဲ့တယ်လို့...

လာမယ့် ၁၅ ရက်နေ့မှာ သားဦးလေးကို ပိုင်ဆိုင်ခွင့်ရတော့မယ့် ဖြိုးငွေစိုး

ဧည့်သည် သရုပ်ဆောင်ဘ၀ကနေ တစ်ခန်းစ နှစ်ခန်းစ ပိုသရုပ်ဆောင်လာရသလို၊ နောက်ပိုင်းမှာတော့ တူ ၊ မောင် ၊ ဒုတိယ မင်းသား ဘ၀ကနေ ခေါင်းဆောင်မင်းသာဖြစ်လာခဲ့တဲ့ ဖြိုးငွေစိုးဟာ  သူ့ဘ၀အတွက် သူအစွမ်းကုန်ကြိုးစားရင်း အနုပညာလောကမှာ ရပ်တည်နေခဲ့သူပါ။ ခုချိန်ထိလည်း သူ့ရဲ့အမာခံပရိသတ်တွေ အားပေးမှုနဲ့ ကြိုးစားနေဆဲ ဖြိုးငွေစိုးဟာ မကြာသေးခင် အချိန်မှာ ဇနီးသည် ဇင်ဇင်နဲ့ ရထားတဲ့ သားဦးလေးကို ပိုင်ဆိုင်ရတော့မှာမို့ သူရှိရာသို့သွားရောက်ပြီး မေးမြန်းဖြစ်ခဲ့သမျှကတော့ “မွေးမှာကတော့...

အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

အနုပညာ လမ်းပေါ်စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။ ”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရ တာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ်လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။ ”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့...

အမေရိကန် အလိုရှိနေသည့် မူးယစ်ကုန်ကူးသူကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဖမ်းဆီး

ကာရစ်ဘီယံပင်လယ်ဒေသ ဟွန်ဒူးရပ်စ်နိုင်ငံက ရဲတွေဟာ အမေရိကန်နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ကုန်ကူးသူလို့ စွပ်စွဲခံထားရသူကို စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။ drug traffickerဟိုဗင့်ခ် အလက် ဇန်းဒါး ပေရယ်တာကို ကာရစ်ဘီယံကမ်းရိုးတန်းမြို့ လာစေးဘာနားမှာ ဖမ်းမိခဲ့တာပါ။ အမေရိကန် အာဏာပိုင်တွေကတော့ ပေရယ်တာကို ရာဇဝတ်သားလွှဲပေးဖို့ တောင်းဆိုချက်ကို မျှော်လင့်နေတာပါ။ တရားရုံးချုပ် ပြောခွင့်ရ မယ်ဒီယာ ဒိုအာတယ်ကတော့...

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး နှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။   ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။   “တာဝန်ရှိပြီး တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နိုင်ပါလျက်နဲ့...

ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး

လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက် တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှု အသိုင်းအ၀ိုင်းတွေ ရဲ့ အခြေခံ လိုအပ်ချက်အပေါ် လုပ်ဆောင်စရာတွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ဆိုင်ရာ အရာရှိနှစ်ဦးဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့် ရှုခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း စစ်ဆေးခဲ့ကြ...