ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
26.6.13
ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်
လုပ်ငန်းရှင်တယောက်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို အင်းကွက်ချ၊ ဖယောင်းတိုင် နဲ့လိပ်ပြီး မီးရှို့ခဲ့ပါတယ် တဲ့။ ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ဖော်ပြ ထားတဲ့ ကြော်ငြာ မှာ အဲဒီလို ရေးထားတာပါ။ အဲဒီလုပ်ရပ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ဝါဝါဝင်းရွှေရဲ့ရှေ့နေတွေက ထည့် သွင်းထားတဲ့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။
ဖြစ်ပုံက
ဒေါ်ဝါဝါဝင်းရွှေက သူပိုင်တဲ့ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာမှာ ၁၂ ထပ်တိုက်
"ဆုထူးပန် Tower" ဆောက်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတခုကို ကျပ်သိန်းပေါင်း
ကိုးထောင် ပေးခဲ့တယ်။ သို့သော်လည်း ၁၄ လ ကြာခဲ့ပေမယ့်
ဆုထူးပန်ရုပ်ရှင်ရုံကို ဖြိုတဲ့လုပ်ငန်း၊ ခြံကာတဲ့လုပ်ငန်းပဲ ပြီးခဲ့တယ် လို့ ကြော်ငြာ မှာ ရေးထားပါတယ်။ ဒါကြောင့် လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းတယ် လို့ အဲဒီကြော်ငြာ မှာ ရေးထားပါတယ်။ လက်ကျန်ငွေ ပြန်ပေးဖို့ တောင်းတာလည်း မရသေးဘူး၊ ရှောင်တိမ်းနေတယ် တဲ့။
စိတ်ဝင်စားဖို့
ကောင်းတာက ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့ရာမှာ
လုပ်ငန်းရှင်ကိုယ်တိုင် ၂ ကြိမ်ပြု လုပ်ခဲ့ကြောင်း ဝန်ခံချက် အသံဖိုင်လည်း
ရှိနေပါတယ် တဲ့။ မီးထွန်းတဲ့ဖြစ်ရပ်က ညသန်းခေါင်ယံတွေမှာ ပဲ ပေါ်ပေါက်ခဲ့ပါတယ် တဲ့။ ဒေါ်ဝါဝါဝင်းရွှေကို ချစ်တဲ့ မိတ်ကောင်းဆွေကောင်းများက ဖယောင်းတိုင်မီးကို အချိန်မီ ငြှိမ်းသတ်ပြီး သက်သေအဖြစ် သိမ်းခဲ့တယ်လို့ ဆိုတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပါပဲ။ (ကော်လံကို အလျားရှည်စွာ စာစီထားတာကတော့ ဖတ်ရခက် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်)
ဓာတ်ပုံကို အင်းချပြီး မီးရှို့တာဟာ ယတြာချေတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ယတြာ မပြီးခင် မီးငြှိမ်းခံရတဲ့ အတွက် ယတြာမအောင်မြင်ဘူးလို့ ဆိုနိုင်တာပေါ့။ ယတြာတွေ၊ အစီအမံတွေ ပါဝင်နေတဲ့ ဒီအမှု ဘယ်လို ဆက်ဖြစ်မယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဧရာဝတီ Blog
ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ
ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင်ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊ ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ် သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။
တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထား ပြီးပြီ လို့ ရေးထားတဲ့အပြင် ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။
ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ .... ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန် သမျှ ကို အရေးယူမယ် တဲ့။
ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။ မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ" ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။
ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက် http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။
ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။ သို့တည်းမဟုတ် တဘက် ဘက် က ရှုံးသွားမလား ??
လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့ သတင်းစာတွေ ပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။
ဆက်စပ် - မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်း တရားရုံးကို ဆက်မည် http://burma.irrawaddy.org/archives/43058
လူသတ်မှု၊ သတ်သေမှုတို့ အကြောင်း ပါမောက္ခ ဒေါက်တာ ဝင်းအောင်မြင့်နှင့် …
Edward Snowden မော်စကို လေဆိပ်မှာ ရှိဆဲလို့ ရုရှားပြော
ABC Radio Australia
ဝါဝါဝင်းရွှေကို Fatherland ကုမ္ပဏီက အသရေဖျက်မှုဖြင့် အမှုဖွင့်
၁၂ထပ် အဆောက်အအုံအား ၂၃ထပ်အဖြစ် ဆူထူးပန်တာဝါတည်ဆောက်ရန် သဘောတူညီမှုအရ မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေသည် ကျပ်ငွေ သိန်း ၁၂ဝဝဝ ပေးရမည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၉ထောင်သာ ပေးထားကြောင်း၊ ဒေါ်ဝါဝါဝင်းရွှေ စွပ်စွဲသကဲ့သို့ အောက်လမ်းနည်းဖြင့် လုပ်ဆောင်သည်ကို ငြင်းဆိုကြောင်း၊ ကုမ္ပဏီဖြင့် ဆက်လက်လက်မတွဲနိုင်ဟု ကြေညာသော်လည်း သဘောတူစာချုပ် ဖျက်သိမ်းခြင်း မပြုနိုင်သည်အထိနှင့် တရားရုံးမှ အမိန့်တစ်စုံတစ်ရာ မချမှတ်သေးသည်အထိ လုပ်ငန်းခွင်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Fatherlandကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကို ဂုဏ်သရေထိခိုက်စေရန် ပြောဆိုမှု။ အောက်လမ်းနည်းသုံးသည်
မန်ချက်စတာမှာ ဈေးအကြီးဆုံးက ဘယ်သူ့အခန်းလဲ
ထားပြီး မန်ချက်စတာမြို့ရဲ့ဈေးအကြီးဆုံး အခန်းတစ်ခန်းဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးကို စီးမိုးမြင်နိုင်သလို အခန်းတွင်းပြင်ဆင်မှုတွေကလည်း ဆန်းကြယ်လွန်းပြီး ၂၀၁၀ခုနှစ်က ပေါင် ၄ သန်းထိ တန်ကြေးရှိခဲ့ပါတယ်။
အိပ်ခန်းလေးခန်းပါသလို လသာဆောင် မျက်နှာကြတ် မီးဆိုင်းတွေကလည်း ၄၅လွှာ အခန်းနဲ့ လိုက်ဖက်ညီထွေဖြစ်နေပါတယ်။ စတုရန်းပေ ၅၀၀၀ကျယ်ဝန်းတဲ့ ဒီအခန်းဟာ ထုံးကျောက် အခင်း၊ စိတ်ကြည်နူးစရာ အလင်းရောင်တို့ကြောင့်အေးအေးဆေးဆေးအနားယူချင်သူတွေအတွက်သင့်တော်သလို ကျန်းမာရေးလေ့ကျင့်ခန်း၊ ရေနွေးငွေ့ခန်းတွေ ပါဝင်ပြီး လောလောဆယ်တန်ကြေး ပေါင် ၃.၇၅သန်း ရှိနေပါတယ်။
ဇူလိုင် ၁ ရက်ထုတ် TIME မဂ္ဂဇင်း မြန်မာအစိုးရ ကန့်သတ်
အရှင် ဝီရသူပုံကို မျက်နှာဖုံးတင်ကာ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ (၁၈၂)၊ အမှတ် (၁) တွင် ဖော်ပြခဲ့ရာ ယင်းဖော်ပြချက်သည် ဗုဒ္ဓဘာသာသာသနာအပေါ် အထင်အမြင်လွဲမှားစေပြီး နိုင်ငံတော်ကအကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း ကြေညာ ချက်တွင် ဖော်ပြသည်။
TIME မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ၍ တည်တံ့လာ ခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင် ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန် ကန့်ကွက်အပြီး နှစ်ရက် အကြာတွင် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
TIME မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက်နှင့် TIME ၏ တရုတ် ဌာန အကြီးအကဲ Hannah Beech က ၎င်း၏ ဆောင်းပါးတွင် အရှင် ဝီရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ရေးသားပြီး ဦးဝီရသူ ပုံကို မျက်နှာဖုံးတင်ကာ ဖော်ပြခဲ့သည့် မဂ္ဂဇင်းကို Europe, Middle East and Africa၊ Asia၊ South Pacific တို့ကို ဖြန့်ဝေခြင်း ဖြစ်သည်။
TIME မဂ္ဂဇင်း၏ လုပ်ဆောင်ချက်ကို ပြည်သူလူထု သိရှိစေရန်အတွက် မပိတ်ပင်သင့်သည့်အပြင် မီဒီယာ လွတ်လပ်ခွင့်အရလည်း မပိတ်ပင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောကြားသည်။ "ပိတ်ပင်လိုက်တာက ကာကွယ်ရာ မကျဘူး။ လူထုကလည်း သိနေကြ ပါပြီ။ TIME မဂ္ဂဇင်း ဖော်ပြချက်ကို အမှန်အတိုင်း ပြည်သူလူထု သိနိုင်ပြီးတော့ တရားနည်းလမ်းကျကျ တုံ့ပြန်တာမျိုးကို အစိုးရကလည်း ခွင့်ပြုရမယ်" ဟု ၎င်းက သုံးသပ်သည်။
လတ်တလော ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကို ထိန်းသိမ်း ကိုင်တွယ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး စုစုပေါင်း ၁၀ ဦးတို့ဖြင့် နိုင်ငံတော် သမ္မတက ယခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။
သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်မည်
ဇွန်လ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင်းမိုရ် ဟိုတယ်၌ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်ရန်ပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် ၄င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
သုဝဏ္ဏဘူမိ မြို့ဟောင်းကို တူးဖော်ရန် အတွက် ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ တို့တွင် ရွှေမြင်းမိုရ် ဟိုတယ်၌ပင် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သဘာပတိ အဖွဲ့က ဆုံးဖြတ်သည့် တည်နေရာတွင် တူးဖော်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ မြို့ဟောင်းကို တူးဖော်ရန် သမိုင်းမှတ်တမ်းများ၊ သုတေသနပြုလုပ် ချက်များ၊ ဒေသခံများက ပေးအပ်ထားသည့် မှတ်တမ်းအချို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။
အဆိုပါ သုဝဏ္ဏဘူမိမြို့ဟောင်း တည်ရှိသည်ဟု ဆိုသော မွန်ပြည်နယ် သထုံခရိုင် အတွင်းတွင် လူနေအိမ်များ ရှိနေသဖြင့် တူးဖော်ရာတွင် အခက်အခဲများ ရှိလာနိုင်သောကြောင့် မွန်ပြည်နယ် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား ၂ အရ မွန်ပြည်နယ် မြို့ဟောင်း တူးဖော်ရေး ဥပဒေတစ်ရပ် ရေးဆွဲသွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုး က ပြောကြားသည်။
သထုံခရိုင်အတွင်း တည်ရှိသည့် သုဝဏ္ဏဘူမိ မြို့ဟောင်းသည် အေဒီ ၁၁ ရာစုက အနော်ရထာမင်း တည်ထောင်ခဲ့သည့် ပုဂံခေတ်နှင့် ခေတ်ပြိုင် မြို့ပြနိုင်ငံတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်း ဦးကုလားရေးသားသည့် မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။
အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ
လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက် လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။ လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြောသည်။
ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဌ ဦးထူးသက် ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက
လေယာဉ်လက်မှတ် ရောင်းချရေးဌာန မြန်မာ့လေကြောင်းမှတာဝန်ရှိ
လွန်ခဲ့သော သုံးလေး နှစ် ခန့် ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ဖောက်ခွဲရန် ကြံစည်ခဲ့သူ များအား သင်္ဃန်းကျွန်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
Yangon Media Group
အသက်ရှည်ဆေးများများ မှီဝဲဖို့
စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။ "ကျွန်မ ယောက်ျားအတွက် ကုသဖို့နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများရူးသွားပြီ လားမသိဘူး။ သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ်ဆရာရဲ့"လို့ပြောပါတယ်။ ဒါနဲ့ဂျင်မီက"ဒီလောက် လည်းစိတ်မပူပါနဲ့ဗျာ။ ခုချိန်ကလူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်"လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ဆိုပါတယ်။ "ဆရာသူ့ကိုနားမလည်ပါဘူး။ သူကပါးစပ်ကြီးဟ ပြီး အိပ်တော့ သူ့ထဲကရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ.." :)
ပန်းပေးပြီကွာ |
မှန်လိုက်လေ |
ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်
ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်လာသည်။ မြန်မာ့ထိပ်တန်းစီးပွားရေး ဟိုတယ် (Myanmar's Leading Bussiness Hotel 2013) ဆုဆန်ခါတင်စာရင်းတွင် ချက်ထရီယမ်ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၊ ဆီဒိုးနား ဟိုတယ်(ရန်ကုန်)နှင့် ကုန်သည်ကြီးများဟိုတယ်တို့ပါဝင် သည်။
မြန်မာထိပ်တန်းဟိုတယ်ဆု ဆန်ခါတင်စာရင်း (Myanmar's Leading Hotel 2013)
တွင် ချက်ထရီယမ် ဟိုတယ်၊ မန္တလေးရှိ The Red Canal Mandalay ၊
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ Mandalay Hill Resort၊
ဆီဒိုးနားဟိုတယ်(ရန်ကုန်)၊ The Governor's Residence, The Strand Hotel
တို့ပါဝင်သည်။
မြန်မာထိပ်တန်းအပန်းဖြေ ဟိုတယ်ဆု (Myanmar's Leading Resort 2013) ဆန်ခါတင်စာရင်းတွင် မန္တလေးမှ The Red Canal ၊ အင်းလျားလိတ်ဟိုတယ်၊ Mandalay Hill Resort ၊ ငွေဆောင်ရှိ Myanmar Treasure
Beach Resort ၊ ဆီဒိုးနားဟိုတယ်(မန္တလေး)နှင့် The Strand Hotel
တို့ပါဝင်သည်။
အဆိုပါ ဆန်ခါတင်စာရင်းများကို ကမ္ဘာ့ခရီးသွားဆုရွေးချယ်ရေးအဖွဲ့ က www.worldtravel-awards.com/ nominess/2013/Myanmarwebsite
တွင် တရားဝင်ဖော်ပြထားသည်။ ကမ္ဘာ့ခရီးသွား ဆု ရွေးချယ်ခြင်းမှာ
နှစ်ဆယ်ကြိမ်မြောက်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများက မဲပေးရွေးချယ်၍
နှစ်စဉ် ဆုချီးမြှင့် ခဲ့ခြင်း ဖြစ်သည်။
7daynews journal
ဇွန်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်သုံးဆင့်တက်ရောက်နိုင်ခဲ့
Source..myanmar post
မြန်မာ့ ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်
ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲလုပ်ဆောင်မည်ဖြစ် ပြီး ပညာရေးဝန်ကြီးဌာနနှင့်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည် ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
”ဝန်ကြီးဌာနတွေနဲ့ဆွေးနွေးတယ်ဆိုတာထက်တွေ့ဆုံနားထောင် ဖြစ်တယ်။မိုက်ခရိုဆော့ဖ်ကလာပြီး မြန်မာ
ဆရာ၊ ဆရာမများကို သင် ကြားရာတွင် ကျောင်းပိတ်ရက် ရက် တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်း မျိုးမဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့် သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ် ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲ ပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေးလိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက် ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွား မည်ဖြစ်သည်။
ထို့အပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာ သင်နှစ်ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် အထောက် အကူပြုသင်တန်းအချို့ ထည့်သွင်း သင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ် မှ ၄င်း၏ အသုံးဝင်ဆော့ဖ်ဝဲအချို့ အား ယင်းသင်တန်း တွင်သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ် ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှသိရသည်။
မိုက်ခရိုဆော့ဖ်မှာ အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ပြည် တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်သွားမည် ဖြစ် သည်။
စိတ်အမောပြေစေမယ့် ဟာသလေးတွေပါ
၁ ပြောင်းတော့မှာလား
"ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
ရုံးတက်နောက်ကျရတာလဲ"
"ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"
"ဘာဖြစ်လို့ အရက်သောက်တာလဲ"
"ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
နောက် မျိုချလိုက်တာပါပဲ"
"ထွေးပစ်လိုက်ပါလား"
"ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"
မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
"ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
"ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"
"ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
တင်ပြပါတော့မယ်ရှင်"
"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"
"ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"
ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
" ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
"အခုကော အနံ့ရသေးလားခင်ဗျ"
စင်္ကာပူနိုင်ငံရှိ ရဲတပ်ဖွဲ့ရဲ့ခြောက်ယာက်မြောက် ပထမဆုံးသော အမျိုးသမီး ရဲအရာရှိကြီး
အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု
၁၀ လက္မ အရွယ် ဒီရုပ်တုရဲ့ အနေ အထား ပြောင်းနေတာကို ပြတိုက် တာဝန် ရှိသူတွေ ကနေ သတိထား မိရာ ကနေ ကင်မရာ တပ်ပြီး ကြည့်ရာမှာ တကယ် လည်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ပြတိုက် တာဝန်ရှိသူ တဦး ကတော့ ဒါဟာ လူတွေ သွားလာ လှုပ်ရှားနေတဲ့ တုန်ခါမှုကြောင့် မဖြစ်နိုင်ကြောင်းနဲ့ တခြားသော ရူပဗေဒ စွမ်းအင် ဆိုင်ရာ ရွေ့လျားမှုတွေလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။
သူ့ အထင် ကတော့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ အခုလို ရုပ်တုတွေမှာ ဝိညာဉ် သွင်းထားလေ့ ရှိတာနဲ့ ဆက်စပ် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင်ချောင်းအတွင်း ဖမ်းဆီးရမိ
မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် . . . . |
စက်ာပူစစ်သားတစ်ဦး (၁၄)နှစ်သမီးအားကိုယ်ဝန်ရစေခဲ့လို့ ထောင်ကျခဲ့ပြီး နောက်ထပ် ထိုမိန်းကလေးအား ကိုယ်ဝန်ရှိအောင်ထပ်မံကျူးလွန်
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
နှစ်ပေါင်း ၁ဝဝ ကျော်က အဆောက်အဦဟောင်းတွေ ထိန်းသိမ်းရေးဆွေးနွေး
Ref...danyawadi
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီ မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်
ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၂၀၀၇ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကောင်စီဝင်အဖြစ် မတ်လတွင် တင်မြှောက်ခံခဲ့ရသည်။၎င်းသည် အမေရိကန် ပြည်ထောင်စုတွင် တရုတ်သံတမန်အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
ယန်ကျဲချီသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တောင်တရုတ် ပင်လယ်ရှိ ဟိုင်နန်ကျွန်း ကမ်းလွန်တွင် အမေရိကန် သူလျှိုလေယာဉ်နှင့် တရုတ်ဂျက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုများ ပြေလျော့စေရန် ကြိုးစားခဲ့သူ ဖြစ်သည်။
ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး မူဝါဒ၏ အဓိက ပဲ့ကိုင်ရှင်များတွင် တစ်ဦးအပါအ၀င်အဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အစိုးရအား ကမ္ဘာ့ဇာတ်ခုံ အလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
သို့ရာတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် တစ်ချိန်က ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ အစရှိသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံ လာခဲ့သည်။