ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.12.14

ရုရှားအထူးတပ်ဖွဲ့ဝင်များ ဒန်ညက်လေဆိပ်ကို တိုက်ခိုက်ဟု ယူကရိန်းစစ်တပ် စွပ်စွဲ

ယူကရိန်းစစ်တပ် ပြောခွင့်ရ အန်ဒရေ လစ်ဆန်ကိုက ရုရှားအထူးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းအရှေ့ပိုင်းက ဗျူဟာမြောက် အရေးပါတဲ့ ဒန်ညက်လေဆိပ်ကို ဒီဇင်ဘာ ၁ ရက်နေ့က တိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ စက်တင်ဘာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ပေမယ့် ယူကရိန်းအရှေ့ပိုင်းမှာ လတ်တလောရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ယူကရိန်းအစိုးရက ရုရှားဟာ သူပုန်တွေ တပ်စွဲထားရာဒေသအတွင်း လက်နက်ကြီးတွေ အတွက် ခဲယမ်းမီးကျောက်တွေကို မှောင်ခိုသွင်းပေးနေတယ်လို့လဲ...

ပြင်သစ်သူဌေးများ ပဲရစ်မြို့တွင် ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မြို့က လမ်းတွေပေါ်မှာ ဒီဇင်ဘာ ၁ ရက်နေ့က ထောင်နဲ့ချီတဲ့  အလုပ်ရှင် သူဌေးတွေ ချီတက် ဆန္ဒပြနေကြပါတယ်။ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေမှာ  ပိုများလာနေတဲ့ စည်းမျဉ်းတွေနဲ့ သူတို့ကို ပိတ်လှောင်ထားတယ်လို့ ပြောဆိုပြီး ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲစီစဉ်သူတွေကတော့ တနိုင်ငံလုံးက အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်ပေါင်းအယောက် ၆၅၀၀ က ဘဏ္ဍာရေးဝန်ကြီးဌာနကို ချီတက် ဆန္ဒပြဖို့ မြို့တော်ကို စုရုံး လာခဲ့တာလို့...

အမေရိကန်ရီပတ်ဘလီကန်လွှတ်တော်အမတ်၏ လက်ထောက်က အိုဘားမား၏ သမီးနှစ်ဦးကို ရှုတ်ချသောစာများ Facebook တွင်ရေးခဲ့

အမေရိကန် လွှတ်တော်အမတ် ၏ဆက်သွယ်ရေးဒါရိုက်တာသည် အမေရိကန်သမ္မတ ဘားရက်အို ဘားမား၏ သမီးများနှင့် ပတ်သက် ပြီး သူမ၏ Facebook တွင် ရှုတ်ချ ပြောဆိုခဲ့ပြီးနောက် ရာထူးမှဖြုတ်ချ ခံရဖွယ်ရှိနိုင်ကြောင်း The Straits Times သတင်းများကဆိုသည်။ ရီပတ်ဘလီကန် လွှတ်တော် အမတ် စတီဖင်ဖင်ချာ၏ ပြောရေး ဆိုခွင့်ရှိသူ မစ္စအဲလီဇဘက်လူတန် သည် အိုဘားမား၏ သမီးများဖြစ် သော မာလီယာနှင့် ဆာရှာအိုဘား မားတို့ ဖခင်နှင့်အတူ အခမ်းအနား တစ်ခုသို့ တက်ရောက်ချိန်တွင် ပျင်း နေပုံရကြောင်း၊ သူမ၏ Facebook...

ဟောင်ကောင် ကျောင်းသားခေါင်းဆောင် အစာငတ်ခံ ဆန္ဒပြ

ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားခေါင်းဆောင် ကျော့ရွှာဝေါင်က အစာငတ်ခံ ဆန္ဒပြမယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ ဆန္ဒပြသူတွေက ထီးတွေ ကိုင်ဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အဖြစ် အစိုးရဌာနချုပ်ကို ၀ိုင်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည် မဆွေးနွေးသရွေး...

AIDS တိုက်ဖျက်ရေး အောင်မြင်မှုတွေ့ရ

AIDS ရောဂါတိုက်ဖျက်ရေး တိုးတက်မှုရှိအောင် ကမ္ဘာအနှံ့မှာ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူးလိုက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဟာ အကဲဆတ်တဲ့ အနေထားမျိုးမှာပဲ ရှိနေသေးတယ်လို့ သတိပေးထားပါတယ်။ ကမ္ဘာ့ AIDS နေ့ဖြစ်တဲ့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ မစ္စတာဘန်ကီမွန်းက အရေးကြီးတဲ့ ရောဂါကုသမှုခံယူတဲ့နေရာမှာ ရှိနေတဲ့ ကွာဟချက်တွေကို ထောက်ပြသွားပါတယ်။ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးငယ်တွေ မှာ လုံလောက်တဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ...

အမေရိကန်တပ် ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိ

အစ္စလာမစ်စစ်သွေးကြွတွေဟာ အမေရိကန်စစ်သားတွေကို အမေရိကန်ပြည်ထောင်စုအတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေးဌာနတို့က သတိပေးထားပါတယ်။ လုံခြုံရေးဆိုင်ရာဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက တနင်္ဂနွေနေ့ ကြေညာပါတယ်။ အဲဒီသတိပေးချက်ထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယ်နမိတ်အတွင်းမှာ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေအနေနဲ့...

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး

သဘောင်္အမှုထမ်း (၆၀) လိုက်ပါလာတဲ့ တောင်ကိုရီးယားငါးဖမ်းသင်္ဘောဟာ ရုရှားအရှေ့ဖက် ကမ်းလွန် Bering ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး လူတဦး သေဆုံး (၅၂) ဦး ပျောက်ဆုံးဆဲဖြစ်ပါတယ်။ အဲဒီပင်လယ်ပြင်တ၀ိုက်မှာ တခြားသင်္ဘောတွေက ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့်လေပြင်းပြီး လှိုင်းကြီးတဲ့ဆိုးရွားလှတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ကြန့်ကြာခဲ့ရပါတယ်။ ငါးဖမ်းသဘောင်္အနေနဲ့ ပထမအခက်အခဲကြုံခဲ့ရပြီး (၃) နာရီကျော်ကြာမှသာ ကယ်ဆယ်ရေးပထမအသုတ် ရောက်ရှိခဲ့ပါတယ်။ သဘောင်္အမှုထမ်း...