ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.7.13

သားအတွက် ပထမဆု ယူပေးနိုင်ခဲ့တဲ့ ဘက်ခမ်း

ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့်ဘက်ခမ်းကတော့အောင်မြင်မှုတွေ ဆက်ရဆဲပါပဲ။ ခုရခဲ့တဲ့ ဆုကတော့ မီတာ ၁၀၀ပြေးပွဲမှာပထမဆုရခဲ့တာပဲဖြစ်ပါတယ်။ သားဖြစ်သူ ခရုဇ်ရဲ့ကျောင်းမှာ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ နှစ်စဉ်အားကစားပွဲရှိပြီး ကျောင်းသား ဖခင်တွေရဲ့ပြေးပွဲမှာ ဘက်ခမ်းဟာ ကျန်ပြိုင်ပွဲဝင်တွေကို သက်သောင့်သက်သာ ကျော်ဖြတ်ကာ ပထမဆု ရသွားခဲ့တာဖြစ်ပါတယ်။ဘက်ခမ်းဟာ ဘောလုံးလောကကနေ အနားယူခဲ့ပြီးနောက်မှာ မိသားစုကို အချိန်ပိုပေးလာခဲ့ပြီး ဒီအတွက်ကြောင့် နည်းပြဘ၀ထဲ ၀င်မှာမဟုတ်ဘူးလို့...

INDO ASIAN INTERNATIONAL TRADE EXPO ကုန်စည် ပြပွဲ ကျင်းပမည်

   NDO ASIAN INTERNATIONAL TRADE EXPO ကုန်စည် ပြပွဲကိုရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ လာမည့် ဇူလိုင်လ ၁၂ ရက်နေ့မှ စ၍ ၂၂ ရက်နေ့အထိ ၁၁ ရက်တိုင် စည်ကားစွာကျင်းပသွားမည် ဖြစ်သည် ကို သိရသည်။ ယခုပြပွဲသည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပထမဆုံး အကြိမ် လာရောက်ပြသည့် ပြပွဲလည်းဖြစ် သည်။ ပြပွဲ ကျင်းပစဉ် ကာလအတွင်း TV နှင့် FM များမှ တိုက်ရိုက် LIVE ထုတ်လွှင့် ပြသသွားမည် ဖြစ် ပြီးဖျော်ဖြေရေး အစီအစဉ်များ ကလေးများအတွက် အခမဲ့ကစားကွင်းများလည်းပါဝင်မည်ဖြစ်သည်။...

လေးလံသော လွယ်အိတ်များဖြင့် ကျောင်းတက်ခြင်းက ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်

   မူလတန်းအရွယ် ကျောင်းသားကျောင်းသူများတွင် ခန္ဓာကိုယ်အတွက်ဝန်ဖြစ်စေသည်အထိ လေးလံသော .ကျောပိုးအိတ် ၊ လွယ်အိတ်များကို အသုံးပြုကျောင်းတက်နေခြင်းက ၄င်းတို့၏ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုထိခိုက် ပျက်စီစေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗခိုင်အုပ်က ပြောကြားကြောင်း သိရသည်။ မူလတန်းအရွယ်ကလေးများ၏ ခန္ဓာကိုယ်ခါးဆစ်ရိုးလေးများကနုနယ်ကာ ကျောရိုးမကြီး တွင် ရှိသော အရိုးနုလေးများ တစ်ခုနှင့် တစ်ခု ထိကပ်နေသည့်အတွက် အရိုးနုများ ပိမိပြီး...

ပိုမိုဈေးသက်သာသည့် အိမ်ရာများ လှိုင်သာယာ မြို့နယ်အတွင်း တည်ဆောက်မည်

   ရတနာ နှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာများထက် ပိုမိုဈေးသက်သာမည့် အိမ်ရာတစ်ခုကို လှိုင်သာယာ မြို့နယ်တွင် တည်ဆောက်မည် ဖြစ်ကြောင်းကို သိရှိရခဲ့ပါသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ကို ငွေကျပ် သိန်း ၁၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း ၊ အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ ကို ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ အိမ်ရာအတွက် လိုအပ်သည်များကို ပြင်ဆင်လျက် ရှိကာ လိုအပ်သည့် အခြေခံအဆောက်အအုံများကို အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း...

အိန္ဒိယရောက် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို အစိုးရ သွားရောက် ခေါ်ယူမည်

  ရေပိုင်နက် ကျော်လွန်မှုကြောင့် အိန္ဒိယနိုင်ငံ ပို့ဘလဲ (Port Blair) ကျွန်း ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်း ဆီးခံပြီးနောက် လွတ်မြောက်လာသူများနှင့် မဟာစင်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယဘက် သို့ရေမျော ကမ်းတင် ရောက်ရှိသွားခဲ့သည့် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို လေယာဉ်ဖြင့် အခမဲ့ သွားရောက်ကာ ခေါ် ယူ မည်ဖြစ်ကြောင်း သိရသည်။ “အိန္ဒိယရပိုင်နက်ထဲမှာ ပင်လယ်မျှော့ခိုးငုပ်တဲ့သူတွေက သူတို့နိုင်ငံရဲ့ရေ ပိုင်နက်ဥပဒေအရ အဖမ်းခံရပြီးနော် အခုလွတ်လာကျတဲ့ သူတို့ကို...

ခွေးလှေးယားစေ့ နှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်း ထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာ န(အောက်ြ မန် မာပြည်)က သုတေသနပြုလေ့ လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲ ခန်းတွင် မွေးမြူထား သည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင်...

အသက်ကို ဥာဏ်စောင့် ၊ ဘာကြောင့် ဖုန်းအကြာကြီး မပြောသင့်သလဲ။

သင့်သူငယ်ချင်းများ၏ ကျန်းမာရေးအတွက် Share ပေးပါ။ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး...

စတိဗ်ဂျော့ ခံယူချက်

အသက် ၂၃ နှစ်မှာ ကျနော်က အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုး ရှိတဲ့ သူတစ်ယောက်ပေါ့။ ၂၄ နှစ်မှာ ၁၀ သန်း၊ ၂၅ နှစ်မှာ သန်း ၁၀၀ ကျနော်ဟာ ထိုက်တန်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ဒါတွေက အရေးမကြီးပါဘူး။ ဘာလို့လဲဆို ကျနော်က ငွေအတွက် လုပ်ခဲ့တာ မဟုတ်ဘူးလေ။" ------- စတိဗ်ဂျော့  သင်ခန်းစာ -ကြိုးစားသူရဲ့  အောင်မြင်မှုနောက်ကို ထိုက်တန်တဲ့ တန်ဖိုး ရလဒ်များက အလို အလျောက် ရောက်ရှိ လာစေပါတယ်။-Ref: quoteAung Kham (TSJ team) ...

"ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်"

ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန် သွားပြီဖြစ်ကြောင်းသိ ရသည်။သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually...

ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေ နဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါး မြို့နယ် မှုးရုံးက သိရပါတယ်။Author- မိုးစက် Ref: Kumud...

လူတိုင်းသိထားသင့်တဲ့ မစ္ဆရိယ ၅-မျိုး

(ကိုယ်ရတာကို သူတစ်ပါးအား မရစေလိုတာ မစ္ဆရိယ)(၁) အာဝါသမစ္ဆရိယ--------------------ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မ ကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာက အိမ်မှာတင်မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊ မီးရ ထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူလာထိုင်မှာစိုးလို့၊ အထုပ်လေးတင် ထားမယ်၊ မထိုင်စေချင်ဘူး နေရာမပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။(၂) ကုလမစ္ဆရိယ-------------------ကိုယ်နဲ့ပေါင်းသင်းတဲ့...

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

မိုင်တိုင် ၂၆ ဆိုတဲ့ သရဲကား ရုံတင်ပြသဖို့အတွက် စာနယ်ဇင်းအကြို မိတ်ဆက်ပြသတဲ့ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က Junction Mawtin အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ခဲ့ပါတယ်။   ဒီဇာတ်ကားဟာ ပြင်ဦးလွင်အတက် မိုင်တိုင် ၂၆ မှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ သိရပြီး သရုပ်ဆောင် ခွန်းဆင့်နေခြည်က ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ ဖြစ်ပါတယ်။   ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးထားပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်နဲ့ သရုပ်ဆောင်များစွာ...

ဓာတ်အားလိုင်း တာဝါတိုင်ပေါ် တက်၍ သံချောင်းများ ခိုးသူဖမ်းမိ

     ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်တဲကျေးရွာအုပ်စု ခါလိန်ကျေးရွာ အနောက်တစ်မိုင်အကွာ ရှိ ရွှေလီ၊ မန်ဆန်ရွှေစာရံ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၁၃၄) အမြင့် ၇၂ ပေပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီက အမည်မသိလူတစ်ဦး တက်ရောက်ပြီး တာဝါတိုင်တွင် တပ်ဆင်ထားသော သံချောင်းများ ခိုးဖြုတ်ယူနေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက တာဝါတိုင်ပေါ်သို့ တက်နေသည့်သူအား အောက်သို့ဆင်းစေခဲ့သည်။အဆိုပါ တာဝါတိုင်ပေါ်တက်နေသည့်သူမှာ...

HIV ကုသဖို့ နည်းလမ်းသစ် တွေ့

အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထား ရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်း ခြင်ဆီ အစားထိုး ကုသ ခဲ့ရာ ကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေး နေတာကို ရပ်နားထား ပါတယ်။   ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခု လိုတော့ ပြောဖို့ရာ အရမ်း စောလွန်း သေးတယ် လို့ ဘရစ်ဂမ် နဲ့ အမျိုးသမီး ဆေးရုံ က ဆရာဝန် တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန် မရွေး ပြန်ပေါ် လာနိုင်တာ ကြောင့်လို့ ဆိုပါတယ်။သူတို့...

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစား ပြုမှုများ ကြုံတွေ့နေရဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

    လာဘ်ပေးလာဘ်ယူမှုကို အစိုးရ ၀န်ကြီးဌာနများတွင် ကြုံတွေ့ရသည့် ပြဿနာဟု ထင်ရသော်လည်း လက်ရှိတွင် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစား ပြုမှုများ ကြုံတွေ့ လာရပြီ ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါသည်။ ဇူလိုင် ၁ ရက် က နေပြ ည်တော်၌ ပြုလုပ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီအစည်းအဝေး တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကပြောကြား...

တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ

  တရုတ်နိုင်ငံတွင် China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ LED Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ The Forbidden Legend: Sex and Chopsticks ဇာတ်ကားသည်...

ရန်ကုန် စီးပွားရေး မြို့တော်ရှိ အဆောက်အအုံများကို ကာလာခွဲပြီး ဇုန်သတ်မှတ်မည်ဟု သိရ

ရန်ကုန် စီးပွားရေး မြို့တော်ကြီးတွင် အနာဂတ် ကာလ၌ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စက် မှုဇုန်များ၊ လူနေအိမ်များ၊ ရပ်ကွက်အတွင်း လုပ်ငန်း လုပ်ကိုင်သော စက်ရုံ ပိုင်ရှင်များနှင့် မြို့နေ လူတန်း စားများ ပြဿနာ ဖြစ်ပွားမှုများ၊ တိုင်တန်းမှုများကြောင့် မြို့နယ်များကို ကာလာခွဲပြီး သတ်မှတ်မည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ''ဒေ သအလိုက် ကာလာခွဲခြား သတ်မှတ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရကို တင်ထားတယ်။ လိုအပ်လာရင် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆက်လက် တင်ပြသွားမှာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ မြို့နယ်နှ င့် ဒေသ...

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်

   မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲ ကျင်း ပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိ ပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးကဘုန်းကြီးတစ်ပါး၏ ခေါင်းအားပန်းအိုးဖြင့်ရိုက်ခဲ့သောအမှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော် မူသွားသော ကျောင်း ထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား...

ဘယ်သူ့တာဝန်လဲ

   အမျိုးသားတစ်ဦးဟာဆို ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်းကနေ ဧည့်ကြိုကောင်တာဆီကို အလျင်စလိုဖုန်း ကို ခေါ် နေပါတယ်။"ဒီမှာ ကျုပ်မိန်းမနဲ့ကျုပ်စကားများနေလို့ ဒီလိုမြန်မြန်လာပေးပါ။ ဟိုတယ်ပြတင်းပေါက် ကနေ ခုန်ဆင်းချမယ်လို့လည်း ပြောနေတယ်"လို့ အမျိုးသားက ပြောလိုက်ပါတယ်။ ဟိုတယ်မန်နေဂျာက "ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာမပါချင်ဘူးခင်ဗျာ။ဟိုတယ်နဲ့ဟိုတယ်ဝန်ထမ်း မျာအနေနဲ့ ဒီလိုကိစ္စမျိုးမှာ ၀င်ရောက်စွက်ဖက်ဖို့ ၀တ္တရားမရှိပါဘူး"လို့...

နန်းခင်ဇေယျာ မြန်မာပြည်မှာ ဘီကီနီဝတ်မည်မဟုတ်

နန်းခင်ဇေယျာကို Miss International 2012 နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဘီကီနီ တွေ့ခဲ့ရပါတယ်။ အဲဒါဟာ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်စဉ် အဲဒီပြိုင်ပွဲရဲ့ သတ်မှတ်ချက်တွေအရ ဝတ်ခဲ့ရတာဖြစ်တယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။ဘီကီနီနဲ့ ဓာတ်ပုံ အရိုက်ခံစဉ်မှာ "ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရတယ်" လို့နန်းခင်ဇေယျာက ပြန်ပြောပြပါတယ်။ဒါကြောင့် ဘီကီနီကို မြန်မာပြည်မှာ ဆိုရင် ဘယ်တော့မှလည်း ၀တ်မှာမဟုတ်သလို ၀တ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူးလို့ အလှမယ် နန်းခင်ဇေယျာက...

စက်လှေ နစ်မြုပ်မှုအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ပေး

ကော့သောင်းမြို့မှ စိန်ဖြိုးအောင်(၃) စက်လှေသည်  ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများမှ ငါးများ သယ်ယူတင်ဆောင်ကာ Check Point သို့ စစ်ဆေးခံရန် ပြန်လာစဉ် ရာသီဥတု ဆိုးရွားပြီး တင်ဆောင်လာသည့် ငါးပုံးများ ရွေ့လျားမှုကြောင့် လှေတစ်ခြမ်း စောင်းကာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၉ မိုင် ၅ ဖာလုံခန့် အကွာ၌ နစ်မြုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ...

ကင်ဆာကုသဆေးများသည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်

   ကင်ဆာဆရာဝန်တွေ အများကြီးအထဲမှာ ကျွန်တော်ကကင်ဆာဆေးဝါးများ(Chemotherapy) ကိုသုံးပြီး ကင်ဆာကို ကုသတဲ့သူဖြစ်ပါတယ်။ ခွဲစိတ်ကုပြီးသော ကင်ဆာရောဂါကိုကုသပေးတဲ့ ခွဲစိတ်ဆရာဝန်တွေ၊ ဓာတ်ရောင်ခြည်ကုထုံးများနဲ့ ကင်ဆာရောဂါကို ကုသပေးတဲ့ ဓာတ်ရောင်ခြည်ကင်ဆာ ဆရာဝန်ကြီးတွေ လည်းရှိကြပါသေးတယ်။ ကင်ဆာဆေးဝါးများကိုအသုံးပြုတဲ့ဆရာဝန်ဟာ သူသုံးတဲ့ဆေးဝါးများရဲ့အန္တရာယ် ကို သိဖို့လိုတာပေါ့။ လူနာကိုလည်း ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ ရှင်းပြပေးဖို့တာဝန်တွေ ၇ှိတာပေါ့...

စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည် အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုကို လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေ

မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စရပ်များဖြင့် လာရောက်သည့် စီးပွားရေး ခရီးသွားနှင့် ဒေသတွင်း လည်ပတ်လေ့လာရန် လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုသည် လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သုံးသပ်မှုများအရ သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ် မူတည်ကာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ခရီးသွားအ၀င် တိုးတက်မှု ရှိလာခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းမှ စီးပွားရေး လုပ်ငန်းများအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး...

နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း လွတ်မြောက်မည်ဟုဆို

အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း၌ ပြန်လွတ်မြောက်တော့ မည်ဟု သမ္မတက ဖွဲ့ပးထားသည့် နိုင်/ကျဉ်းစိစစ်ရေး ကော်မတီဝင်လည်းဖြစ် နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးညိုထွန်း က ပြောသည်။''ဒီလ ၁ဝ ရက် ၁၅ ရက်အတွင်း လွှတ်ပေးမယ်ခင်ဗျ။ ပထမပတ်လည်း ဖြစ်နိုင်တယ်'' ဟု သူကဆိုသည်။လွှတ်ပေး ၏ရမည့် နိုင်ငံရေးအကျဉ်းသား ၂ဝ၃ ဦးရှိကြောင်း သမ္မတက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင်ပါဝင်သော လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီတို့က အစိုးရထံတင်ပြထားသည်ဟုလည်း ဦးညိုထွန်း က အတည်ပြုသည်။သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်...

သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း ၂၀၁၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်

သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ဇူလိုင် ၃ ရက်က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ဂုဏ်ထူးဆောင် နာယကများဖြစ်သည့် သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒေါ်နန်းရွှေမှုန်၊ ဒေါ်ခင်အေးမင်းတို့က ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ကျောင်းသူများအနက် အောင်မှတ်အများဆုံးဆုရ မယွန်းရွှေစင်၊...

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေး မဲခေါင်အောက်ပိုင်း နိုင်ငံများသို့ နိုင်ငံခြားရေးဝန်ကြီး အဆိုပြု

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်သွားရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ခြောက်ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ မိတ်ဆွေနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယင်းအစည်းအဝေးများသို့ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘာဂါဝန်မြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့သော (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် တစ်ဆက်တည်း...

သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်

ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ် သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။အမိန့်ချမှတ်ခဲ့သော အမှုများမှာ ပုဒ်မ ၆ (၁) ကျူးလွန်မှု မြောက်သဖြင့် သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှု မြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေသုံးသိန်း ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ်...

ဆီးဂိမ်းစ်အား ဂုဏ်ပြုသောအားဖြင့် မြိတ်မှနေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သော မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပွဲတော်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြိတ်မှနေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်ခြင်းကို ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်တွင် အမျိုးသားနှစ်ဦးမှ စတင်ခဲ့ကြောင်း သိရသည်။အဆိုပါ အမျိုးသားနှစ်ဦးမှာ မြိတ်မြို့၊ ကန်ဖျားရပ်မှ ဦးအောင်သူ (၄၅ နှစ်)နှင့် မြိတ်တောင်နယ်မြေ၊ မြို့မ (၁)ရပ်ကွက်မှ ဦးအောင်ဝမ်း (၄၁ နှစ်) တို့ဖြစ်ပြီး ဇွန် ၁ ရက်တွင် မြိတ်မြို့ကန်ဖျား မြေနီလမ်းမှ စတင်ထွက်ခွာသွားပြီး မိုင် ၇၀၀ ကျော်ရှိသော ခရီးရှည်ကြီးကို ခြေလျင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။...