ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.10.14

အစ္စရေးရဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းလူငယ် ဈာပန ကျင်းပ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အစ္စရေးရဲတွေနဲ့ ပါလက်စတိုင်းတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း အစ္စရေးရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း-အမေရိကန် လူငယ်တယောက်ရဲ့ ဈာပနကို အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ တက်ရောက်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ပြောခွင့်ရ ဂျန်စာကီက ဒီလူငယ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုပြီး မြန်ဆန်ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆော်သြလိုက်ပါတယ်။ အမေရိကန်အရာရှိတွေက စုံစမ်းမှုကို...

အမေရိကန်နှင့်ဗြိတိန်တပ်များ အာဖဂန်မှ ပြန်လည်ရုပ်သိမ်း

အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်မရိမ်းတပ်တွေနဲ့ ဗြိတိန်တပ်တွေရဲ့ စစ်ဆင်ရေးတွေအားလုံးကို မနေ့က တရားဝင်ရပ်ဆိုင်းလိုက်ပြီး တပ်စခန်းတွေကိုလည်း ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဟာမန်ပြည်နယ်က နောက်ဆုံးနဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းနဲ့ ဗြိတိန်စစ်စခန်း တွေကိုလည်း အာဖဂန်တပ်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မဟာမိတ်တပ်တွေဟာ အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်တပ်စွဲခဲ့တာ ဖြစ်ပြီး ၁၃ နှစ် ကြာခဲ့ပါတယ်။...

တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ် ချို့ယွင်းခြင်းကို တွန်းလှန်နိုင်

တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက်ကို ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ်ချို့ယွင်းခြင်း (Dementia) ကို တွန်းလှန်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ သုတေသီတွေရဲ့ စမ်းသပ်မှုအရ နေ့စဉ် ကြိုက်နှစ်သက်တဲ့ ယမကာ တစ်မျိုးကို ပှံမှန် သောက်သုံးတဲ့ ပင်စင်စားတွေဟာ ယမကာ ဆန့်ကျင်တဲ့သူတွေထက် မှတ်ဥာဏ်ပိုကောင်းတာတွေ့ရပါတယ်။ ဒါ့အပြင် စမ်းသပ်မှုအရ ယမကာပုံမှန် သောက်သုံးခဲ့တဲ့ အသက် ၆၀ ကျော် အရွယ်ရှိသူတွေဟာ အဖြစ်အပျက်တွေ ပြန်ပြောင်းမှတ်မိခြင်းမှာ ပိုကောင်းသလို...

အတိုင်းအတာတစ်ခုထက် လွန်ကဲတဲ့ စပ်စုစူးစမ်းမှုကြောင့် ပလတ်စတစ်ခွက်ထဲမှ လျှာပြန်ထုတ်ဖို့ မီးသတ်တပ်ဖွဲ့ခေါ်ခဲ့ရ

၆ နှစ်အရွယ် ကလေးမလေးဟာ အလွယ်တကူ စုတ်ဖြဲလို့မရတဲ့ ပလတ်စတစ်ခွက် အပေါက်တစ်ခုထဲသို့ လျှာကို ထိုးသွင်းပြီးတဲ့နောက် မီးသတ်အဖွဲ့ရဲ့ကူညီကင်တင်မှုကို ရယူခဲ့ရပါတယ်။ တရုတ်ပြည်မြောက်ပိုင်း Qingdao ဒေသက အဲဒီကလေးမဟာ ပလတ်စတစ်ခွက်အဖုံးရဲ့ အပေါက်တစ်ခုကနေတဆင့် ရေသောက်နေရင်း အပေါက်ဝမှာ လျှာဟာ ညပ်သွားခဲ့တာဖြစ်တယ်။ တစ်နာရီလောက် ညပ်နေတဲ့လျှာကို ပြန်ထုတ်လို့ မရဖြစ်နေချိန်မှာ လျှာဟာအတော်လေးကို ယောင်ကိုင်းနေခဲ့ပါပြီ။ အနီးအနား ဆေးရုံက ဆရာဝန်တွေက ကြီးသွားတဲ့လျှာကနေ ပလတ်စတစ်ခွက်အဖုံးကို...

အစိုးရ၏ အဆိုပြုချက်များ မဲခွဲရွေးချယ်မည့် အစီအစဉ်ကို ဟောင်ကောင်ဒီမိုကရေစီ သပိတ်ခေါင်းဆောင်များ ဖျက်သိမ်း

ဟောင်ကောင်တွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများ ပြေလည်နိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်များကို မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်ရန် ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသားခေါင်းဆောင်များက စီစဉ်ထားသော်လည်း နောက်ဆုံးတွင် ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ ထိုသို့ အစိုးရ၏ အဆိုပြုချက်များကို မဲပေးရွေးချယ်ရန် စီစဉ်ခဲ့သော်လည်း ယင်းကိစ္စအပေါ် သဘောမတူညီမှုများ ထွက်ပေါ်ခဲ့သောကြောင့် မဲမပေးဘဲနေရန် ဆုံးဖြတ်ခဲ့ရခြင်း...

ဟောင်ကောင်ဆန္ဒပြပွဲကို ဆန့်ကျင်သည့်လှုပ်ရှားမှု စတင်

ဟောင်ကောင်မြို့လယ်သိမ်းပိုက်ပြီး ဒီမိုကရေစီရရှိရေး ဆန္ဒပြတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ထောင်သောင်းချီတဲ့ ဟောင်ကောင်ဒေသခံတွေဟာ သီတင်းပတ်ကုန်ရက်တွေက စတင်လိုက်ပါတယ်။ ဆန္ဒပြမှုကြောင့် နေ့စဉ် လူနေမှုဘဝ ထိခိုက်လို့ ဆန္ဒပြသူတွေကို ဆန့်ကျင်ပြီး ရဲတွေဘက်ကို အားပေးကြောင်းပြတဲ့လူတွေ ပိုတိုးလာနေပါတယ်။ ယာယီမဏ္ဍပ်ပေါင်း ၉၀၀ ကျော်ကို မြို့တလွှား ဆောက်လုပ်ပြီး ဆန္ဒပြပွဲတွေကို ဆန့်ကျင်ကြောင်း ပြထားပါတယ်။ ဆန္ဒပြမှုတွေက မြို့ရဲ့အသက်သွေးကြော လမ်းတွေကို ၁ လနီးပါး...

အိုက်အက်စ်စစ်သွေးကြွများကို အမေရိကန် လေကြောင်းဖြင့် တိုက်ခိုက်

ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို အမေရိကန် ဦးဆောင်တပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ အောက်တိုဘာ ၂၆ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။ ကာဒစ်ရှ် ပြည်သူစစ်တွေဟာ တင့်ကားတွေ၊ အမြောက်တွေ၊ အသေခံ ကုန်ကားဗုံးတွေနဲ့ လက်နက်ပိုကောင်းကောင်း တပ်ဆင်ထားတဲ့ အိုင်အက်စ်စ်သွေးကြွတွေရန်ကနေ ခိုဘာနီမြို့ကို ခုခံဖို့ ရုန်းကန်နေခဲ့ရတာပါ။ အိုင်အက်စ်အဖွဲ့က ဆီးရီးယားမြောက်ပိုင်း ပိုင်နက်တွေကို...

ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေး

ထိုင်းတောင်ပိုင်း ကော်ဖငန်းမြို့နယ် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သူတို့နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ရဲဝန်ထမ်း ၃ ဦးဟာ အခင်းဖြစ်ပွားရာ နေရာကို အောက်တိုဘာ ၂၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ခိုတောင်ကျွန်းကို ဗြိတိန်ရဲတွေ လာရောက်စဉ် တာဝန်ကျထိုင်းရဲတွေက သူတို့ကို အမှုနဲ့ ပတ်သက်တဲ့ နေရာ ၄ ခုကို လိုက်ပို့ခဲ့ပြီး မသက်ဆိုင်သူတွေကို ဓာတ်ပုံရိုက်ခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ဗြိတိန်ရဲတွေဟာ...