15.9.14

တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းများပြုပြင်ပြောင်းလဲမှု


တရုတ်နိုင်ငံတွင် ကျင်ကျင်ဟု ခေါ်သည့် ကမ္ဘာ့အကြီးဆုံးဟိုတယ် အုပ်စုရှိရာ တရုတ်နိုင်ငံတစ်ဝန်း တွင် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ် များ၊ ချွေတာရေးမိုတယ်လ်များနှင့် ခရီးသွားလုပ်ငန်းတစ်ခုတို့ကို ပိုင် ဆိုင်သည်။ ၄င်းသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး ရှန်ဟိုင်း အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ဖြစ် သည်။ကုမ္ပဏီအောက်ရှိ အကောင်း ဆုံးဟိုတယ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာအတွင်း ကမ္ဘာ့ ခေါင်းဆောင်ပေါင်းရာချီ၍ လက်ခံ ခဲ့ရသည်။ ၄င်းတို့ထဲတွင် အမေရိ ကန်နှင့် တရုတ်တို့၎င်းတို့၏သမိုင်း ဝင်ပြန်လည်ပေါင်းစည်းမှု ပြုလုပ် သည့် ၁၉၇၂ ခုနှစ်၌ြ<ွကရောက် ခဲ့သော အမေရိကန်သမ္မတရစ်ချတ် နစ်ဆင်လည်းပါသည်။ သို့သော် မကြာသေးမီ နှစ်များအတွင်းက ထိပ်တန်းခေါင်းဆောင်များသည် ၄င်းဟိုတယ်တွင် မတည်းတော့ဘဲ ဟိုတယ် အသစ်များကိုသွားရောက် တည်းလာကြသည်။
တရုတ်နိုင်ငံ ကုမ္ပဏီများအကြောင်း စဉ်းစား ကြည့်သည့်အခါ ၄င်းတို့ထဲတွင် ဘဏ်ကြီးများ၊ ရေနံကုမ္ပဏီကြီး များသာပါဝင်သည်ဟု ယူဆကြ သည်။ သို့သော်လည်း လက်တွေ့ တွင် ၁၅၅,ဝဝဝခန့်ရှိသည့်လုပ်ငန်း အများစုကိုဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရများကပိုင်ဆိုင်ကြသည်။ ထို လုပ်ငန်းများသည် နိုင်ငံ၏ စီးပွား ရေးဦးစားပေးအစီအစဉ်များ၊ နိုင်ငံ ရေးဦးစားပေးအစီအစဉ်များနှင့် သက်ဆိုင်ခြင်းမရှိပေ။ ၄င်းတို့သည် နှစ်ပေါင်းများစွာ အရှုံးပြနေပြီး ပုဂ္ဂလိကကဏ္ဍများမှ ပြိုင်ဖက်များ နှင့်ယှဉ်ပြိုင်ရသည့်အခါ၌လည်းရှုံး နိမ့်ကြရသည်။ ထိုအခြေအနေကို ပြောင်းလဲပစ်ရန် တရုတ်အစိုးရက ကြိုးစားနေသည်။ ဤကြိုးစားမှု သည် တရုတ်နိုင်ငံ၏ နိုင်ငံတော် အရင်းရှင်စနစ်ကို (၁ဝ)စုနှစ်ပေါင်း များစွာ ကြိုးပမ်းမှု၌ အကြီးမားဆုံး ကြိုးပမ်းမှု ဖြစ်ဖွယ်ရာဖြစ်သည်။ ကျင်ကျင်နှင့်အလားတူဒါဇင်ပေါင်း များစွာသော ကုမ္ပဏီများကိုဘဝ ပြောင်းရန် ကြိုးစားနေသည်။
တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများနှင့် ပတ်သက်ပြီးအဓိက ပြဿနာနှစ်ခုရှိသည်။ပထမတစ်ခု မှာတရုတ်အစိုးရ၏ မဟာဗျူဟာ မြောက် ကဏ္ဍများဖြစ်သော လေ ကြောင်းသွားလာရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေးတို့ကဲ့သို့သော မဟာ ဗျူဟာမြောက်ကဏ္ဍများအပေါ်တွင် ချမှတ်သောအစိုးရ၏ ညွှန်ကြား ချက်မျိုးနှင့် ကိုက်ညီခြင်းမရှိပေ။ ထိုလုပ်ငန်းများသည် ကွန်မြူနစ် ပါတီကအလွန်တရာ ရှုပ်ထွေးသော စီးပွားရေးအဆောက် အအုံကို ထိန်း ချူပ်ရန်အတွက် လွှမ်းမိုးရန်လိုအပ် သည်ဟု ယုံကြည်သော လုပ်ငန်း များဖြစ်သည်။ သို့သော်လည်းနိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းထက်ဝက်ခန့် ကသာအသာ စီးရနေကြသည်။ ကုမ္ပဏီပေါင်း ၈ဝဝဝဝခန့်သည် သာမန်စီးပွားရေးလုပ်ငန်းများဖြစ် ကြသည်။ ဟိုတယ်များ၊ အိမ်ရာ မြေယာလုပ်ငန်းများ၊ စားသောက် ဆိုင်များ၊ စတိုးဆိုင်ကြီးများကို လည်ပတ်နေကြသည်။ ပုဂ္ဂလိက လုပ်ငန်းများထက် ထိုလုပ်ငန်းများ ကြီးကျယ်လာခြင်းမှာလည်း ရှင်း သည်။၎င်းတို့သည်နိုင်ငံတော်ဘဏ် များမှ အတိုးနှုန်းသက်သက်သာ သာနှင့်ရယူနိုင်ကြသည်။ ဒေသန္တရ အစိုးရများက မြေယာများကိုဦးစား ပေး၍ ရောင်းချကြပြီး စည်းမျဉ်း၊ စည်းကမ်းမှ လွတ်ငြိမ်းချမ်းသာ ခွင့် လည်းရကြသည်။
ဒုတိယအချက်အနေဖြင့် ထိုသို့ သော အားသာချက်များရှိသော် လည်း နိုင်ငံပိုင်လုပ်ငန်းများသည် အကျိုးအမြတ်မရှိကြပေ။ ၁၉၉ဝ ပြည့်လွန်နှစ်များကအရှုံးပြပြီးနောက် တရုတ်နိုင်ငံသည် ယခုအခါ၌ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းများကိုပထမ အဆင့်ပြုပြင်ပြောင်းလဲရန် ပြုလုပ် လျက်ရှိသည်။ အခြေအနေအဆိုး ဆုံးလုပ်ငန်းများကိုထုတ်ဖော်ခြင်း၊ လုပ်သားများကုဋေချီ၍ ထုတ်ပယ် ခြင်း၊ပုဂ္ဂလိကနီးပါး ဆောင်ရွက်နေ သော ကုမ္ပဏီကြီးများကို စတော့ ရှယ်ယာဈေးကွက်တွင် စာရင်းဝင် ရောက်ခြင်းများပြုလုပ်ခဲ့သည်။ ထို့ ကြောင့် အကျိုးအမြတ်များလည်း ရရှိခဲ့သည်။
ပိုင်ဆိုင်မှုများအပေါ်၌ရရှိသော တရုတ်နိုင်ငံပိုင်လုပ်ငန်းများ၏အကျိုး အမြတ်သည် ၁၉၉၈ခုနှစ်တွင် လုံးဝမရှိဘဲနေသည့်အဆင့်မှတစ်နှစ် ခန့်အကြာတွင် (၇)ရာခိုင်နှုန်းသို့ တက်ခဲ့သော်လည်းပုဂ္ဂလိကကဏ္ဍ၏ အခြေအနေကိုမမီသေးပေ။ လွန်ခဲ့ သည့် ငါးနှစ်အတွင်းနိုင်ငံပိုင်လုပ် ငန်းများ၏ အကျိုးအမြတ်လျော့ပါး လာခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းများ ကအင်အား ကောင်းလာကြသည်။ ယခုအခါ နိုင်ငံပိုင်လုပ်ငန်းများရရှိ သောအကျိုးအမြတ်သည် ပုဂ္ဂလိက လုပ်ငန်းများ၏ ထက်ဝက်ခန့်သာ ရရှိသေးသည်။ စွမ်းရည်နိမ့် နိုင်ငံ ပိုင်လုပ်ငန်းများသည် နိုင်ငံကိုဆွဲ နှစ်နေရာရောက်သည်။ ထိုကြောင့် နိုင်ငံပိုင်လုပ်ငန်းများအခြေအနေမှန် ပြန်ရောက်ရေးသည် တရုတ်နိုင်ငံ အနေဖြင့် လာမည့် (၁ဝ)စုနှစ်များ တွင် အရေးအကြီးဆုံးသော ပြုပြင် ပြောင်းလဲမှု ဖြစ်ဖွယ်ရာရှိသည်ဟု ပညာရှင်များကသုံးသပ်ကြသည်။
သို့သော်လည်းမကြာသေးမီထိ လေ့လာသူအချို့ကသာ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများကို အမှန် တကယ်ပြုပြင်ပြောင်းလဲနိုင် သည့် စွမ်းရည်နှင့်ဆန္ဒရှိသည်ဟု ယုံကြည်ကြသည်။ ဗဟိုအစိုးရ အောက်တွင်ရှိသည့် ပက်ထရိုချိုင်း နားကဲ့သို့သောအကြီးဆုံး ရေနံထုတ် လုပ်ငန်းများသည် ၄င်းတို့အခွင့်ထူး ထိခိုက် မည့်ပြုပြင်ပြောင်းလဲမှုများ ကိုတွန်းလှန်နိုင်စွမ်းရှိသည်ဟု ယုံ ကြည်ကြသည်။ ဒေသန္တရ အဆင့် များ၌ ဒေသခံအရာရှိများသည် အစိုးရပိုင်လုပ်ငန်းများနှင့် သြဇာ အရသော်လည်းကောင်း၊ ငွေကြေး အရသော်လည်းကောင်း ဆက်နွယ် မှုများရှိနေကြသည်။ တရုတ်နိုင်ငံ အနေဖြင့် အတိုးနှုန်းများကို လွတ် လပ်ခွင့်ပြုခြင်း၊ စွမ်းအင်ဈေးနှုန်း များကို ဖြေလျော့ပေးခြင်းတို့ဖြင့် နိုင်ငံပိုင်လုပ်ငန်းများကိုထိထိရောက် ရောက်လည်ပတ်ရန်သွယ်ဝိုက်သော နည်းဖြင့် ဖိအားပေးလျက်ရှိသည်။သို့သော်လည်း ၁၉၉ဝ ပြည့်လွန် နှစ်များကကဲ့သို့ တိုက်ရိုက်ထိပါး ဆောင်ရွက်မှုများ ဖြစ်နိုင်သည့် အလားအလာနည်းသည်။
ယခင်နှစ် နိုဝင်ဘာလတွင် ကွန်မြူနစ်ပါတီက ပြုပြင်ပြောင်း လဲမှုများပြုလုပ်ရာ၌နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများကိုဦးတည်ဆောင် ရွက်မည်ဟုဆိုကြသော်လည်း မည့် သည့် အတိုင်းအတာထိ တရုတ် သမ္မတက ဆောင်ရွက်နိုင်မည်ကို သံသယရှိနေဆဲဖြစ်သည်။ နိုင်ငံပိုင် ဥစ္စာများကြီးကြပ်ရေးနှင့် အုပ်ချုပ် ရေးကော်မရှင်ဟူသည့် တရုတ် နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံတော် ပိုင်လုပ်ငန်းများကို ကြီးကြပ်သည့် လုပ်ငန်းအနေဖြင့် ယခုနှစ်တွင် လက်တွေ့လုပ်ဆောင်ရာ၌နှေးကွေး လျက်ပင်ရှိနေသေးသည်။ သို့သော် လည်းလွန်ခဲ့သည့် လများကပေါ် ပေါက်ခဲ့သည့် ကြေညာချက်များ ကိုကြည့်လျှင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြန်လည်ဆောင် ရွက်နေကြောင်းတွေ့ရသည်။လုပ်ငန်း တစ်ခုနှင့် တစ်ခုဆောင်ရွက်ပုံခြင်း မတူကြပေ။အာရှ၏အကြီးဆုံးလုပ် ငန်းတစ်ခုဖြစ်သောဆိုင်နိုပတ်သည် ၄င်း၏ပိုင်ဆိုင်မှုမှ (၁၆) ဘီလီယံ ဝေစုကို ပုဂ္ဂလိကရင်းနှီးလုပ်ကိုင် သူများသို့ ထုတ်ရောင်းခဲ့သည်။ တရုတ်နိုင်ငံ၏ အခြားအကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သော စီအိုင်တီ အိုင်အုပ်စုကလည်း ဟောင်ကောင် စတော့အိတ်ချိန်းတွင် ၄င်း၏ ဒေါ်လာ (၃၈) ဘီလီယံဖိုးရောင်းချ ခဲ့သည်။ တရုတ်နိုင်ငံပိုင်လုပ်ငန်း များ ကြီးကြပ်ရေးနှင့် အုပ်ချူပ် ရေးကော်မရှင်က ကုမ္ပဏီ(၆)ခု၌ ပြုပြင်ပြောင်းလဲရေးလုပ်မည်ဟု ကြေညာခဲ့သည်။ ထိုလုပ်ငန်းများ သည် ပုဂ္ဂလိကအစုရှယ်ယာကို ပို မိုပိုင်ဆိုင်ခွင့်ပြုကာ ဒါရိုက်တာများ ကိုပို၍ လွတ်လပ်ခွင့်ပေးမည်ဖြစ် သည်။ သတင်းများတွင်ဖော်ပြမှု နည်းသော်လည်း ဒေသန္တရအစိုးရ များကလည်း၎င်းတို့၏ ကုမ္ပဏီ များသည် တရုတ်နိုင်ငံ၏ အကျိုး ဖြစ်ပေါ်စေသည့်လုပ်ငန်းများဖြစ် ပေါ်စေရန်ကြိုးစားလျက်ရှိသည်။
ဒေသန္တရလုပ်ငန်းများသည် ဗဟို အစိုးရလက်အောက်ရှိ လုပ်ငန်းများ ထက်ပို၍ အခြေအနေဆိုးရွားနေ သေးသဖြင့် တိုးတက်မှုရှိရန်ဆောင် ရွက်စရာများစွာရှိနေသေးသည်။ ၄င်းတို့သည် မဟာဗျူဟာမြောက် နယ်ပယ်များ၌ ရှိနေခြင်းမဟုတ် သဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ အတွက် မြှုပ်နှံရန်အခွင့်အလမ်းပို များသည်။ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်မည့် အလားအလာရှိ သည်။ ကွမ်ကျိုးပြည်နယ်၌ကျင်းပ ခဲ့သောအစည်းအဝေးတစ်ခုတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း(၅ဝ) တို့ ၌ အစုရှယ်ယာများထည့်ဝင်ကြ ရန်ဖိတ်ခေါ်ခဲ့သည်။ ရှန်ဟိုင်းသည် ရှေ့ဆုံး၌ရှိနေပြီး ဇွန်လက အော် ဒယ်အုပ်စု လုပ်ငန်းခွဲတစ်ခု၏ (၁၂) ရာခိုင်နှုန်းကိုပုဂ္ဂလိက ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတစ်ခုအား ရောင်းချ ခဲ့သည်။ ဤနည်းအားဖြင့် ပို၍ ကောင်းမွန်သော စီမံခန့်ခွဲမှုများပေါ် ပေါက်လာပြီးအမှုဆောင်အရာရှိများ အတွက် ရှယ်ယာဖြင့်မက်လုံးပေး သည့်စနစ်ကိုလည်း စတင်အသုံးပြု လျက်ရှိသည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ အများကရှုမြင်ရာ၌ ကိုယ်ကျိုး စီးပွားများ အမြစ်တွယ်လျက်ရှိနေ သည်ဟုရှုမြင်ထားကြသည်။ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းများ ကိုယ် တိုင်က ပြုပြင်ပြောင်းလဲမှုကိုလက် ခံရန်ခဲယဉ်းသည်။ ၄င်းတို့သည် လည်းပြုပြင်ပြောင်းလဲရမည့်အလား အလာရှိနေသည်။ နိုင်ငံပိုင်လုပ်ငန်း ကြီးတစ်ခုဖြစ်သော ပက်ထရိုချိုင်း နားမှ အရာရှိတစ်ရာကျော်သည် ယခုအခါ၌ အကျင့်ပျက်မှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးခြင်းခံနေရ သည်။ ထိုအပြင် နိုင်ငံပိုင်လုပ်ငန်း ကြီးများ၏ အကြီးအကဲကြီးများ နှင့်ပတ်သက်၍ လစာထိန်းချုပ်မှု ပြုရန်တောင်းဆိုမှုများကိုလည်း ပြု လုပ်ခဲ့သဖြင့် အရာရှိများအားလုံး အတွက် သတိပေးလိုက်သလိုဖြစ် နေသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရာ၌ ပို၍ ရဲရဲတင်းတင်းပြုလုပ်လျှင်ပိုကောင်း မည်ဖြစ်သော်လည်းနိုင်ငံရေးလက် တွေ့အခြေအနေက အစိုးရအနေဖြင့် ဘဏ်များ၊ ရထားများစသည်တို့ ကိုဆက်လက်၍ ထိန်းချုပ်လိုပုံရ သည်။ သို့သော်လည်း လုပ်စရာ လုပ်ငန်းများစွာ ရှိနေဆဲဖြစ်သည်။ အစိုးရ၏ ပိုင်ဆိုင်မှုလုံးဝမရှိဟုဆို သည့်ဓာတ်ဆီဆိုင်များ၊ ဟိုတယ် များရှိအစုရှယ်ယာကို ထုတ်ရောင်း ကာ စတင်သင့်သည်ဟု အကြံပြု ကြသည်။

Econmists.com

0 comments:

Post a Comment