အမျိုးသမီး စက်ဘီးအားကစားသမား ၆ ဦးအပါအ၀င်စက်ဘီးအားကစား သမား ၄၇ ဦးပါဝင်သောထိုင်းစက်ဘီးစီးအဖွဲ့
တစ်ဖွဲ့သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ
စတင်ထွက်ခွာကာအောက်တိုဘာလ ၁၃ ရက်နေ့တွင် ထားဝယ် ထိုင်းနယ်စပ်ရှိဖူနန်လွန် ထီးခီးဒေသ နယ်စပ်စခန်းသို့ ရောက်ရှိ ညအိပ်ရပ်နားမည်ဖြစ်သည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် မေတ္တာမြို့နယ်ခွဲ၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ စက်ဘီးစီးအဖွဲ့သည် ထားဝယ်မြို့သို့ဆက်လက်စီးနင်းလာကာ အောက်တိုဘာ ၁၅ ရက်နေ့တွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်လျက်ရှိသည့် နဘုလယ်ဒေသသို့ရောက်ရှိရပ်နားကာထားဝယ်အပျော်တမ်းစက်ဘီးစီး
အဖွဲ့နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ကို ထိုင်းနိုင်ငံ Thai Mountain Bike Association က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
(ပုံမှာ - ထားဝယ်အပျော်တမ်းစက်ဘီးစီးအဖွဲ့လေ့ကျင့်နေစဉ်)
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal
0 comments:
Post a Comment